Sunday, November 18, 2007

ဘ၀သေတဲ့....ည

တိတ်ဆိတ်တဲ့ ညပါ
မိုးတွေသည်းလို့
ကိုယ် ကမ္ဘာပျက်တဲ့ ညပေါ့
တသက်တာ ထာဝရ
ရင်နင့်အောင် ချစ်ခဲ့တဲ့ နင့်ကို
အပြီးအပိုင် ဆုံးရှုံး
မေ့မုန်းလိုက်ရတဲ့ ညလေ
မ..........ရေ
တစ်ပါးသူ ရင်ခွင်မှာ ခိုလှုံလို့
နင်ထားခဲ့တဲ့ညပေါ့......။

4 comments:

Anonymous said...

တိတ်ဆိတ်တဲ့ ညပါ
မိုးတွေသည်းလို့
ကိုယ် ကမ္ဘာပျက်တဲ့ ညပေါ့
တသက်တာ ထာဝရ
ရင်နင့်အောင် ချစ်ခဲ့တဲ့ နင့်ကို
အပြီးအပိုင် ဆုံးရှုံး
မေ့မုန်းလိုက်ရတဲ့ ညလေ
မ..........ရေ
တစ်ပါးသူ ရင်ခွင်မှာ ခိုလှုံလို့
နင်ထားခဲ့တဲ့ညပေါ့......။

ကာရန်မညီသော ကဗျာတပုဒ်ပါ... နင် နဲ့ မ က ရောနေတယ်.။ ဒီတခါရေးတဲ့ ကဗျာ အညံ့ဆုံးပဲ.....။ အားနာပါတယ်.. အခုလို ပြောလိုက်ရတဲ့ အတွက်...

ဆိုးသွမ်း said...

ဝေဖန်ပေးတာ...ကျေးဇူးတင်ပါတယ်။ anonymous
ရေ။ ဒါပေမယ့် နာကျည်းသံတွေ...ပါနေတယ်ဗျ။ ဒီကဗျာ
မှာ နားကျည်းသံတွေပါနေတယ်လေ။ ဒီတချက်ကိုတော့
မေ့နေခဲ့တယ်နဲ့တူတယ်။

Anonymous said...

နာကျည်းတယ်ဆိုတာ လူကိုပင်ပန်းစေတယ် တဲ့ ကိုဆိုးသွမ်းရဲ့ ။ အဒီတော့.. မနာကျည်းပါနဲ့ နော်။ ပင်ပန်းမှာ စိုးလို့ ပါ...။ anonym ရဲ့ စေတနာကို နားလည်မယ်လို့ တော့ ထင်ပါတယ်။ တခါတလေ အထင်လွဲတာလဲ ဖြစ်ချင်ဖြစ်တတ်ပါတယ်။.. အခုရော မိုးရွာနေသေးလား????

Anonymous said...

Do u worry for him ??
Have you umbrella???, please borrow to him, can u do it??