Thursday, March 5, 2009



ကျွန်တော်တို့ မြန်မာဘောလုံးလောက အဆင့်အတန်းတိုးတက်ရေး အတွက် Pro အဆင့် လိဂ်တခု မကြာမှီ လာတော့မည် ဖြစ်တယ်လို့ သတင်းတွေလည်း ဖတ်နေရပါတယ်။ ဘောလုံးနဲ့ ပတ်သက်လျှင် ဘယ်နိင်ငံမဆို ရူးသွပ်တယ် ဆိုတာ အားလုံးအသိပါ။ နိင်ငံက ကုန်ပစ္စည်းကောင်းတွေ မထွက်ရင်တောင် ဘောလုံးကန် ကောင်းလို့ နာမည်ကြီးနေတဲ့ နိင်ငံတွေက ဒုနဲ့ဒေးပါ။ ကမ္ဘာအဆင့်မဟုတ်ရင်တောင် တချိန်က မြန်မာဆိုတာ အာရှဘောလုံး လောကမှာ ဘယ်လို အရှိန်အ၀ါ ရှိခဲ့တယ်ဆိုတာ သမိုင်းကြောင်း မှတ်တမ်းတွေ ပြန်ကြည့်ရင် သိနိင်ပါတယ်။

ဒီလိဂ်တခုကို ဖြစ်စေချင်နေတာတော့ ကြာပါပြီ။ ဘယ်အရာမဆို အဘက်ဘက်က နိမ့်ကြနေသလို ဖြစ်နေခဲ့ရတဲ့ ကျွန်တော်တို့ နိင်ငံကို အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး လိုက်မှီအောင် ဖြစ်စေချင်ပါတယ်။ အခု ဆိုရင် လိဂ် တခု လာပါတော့မယ်။ လိဂ်နဲ့ ပတ်သက်လျှင် သတင်းတင်ပြခဲ့တဲ့ www.mutdfan.com က ရေးသားချက်များကို ပြန်လည်ပြောပြရမည် ဆိုလျှင်ဖြင့်

အခန်းအနားတွင် ပထမဦးစွာ မြန်မာ့ဘောလုံးအဖွဲ့ချူပ် ဥက္ကဌ ဦးဇော်ဇော်က Professional League အဖြစ် ပြောင်းလဲတော့မည့် အခြေခံ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။ ဦးဇော်ဇော်၏ ရှင်းလင်းတင်ပြချက်များအရ မြန်မာ့ဘောလုံးအဖွဲ့ချူပ်က မြန်မာလိဂ်ကို Professional League အဖြစ် ပြောင်းလဲနိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် ကလပ်အသင်း ရှစ်သစ် သင်းကို တိုင်းရင်းသား လုပ်ငန်းရှင်များ၏ ကုမ္မဏီ ၈ ခုက စတင် တည်ထောင် ဖွဲ့စည်းတော့မည် ဖြစ်ကြောင်း သတင်းရရှိခဲ့သည်။ စတင်ဖွဲ့စည်းမည့် ကလပ်အသင်း ၈သင်း နှင့် ပိုင်ရှင်များမှာ




  1. ဦးတေဇ( ထူးကုမ္မဏီ Co.,Ltd ) = Yangon United FC
  2. ဦးအောင်ကိုဝင်း( ကမ္ဘာဇဘဏ် Co.,Ltd ) ၊ Kanbowza FC
  3. ဒေါက်တာစိုင်း ( Alpine သောက်ရေသန့် ) = Yadanarpone FC
  4. ဦးထွန်းမြင့်နိုင် ( Asia World Co.,Ltd ) = Magway FC ,
  5. ဦးဌေးမြင့်(Yuzana Co.,Ltd )( Southern Myanmar United FC )
  6. ဦးအောင်မိုးကျော် (IBTC Co.,Ltd ) = Okkthar United FC
  7. ဦးချစ်ခိုင် (Eden Co.,Ltd )= Delta United FC
  8. ဦးဝင်းမြင့် ( Shwe Neger Min Co.,Ltd ) =Zay Yar Shwe Myay FC



တို့ဖြစ်ကြောင်း သိရသည်။

ကလပ်အသင်း ရှစ်သင်းအနေဖြင့် ဘောလုံးသမားများ နည်းပြများကို နိုင်ငံခြားမှ လွတ်လပ်စွာ ခေါ်ယူနိုင်ခွင့် ရှိသကဲ့သို့ မြန်မာပြည်မှ ဘောလုံးသမားများကိုလည်း အခြားနိုင်ငံများသို့ လွတ်လပ်စွာ ကလပ်အသင်း၏ သဘောတူညီမှုဖြင့် ရောင်းဝယ်နိုင်ရန် စီစဉ်ထားကြောင်း ၀မ်းမြောက်ဖွယ် သိရသည်။ မြန်မာလိဂ်အဖြစ် ၂၀၁၀ ခုနှစ်တွင် စတင်ကျင်းပနိုင်ရန် စီစဉ်ထားကြောင်းလဲ သိရသည်။ နိုင်ငံခြားသား ဘောလုံးသမားများကို ခေါ်ယူရာတွင် ဘောလုံးပွဲတစ်ပွဲလျင် နိုင်ငံခြားသား ကစားသမားဦးရေကို စည်းမျဉ်းအရ ကန့်သတ်သွားမည်ဟုလည်း သိရသည်။ မြန်မာ့လိဂ်အဖြစ် ပြောင်းလဲလာမည့် သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်သည့် အသေးစိတ် အသံဖိုင်ကို အောက်ပါ URL တွင် Download ရယူနားဆင်နိုင်ပါသည်။

http://www.mutdfan.com/myanmarleague.zip


ကျွန်တော်ကတော့ ရန်ကုန်သားဆိုတော့ Yangon United FC ကိုပဲ အားပေးပါတော့မည်။း)

ကန့်သတ်ချက်များ အနေဖြင့် -

  1. ပွဲတွေကို အိမ်ကွင်း အဝေးကွင်း ကန်မှာလား
  2. ပွဲအားလုံးကို ရန်ကုန်မှာပဲ ကျင်းပမှာလား
  3. ရုပ်သံက တိုက်ရိုက် ထုတ်လွှင့်မှာလား
  4. အားကစား အကျီ င်္တွေ ၊ အလံတွေကို ရောင်းမှာလား
  5. လက်မှတ်တွေက ဘယ်လိုရောင်းမှာလဲ ၊ ၁ ပွဲစာလား ၊ ၁ ရာသီစာလား
  6. အစုရှယ်ယာ ၁ ခုကို ၁၀ သိန်းသက်မှတ်လျှင် ၁၀ သိန်းတက်နိင်မည့်သူတိုင်း ၀င်ပါနိင်ပါ့မလား
  7. ဘောလုံးကွင်းတွေကရော ဘယ်လို သတ်မှတ်မလဲ
  8. စိတ်မထင်တိုင်း ထထ ထိုးတက်တဲ့ မြန်မာဘောလုံးသမားတွေကို စည်းကမ်း ဘယ်လိုချမှတ်မလဲ
  9. ပရိတ်သက်ကိုရော ဘယ်လိုထိန်းသိမ်းမလဲ
  10. လက်ရှိ အဆင့်မြင့်တန်း ဘောလုံးကလပ်တွေကိုရော ဖျတ်သိမ်းမှာလား ၊ ဘယ်လို လုပ်မှာလဲ

ကျွန်တော်တို့ Pro အဖြစ်ပြောင်းလဲမယ်ဆို ၀ုန်းခနဲ့ ဒိုင်းခနဲ့ ထလုပ်လို့ မဖြစ်နိင်ပါဘူး။ အချိန်များစွာ ယူရပါဦးမည် ဖြစ်ပါသည်။ ထို့ကြောင့် သူတို့ကလည်း ၂၀၁၀ ထိ ရွှေ့ထားခြင်း ဖြစ်နိင်ပါသည်။ ဖြစ်စေချင်ပါသည်။ အခုတော့ ကျွန်တော်တို့ ဘ၀သည် အမေကျော်ကာ ဒွေးတော် လွမ်းနေရသည့် အဖြစ်။ မန်ယူ ၊ ချဲလ်ဆီး ၊ လီဗာပူးလ် ၊ အာစင်နယ်တို့ဖြင့်သာ အချိန်ကုန်နေကြရသည်။

သူတို့တွေ အော်နေသကဲ့သို့ မာဖလာ ၊ အသင်းဝတ်စုံကို ကိုင်ကာ ၊၀တ်ကာ မြန်မာတွေကန်တာကို မြန်မာလို အော်ဟစ်ပစ်ချင်ပါတော့သည်။


မြန်မာဘောလုံးအဆင့်အတန်းလောက အမြန်ဆုံး တိုးတက်ပါစေဟု ဆုမွန်ကောင်းတောင်းလျှက်




6 comments:

ကိုရင်ညိန်း said...

အကြီးကြီးတွေ မပြောတော့ပါဘူး ။
ဘာပဲ ဖြစ်ဖြစ် အားရတယ်.. တစ်ခုခုတော့ တိုးတက်လာမှာ အမှန်ပဲ ။ :)
နိုင်ငံခြားက ကောင်တွေမဆဲတော့ဘူး .. (သူတို့လည်း နာမလည်တော့ ထူးတာမှမဟုတ်တာ )
နာလည်မယ့်သူတွေပဲ ဆဲပြီးအားပေးရသေးတာပေါ့ ..
အဟေးဟေး :P

Anonymous said...

ကြားရတဲ့သတင်းက ပျော်စရာကြီး...။မြန်မာဘောလုံးလောက အမြန်ဆုံးတိုးတက်လာပါစေဟုဆုတောင်းနေပါတယ်ဗျာ..။

JulyDream said...

တဖြည်းဖြည်း အချိန်ယူပြီး အောင်မြင်လာရင်ပဲ ကျေနပ်ပါတယ်။ အောင်မြင်ပါစေဗျာ။

Anonymous said...

အားပေးရမှာပေါ့း)
ဝေးဟေးဟေး
မြန်မာ မြန်ာ ကန်ထားကွ ““ဂိုးးးးးးးးးးးးးးးးး””

Anonymous said...

သိဘူး

ဘယ်ဘက်ကို အားပေးရမလဲဆိုတာ
ကောင်လေးတွေ ချောတဲ့ဘက်ဘဲအားပေးမယ်
း)

Anonymous said...

နိုင်ငံပေါင်းတာ တစ်မျိုးဖြစ်နေလားလို့ 

ပြန်မန့် လိုက်တာ

နိင်ငံ( နိုင်ငံ)
း)