အမှန်ကိုချစ်တဲ့ ၊ အမှန်ကို ကျင့်တဲ့သူ
လူကြားထဲ နေလို့ မရဘူး
လူတွေကို မှန်အောင် ပြင်ကြည့်ရင်း
လူတွေကြားထဲ အမှန်ပြောရင်း
သူဟာ လူများစုရဲ့ ဖယ်ကျဉ်ခြင်းကို ခံရတက်တယ်
ကိုယ်ချို့ ယွင်းချက်ကို မမြင်ဘူး
သူများ မှားတာကို
အခွင့်ကောင်းယူပြီး နှိပ်ကွပ်တယ်
မနေနိင်လို့
အမှန်ကို ၀င်ပြောပြန်ရင်
ပြောတဲ့သူ အမုန်းခံရပြန်တယ်
လောကကြီးကလည်း
လူများစုကို မျက်နှာသာပေးနေပြန်တော့
ကြာတော့ အမှန်ပြောတဲ့ သူတွေလည်း
စိတ်ရောဂါ ရလာတော့တယ်
7 comments:
ကြာလာတော့ အမှားတွေလုပ်နေတယ်လို့ မြင်လာတယ်
;)
စကားပုံတစ်ခုရှိတယ်လေ ဆိုးသွမ်းရဲ့ ။
မှန်တာပြော ရွာပြင်ထွက်တဲ့။ လူတစ်ယောက်ရဲ့ အပြုမူတောင် ချက်ခြင်းပြင်ဘို့ ဆိုတာ ခက်နေတာ။ လူအများစုကို ပြင်မယ်ဆို တော်တော်လေး အချိန်ယူမှရမယ်။
လူပီသတဲ့လူ ဘယ်နှစ်ယောက်ရှိမလဲ။ သူများမကောင်းတာ၊ သူများအားနည်းချက်သာ ပြောချင်တာလေ။
ဒီတော့ စိတ်ရှည်ရှည်နဲ့ ပြုပြင်ပြောင်းလဲယူလိုက်။
အောင်မြင်မှာပါ။
မှန်ပ ကိုဆိုးသွမ်းရယ် ကိုက မှန်တာပြောတော့ ဂွကျတယ်တဲ့ ကဲ :)
အမှန်ပဲဆိုးသွမ်းရေ..
mayookhin
You should go to this link and tell him that u r the author.
http://www.lemongolfball.co.cc/2009/10/blog-post.html
လောကကြီးမှာလေ.. လူများတရားနိုင်တယ်.. မျက်နှာကြီးရာဟင်းဖတ်ပါတယ်.. ကြာလာတော့ အမှန်တရားဟာ ပဲလှော်ကြားဆားညပ် ဝါးဖတ်ဖြစ်လာတော့တာပဲ..
စိတ်မရှိနဲ့လို့ တောင်းပန်တယ်..
အမှန်တချို့ အန်ထွက်သွားလို့ ကိုယ့်ဘာသာကိုယ် ပြန်ကျုံးသွားပါတယ်.. =)
Post a Comment