Tuesday, September 9, 2008

စက်တင်ဘာသည် ကျွန်တော်တို့ အတွက် ပျော်ရွှင်မှု့နှင့် အနည်းငယ် စိတ်မချမ်းမြေ့မှု့ ကိုအမြဲတမ်း ယူဆောင် လာတက်သည်။ စိတ်မချမ်းမြေ့မှု ဆိုသည်မှာ ကျောင်းစတင်တက်ရပြီ ဖြစ်သောကြောင့် ကျောင်းသား၊ကျောင်းသူ တို့၏ ဖြစ်နေကြ ထုံးစံအတိုင်း အလွန်ပျင်းသောကြောင့် ဖြစ်သည်။ ထိုခံစားမှုသည် ငယ်စဉ်တုန်းက မရှိခဲ့။ အထူးသဖြင့် မြန်မာနိင်ငံမှာ ကျောင်းတက်နေရစဉ် အတွင်း မည်သူမျှ ကျောင်းတက်ရမှာကို ပျင်းလိမ့်မည်ဟု မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျောင်းပြန်ဖွင့်လျှင် ကာလအခိုက်အတန့် ခွဲခွာခဲ့ရသော သူငယ်ချင်းများနှင့် ပြန်လည်ဆုံတွေ ရတော့မည်။ သွားသွားလာလာ သူငယ်ချင်းများနှင့် ပြန်လည် ပြုလုပ်နိင်တော့မည် မဟုတ်လား။ ဒါက မြန်မာမှာ ကျောင်းတက်ရသော စိတ်ခံစားမှု။

နိင်ငံခြား တိုင်းပြည်တခုမှာ ကျောင်းတက်ရလျှင်တော့ ကျောင်းဖွင့်လျှင်လည်း ဘာမှမထူး။ သူငယ်ချင်းလည်း မရှိ။ ဆရာနဲ့ ပြန်တွေ့ဖို့သာ ရှိသည်။ နွေရာသီတုန်းက အိပ်ထားတာက နေမြင့်တာတောင် မထချင်။ အခုတော့ အစောကြီး ထနေရသည်။ ကျောင်းမှာလည်း နောက်ဆက်တွဲ အဆိုင်းမန့် ၊ ပရက်တီကယ်တွေနှင့် ရွာလည်တော့မည်။ ကျောင်းသား စာသင်ဖို့ တာဝန်ရှိပေမယ့် ကျောင်းတက်ရမှာတော့ ပျင်းသည်။း) တခါတခါ မိုးရွာသည်။ နောက်တော့ နှင်းကျမည်။ အိပ်ရတာ မ၀တော့။ ၀ူးးးးးးးးးးးးးးးးးးးးးးးးး ( ပညာတွေ တက်ဦးမည် ) :P

စက်တင်ဘာရဲ့ ပျော်စရာတခုကတော့ ကျောင်းဖွင့်ခါနီးလျှင် မြန်မာနိင်ငံမှ အစားအသောက်များ အနည်းနှင့် အများတော့ စားရခြင်းကြောင့် ဖြစ်သည်။ ထိုလရောက်လျှင် နောက်ထပ်ရောက်လာကြသော ကျောင်းသားများဆီမှ သက်ဆိုင်ရာ ၊ ခင်မင်ရာ မိသားစု ၊ သူငယ်ချင်းများမှ ထည့်ပေးလိုက်သော စားစရာများ ပါလာတက်ကြသည်။ ကွမ်း ၊ ဆေးလိပ် ၊ ချဉ်ပေါင်ကြော် ၊ သရက်သီးသနပ် ၊ ဒညင်းသီး ၊ ငါးပိရည်ကျို ၊ ငါးကျည်းခြောက်ကြော် ၊ ပုန်းရည်ကြီး စသည်ရှိသည်ဖြင့် စားရသောကြောင့် ကြေနပ်မိသည်။ ပြင်ပနိင်ငံတွေမှာ နေထိုင်ရင်း ကျောင်းတက် ၊ အလုပ်လုပ်နေသော သူများအဖို့ အတွက်ကတော့ ပိုက်ဆံရှိလျှင် အလွယ်တကူ ၀ယ်စားနိင်ပေမည့် ကျွန်တော်တို့ကတော့ ထိုလူကြုံများကိုသာ မျှော်မှန်းရသည်။

တစ်နှစ်တခါသာရသော လက်ဆောင်တစ်ခုလို မိသားစု ၊ သူငယ်ချင်း ၊ သက်ဆိုင်သူများက ထည့်ပေးသော ထိုစားစရာလေးများကို တန်းဖိုးထားဆဲ။ မိမိအထုပ်အပိုးသာ မက လူကြုံထည့်ပေးလိုက်သော ပစ္စည်းများကို အလေးခံပြီး စေတနာ အပြည့်ဖြင့် တက်နိင်သလောက် ယူဆောင်လာပေးကြသော ညီငယ်များကို ဒီပို့စ်လေးဖြင့် ကျေးဇူးတင်မိသည်။ သူတို့ကြောင့် ဒီလို စားရသောက်ရခြင်း မဟုတ်လား။ မိမိတုန်းကလည်း အစ်ကိုများ အတွက် ယူဆောင်လာခဲ့ပေးဘူးသည် ။

2 comments:

မီးငယ် said...

ညီမလေးကတော့ ၀ယ်စားလို့ရပေမဲ့..အိမ်ကထည့်ပေးတဲ့ စားစရာကိုပဲစားချင်တယ်...

Anonymous said...

ဝယ်ဘဲစားရစားရ၊ ပို့ပေးတာဘဲစားရ စားရ တို့ကတော့ စားမှာဘဲစားမှာဘဲ၊ မိုးလင်းကတည်းကစဉ်းစားမိတာ စားဖို့ပါဘဲပေါ့၊ ဟကောင်ငါ့တော့ မကျွေးနဲ့ပေါ့နော်။