Sunday, January 31, 2010
ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ပါဘူး
ဘယ်သူ့ကိုမှလည်း မပြောချင်တော့ဘူး
အရာအားလုံးထက် ရင်ထဲရှိတာ
အမြဲတမ်း သိမ်းထားနိင်တဲ့အခါ
သူတစ်ဦးကောင်းဖို့ အတွက်နဲ့လည်း
ဘ၀မှာ သူတစ်ယောက်
စွန့် ခဲ့ ၊ရဲခဲ့ ပါပြီ
မထင်ပါနဲ့ကွယ်
သာယာနေလိမ့်မယ်လို့
ယောင်လို့တောင်မှ မတွေးနဲ့
အရာရာအတွက်
စဉ်းစားဆုံးဖြက်ခဲ့တာ
ဒီဘက်ရင်ခွင်မှာလည်း
မျှော်လင့်ချက်တွေ အကုန်ကျိုးလို့
Wednesday, October 14, 2009
သူငယ်ချင်း....
တစ်နေ့ညဖက်
အိမ်မက် မက်၏။
အိမ်မက်ထဲမှာ ကြုံရပါ၏
ငါက " ဘဲ " ဖြစ်နေသတဲ့ ။
ငါနှင့်အတူ
ဘယ်သူဘယ်ဝါ ၊ မသိပါတည့်
ဝါ ပြာ နီ ညို ၊ အနက်ကိုယ်နှင့်
ငါလိုဘဲက သုံးလေးကောင်တဲ့။
ငါတို့သခင် ၊ ဘဲပိုင်ရှင်က
သားတင်မျိုးလုပ်၊ ဥမထုတ်တဲ့
ချုပ်စပ်ရွာနီး ၊ ပတ်မတီးလျှင်
ပွဲကြီးပွဲသေး ၊ ပွဲမရွေးတဲ့
လောင်းကြေးစားကြေး ၊ ငါးဆပေး၍
ဝဋ္ဋ်ကြွေးမကင်း ၊ တို့လည်ပင်းနှင့်
ကြိမ်ကွင်း အပစ်ခံသတဲ့။
လာပါပစ်ပါ ၊ လူခေါ်ရာ၌
ငါတို့သခင် ၊ အာသိပ်ရွှင်သတဲ့။
ပွဲခွင်လေဟာ ၊ ရွှေပွဲလာတို့
ဇာတ်မှာငုံးတိ ၊ လူမကြည့်တဲ့
ရှိသမျှလူစုံ ၊ တို့ဘဲရုံမှာ
ဝိုင်းအုံပြွတ်သိပ် ၊ အံတွေကြိတ်လျက်
မချိတ်မချင်း ၊ တို့လည်ပင်းကို
ကြိမ်ကွင်းတွေနှင့် ပစ်သတဲ့။
ပစ်လေရှောင်လေ ၊ ရှောင်လေ လွဲလေ
လွဲလေမဲလေ ၊ မဲလေရှုံးလေ
ရှုံးလေ ပစ်လေ
ကြိမ်ကွင်းတွေက ၊ လေထဲမှာဝဲ
တို့ဘဲတွေက ချွေးကျမစဲ။
အိမ်မက်ထဲက ၊ လန့်နိးထတော့
ငါ့မှာ ဟောဟဲ ၊ မောနေဆဲတည့်
အသည်းထိတ်စရာပဲ သူငယ်ချင်း
Saturday, October 10, 2009
လူကြားထဲ တစာစာအော်
ငါ..မင်းကို မရှင်းပြချင်ဘူး ဟန်နီ
အဆုံးသတ် နားလည်နိင်မှုမှာ
ရင်နှစ်ခုလုံး နာကျင်တာပဲ
ကျန်ခဲ့ရလိမ့်မယ်
အခု..မင်းဘယ်ရောက်နေလဲ
ငါမင်းကို...လိုက်ရှာနေတယ် ဟန်နီ
ဘ၀ကို ဘ၀နဲ့ ရင်းဝယ်ဖို့
မင်းအဲဒီလို...နောက်ဆုတ်လို့ မရဘူးလေ
ပြန်လာခဲ့ပါ..ဟန်နီ
ခဏလောက်ပဲ ဖြစ်ဖြစ်ပေါ့
Wednesday, October 7, 2009
အမှန်ကိုချစ်တဲ့ ၊ အမှန်ကို ကျင့်တဲ့သူ
လူကြားထဲ နေလို့ မရဘူး
လူတွေကို မှန်အောင် ပြင်ကြည့်ရင်း
လူတွေကြားထဲ အမှန်ပြောရင်း
သူဟာ လူများစုရဲ့ ဖယ်ကျဉ်ခြင်းကို ခံရတက်တယ်
ကိုယ်ချို့ ယွင်းချက်ကို မမြင်ဘူး
သူများ မှားတာကို
အခွင့်ကောင်းယူပြီး နှိပ်ကွပ်တယ်
မနေနိင်လို့
အမှန်ကို ၀င်ပြောပြန်ရင်
ပြောတဲ့သူ အမုန်းခံရပြန်တယ်
လောကကြီးကလည်း
လူများစုကို မျက်နှာသာပေးနေပြန်တော့
ကြာတော့ အမှန်ပြောတဲ့ သူတွေလည်း
စိတ်ရောဂါ ရလာတော့တယ်
Thursday, October 1, 2009
ခင်ဗျားကလည်း ပြောချင်တာ ပြောတယ်
သူကလည်း လုပ်ချင်တာ လုပ်တယ်
ကျနော်နဲ့ တခြားသူတွေက
ဘေးကနေ ပြူးကြောင်ကြောင်နဲ့ ရပ်ကြည့်လို့
ခင်ဗျားက ဘာရလို့ ပြောလဲ ကျနော်မသိဘူး
သူကလည်း ဘာတွေရနေလို့ လုပ်ချင်တာ လုပ်နေတာလဲ မသိဘူး
သေချာတာက
ကျနော်နဲ့ တခြားသူတွေ
ဘ၀ကို စိတ်ကုန်နေကြပြီ
၂၀.. မှာ ဘာဖြစ်မယ်
ကျနော်နဲ့ တခြားသူတွေ မသိဘူး
သေချာတာက
၂၀၁၂ မှာ ကမ္ဘာကြီး ပျက်သွားရင် ပိုကောင်းမယ်
Wednesday, September 30, 2009
အပြင်မထွက်ချင်ဘူး
ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး
စား ၊ ထိုင် ၊ ရပ် ၊ အိပ်
နေရာတိုင်း ၊ အချိန်တိုင်းမှာ
မင်းပုံရိပ်တွေပဲ စိုးမိုးနေခဲ့တာ
ဒီကြားထဲ ပြင်ဦးလွင်မြူတွေက
ငါ့ကို သရော်လိုက်
125 ဆိုင်ကယ်ပေါ်က စုံတွဲတွေက
ခါးဖက်ပြီး လူးလားခေါက်တုန့် မောင်းပြလိုက်နဲ့
ဟန်နီ…ရေ
မင်း….ဘာတွေလုပ်နေမလဲ
ဘယ်သူနဲ့ စကားပြောနေသလဲ
မင်းရင်ထဲ ငါ့ကိုလွမ်းတာ ဘယ်လောက်ထိ နက်ရှိုင်းနေပြီလဲ
တိတ်တိတ်လေး တွေးတော့
သိပ်စိတ်လေးမိတယ်
နောက်ဆို မခွဲတော့ဘူးနော်လို့
အားပေးသလိုလိုနဲ့
ကိုယ်ဘာသာ ကိုယ်နှစ်သိမ့်ရင်း
ရင်ခွင်အလွမ်းကို
ပီပီပြင်ပြင် ထမ်းရင်းနဲ့
အခုတော့ တို့နှစ်ယောက်က ဟိုးအဝေးကြီးဆီမှာ
Monday, September 28, 2009
တို့ဟူးနွေးနဲ့ အီကြာကွေး
မြှီးရှည်နဲ့ ကြက်အူချောင်း
ရေစိမ်နဲ့ နှစ်ဆိုင်တည်းသော မုန့်ဟင်းခါး
လက်သုံးချောင်း အရေအတွက်ပဲ ရှိတဲ့ လက်ဖက်ရည်ဆိုင်
မြို့အစနဲ့ အဆုံးက ၁ မိုင်နီးပါး
ဈေးနေ့မဟုတ်ရင် လူမလာတဲ့ ဈေးတခု
၃ ယောက်ပဲ ရှိတယ်လို့ သိရတဲ့...ဆေးရုံက ဆရာဝန်
ရှေးဟောင်း မီးသတ်ကား ၁ စီး
စီးပွားရေး ဘဏ် ၁ ခု
ပြောင်းဖူးခင်းတွေ ၊ မြေနေရာဗွက်အပြည့်နဲ့
ခြံစည်းရိုးမရှိ ၊ ပြောင်းသလင်းခါနေတဲ့ ပန်းခြံ
ဆီတကွာတား ၁၀၀၀ိကျပ်
ဘာစားစား ၅၀၀ိ
ဘိန်းစားတဲ့ လူ
ဆေးပြားသောက်တဲ့ သူတွေပဲ ပေါတဲ့
ကျွန်တော် လွမ်းတဲ့....ကွတ်ခိုင်
Thursday, September 17, 2009
(1 ) Fine: ကောင်းပြီလေ။ ။။ ဤစကားလေးက အမျိုးသမီးများ က သူမ မှန်နေသော အချိန် သင်နုတ်ပိတ်ဖို့ အတွက်ပြောခြင်းဘဲ။
( 2 ) Five Minutes: ငါးမိနစ်။ ။။ သူမ အပြင်ထွက်ဖို့ အဝတ်အစားလဲနေချိန်သုံးပါတယ်၊ ဒီလိုဆို သေချာပြီ ခင်ဗျား နာရီဝက်အနဲဆုံး စောင့်ရမယ် ဆိုတာပါဘဲ။ သင်ဘောလုံးပွဲကို စိတ်ဝင်တစားထိုင်ကြည့်ပြီး၊ အိမ်အလုပ်ကို လျစ်လျူရှုနေရင်တော့ သင့်အတွက် ငါးမိနစ်ဟာ ငါးမိနစ်ထက်လုံးဝ မပိုတော့ပါဘူး။
( 3 ) Nothing: ဘာမှမဟုတ်ပါဘူး၊ အရေးမကြီးပါဘူး။ ။။ ဒီစကားလုံးသုံးပြီဆိုရင် သတိထား၊ ပြီးတဲ့နောက် ကြီးမားတဲ့ တိုက်ခိုက်မှု့တခုရှိနေလို့ဘဲ။ သင့်အနေနဲ့ ခြေနဲ့ တင်ပါး တထပ်တည်းကျအောင် ပြေးနိုင်ဖို့ အဆင်သင့်ပြင်ထားပါ၊ နူးညံ့သိမ်မွေ့တဲ့ အဖြေတခုနဲ့ အဆုံးသပ်မှာ မဟုတ်လို့ဘဲ။
(4) Go Ahead : လုပ်လိုက်လေ။ ။။ ဒီလိုဆိုလို့ ခွင့်ပြုချက်ရပြီလို့ မထင်လိုက်လေနဲ့၊ လုပ်ရဲရင် လုပ်ကြည့်ဆိုတာမျိုးဘဲ။ မပြုမိအောင် ဂရုပြုပါ။
(5) Loud Sigh: သက်ပြင်းရှည်။ ။။ ဒီမှာ အဓိပ္ပါယ် အားလုံးပါသွားပါပြီ၊ မင်းကို လုံးဝနားမလည်နိုင်တော့ဘူး၊ စိတ်မရှည်နိုင်တော့ဘူး၊ ဆိုတဲ့ အဓိပ္ပါယ်လေးပါ၊ သက်ပြင်းရှည်လျားစွာ ချပြီဆိုရင်တော့၊ အသုံးမကျတဲ့ သူနဲ့ ဘာကြောင့် အချိန်ကုန်၊ လေကုန်ခံပြီး အငြင်းပွားနေပါလိမ့် ဆိုတဲ့ သဘောဘဲ၊(နံပါတ် ၃ ကိုပြန်လည် အမှတ်ယပါ)။
(6) That's Okay: ရပါတယ်၊ ကိစ္စ မရှိပါဘူး။ ။။ အန္တရယ် အကြီးမားဆုံးသော စကားလုံးလေး တခုပါ၊ သင့်အမှားအတွက် ကြီးမားသော ပေးဆပ်မှု့တခုကို သင့်ထံမှ တောင်းဆိုတော့မှာ ဖြစ်တဲ့ အတွက် အသင့်ပြင်ထားလိုက်ပါတော့။
(7) Thanks: ကျေးဇူး တင်ပါတယ်။ ။။ အဲလိုများ အပြောခံရပြီဟေ့ ဆိုရင် မအံ့သြလိုက်ပါနဲ့ တကယ်တမ်း စိတ်ထဲကပြောတာပါ၊ ကျေနပ်စွာ လက်ခံလိုက်ပါ။ ရင်ထဲက စစ်မှန်သော စကားတရပ်ပါ ယုံကြည်လိုက်ပါ။ ကိစ္စမရှိပါဘူးလို့ များ ယောင်လို့ မပြောလိုက်ပါနဲ့၊ ကိုယ်လုပ်ပေး၊ ပြုပေးလိုက်ရလို့ ဝမ်းသာပါတယ်လို့သာပြောလိုက်ပါ။
(8) Whatever: ဘာဖြစ်ဖြစ်လေ။ ။။ ဒီစကားလုံးက သိမ်မွေ့တဲ့ ဆဲရေးတိုင်းထွာခြင်းဘဲလေ၊ သတိနဲ့သာ နေတော့။
(9) Don't worry about it, I got it : စိုးရိမ်စရာ မလိုပါဘူး၊ ရပါတယ် ကျမလုပ်လိုက်ပါ့မယ်။ ။။ ဆိုတဲ့သဘောကတော့ ရန်ပွဲမစခင်၊ စကားချိုသပ်ခြင်းပါဘဲ သင့်ကိုလုပ်ဖို့ ကြိမ်ဖန်များစွာ ပြောထားပေမဲ့၊ သင့်ပျက်ကွက်မှု့ကို သည်းမခံနိုင်မှု့ကို ပြသတဲ့ သဘောပါဘဲ။ ဒီနောက်တော့ နံပါတ် ၃ကို ပြန်ရောက်တော့တာဘဲ။
ယောကျာ်းသားများ သဘောပေါက်စေရန် ကျွန်တော့ အီမေးလ်က ရထားတဲ့ မှတ်သားဖွယ်လေးကို ပြန်လည်တင်ပြလိုက်ပါတယ်။
Labels: မှတ်သားဖွယ် စကားများ
Wednesday, September 16, 2009
သူငယ်ချင်း.....
မင်း သူ့ကိုကြည့်
ဘယ်လက်သီးကို
ကြီးထွားသန်မာ ၊ ကျစ်လစ်လာအောင်
ညာလက်သီးကို
ကြီးထွားသန်မာ ၊ ကျစ်လစ်လာအောင်
အထိုးအသတ်
ဖျတ်လတ်သွက်ချာ လျှင်မြန်လာအောင်
ဂျုံအိတ်တွေ့တွေ့
ဆန်အိတ်တွေ့တွေ့
လက်ဝှေ့ပညာ ၊ မာန်ဝင်လာ၍
ညာနှင့်ဘယ်နှင့် ၊ အထိုးကျင့်၏
သူငယ်ချင်း......
လက်သီးဘယ်ညာ
ဘယ်လောက်မာမာ
အထိုးအသတ်
ဖျတ်လတ်ခြေလက်
ဘယ်လောက် သွက်သွက်
သူငယ်ချင်း.......
မင်း သူနှင့်ခင်
အကျွမ်းဝင်လျှင်
ပြောချင်ပြောလိုက်
အရှောင်အတိမ်း
ကိုယ်ယိမ်းဘယ်ညာ
တက်ထားပါမှ.....
မတက်ပါလျှင်
ဘယ်ညာနံစောင်း
အရိုးချောင်းတွေ
ဖြောင်းဖြောင်းကျိုးသွားမယ် သူငယ်ချင်း
( ကဗျာဆရာနာမည်မေ့ )
Tuesday, September 15, 2009
စိတ်လွှတ် ကိုယ်လွှတ်
ဘ၀ကို အဝေးဆုံးလွှင့်ထွက်
သွားချင်တယ်
လောကမှာ ဘယ်မျက်နှာမှ
မကြည့်ချင်တော့ဘူး
ငါ အပါအ၀င် ဘယ်မျက်နှာမှလည်း
မသာယာဘူး
လက်ညှိုးလေး ( ၁ ) ချက်ကွေးဖို့အတွက်
၁၀ နှစ်မလိုဘူး
အရာရာဟာ လက်တကမ်းမှာ
အဆုံးစီရင်ဖို့ တွန်းအားပေးနေသလို
အစစ အရာရာ
မပြေလည်မှုတွေနဲ့ ဝေးသွားရင်
စိတ်လွှတ် ကိုယ်လွှတ်
ဘ၀ကို နောက်ဘ၀က ပြန်စမယ်