Saturday, November 17, 2007
မဖြစ်မနေသွားရမယ့် ဘာမှ သယ်မသွားနိင်တဲ့ ဒီခရီး
နာရီတိုက်ထားလို့ ပြင်ဆင်ခွင့် မရတဲ့ဘ၀တွေ
တစ်ယောက် ခုန်ဆင်းသွားပြန်တော့
နောက်ထပ် တစ်ယောက် အစားထိုးတက်လာတယ်။
တစ်ကိုင်းထဲ....သီးခွင့်ရတာချင်း အတူတူ
မှည့်နေတဲ့ သစ်သီးက အညှာခိုင်ခဲ့
မပွင့်ရသေးတဲ့ပန်းက ကြွေချင် ကြွေသွားတက်တဲ့လောက။
လူတစ်ယောက်....သတ္တ၀ါတစ်ခု
ရေချိုးနေရင်းတန်းလန်း
စားနေရင်း တန်းတန်း....ငေးနေရင်း တန်းလန်း
အင်္ကျီလဲနေတုန်း.....ဆိုင်ကယ်စီးနေတုန်း
မော်တော်ကားမောင်းနေတုန်း
ဆပ်ပြာ ပူဖောင်း ဖျတ်ခနဲ ပေါက်သလို
သဲလွန်စမကျန်အောင် ဖြစ်သွားခဲ့တယ်။
.....ဒါပေမယ့်.....
ဓတ်ပုံတွေ ကျန်ခဲ့....သီချင်းတွေ ကျန်ခဲ့
စကားလုံးတွေ ကျန်ခဲ့....နာမည်တွေ ကျန်ခဲ့
အမှားတွေ ကျန်ခဲ့...နောက်ဆုံး အနံတောင် မကျန်ခဲ့တဲ့
အဖြစ်တွေလည်း ရှိခဲ့တယ်။
ကျန်နေတဲ့ အရာတွေကကော မကျန်ဘူးလားဆိုရင်
နံရံပေါ်မှာ ပြက္ခဒိန်ပဲ ခြားမယ်
နေ့လား...ညလား အကြားမလပ်
အသက်ဆိုတာ အပိုတစ်ချောင်းပါမလာ
သံသရာဟာ ဆွဲဆန့်သလောက်
ရှည်လျားကောက်ကွေ့နေရတဲ့ အဖြစ်
အခွံချည်း မျောပါရတဲ့ အိမ်အပြန်ပေါ့....။
Labels: ကဗျာ
1 comments:
တခြားတော့ ဘာမ မပြောချင်ပါဘူး..။ပန်းပွင့်လေြးွေသွားတာရော.. လူတွေသိလိုက်လားဟင်။....
အဒီပန်းပွင့်လေးရဲ့ ဒဏ်ရာတွေကိုရော ဘယ်သူမြင်လိုက်လဲ..။
စဉ်းစားမိတာကို ပြောကြည့် တာ။ ဟီးဟီး...။
နည်းနည်းတော့ ထူးဆန်းတယ်လို့ မထင်နဲ့ နော်..။ ကျမနေကောင်းပါတယ်....။
Post a Comment