Saturday, November 24, 2007

လောကဓံ

ဘ၀ကိုက...အနှိမ်ခံရလွန်းတယ်
ခေါင်းငုံထားတော့လည်း....အရှုံးပေးတာလားတဲ့
ဒါဆို ခပ်တည်တည် ခေါင်းမော့ပြန်တော့
မကျေနပ်ဘူးလားတဲ့....
ဘယ်နေရာရာ သွားသွား
ကိုယ့်ကျောတောင် ကိုမလုံအောင်
သတိထားနေရတယ်။
ဘယ်ဘ၀က ဘယ်လိုဝဋ္ဋ်ကြွေးတွေများ
ငါ့အပေါ် ကျရောက်စေရတာလည်း
ရှိပါစေတော့....ကံကိုက ဆိုးလွန်းတာ
နောက်တစ်ကြိမ်...နောက်တခါ
ငါ့ အလှည့်ရောက်လာရင်တော့
“နင်....လားဟဲ့ လောကဓံ ”

4 comments:

Mintasay said...

ကဗျာလေးထိတယ်ဗျ

Anonymous said...

ဘ၀ကိုက...အနှိမ်ခံရလွန်းတယ်
ခေါင်းငုံထားတော့လည်း....အရှုံးပေးတာလားတဲ့
ဒါဆို ခပ်တည်တည် ခေါင်းမော့ပြန်တော့
မကျေနပ်ဘူးလားတဲ့....
ဘယ်နေရာရာ သွားသွား
ကိုယ့်ကျောတောင် ကိုမလုံအောင်
သတိထားနေရတယ်။
ဘယ်ဘ၀က ဘယ်လိုဝဋ္ဋ်ကြွေးတွေများ
ငါ့အပေါ် ကျရောက်စေရတာလည်း
ရှိပါစေတော့....ကံကိုက ဆိုးလွန်းတာ
နောက်တစ်ကြိမ်...နောက်တခါ
ငါ့ အလှည့်ရောက်လာရင်တော့
“နင်....လားဟဲ့ လောကဓံ ”
သေဖို့ သာပြင်ပေတာ့
နင်ကပဲ ဓံ ဓံနိုင်မလား ငါကပဲ တန်နိုင်မလား
တွေ့ ကြသေးတော့ ပါ..
ကဗျာမပြီးသေးဘူးထင်လို့ ပြီးအောင်ရေးပေးလိုက်တယ်....။
ဟဲဟဲ...
ထိလားမထိလားတော့ မသိဘူး ငြိတော့ ငြိမယ်ထင်တယ်.. သစ်ကိုင်းနဲ့ ..။

နှင်းပွင့်ဖြူ said...

ကံများကောင်းဖို့ ဘိုးဘိုးပြောင် ဆီမှာ ယတြာ ချေုလိုက် သိရာ
မောင်ဆိုးသွမ်း..
ကဗျာလေး ကောင်းတယ် ..

ခင်တဲ့
နှင်းပွင့်ဖြူလေး

နိုင်းနိုင်းစနေ said...

ဒီကဗျာလေး ကြိုက်တယ်