Tuesday, March 16, 2010

အင်မဂျင်...ရေ



သတိရလိုက်တာ...အင်မဂျင်ရယ်
ဒီလိုပြောရင်
ရှက်တက်ရင်...ရှက်ဖို့ကောင်းတယ်လို့
မင်းက ငါ့ကို ပြန်ပြောဦးမယ်

ရှိပါစေတော့
ငါ့ရဲ့ လွမ်းပိုင်ခွင့်ကို
မင်းလည်းပဲ တားလို့မှမရတာ

တစ်စုံတစ်ယောက်အပေါ်
သစ္စာရှိဖို့အတွက်
တစ်စုံတစ်ယောက်ကို သစ္စာဖောက်လိုက်ရသလိုမျိုး

အသက်ရှုရတာ မ၀ပါဘူး
ဘ၀မှာ အသက်ရှုရတာ မ၀ခဲ့ဘူး
နောင်လည်း အသက်ရှုဖို့ ၀ဦးမှာ မဟုတ်ဘူး

ကိုယ့်သေတွင်း ကိုယ်တူးမိခဲ့သူ
အဖြစ်..ကိုယ့်ဟာကို သိလာတဲ့အခါ
မင်းကို ချစ်တဲ့ မျှော်လင့်ချက် မြက်ပင်လေးဟာ
ငါနဲ့ မလှမ်းမကမ်းမှာ

မှီမှာ မဟုတ်ပေမယ့်
ဆုတ်ကိုင်ထားချင်တဲ့ စိတ်နဲ့
တွင်းထဲက ရုန်းထွက်ဖို့ ကြိုးစားရင်း
တွင်းထဲပဲ ပြန်ပြန်ရောက်နေရတယ်

ခွင့်မလွှတ်ပါနဲ့ အင်မဂျင်ရယ်
ဒါဟာ...ငါ့အတွက် ဘယ်တော့မှ
ကုမရတဲ့ အဆိပ်သင့်ရောဂါလို့ပဲ...ခံယူထားခဲ့ပါ့မယ်





2 comments:

Anonymous said...

အနုပညာကို ခုတုံးလုပ်၊ အနုပညာကို မချစ်တတ်ရင်လည်း... အနုပညာကို စော်ကားတတ်သူ မဖြစ်ပါစေနဲ့..

ကျောပိုးအိတ် said...

ရှိပါစေတော့
ငါ့ရဲ့ လွမ်းပိုင်ခွင့်ကို
မင်းလည်းပဲ တားလို့မှမရတာ

ဘယ်သူမှ မတားပါဘူးဆိုးသွမ်းရယ်။
လွမ်းစေ လွမ်းစေ

း)

ကိုယ့်ခံစားချက်နဲ့ ကိုယ်လွမ်းတာဘဲနော့်။

အင်မဂျင်ရယ် ဆိုတာ ဘာနာမည်လဲဟင်။
း)