Sunday, September 7, 2008

အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့ အခါ သိထားဖို့က

သင်ကြုံရတဲ့ အဖြစ်အပျက်က သင့်အတွက် အရေးမကြီးပါဘူး
သင်ကြံရတဲ့ အဖြစ်အပျက်အပေါ် သင် ဘယ်လိုသဘောထားသလဲ ဆိုတာက အရေးကြီးပါတယ်

ဥပမာ -

ခင်ဗျားဟာ လေဆိပ်မှာ ရောက်နေပြီး လေယာဉ်အလာကို စောင့်နေတယ် ဆိုပါစို့။ အဲဒီအချိန် “ ၀မ်းနည်းပါတယ် ရှင် စက်ချို့ယွင်းသွားတဲ့အတွက် လေယာဉ်ထွက်ချိန် သုံးနာရီ နောက်ကျမှာ ဖြစ်ပါတယ် ” လို့ လေကြောင်းလိုင်းက ကြေငြာလိုက်တဲ့အခါ......

ခင်ဗျား စိတ်မထိန်းနိင်ဘဲ ဒေါသထွက်ပါပြီ။ အဲဒီအချိန် စီစဉ်ထားတာတွေ လွဲချော်ပြီလို့ စိတ်က ထင်လိုက်တာနဲ့ပဲ လူတွေကို ခလုတ်တိုက်မိတာ ဖြစ်ဖြစ် ၊ ကော်ဖီခွက်ပဲ ဖိတ်စင်ကျတာပဲ ဖြစ်ဖြစ် ၊ အထုပ်အပိုးတွေ ပျောက်သွားနိင်တာပဲ ဖြစ်ဖြစ် ဖြစ်လာပါတော့တယ်။ ကျွန်တော်တို့ သတိမထားမိတဲ့ စကားတခွန်း ရှိတယ်။ အဲဒါ ဘာလည်းဆိုတော့

“ ဘ၀မှာ တိုက်ပွဲဝင်တဲ့အခါ ဘ၀က အမြဲတမ်း အနိင်ရတာပါပဲ ”

နောက်ဆုံး စိတ်တည်ငြိမ် အေးချမ်းသွားတဲ့အခါ “ ငါ လုပ်နိင်တာ ဘာမှ မရှိပါလား ၊ ဒါပေမယ့် လုပ်နိင်သလောက် အတက်နိင်ဆုံး လုပ်ကြည့်မယ် ” လို့ ခင်ဗျား မှတ်ယူသင့်ပါတယ်။ တကယ်လို့များ အဲဒီအချိန် မတွေ့တာ ကြာတဲ့ သူငယ်ချင်း တစ်ယောက်ပေါ်လာမယ် ၊ ဒါမှမဟုတ် အခွင့်အရေးကောင်း တစ်ခု မမျှော်လင့်ဘဲ ရရှိလာမယ် ၊ မိတ်ဆွေသစ်တွေ တိုးလာမယ် ဆိုပါစို့ ၊ ဒါဟာ ဘ၀ကို ကိုယ့်ကို ပြန်ပြီး ကူညီဖေးမလာတာပါ။

ဘ၀မှာ ကြီးမားတဲ့ အခွင့်အရေးတွေဆိုတာ များသောအားဖြင့် ကံဆိုးမှုနဲ့ ဒုက္ခ တွေအဖြစ် ကိုယ်ယောင်ဖျောက် လာတက်ကြပါတယ်။ ဒါကြောင့်

“ ခင်ဗျားရဲ့ ဘ၀မှာ ဒုက္ခမှန်သမျှကို ဒုက္ခလို့ မမှတ်ပါနဲ့ ၊ ခင်ဗျားစိတ်ကို ပြောင်းလဲဖို့ စောင့်ဆိုင်းနေတဲ့ အခြေအနေတစ်ခုလို့ မှတ်ယူပါ ”




4 comments:

Anonymous said...

အနီရောင်စာသားများကို Note Book ထဲကူးသွားပါတယ်ခင်ဗျား)

Apprenticeship said...

တာပေါ့...။ ကိုင်တွယ်ဖြေရှင်းရင်း နောက်အများကြီး ထပ်မပွား မိစေဖို့တော့ အထူးဂရုပြု ရမှာပေါ့နော်... :D :)

Anonymous said...

သင်ကြုံရတဲ့ အဖြစ်အပျက်က သင့်အတွက် အရေးမကြီးပါဘူး
သင်ကြံရတဲ့ အဖြစ်အပျက်အပေါ် သင် ဘယ်လိုသဘောထားသလဲ ဆိုတာက အရေးကြီးပါတယ်
ဟုတ်ပါတယ်။ ကျနော် အပြည့်အဝ သဘောတူပါတယ်။ ကြုံတွေ့လာရတဲ့ အဖြစ်အပျက်တွေအပေါ်မှာ သဘောထားတတ်ဖို့ reaction မလုပ်ဘဲ respond လုပ်တတ်ဖို့ဆိုတာ စိတ်ကို လေ့ကျင်ပြင်ဆင်ထားမှရတာပါ။ သညာသိမျှဖြင့် မရပါ။ ပညာသိ သိမှသာ လက်တွေ့ကျင့်ကြံနိုင်မှာပါ။
ဝမ်းသာအားရ ကျေးဇူးတင်လှပါသည်။ ဆက်လက်ရေးသား မျှဝေသွားစေလိုပါသည်

thonn thonn said...

“ ခင်ဗျားရဲ့ ဘ၀မှာ ဒုက္ခမှန်သမျှကို ဒုက္ခလို့ မမှတ်ပါနဲ့ ၊ ခင်ဗျားစိတ်ကို ပြောင်းလဲဖို့ စောင့်ဆိုင်းနေတဲ့ အခြေအနေတစ်ခုလို့ မှတ်ယူပါ ”

ဟုတ်တယ်ရှင့်။ အဲဒါအမှန်ပဲ။ နောက်တစ်ခုရှိသေးတယ်။

“ ကံဆိုးတယ်ဆိုတာ
မိမိအရည်အသွေးကို တစ်စထက်တစ်စ တောက်ပြောင်လာအောင် တိုက်ချွတ်ပေးနေတဲ့အရာတွေ ပါပဲ” တဲ့။