Thursday, October 1, 2009

ဆန္ဒ





ခင်ဗျားကလည်း ပြောချင်တာ ပြောတယ်
သူကလည်း လုပ်ချင်တာ လုပ်တယ်
ကျနော်နဲ့ တခြားသူတွေက
ဘေးကနေ ပြူးကြောင်ကြောင်နဲ့ ရပ်ကြည့်လို့

ခင်ဗျားက ဘာရလို့ ပြောလဲ ကျနော်မသိဘူး
သူကလည်း ဘာတွေရနေလို့ လုပ်ချင်တာ လုပ်နေတာလဲ မသိဘူး
သေချာတာက
ကျနော်နဲ့ တခြားသူတွေ
ဘ၀ကို စိတ်ကုန်နေကြပြီ

၂၀.. မှာ ဘာဖြစ်မယ်
ကျနော်နဲ့ တခြားသူတွေ မသိဘူး
သေချာတာက
၂၀၁၂ မှာ ကမ္ဘာကြီး ပျက်သွားရင် ပိုကောင်းမယ်









4 comments:

Apprenticeship said...

သေချာတာကတော့ သူကိုယ်တိုင်လဲ စိတ်ကုန်နေပီတဲ့:P

လင်းဒီပ said...

ညီလေးရေ အစ်ကို ပြုံးပြီး ပြန်သွားတယ်..:P

ကျောပိုးအိတ် said...

၂၀၁၂ မှာ ကမ္ဘာကြီး ပျက်သွားရင် ပိုကောင်းမယ်

နေပါဦး မပျက်ပါနဲ့ ဦး

Anonymous said...

အားတင်းထားလိုက်ပါအုံးနော်၊ စစ်မတိုက်ခင်မြှားမကုန်ရဘူးလေ၊ ခုမှ ဘဝရဲ့ အစဘဲရှိသေးတာ...လာအုံးမယ် ဒုက္ခတွေအများကြီး....