Sunday, September 16, 2007

သခင်

သခင်...သခင် ၊ ခေါ်လိုက်စဉ်က
လှည့်ပင်မကြည့် ထွက်သွား၏။
သခင်...သခင် ၊ စောင့်စေချင်၏။
သခင်၏နား သိပ်မကြားထင့်
တအားအော်ဟစ် ၊ နောက်ဆုံးခေါ်မှ
ကြည့်ဖော်ရခဲ့ ၊ နောက်သို့လှည့်၏။
သို့ရာ သို့စေ
ခေါ်နေသူမှာ ၊ ရှက်စိတ်ဖြာ၍
နီးရာသစ်ပင် ၊ ပုန်းခိုဝင်သော်
သခင်မမြင်နိင်ခဲ့ပေ။
ခေါ်သူမသိ ၊ မမြင်မိ၍
ချစ်သည့် သခင် ၊ ခြေလှမ်းပြင်သော်
မြင်နေသူမှာ မနေသာ၍
ခေါ်ပါတော့မယ် ၊ စိတ်ကြံရွယ်မှ
ရှေ့မယ်အသင့် ၊ စောင့်ကြိုလင့်သူ
သခင်အတွက် ၊ ရှိနှင့်လေပြီ။
ဦးနှင့်သူက ၊ ရှိနေမှတော့
နောက်ကစိုက်စိုက် ၊ မလိုက်သင့်ပါ
ဆွေးစိတ်ဖြာ၍ ၊ နာကျင်ကြေကွဲ
ကြွေအသည်းနှင့် အံခဲ၍သာ ပြန်ရမှာ။
လာရာလမ်းမှန် ၊ လှည့်မပြန်မီ
ကံကြမ္မာမွဲ အုံ့ပုန်းစွဲသည့်
သဲထဲကျန်ရစ် ၊ ခြေရာသစ်ကို
ချစ်သက်ကိုယ်စား ၊ တန်ဖိုးထား၍
ပါးနှင့်အပ်ကာ ၊ စောင့်ကြည့်ကာဖြင့်
ရင်နာနေရပါပြီ...သခင်။
ခြေရာလေးကြောင့် အသည်းထောင့်မှာ
စိုးနှောင်ဗျာဝေ ၊ ဖြေမပြေမို့
ခြေရာပြန်ဖျက် ပေးလှည့်ပါ။

0 comments: