Wednesday, September 10, 2008

Wall-E & Eve



သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းနိင်ဘဲ လေထုညစ်ညမ်းမှု့ဖြစ်ကာ ကမ္ဘာမြေပေါ်တွင် သစ်ပင်များ မပေါက်နိင်တော့ သောကြောင့် လူတွေနေထိုင်ရန် မဖြစ်နိင်တော့သော အခါ လူသားတို့သည် အာကာသပေါ်တက်ကာ ယဉ်ကြီးတစ်ခုအတွင်းမှာ နေထိုင်နေကြသည်။ ကမ္ဘာမြေပေါ်တွင်ကား အသုံးအဆောင် ပစ္စည်းများကို ၊ အမှိုက်သရိုက်များကို သိမ်းဆည်းရန် နေရောင်ခြည် စွမ်းအင်သုံး အော်တိုမက်တစ် စက်ရုပ်များကို ထားခဲ့သည်။ ထိုစက်ရုပ်များတွင် နောက်ဆုံးတစ်ခုတည်းအဖြစ်သာ ကျန်နေသော Wall-E ဆိုသည့် စက်ရုပ်ငယ်လေးမှာ နေ့စဉ်ပစ္စည်းများကို သိမ်းဆည်းရင်း ၊ တစ်နေ့သော အခါ အပင်ငယ်လေး တစ်ပင်ပေါက်နေသည်ကို သွားတွေ့လိုက်သည်။ ထိုအပင်ငယ်လေးကို သိမ်းဆည်းရင်း သူ့တာဝန်များကို ဆက်လက်ထမ်းဆောင်နေခဲ့သည်။

Eve ဆိုသည့် စက်ရုပ်လေးအား အာကာသယဉ်ပေါ်မှ ကမ္ဘာမြေတွင် သစ်ပင်ပြန်လည် ပေါက်ရောက်နိင်ကြောင်း ရှာဖွေရန် လွှတ်ပေးလိုက်သည်။ ထိုစက်၇ုပ်လေးနှင့် Wall-e တို့တွေ့သည့် အခါ သူ့ထက် အစစအရာရာသာသော စက်ရုပ်မလေးအဖြစ် သရုပ်ဆောင်ထားသည့် Eve ကိုအထင်ကြီးချစ်ကြိုက်မိသည်။ Wall-e သည် သူရှာဖွေထားသော အပင်လေးကို Eve ကိုပြလိုက်သည့်အခါ..........


Wall-E & Eve

Wall-e နှင့် Eve တို့၏ စက်ရုပ်အချစ်ဇာတ်လမ်း ၊ ကမ္ဘာမြေကို ပြန်ခွင့်မပြုတော့သော အာကာသယာဉ်ပေါ်က လူနှင့် စက်ရုပ်တိုက်ပွဲ တို့အား ဒါရိုက်တာ Andrew Stanton ရိုက်ကူးကာ လက်စွမ်းပြထားသည့် ဇာတ်လမ်းကားကောင်းလေး ဖြစ်ပါကြောင်း ဒီတပတ် ရုပ်ရှင်ကဏ္ဍာကို ကြော်ငြာလိုက်ပါသည်။


1 comments:

ရွှန်းမီ said...

:-)
I just wrote about this, too.
ညီမလဲ ခုပဲ WALL-E အကြောင်းကို ရေးမိတယ်။