Sunday, September 21, 2008

50 Cent ရဲ့ “ Get Rich or Die Tryin ”



ဒီတပတ်အတွက် ရုပ်ရှင်လက်ဆောင် အနေနဲ့ “ Get Rick Or Die Tryin ” ဆိုတဲ့ ကားလေးအကြောင်း ညွှန်းချင်ပါတယ်။ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားသူကတော့ ယနေ့အဆိုတော် ရက်ပ်လောကမှာ နာမည်ကြီးနေတဲ့ “ Curtis 50 Cent Jackson ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတာပါ။

Cent ရဲ့ ဒီကားမှာ ဆင်းရဲစွာ ပေါက်ဖွားလာတဲ့ သူ့မိသားစုဘ၀ကို အခြေခံရင်း ရိုက်ကူးထားခဲ့ပါတယ် ။ ငယ်စဉ်ကတည်းက ရုတ်တရတ် အမေဆုံးပါးခဲ့ရတဲ့ Marcus အဖြစ် သရုပ်ဆောင်ထားတဲ့ Cent ဟာ သူ့အဘိုးဖြစ်သူနဲ့ အတူ တခြားမောင်နှမ မိသားစုဝင်တွေနဲ့ နေထိုင်းရင်း အသက်တူ ညီအစ်ကိုတွေရဲ့ နှိမ့်ချမှု့အောက်မှာ စိတ်ဓတ်ကျဆင်းစွာ အသက်ရှင်သန်ခဲ့ရပါတယ်။ ကလေးပီပီ ၀တ်ကောင်းချင်း မ၀တ်ရ ၊ စားကောင်းချင်း မစားရတဲ့ Cent ဟာ ပိုက်ဆံရအောင် ကလေးဘ၀ထဲက ဘိန်းရောင်းပြီး ဘ၀ကို အသက်ဆက်ခဲ့ရပါတယ်။

တဖက်ကလည်း သူ့မိခင် မြေထောင်မြှောက်ပေးခဲ့တဲ့ သီချင်းဆိုတဲ့ ၀ါသနာကို မစွန့်လွှတ်နိင်ပဲ ရက်ပ်သီချင်းတွေ ကိုယ့်ဟာကို အိမ်မှာ ခွေသွင်းကြည့် ၊ ပြန်ဆို နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ သူ့အဘိုးလုပ်ကိုင်ခဲ့တဲ့ ဘိန်းရောင်းဝယ် ရေးမှာ ဆက်လက်လုပ်ကိုင်းရင်း အခန့်မသင့်ပဲ ထောင်ချခဲ့ရတဲ့ Cent ဟာ ထောင်ထဲမှာ စတူဒီယို အဆိုတော်မန်နေဂျာ တစ်ယောက်နဲ့တွေ့ပြီး ထောင်က ပြန်လွှတ်တဲ့ အခါ........

5o Cent ကိုလာကြိုတဲ့ သူ့ဦးလေး လူဆိုးခေါင်းဆောင်ကလည်း ဂိုဏ်းမှာ ပြန်လည်တာဝန် ထမ်းဆောင်ဖို့ ပြန်လာခေါ်တဲ့အခါ Cent က ပြန်မလိုက်ဘဲ ပြောသည့်အခါ.......

စိတ်နာပြီး Cent ကိုပြန်လည် လုပ်ကြံသည့်အခါ လူစဉ်မမှီနိင်လောက်သည့် အဖြစ်ကို ရောက်သွားသည့် အခါ....

ဘယ်လို ဘယ်ပုံ တဖက်နဲ့တဖတ် လုပ်ကြံရင်း ၊ တဖက်ကလည်း အဆိုတော်ဘ၀ကို အောင်မြင်အောင် တက်လှမ်းနိင်ခဲ့သည့်အကြောင်း ၊ ဇာတ်လမ်းတွင် 50 Cent နောက်ခံစကားပြော ၊ သူ၏ သီချင်းများကို ထည့်သွင်းရင် ၊ အက်ရှင်ဇာက်ကားကောင်းပီသစွာ သရုပ်ဆောင်ထားတဲ့ ဒီကားလေးကို ဒီတပတ် ရုပ်၇ှင်လက်ဆောင် အဖြစ် ကြော်ငြာပေးလိုက်ပါသည်။




1 comments:

dare2fight said...

Yo !

you spelled "Get Rick"

check your spelling.

have a nice day!