5 years ago
Wednesday, August 26, 2009
နေရောင်အောက်မှာလဲ၊
အရိပ်မဲ ရှိတတ်တယ်။
လရောက်အောက်မှာလဲ၊
အရိမ်မဲ ရှိတတ်တယ်။
အလင်းရောင်ကွယ်ဆိတ်တော့၊
အရိပ်လဲ ပျောက်ပြန်တယ်။
မောင့်ရင်ထဲမှာလဲ၊
အရိပ်မဲထင်နေတယ်။
နေ၊လရောင် ကွယ်ဆိတ်ပေမယ့်၊
သည်အရိပ်မပျက်ပြယ်။
မေတ္တာဆိုတဲ့ အလင်းနဲ့၊
သတိယခြင်း ဆိုတဲ့ အရိပ်ပါ အချစ်ရယ်။
အရိပ်မဲ ရှိတတ်တယ်။
လရောက်အောက်မှာလဲ၊
အရိမ်မဲ ရှိတတ်တယ်။
အလင်းရောင်ကွယ်ဆိတ်တော့၊
အရိပ်လဲ ပျောက်ပြန်တယ်။
မောင့်ရင်ထဲမှာလဲ၊
အရိပ်မဲထင်နေတယ်။
နေ၊လရောင် ကွယ်ဆိတ်ပေမယ့်၊
သည်အရိပ်မပျက်ပြယ်။
မေတ္တာဆိုတဲ့ အလင်းနဲ့၊
သတိယခြင်း ဆိုတဲ့ အရိပ်ပါ အချစ်ရယ်။
မောင်စိန်ဝင်း (ပုတီးကုန်း)
Labels: ကျွန်တော်ကြိုက်သောကဗျာများ
Subscribe to:
Post Comments (Atom)
8 comments:
ဆိုးသွမ်းရေးတာလားလို့....။
မောင်စိန်ဝင်းကဗျာတွေထဲမှာ ဒီကဗျာမဖတ်ဖူးသေးဘူး... ကျေးဇူး...။
မောင်စိုးသွန်းရေ..
မတွေ့တာကြာပြီ
အဆင်ပြေရဲ့လား
နေကောင်းရဲ့လား
စာတွေ ပြန်ရေးတော့လေ
နေကောင်းလားဟေ့....
မောင်စိန်ဝင်းရဲ့ကဗျာလေးတွေ ရရင် ဖတ်ချင်ပါသေးတယ်...။
အလုပ်များနေတယ်ထင်ပ။ စာမရေးတာ ကြာနေပြီ။
မောင်စိန်ဝင်းကဗျာလား။ သိပါဘူးတော် ဆိုးသွမ်းရဲ့ ရေတွင်းဖြစ်လားလို့ ။
း)
အကိုရေ ဖတ်သွားတယ်း) အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ
လေးစားလျက်
တောင်ပေါ်သား
ကိုဆိုးသွမ်းရေ ပျောက်နေတယ်ရော
အဆင်ပြေနေလားဗျာ
သတိရနေတယ်
အနော့တို့ ချလ်ဆီး လည်းလူပ်ရှားပါဦးဗျာ
တိတ်ဆိတ်နေသလားလို့ 
ကဗျာလေးခံစားပြီးဖတ်သွားပါတယ်
ခင်မင်လျှက်
တောင်ပေါ်ကရှမ်းကလေး
ကဗျာလာဖတ်ပါတယ် ကိုဆိုးသွမ်းရောက်ရင် လှည့်ခဲ့ပါအုံး
ကဗျာတွေဆက်တင်တဲ့အတွက်ကျေးဇူး
ပါမောင်လေးရေ..
သတိရနေပါတယ်
အားလုံးအဆင်ပြေပါစေ..
မေဦးခင်
Post a Comment