Monday, December 15, 2008
ဒါနဲ့ စောနက ပြောတဲ့ စာအုပ်လေးဖတ်ရင်း ကျွန်တော်လည်း ပြန်လည်ဝေမျှစရာလေး တွေ့လို့ ပြန်ရေးလိုက်တာပါ။ တကယ်တော့ ဒီစာအုပ်ထဲက ပြောသွားတဲ့ အတိုင်းပဲ ကျွန်တော်ကိုယ်တိုင် အနာဂတ်အတွက် ကြိုတင်တွေးတော စိုးရိမ်ပူပန်မှုတွေ များနေတယ်ဆိုတာ သိလိုက်တယ်။ ပညာရေး ၊ ဘ၀ အနာဂတ် ၊ မိသားစု ၊ ကိုယ်တည်ထောင်မယ့် မိသားစု ၊ စီးပွားရေး အစရှိသည်ဖြင့်ပေါ့။ ဒီစာအုပ်လေးက လက်ရှိပစ္စုပ္ပန်မှာ ကျွန်တော်တို့ ဘယ်လိုပျော်ဝင်နေထိုင်သင့်တယ် ဆိုတာကို ပြောပြထားတာပါ။ ဒါမှ တဖြည်းဖြည်း အနာဂတ်ကို ပုံဖော်နိင်မယ်ပေါ့။ စာအုပ်ထဲမှာပါတဲ့ အဓိက အချက်လေး စာရေးသူပြောချင်တာကတော့......

သင်၏ ပစ္စုပ္ပန်ကာလများကို အသုံးချနည်း ( ၃ ) သွယ်
၁ ။ သင်စိတ်ချမ်းသာပြီး အောင်မြင်သူ ဖြစ်လိုတဲ့အခါ
ပစ္စုပ္ပန်မှာ မွေ့ပျော်နေထိုင်ပါ
ပစ္စုပ္ပန်တည့်တည့်ကို အာရုံပြုပါ
သင့်ရည်မှန်းချက်ကို အာရုံပြုပြီး လောလောဆယ် အရေးကြီးနေတဲ့
ကိစ္စ ( အလုပ် ) ကို တုံ့ပြန်ဆောင်ရွက်ပါ ။
၂ ။ ပစ္စုပ္ပန်ကို အတိတ်ထက်ပိုပြီး သာလွန်ကောင်းမွန်လိုတဲ့အခါ
အတိတ်ကနေ သင်ခန်းစာ ထုတ်ယူပါ
အတိတ်ဖြစ်ရပ်တွေကို လေ့လာဆန်းစစ်ပါ
အဲဒီဖြစ်ရပ်တွေထဲက တန်ဖိုးရှိတဲ့ သင်ခန်းစာ ထုတ်ယူပါ
ပစ္စုပ္ပန်မှာ အတိတ်တုန်းကနဲ့ မတူအောင် ဆောင်ရွက်ပါ ။
၃ ။ အနာဂတ်ကို ပစ္စုပ္ပန်ထက် သာလွန် ကောင်းမွန်အောင် ဖန်တီးချင်တဲ့အခါ
အနာဂတ်အတွက် စီမံကိန်းချပါ
သာယာဝေစည်တဲ့ အနာဂတ် ပုံရိပ်ကို မြင်ယောင်ကြည့်ပါ
အဲဒီပုံရိပ်တကယ်ဖြစ်လာအောင် အထောက်အကူပြုမယ့် အစီအစဉ်တွေ ချမှတ်ပါ
သင့်စီမံကိန်းကို ပစ္စုပ္ပန်မှာ အကောင်အထည်ဖော် ဆောင်ရွက်ပါ။........ တဲ့
Labels: ကျွန်တော် နှင့် သူတို့တွေ
Thursday, December 4, 2008
Date Of Birth - June 14 , 1928
Place Of Birth - Rosario , Argentina
Date Of Death - 1967 Oct ( 9 )
Place Of Death - La Higuera , Bolivia
Religion - Atheist
သူက ကဗျာကိုလည်း အရူးအမူး စွဲလန်းခဲ့ပါသည်။ “ ပက်ဘလိုနီရူဒါ ” ၏ ကဗျာများအား အာဂုံဆောင် နိင်သည်အထိ ဖတ်ခဲ့၏။ ဖခင်က လက်ဝဲ၀ါဒီ တဦးဖြစ်၍ သူ့ဖခင်၏ စာကြည့်ခန်းတွင် ကားမတ်ခ်၏ ကျမ်းများက ရှိပြီးဖြစ်သည်။ ထို့ကြောင့် ထိုကျမ်းများကိုလည်း လေ့လာခွင့်ရခဲ့၏။
၁၉၄၇ ခုနှစ်တွင် သူသည် “ ဗွေနိဇာရီး ” တက္ကသိုလ်တွင် ဆေးပညာ သင်ယူခဲ့သည်။ ထိုတက္ကသိုလ်မှပင် ဒေါက်တာဘွဲ့ ရရှိခဲ့၏။ ၁၉၅၁ ခုနှစ်တွင် ဆေးတက္ကသိုလ်တက်ရင်း ခွင့်ယူ၍ သူငယ်ချင်းတစ်ဦးနှင့် အတူ မော်တော်ဆိုင်ကယ် တစ်စီးနှင့် လက်တင် အမေရိကတိုက်တလွှား ခရီးနှင်ခဲ့ကြသည်။ ချီလီသို့လည်း ရောက်၏။ ၄င်းမှတဆင့် ပီရူး ၊ အီကွေဒေါ ၊ ကိုလံဘီယာ ၊ ထိုမှ ဗင်နီဇွဲလား....။ ထိုသို့ လည်ပတ်ရင်းဖြင့် ထိုခရီးစဉ်မှ သူသည် လက်တင် အမေရိကရှိ ပြည်သူတို့၏ ဆင်းရဲမွဲတေမှု ၊ လူတန်းစား မညီမျှမှုများအား တွေ့ခဲ့ရသည်။ ထိုအကြောင်းကိုလည်း သူကိုယ်တိုင် စာပြန်ရေးသားခဲ့သည်။ “ မော်တော်ဆိုင်ကယ် ဒိုင်ယာရီ ” ဟူသော နာမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ပါသည်။ အစတွင် စပိန်ဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းမှ အင်္ဂလိပ်ဘာသာသို့ ပြန်၍ ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ထိုစာအုပ်အား မှီး၍ ရုပ်ရှင်ပြန်ရိုက်ခဲ့ကြသည်။
၁၉၅၃ ခုနှစ်တွင် အာဂျင်တီးနား အစိုးရက ဆရာဝန်များအား အတင်းအကျပ် အမှုထမ်းခိုင်း၏။ သူက လူတယောက်ချင်း ခံစားနေရသည့် ဝေဒနာအား မကုသချင်။ ဤတွင် သူသည် အာဂျင်တီးနားမှ တိမ်းရှောင် ထွက်ခဲ့တော့၏။ ပီရူး ၊ အီကွေဒေါ ၊ ပနားမား ၊ ကော်စတာရီကာ ၊ နီကာရာဂွား ၊ ဟွန်ဒူးရပ်စ် ၊ အဲလ်ဘာလဗာဒို ၊ ဂွာတီမာလာတို့မှ မက္ကဆီကိုသို့ရောက်ရှိလာခဲ့သည်။ မက္ကဆီကိုတွင် သူသည် ကျူးဘားမှ ဖီဒယ်ကက်စထရိုတို့ အုပ်စုနှင့် တွေ့ရာမှ ပေါင်းသင်းမိကြတော့သည်။ ထိုစဉ်က ဖီဒယ်ကက်စထရိုတို့ အုပ်စုအား “ ၂၆ ဂျေ ” ရဲဘော်များဟု ခေါ်ကြသည်။ သူတို့လူစုကား ကျူးဘား အာဏာရှင် “ ဖူလ်ဂျင်စီယို ဘာတစ္စတာ ” အစိုးရအား လက်နက်ကိုင် ပုန်ကန်ရန် ကြိုးပမ်းနေကြသည့် တော်လှန်ရေးသမား လူငယ်များ။ ကက်စထရိုတို့နှင့် ပင် သူစစ်သင်တန်း တက်ခဲ့၏။ သင်တန်းဆရာက မက္ကဆီကိုမှ ဗိုလ်မှုးကြီးဟောင်းတစ်ဦး ၊ သင်တန်းမှုး ဗိုလ်မှုးကြီးဟောင်း “ အယ်ဘာတိုဘေးယို ” က သူ့အပေါ် မှတ်ချက်ပြု၏။
ကျူးဘားနိင်ငံ “ ဆီအဲယားမေထရာ ” တောင်တန်းများပေါ်မှာ သူတို့ လွတ်မြောက်နယ်မြေ တည်ဆောင်၏။ သူပုန်စခန်း ဖွင့်၏။ သူသည် ထိုဒေသမှစ၍ လူထုအတွင်း ဆေးခန်းများ ဖွင့်ခဲ့ကြသည်။ စာသင်ကျောင်းများ တည်ဆောက်ခဲ့ကြသည်။ ထို့ကြောင့် သူသည် မောင်းပြန်ရိုင်ဖယ်အား လက်မှ ကိုင်ရင်း လူထုအား ဆေးကုသခွင့် ရခဲ့၏။ လူတယောက်ချင်း၏ ဝေဒနာအား သက်သာစေရန် ဆောင်ရွက်သလို လူ့အဖွဲ့အစည်း၏ ခံစားနေရသော ဝေဒနာကိုလည်း ကုသ၏။ ထိုအခါ တဖြည်းဖြည်း လုထုမှ ထောက်ခံလာခဲ့သည်။ တော်လှန်ရေးသည် မြင့်တက်၍ လာ၏။ ဒီလှိုင်းသဖွယ် အားနှင့် မာန်နှင့် ၊ နောက်ဆုံး နောက်ဆုံးတော့ ကျူးဘား အာဏာရှင် အစိုးရ အရှုံးပေးခဲ့ရသည်။
ကျူးဘား တော်လှန်ရေးတွင် ကျူးဘား မဟုတ်သော သူသည် ရဲဘော်ကြီး ဖီဒယ်ကက်စထရိုပြီးလျှင် ဒုတိယ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်။ ကျူးဘားနိင်ငံ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အဓိက တာဝန်ယူခဲ့သည်။ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းသစ်ဆီသို့ ချီတက်ရာတွင် သူသည် စီးပွားရေးရာ အပိုင်း၌ အဓိက ပဲ့နင်းကြီးအဖြစ် မောင်းနှင်ခဲ့ရသည်။ ကျူးဘားနိင်ငံသုံး ငွေစက္ကူအပေါ်၌ သူ့လက်မှတ် ထိုးပေးရ၏။ ထိုစဉ်က GATT ( ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ အထွေထွေ သဘောတူညီချက် အဖွဲ့ ) အစသည်းအဝေးပွဲများသို့ သူတက်ရောက်ခဲ့ရသည်။ သံလွင်ရောင် စစ်ဝတ်စုံ ၊ ပြောက်ကျား ယူနီဖောင်းနှင့်။
၁၉၆၂ ခုနှစ်ကား စစ်အေးတိုက်ပွဲ အရှိန်အမြင့်မားဆုံး ကာလဟု ဆိုရမည်။ ဆိုဗီယက်တို့၏ ဒုံးကျည်များအား ကျူးဘားတွင် တည်ဆောက်မည်။ ဒါကို အမေရိကန်က သဘောမတူ။ ဤတွင် တင်းမာမှုက ကြီးမား၍လာ၏။ နုကလီးယားစစ်ပွဲများ ဖြစ်လာမည်လား။ ကက်စထရိုနှင့် ခရူးရှော့ ဆက်ဆံရေးက အထူးကောင်းမွန်နေခဲ့သည်။
၁၉၆၄ ခုနှစ် ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ် မတ်လအထိ သူသည် နိင်ငံတကာ ခရီးစဉ်များသွား၍ သံခင်း တမန်ခင်းများအား ခင်းကျင်း၏။ ပြင်သစ် ၊ အီဂျစ် ၊ အယ်ဂျီရီယား ၊ ဂါနာ ၊ ဂီနီ ၊ မာလီ ၊ ဒါဟိုမီ ၊ ကွန်ဂို ၊ အိုင်ယာလန်နှင့် တရုတ်ပြည်သစ်နိင်ငံများသို့ ။ ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်ပြည်တို့က သဘောတရားအရ ကွဲလွဲနေကြချိန် ဖြစ်သည်။ သူက သဘောတရားအရတွင် “ မော် ” တို့နှင့် တူ၏။ ထိုခံယူချက်နှင့်ပင် သူ့ခရီးစဉ်များအတွင်း ပြောဆိုဆွေးနွေး၏။ ကျူးဘားခေါင်းဆောင် တဦး ပြောခြင်းဖြစ်၍ ကျူးဘားသဘောထားဟု ကမ္ဘာက မြင်ခဲ့ကြသည်။ ထိုအခါ သူ့အပေါ် ဖီဒယ်ကက်စထရိုတို့ ညီအစ်ကိုတို့က မနှစ်မြို့တော့။ သူတို့ ညီအစ်ကိုက ခရူးရှော့ နှင့် နီးစပ်သူ။ ခရီးစဉ်အားလုံးပြီးတော့ သူ “ ဟားဗားနား ” သို့ပြန်ရောက်၏။ ထိုနောက်ပိုင်း ဖီဒယ်ညီအစ်ကိုနှင့် သူ၏ ဆက်ဆံရေးက အေးစက်စက် မာကြောကြော။

သိပ်မကြာမီပင် သူကျူးဘားမှ ပျောက်ကွယ်သွားခဲ့တော့၏။ အားလုံး...............အားလုံး......အားလုံးအား စွန့်လွှတ်၍။ အာဖရိကတိုက်ရှိ ကွန်ဂို-ကင်ရှာဆား ပြောက်ကျားစစ်ပွဲအတွင်းသို့ သူသေနတ်ကိုင်၍ ရောက်သွား၏။ အာဖရိကတောနက်ကြီး အတွင်း ပြောက်ကျားစစ် ဆင်နေတော့သည်။ ထိုအခါ ရာသီဥတုက ဆိုးလာသည့် အတွက်ကြောင့် သူ့ပန်းနာရင်ကျပ် ဝေဒနာက ဆိုးလာသည်။ ထိုအခါက သူ့အသက်မှာ ( ၃၈ )။ ထိုရောဂါကြောင့် သူအနားယူရသည်။ အနားယူစဉ် ကာလအတွင်း “ ကွန်ဂိုဒိုင်ယာရီ ” အား ရေးသားခဲ့သည်။ အကြောင်းကတော့ သူ၏ တော်လှန်ရေးကာလ ကွန်ဂို အတွေ့အကြုံများ။
ထို့နောက် သူသည် ဘိုလီးဗီးယား အစိုးရအား တော်လှန်ရန် ဘိုလီးဗီးယားသို့ ထွက်ခဲ့၏။ သူနှင့် ရဲဘော် ( ၁၇ ) ယောက်။ ဗီယက်နမ် ရဲဘော်များလည်း ပါသည်။ ပြီးလျှင် လက်တင်အမေရိကမှ ရဲဘော်များ။ ၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၇ ) ရက်နေ့တွက် သူနှင့် ရဲဘော်များ ဘိုလီးဗီးယားနိင်ငံ ယူဂို ( ချူရီ ) တောင်ကြားအတွင်းသို့ ၀င်ခဲ့ကြ၏။ ရိုင်ဖယ်သေနတ်များနှင့်.....
တခါ ချောင်းရိုးငယ်အား ဖြတ်သန်းနေစဉ် ၀ိုင်းဝန်းပစ်ခတ်မှုအား သူတို့ ရုတ်တရက် ခံလိုက်ကြရ၏။ သူဦးဆောင်သည့် ပြောက်ကျားများ ဘိုလီးဗီးယား စစ်တပ်၏ ချုံခိုတိုက်ခိုက်ခြင်းအား ခံကြရပြီး အကျအဆုံးများခဲ့သလို သူကိုယ်တိုင်လည်း ဒဏ်ရာရခဲ့သည်။ အခြေအနေက ဆုတ်မရ ၊ တက်မရ။ နောက်ဆုံးတော့ သူ ဘိုလီးဗီးယား စစ်တပ်၏ ဖမ်းဆီးခြင်းအား ခံလိုက်ရ၏။
၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၉ ) ရက်နေ့။ ဘိုလီးဗီးယားနိင်ငံ၏ မြို့တော်နှင့် ဝေးကွာလွန်းသည့် “ ဗယ်လီဂရန်ဒေမြို့ ” လေယာဉ်ကွင်းငယ် အနီးတွင် ဘိုလီးဗီးယားစစ်တပ်သည် ဒဏ်ရာနှင့် စစ်သုံ့ပန်းတစ်ဦးအား နောက်ပြန် လက်ထိပ်ခက်၍ ထားသည်။ ထိုသုံ့ပန်းကလည်း စစ်သားများ ရှေ့တွင် မတ်မတ်ရပ်၍ နေနေသည်။ စစ်သားများက စစ်သုံ့ပန်းအား မောင်းပြန် ရိုင်ဖယ်သေနတ်များနှင့် ချိန်ထား၏။ စစ်သုံ့ပန်းကလည်း စူးရှသော မျက်လုံးများနှင့် စစ်သားများကို ကြည့်နေသည်။ ထို့နောက် အမိန့်သံ ထွက်ပေါ်လာ၏။
ယမ်းပေါက်ကွဲသံများ ဆူညံ၍ သွားသည်။ ယမ်းညှော်နံ့တို့က လေယာဉ်ကွင်း အနီး မွှန်၍ နေသည်။ စစ်သုံ့ပန်းသည် တဖြည်းဖြည်း ပျော့ခွေ၍ ကျသွားသည်။ သွေးတို့က ကိုယ်အနှံမှ ယိုစီး၍ ထွက်လာသည်။ ပြီးလျှင် ဘိုလီးဗီးယား စစ်သားများက သွေးအလူးလူးနှင့် လဲနေသော အလောင်း၏ လက်နှစ်ဖက်အား လက်မောင်းရင်းမှ လွှနှင့် တိုက်၍ ဖြတ်ကြ၏။ ထို့နောက် လေယာဉ်ကွင်း အနီးတွင်ပင် လက်မပါသော ကိုယ်အား ကျင်းတူး၍ မြုပ်နှံလိုက်ကြတော့၏။
မပုပ်မသိုးရန် ဆေးရည် စိမ်ထားသည့် လက်နှစ်ဖက်အား ဘိုလီးဗီးယား အစိုးရမှ ကျူးဘားသမ္မတ ဖီဒယ်ကက်စထရိုထံသို့ ပို့လိုက်၏။
၁၉၆၇ ခုနှစ် အောက်တိုဘာ ( ၁၅ ) ရက်
ဤလက်နှစ်ဖက်အား ဖီဒယ်ကက်စထရိုသည် မြင်သည်နှင့် သိ၏။ သူနှင့် တော်လှန်ရေးများ အတွင်း လက်တွဲခဲ့သည့် လက်များ။ မလွဲနိင် ။
သူ.......................။ သူ.............................................
“ ချေ ”ဆိုသည်မှာ ....စပိန် ဘာသာအရ “ ရဲဘော် ၊ ရဲဘက် ” ဖြစ်ပါသည်။
ရွှေအိမ်စည်
မှတ်ချက် ။ အထက်ပါ ပုံများသည် စာအုပ်တွင် မပါသောကြောင့် ဂူဂယ်မှ ရှာဖွေ၍ တင်ထားခြင်း ဖြစ်ပါသည်။ ကိုယ်တိုင်ဆွဲချင်ပါသော်လည်း မဖြစ်နိင်၍ ရှာဖွေထားခြင်းသာ ဖြစ်ကြောင်း ၊ ပရိုက်ဗေစီ ညှိလျှင်လည်း လည်စင်းခံမည် ဖြစ်ပါကြောင်း ၊ စာရိုက်ရ၍ လက်လည်း ညောင်းမိသည်။ သို့သော် အချိန်ပိုနေသည် ဖြစ်၍ ဗဟုသုတရစေရန် ဘလော့ဂ်ဂါ ဟင်းအိုးကြီးထဲသို ပေါင်းထည့်လိုက်ပါသည်။း)
Labels: ကျွန်တော် နှင့် သူတို့တွေ
Wednesday, December 3, 2008
သူကျဆုံးခဲ့သည် ၁၉၆၇ ခုနှစ် အောက်တိုဘာလ ( ၉ ) ရက်နေ့မှ ၊ ဒီနေ့ထိဆို နှစ်ပေါင်း ( ၄၁ ) နှစ် ရှိလေပြီ။ သူကား ဆရာဝန်တစ်ဦး။ သို့သော် မောင်ပြန်ရိုင်ဖယ် သေနတ်ကိုသာ ကိုင်၏။
၁၉၆၇ ခုနှစ် အောက်တိုဘာလ ( ၉ ) ရက်နေ့တွင် သူကွယ်လွန်ခဲ့ပြီ ဟူသည်ကား အတည်ပြုနိင်သည်က အောက်တိုဘာလ ( ၁၅ ) ရက်နေ့ ဖြစ်သည်။ ကျူးဘား သမ္မတ ရဲဘော်ကြီး ဖီဒယ် ကတ်စထရိုမှ အတည်ပြု ထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းမှ ဖြတ်၍ ယူလာခဲ့သည် လက်မောင်ရင်းမှ ပြတ်နေသည့် လက်နှစ်ဖက်အား ကြည့်၍ သူကွယ်လွန်ခဲ့ပြီဟု အတည်ပြုခဲ့ရခြင်း ဖြစ်သည်။ သူ၏ အလောင်းကိုမှု မတွေ့ခဲ့ကြရ။ နှစ်ပေါင်း ( ၃၀ ) အထိ ပျောက်ဆုံးနေခဲ့ပါသည်။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ( ၁၂ ) ရက်တွင်မှပင် သူ၏ ရုပ်အလောင်းအား ပြန်လည်တူးဖော် ရရှိခဲ့သည်။
ဘိုးလီးဗီးယားနိင်ငံ “ ဗယ်ရီဂရန်ဒေသ ” လေယာဉ်ကွင်းငယ်လေး အနီး၌ ကျင်းငယ်လေး တစ်ခုအတွင်း ရုပ်အလောင်း အရိုးစု ( ၇ ) စုအား တွေ့ရ၏။ အရိုးစု အမှတ် ( ၂ )က လက်မောင်းရင်းမှ နေ၍ တိုက်ဖြက်ထားခြင်း ခံရသဖြင့် လက်နှစ်ဖက်စလုံး မရှိ။ DNA စစ်ဆေးမှုပြ၍ သူဖြစ်ကြောင်းကို အတည်ပြုနိင်ခဲ့ကြသည်။ ထိုကြောင့် နှစ်ပေါင်း (၃၀) ကျော်ကြာမှပင် ကျူးဘားနိင်ငံ “ ဆန်တာကလာရာမြို့” ရှိသူ၏ ဂူဗိမာန်အတွင်း ကိုယ်အင်္ဂါ စုံလင်စွာနှင့် လဲလျောင်းရတော့သည်။
သူနှင့်ပတ်သက်၍ သူ့ပတ်ဝန်းကျင်၏ မှတ်ချက် အမြင်များ
“ ကျနော်တို့ခေတ်ရဲ့ အပြီးပြည့်စုံဆုံး လူသား ”
ယန်ပေါဆက် ( ပြင်သစ်တွေးခေါ် ပညာရှင် )
“ ကမ္ဘာပေါ်တွင် နာမည်အကျော်ကြားဆုံး ၂၀-ရာစု၏ သင်္ကေတ တခု ”
အမေရိကန်ပြည်ထောင်စု ( မေရီလင်း အင်စတီကျု )
“ သူဟာ သူ့ရဲ့ အကျင့်စာရိတ္တ ၊ သူရဲ့ စိတ်ဓာတ် ၊ သူ့ရဲ့ကြံခိုင်မှုနဲ့ အလုပ်လုပ်ရာမှာ စိတ်အား ထက်သန်မှုတွေကို ထားရစ်ခဲ့တာ ဖြစ်တယ်။ တခွန်းတည်း အတိုချုပ် ပြောရမယ်ဆိုရင် သူ့ရဲ့ စံနမူနာတွေကို ကျနော်တို့အတွက် ထားခဲ့တာ ဖြစ်တယ် ”
ရဲဘော်ကြီး ကျူးဘားသမ္မတ ဖီဒယ်ကက်စထရို
ဘ၀ဇာတ်ကြောင်း
သူ့အား အာဂျင်တီးနား နိင်ငံ၏ မြို့တော် “ ဗွေနိုဇာရီမြို့ ” မှ မိုင် ၁၀၀ ကျော်ဝေးသည့် “ ရိုစာရီယိုမြို့ ” တွင် မွေးဖွားခဲ့၏။ “ ရိုစာရီယိုမြို့ ” က “ ပါရာနာ ” မြစ်၏ မြစ်ဝကျွန်းပေါ် ဒေသတွင် တည်ရှိခဲ့သည့်မြို့ ဖြစ်သည်။ စိုစွတ်၏။ အစဉ်အမြဲ အေးခဲ၍ နေပါသည်။ ၁၉၂၈ ခုနှစ် ဇွန် ( ၁၄ ) ရက်တွင် နေ့တွင် မွေးဖွားခဲ့သည်။ မောင်နှမ ( ၅ ) ယောက် အနက် အကြီးဆုံး ဖြစ်သည်။ ဖခင် အာနက်စ်စတို ဂွေဗားယာလင်(ခ်ျ)က အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး မိခင်နာမည်က စီလီယာ ဆာနာဖြစ်ပါသည်။ သူကား ငယ်စဉ်က ကျန်းမာရေး ချူချာ၏။ ပန်းနာ ရင်ကြပ်သည် တစ်ဦးလည်း ဖြစ်သည်။ ရာသီဥတုအေးလျှင် ပန်းနာဝေဒနာက ထထဖောက်တက်သည်။
သို့သော် အားကစားဖက်တွင် ထူးချွန်ခဲ့သည်။ “ ရဂ္ဂဘီပွဲ ” များတွင် ခပ်ကြမ်းကြမ်း ကစားတက်သည်။ ဖခင်က သူ့အား ငယ်စဉ်ကပင် သေနတ်ပစ် သင်ပေး၏။ စစ်တုရင် ကစားနည်းတွင်လည်း ထူးချွန်သူတစ်ဦး ဖြစ်ခဲ့ပါသည်။ တဖက်တွင်လည်း ငယ်စဉ်ကပင် စာအုပ်ပုံ အကြား၌ ကြီးပြင်းခဲ့ရသူဟု ဆိုရမည်။ သူ့ဖခင်၏ ကိုယ်ပိုင် စာကြည့်ခန်းတွင် စာအုပ်ပေါင်း ၃၀၀၀ ကျော်ရှိ၏။ “ ဂျက်လန်ဒန် ” “ ဂျုးလဘန်း ” “ ဆစ်ဂမန်ဖရိုက် ” “ ဘာထရန်ရပ်ဆဲလ် ” အစရှိသည့် စာရေးဆရာတို့၏ စာအုပ်များအား ငယ်စဉ်ကပင် ဖတ်မှတ်ခဲ့ရသည်။
ဆက်ရန် ။
Labels: ကျွန်တော် နှင့် သူတို့တွေ
Tuesday, October 28, 2008
နာလန်ဒါ ဗုဒ္ဓတက္ကသိုလ် ဒုတိယအုပ်ချုပ်ရေးမှူး ဒေါက်တာပက်တို့က သက်တော် ၇၂ နှစ်၊ ၀ါတော် ၅၂ နှစ်ရှိ ဆရာတော် ဦးဉာဏိသရသို့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
''ဒီဘွဲ့ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ချီးမြှင့်တာလဲဆိုရင် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် သာသနာအကျိုး၊ ဘာသာအကျိုး ဆောင်ရွက်တဲ့၊ နိုင်ငံတကာမှာလည်း သိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ချီးမြှင့်တာပါ။ ဒီဘွဲ့ကို ပထမဆုံး ပေးတာပါ။ သီတဂူဆရာတော်ရယ်၊ ဗီယက်နမ်က ဆရာတော်တပါးရယ်နဲ့ ၂ ပါးကို ချီးမြှင့်တာပါ။ ဆရာတော်က ထေရ၀ါဒဗုဒ္ဓဘာသာ ဆရာတော်အဖြစ် ရပြီး၊ ဗီယက်နမ် ဆရာတော်ကတော့ မဟာယနဗုဒ္ဓဘာသာအဖြစ် ရတာပါ'' ဟု နာလန်ဒါတက္ကသိုလ်မှ စာသင်သား သံဃာတော်တပါးဖြစ်သူ ဦးဉာနောဘာသ က မဇ္ဈိမကို မိန့်ကြားသည်။
''သီတဂူဆရာတော် ဘုရားကြီးက နိုင်ငံတကာမှာ ဟောတယ်၊ ပြောတယ်။ အိန္ဒိယမှာ ရောက်နေတဲ့ စာသင်သား ရဟန်းတော်တွေကိုလည်း နှစ်စဉ် ဒေါ်လာ ၁၀၀ စီ လှူတယ်။ ပြည်တွင်းမှာလည်း သာသနာပြုပြီး လူတွေအကျိုးကို ဆောင်ရွက်နေတာဆိုတော့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဒီဘွဲ့ကို ပေးတာပါ'' ဟု သူက ထပ်ပြောသည်။ အပြည့်အစုံသို့
CoypRight@Mizzimzburemese
ဒီသတင်လေး ဖတ်ရတော့ ကျွန်တော့် စိတ်ထဲမှာ အတိုင်းမသိ ကြေနပ်မိပါတယ်။ ငါစွဲမချွတ်နိင်သေးတဲ့ ကျွန်တော်တို့လို လူပုဂ္ဂိုလ်တွေ အနေနဲ့ ကိုယ့်ဆရာတော် ဆုချီးမြင့်ခံရတာ ၀မ်းသာမိတာပေါ့။ တကယ်တော့ အားလုံးဟာ သာသနာတော် တိုးတက်ပြန့်ပွားပြီး နိဗ္ပာန်ရောက်အောင် လှုံဆော်တဲ့ ဆရာတော်တိုင်းဟာ ကျေးဇူးရှင်တွေမဟုတ်လား။ အစွဲဆိုတာ မရှိသင့်တာ သိပေမယ့်လည်း ကျွန်တော်ကတော် သီတဂူဆရာတော် တရားတွေကိုပဲ နာဖြစ်မိတယ်။ ဖြစ်နိင်မယ်ဆိုရင် ဆရာတော်ကို နောက်ထပ် အနှစ် ၂၀ လောက်ပြန်ငယ် စေချင်ပါသေးတယ်။ ဒါမှ သာသနာအကျိုးကို ပိုပြီး ထမ်းဆောင်နိင်မှာ မဟုတ်လား။
ဒီတရားတော်ကတော့ ကျွန်တော် အနာဖြစ်ဆုံး တရားတော်ထဲမှာပါတဲ့ တရားတော်ပါ။ တရားတော် ခေါင်းစဉ်က
Download
ဆရာတော်ရဲ့ တရားတော်များ အားလုံးကို ဒီဆိုက်ဒ်မှာ သွားရောက်ဒေါင်းလုပ်ချနိင်ပါတယ်။
http://www.dhammadownload.com/UNyanissara-Burmese.htm
Labels: ကျွန်တော် နှင့် သူတို့တွေ
Tuesday, November 27, 2007
အင်္ဂလိပ် သီချင်းတွေ ကျွန်တော် မြန်မာမှာ နေခဲ့တုန်းက နားထောင်ခဲပါတယ်။ အသက်ကလည်းငယ်သေးတော့ သူများအော်တာ လိုက်အော်။ သူများ ရက်ပ်ဆိုတော့လည်း
ကျွန်တော်လည်း ရက်ပ် ပေါ့။ အင်္ဂလိပ်သီချင်း နားထောင် တာလည်း အလေ့အကျင့်
မရှိခဲ့ပါဘူး။ ၁၀ တန်းအောင်ပြီး အင်္ဂလိပ်စကားပြော သင်တန်း တက်တော့ တဖြည်းဖြည်းနဲ့ စပြီး နားထောင်ခဲ့မိတယ်။ ဒါပေမယ့် ကျွန်တော် အဆိုတော်တွေ နာမည်တွေတော့ မသိပါဘူး။ နားထောင်လို့ကောင်းရင် နားထောင်လိုက်တာပဲ။ အသံကိုတော့ မှတ်ထားတယ်။
ဘယ်သူ့ဆိုတာ ပိုကြိုက်တယ်လို့တော့ မရှိပါဘူး။ အခုတော့ ပေါ်လာပါပြီ။
Enrique Lglesias လို့ခေါ်တဲ့ စပိန်အဆိုတော် ဆိုထားတဲ့ သီချင်းတွေ တော့ ကျွန်တော် တော်တော်နှစ်ကြိုက်မိပါတယ်။ သူကကျွန်တော့် အနှစ်သက်ဆုံး အဆိုတော်ပေါ့။ ဒီအဆိုတော်ရဲ့
သီချင်းဆိုတဲ့ သံက ငိုသံလိုလို နဲ့ ရှတတအသံလေးပါ။ အရမ်းနားထောင် ကောင်းတယ်။
အခုဒီ အဆိုတော်လည်း အဲဒီလိုပဲ။ ကိုယ့်ဆရာက ငိုနေသလားတောင် မှတ်ရတယ်။
နားထောင်ဖူးတဲ့ သူတွေလည်း ရှိကြမှာပါ။ အောက်မှာ ကျွန်တော် သီချင်းနာမူနာလေး တော့ တင်ပေးထားတယ်။ ကြိုက်တယ်ဆိုရင်တော့ စီပုံးမှာသာ အော်ခဲ့ပါ။ ဒီအဆိုတော်ဆိုထားတဲ့
သီင်္ချင်းခွေ တွေထဲက အကောင်းဆုံး သီချင်းတွေ ကျွန်တော် ရှာပြီး လူကြီ်မင်းတို့ဆီကို
အရောက် upload လုပ်ပြီး ပေးပို့ချင်ပါတယ်။ ကျွန်တော်ဆီ အလည်လာတဲ့ ညီအစ်ကို
မောင်နှမ များအတွက် လက်ဆောင်ပေးချင်လို့ပါ။ အောက်မှာ ကျွန်တော့်မေးလ် လိပ်စာ
လေးကို ပေးပို့ဆက်သွယ်နိင်ပါသည်။ ကျွန်တော့်ဆီလည်း ကြိုက်နှစ်သက်သော အဆိုတော်
များ၏ သီချင်းများ ရှိလျှင်လည်း ပြောကြားစေချင်ပါတယ်။ ကြိုဆိုပါတယ် ခင်ဗျာ။
YoureMy1
ကျွန်တော့်အကြိုက် Enrique Lglesias သီချင်းများ
Hero
Maybe
Say It
Could I have This Kiss Forever
Somebody`s Me
Do You Know ( The Ping Pong Song)
I`m Your Man
Ring My Bells
Roamer
Alabao
Bailamos
Don`t You Forget About Me
Be With You
Tired Of Being Sorry
Free
Escape
Labels: ကျွန်တော် နှင့် သူတို့တွေ



