Thursday, April 30, 2009

ဆောင်းရာသီကျော်သွားတော့ နွေရာသီရောက်လာပြီ။ သူငယ်ချင်းတချို့လက်စွမ်းပြထားတဲ့ နွေရာသီ မော်စကိုပါ။ ရိုက်တာကတော့ ရိုသမျှ လိုက်ရိုက်တာပဲ။ မိန်းခလေးပုံတွေချည်းတင်ရင် အပြောခံရမှာမို့...မျှတင်လိုက်ပါတယ်။ :)


စိတ်အေးလက်အေးပေါ့


ဒီအမိက..ပြိုင်ပွဲဝင်မလို့ဆိုလား


လေးစားဖို့ကောင်းတယ်


ဓါတ်ပုံရိုက်မယ်ဆို ပဲပေးဖို့ အတက်ကြွဆုံး...မော်စကိုသူတွေ


ရှုးတိုးတိုး..ပန်းချီအဆွဲခံနေတယ်


ဘေးဖယ်...ဘေးဖယ်


AXE စပရေးလိုက်ကြော်ငြာနေတာ


စီးပွားရေး


ရွှေအိုရောင် ဆံပင်လေးနဲ့.....



Tuesday, April 28, 2009

“ Wicker Park ”



စာဖတ်သူအနေနဲ့ တကယ်လို့များ ဒီကားကို ဂူဂယ်မှာ ရှာကြည့်မယ်ဆိုရင် ဒီကားဇာတ်လမ်း အမျိုးအစားကို psychological drama /romantic mystery film လို့ ပြောပါလိမ့်မယ်။ ဘာကြောင့်လဲ။ ဘာကြောင့် ဒီလို သတ်မှတ်လိုက်တာလဲ။ ကဲ ကျွန်တော်တို့ ကြည့်ရအောင်....ဒီကားကို ဒါရိုက်တာ Paul McGuigan က အဓိက ဇာတ်ဆောင် ၄ ယောက်ထဲနဲ့ ဇာတ်လမ်းကို လှည့်ပတ်ရိုက်ပြသွားတယ်။ ဒီ Wicker Park ရုပ်ရှင်ဟာ အမေရိကန်ဒေါ်လာ US $30,000,000 ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ စတင်ထွက်ခဲ့တာပါ။ အဓိက တိုက်ဆိုင်မှုကတော့ ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိက အကျဆုံး မင်းသား နဲ့ မင်းသမီး ၂ ယောက်က July လမှာ မွေးတဲ့လူတွေချည်းပဲ ဖြစ်နေတာပါပဲ။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းထဲမှာ Prominent photographer အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဟာ တစ်နေ့တော့ သူ့ဆိုင်ကို စက်လာပြင်တဲ့ ခွေထဲက ၊ အိမ်ထဲမှာ ကောင်မလေး နှစ်ယောက်ရိုက်ထားတဲ့ homemade video လေးကို ကြည့်မိရင်း မင်းသမီးလေးကို မြင်မြင်ချင်း စွဲလန်းသွားမိပါတယ်။ အဲဒီနောက် မင်းသားလည်း လမ်းပေါ်က အရာဝတ္တုတွေကို ဆိုင်ထဲကနေ လှမ်းရိုက်နေတုန်း သူမြင်ခဲ့ရတဲ့ ခွေထဲက ကောင်မလေးကို ရုတ်တရတ် အပြင်မှာ တွေ့လိုက်ရတော့ လူငယ်ထုံးစံ အတိုင်း ချက်ချင်း အ၀တ်အစားတွေ ယူပြီး ပြေးထွက်သွားပြီး မင်းသမီးနဲ့ သွားစကားပြောခဲ့တယ်။

သူအဲဒီလို မထွက်ခွာ ခင်မှာ အပေါက်ဝမှာ အဲဒီဗီဒီယိုကို လာရွေးတဲ့ တခြားကောင်မလေးတစ်ယောက်ကို သူဝင်တိုက်ခဲ့ပေမယ့် သတိမထားမိဘဲ ရှေ့ကိုသာ စွတ်ထွက်သွားခဲ့ပါတယ်။ တကယ်တော့ အဲဒီမိန်းခလေး ဟာ ဇာတ်လမ်းမှာ အဓိက အသက်တခုပါ။ ဒါကို ဒါရိုက်တာက ရုပ်ရှင်ပြီးမှ ပြန်ပြသွားတယ်။ ကဲ အခုတော့ ကျနော်ပြောလိုက်တော့ သိကုန်ပြီ။း)

ဒီလိုနဲ့ မင်းသားနဲ့ မင်းသမီးလေးဟာ ကြိုက်နှစ်သက်သွားတယ်ပေါ့။ အဲဒီလို ကြိုက်နှစ်သက်သွားပြီး ပုံပြင်တွေထဲကလို မင်းသမီးလေးက ရုတ်တရတ် ဇာတ်လမ်းထဲက ပျောက်ကွယ်သွားပါတယ်။ ၁ နှစ် ၊ ၂ နှစ် တိတိတောင်ကြာမြင့်ခဲ့ပါတယ်။ မင်းသားကတော့ သူ့ချစ်သူကောင်မလေးကို လိုက်ရှာရင်း မလွဲမရှောင်သာ သူ့အလုပ်သူဌေးရှင်ရဲ့ ညီမကို လက်ထပ်ပါ့မယ်လို့ ကတိပေးလိုက်ရပါတယ်။

၎ ပွင့်တင်မဟုတ် ၊ မင်းသား သူငယ်ချင်းနဲ့ဆို ၅ ပွင့်ဆိုင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်ကားတခုပါ။ အဆုံးမှာ ဘယ်သူနဲ့ပဲ ညားသွားတယ်ဆိုတာတော့ မပြောတော့ပါဘူး။

မင်းမရှိခဲ့တောင် င့ါအခန်းထဲမှာ မင်းနဲ့ပတ်သက်တာတွေ တယုတယနဲ့ ကပ်ထားတုန်း


ဒါက ၃ ပွင့်ဆိုင်


တိတ်တိတ်လေးနဲ့ အနားကပ်လာတဲ့အခန်း ( ကြွေသွားမယ်နော် )

အဲဒီလို နမ်းပြီး မင်းထွက်သွားခဲ့တာ....

တိတ်တခိုးချစ်ရတဲ့ ကောင်မလေးအဖြစ် Alex
  1. အခြေအနေအရ မလွဲမရှောင်သာ လက်ခံလိုက်ရတဲ့ သူဌေးညီမကိုလား
  2. တိတ်တခိုးချစ်နေတဲ့ ကောင်မလေးကိုလား
  3. ရုတ်တရက် မပြောမဆိုဘဲ ထွက်ခွာသွားခဲ့ပြီး ၂ နှစ်လုံးလုံး လိုက်စုံစမ်းပေမယ့် ဘယ်ဆီဘယ်ဝါ ရောက်နေမှန်း မသိတဲ့ ချစ်သူကောင်မလေးကိုလား

ဆိုတာကို LCD မျက်နှာပြင်ပေါ်မှာ ဆက်လက်ကြည့်ရှုကြပါစို့လို့ ........ဆန့်ငင် ဆန့်ငင် ဖြစ်အောင် လုပ်လိုက်ပါတယ်။ ကြည့်ဖူးတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် မှတ်ချက်ကတော့း ဒီဇာတ်လမ်းဟာ ကိုရီးယားကားတွေ လှည့်တာလောက်ကို သနားတယ်ဆိုလား..။ ကြည့်ဖြစ်စေချင်ပါတယ်။


ကြော်ငြာမကောင်းရင် ကျနော့အပြစ်သာဖြစ်ပါကြောင်း ၊ ဇာတ်လမ်းသည် ထင်ထားသည်ထက်
များစွာ ပိုမိုကောင်းမွန်ပါကြောင်း....ပြောကြားရင်း

http://rapidshare.com/files/136559028/wckrprk.prstrdy.part8.rar
http://rapidshare.com/files/136563283/wckrprk.prstrdy.part1.rar
http://rapidshare.com/files/136567438/wckrprk.prstrdy.part2.rar
http://rapidshare.com/files/136571669/wckrprk.prstrdy.part3.rar
http://rapidshare.com/files/136580470/wckrprk.prstrdy.part4.rar
http://rapidshare.com/files/136593998/wckrprk.prstrdy.part5.rar
http://rapidshare.com/files/136611898/wckrprk.prstrdy.part6.rar
http://rapidshare.com/files/136622259/wckrprk.prstrdy.part7.rar

1&8 ပါ လင့်ခ်တွေသေနေတယ်ဆိုလို့ ကျနော်ချတာတော့ အောက်ပါအတိုင်းပါပဲ။တခုခုတော့ မှားနေကြပြီ။း) မရရင် www.katz.cd မှာ နာမည်သာရိုက်ပြီး ရှာလို့၇ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ....


Monday, April 27, 2009


နွေဦးကတော့
သူ့အချိန်နဲ့ သူပုံမှန်ဆိုက်ကပ်နေတုန်းပါပဲ

ဟိုအရင်က
အတူလျှောက်မယ်လို့
ရည်ရွယ်ခဲ့တဲ့ လမ်းတွေဟာ...ဒီနှစ်မှာတော့
ကန္တာရထဲက ရှားစောင်းပင်တွေလို
ဆူးတွေနဲ့ ခြောက်သွေ့လို့

ဘာကြောင့်များ ကတ္တရာလမ်းတွေက
ခါတိုင်းရာသီတွေထက် ပိုမိုတိတ်ဆိတ်သွားရတာလည်း

သစ်ရွက်အကြွေတွေထဲမှာ
မင်းနာမည်လည်း....ရုရှားဘာသာလို ရေးထိုးခွင့်တွေလည်း
မရှိတော့ဘူး

အမှတ်တရ စုဗူးလေးထဲမှာတော့
ငွေအကြွေစေ့လေးတွေက
အခုထိ တချွင်ချွင်နဲ့ ပိုင်ရှင်ကိုမျှော်နေတုန်းပဲ


ကျေးဇူးပြု၍
တစ်စုံတစ်ယောက်မှ သစ်ရွက်အကြွေတွေကို ဖြစ်ဖြစ်
ငွေအကြွေစေ့လေးတွေကို ဖြစ်ဖြစ်
ကတ္တရာ လမ်းမတွေကို ဖြစ်ဖြစ်
မပြောလိုက်ကြပါနဲ့
“ သူတို့ သခင်မဟာ ” ဘယ်တော့မှ မလာတော့ဘူး ဆိုတဲ့အကြောင်း



Friday, April 24, 2009


ဘာမှတော့ မဟုတ်ပါဘူး။ အဆိုတော်ကိုလည်း စော်ကားတာလည်း မဟုတ်ပါဘူး။ တကယ်လို့ အင်္ဂလိပ်သီချင်း ကြိုက်နှစ်သက်တဲ့ သူဆိုရင် ကျွန်တော်အခု ဟန်ထွန်းရဲ့ သီချင်း နှစ်ပုဒ်ကို ပြန်လည်ဝေမျှပါတယ်။ ဟန်ထွန်းခွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ အဲဒီသီချင်း ၂ ပုဒ်က အင်္ဂလိပ်ဆို ဆိုတော့ သာမန်အတိုင်းပဲ။ ဟန်ထွန်းဆိုမှ တည်တည်ကြည်ကြည်နဲ့ ဆွဲပြီး နားထောင်ကောင်းတာ။ :) ။ တကယ်လို့ လေးဖြူ ၊ အငဲ ၊ မျိုးကြီးတို့ဆိုထားတဲ့ အင်္ဂလိပ်အော်ရီဂျင်နယ် သီချင်းတွေ လိုချင်ရင်ပြောပါ။ သိမ်းထားတယ်။ ဒါပေမယ့် တိုးတိုးတိတ်တိတ်ပေါ့။ :P


ရင်ခုန်ဘတ်လူ

http://www.mediafire.com/?2dlyjumomwm

ရှိနေမယ်

http://www.mediafire.com/?j1nj0ynmj1m




Thursday, April 23, 2009

HappyCloud က ကိုမိုးမောင်က သူသေသွားရင် ဖဲဝိုင်းထောင်ပေးပါတဲ့။ :D အဲဒီက ရလာတဲ့ အကောက်တွေရယ် ၊ ကျန်ခဲ့တဲ့ သူ့ပစ္စည်းတွေစုစုပေါင်းထဲက ၁၀ ပုံ ၁ ပုံကို မင်းယူ။ ကျန်တာ မင်းအစ်မကို ပေးလိုက်ဆိုပြီး မနေ့က စိတ်ဓတ်ကျစွာနဲ့ ဖွင့်ဟလာတယ်။ :) စိုင်းစိုင်းလို ဆိုရရင် “ ငါနားလည်ပါတယ်....ဒါက နင့်ရဲ့ အခြေအနေပေါ့ ” ဖြစ်နေပြီ။ ပြည်တွင်းက အခြေအနေအမျိုးမျိုးကြောင့် ပြည်ပထွက် အလုပ်ရှာမိပါတယ်။ စီးပွားရေးပျက်ကပ်နဲ့ တိုးနေတော့ ဘာမတော့ မလုပ်ပေးနိင်ပေမယ့် ကိုယ်ချင်းတော့ စာမိပါတယ်။

ဒီလိုနဲ့ပဲ ယောက်ဖကြီးမိုးမောင်ကို နှစ်သိ့မ်ထားရတယ်။ တော်ကြာ သူက ( ကိုယ့်အစ်မ ) ပစ်သွားရင် ဘယ်လိုလုပ်မလဲ။ :P အခုပြောပြချင်တာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က ဆရာတော် ဦးဇ၀န ( မေတ္တာရှင် - ရွှေပြည်သာ ) ရဲ့ ရေးသားတော်မူတဲ့ တရားစာအုပ်ထဲက စာလေးတခုကို ပြန်လည်ဖောက်သည် ချချင်လို့ပါ။ ဘုန်းကြီးနာမည်တော့ မရေးထားပါဘူး။ ခုနှစ်က ၁၉၉၂ ခုနှစ်တုန်းက။ လွယ်လွယ်ပဲ ပြောကြပါစို့။ တရားပွဲတခုမှာပေါ့.....

“ ဒကာ ၊ ဒကာမ အများစုဟာ မကောင်းကျောင်းပို့ဆိုတဲ့အတိုင်း မကောင်းတာမှ ကျောင်းပို့ကြတယ်။ ကောင်းတာကြတော့ ကျောင်းကို ပို့ဖို့ သတိမရဘူး။ လူတစ်ယောက်သေပြီဆို သေသူဝတ်ခဲ့တဲ့ အ၀တ်အစားတွေကို လိုက်ကာတွေ ၊ အနေကထိုင်တွေ ချုပ်ပြီး ကျောင်းကို လာလှူကြတယ်။ အပြောလေးကတော့ သင့်ပါတယ်။ ဘာတဲ့ “ သေသွားတဲ့သူ ကုသိုလ်ရအောင်လို့ပါ ဘုရားတဲ့ ” ။ အမှန်က ဘယ်သူမှ မ၀တ်ရဲလို့ ကျောင်းလာလှူတာ။ ”

( ရယ်သံများ )

“ နောက်ပြီး လူသေတင်တဲ့ ကုတင်ကြီးကိုလည်း ကျောင်းလာလှူတယ်။ သေသူကုသိုလ်ရအောင်
လို့ပါ ဘုရားတဲ့။ အမှန်က ဘယ်သူမှ တက်မအိပ်ရဲလို့ ကျောင်းလာလှူတာ။ ”

( ရယ်သံများ )

“ သေသူကုသိုလ်ရအောင် လာလှူတာပါဆိုရင် ပြောလိုက်ချင်တယ်။ သေသူဟာ ဆွဲကြိုးဆွဲရင်းလည်း
သေတာပဲ ၊ လက်ကောက် ၊ လက်စွပ် ၀တ်ရင်းလည်း သေတာပဲ။ သေသူဝတ်ဆင်ခဲ့တဲ့
လက်စွပ်တွေ လက်ကောက်တွေကြတော့ သေသူ ကုသိုလ်ရအောင် ဆိုပြီး ကျောင်းလာမလှူကြဘူး။

( ရယ်သံများ )

“ ဒကာ ၊ ဒကာမတို့ကို မေတ္တာရပ်ခံချင်ပါတယ် ၊ မကောင်းတာတွေ ကျောင်းပို့တာ များနေပါပြီ။
ကောင်းတာတွေလည်း ကျောင်းပို့ကြပါဦး ” တဲ့


အင်ထရိုဝင်တာနဲ့ ဆိုင်မဆိုင်တော့ မတွေးတော့ပါဘူး။ ကိုယ်သိစေချင်တာလေး သူများကိုလည်းသိအောင် ရေးပြလိုက်ရလို့ ကျေနပ်ပါတယ်။ :) ဒကာကြီးမိုးမောင်လည်း မကောင်းတာ ကျောင်းမပိုနဲ့နော်...




Tuesday, April 21, 2009

အမှတ်တရ 2009 သင်္ကြန်

ရိုးရိုးလေးပဲ....တွေးပါ ၊ ကြည့်ပါ။ သင်္ကြန်...ဆိုတာ








credit - ပုံများအားလုံးကို first-11 မှရယူပါသည်


Monday, April 20, 2009


င့ါပခုံးကို ချည်နှောင်ရစ်ဖို့
ပန်းပွင့်အရှင်တွေနဲ့ ကြိုးကို ကျစ်ခဲ့တယ်
မကြွေ ပစ်လိုက်ကြပါနဲ့......။

( သံယောဇဉ်ဆိုတာ )
ပြတ်သွားရင် ပြန်ဆက်လို့မှ မရတာ


မင်းခိုက်စိုးစန်

Saturday, April 18, 2009

တွေးကြည့်ရအောင်


“ ကမ္ဘာမှာ ဒါန အပြုဆုံးက မြန်မာပဲ ၊ ဒါပေမယ့် အမွဲဆုံးကလည်း
မြန်မာပဲ ဖြစ်နေတယ်။
အဲဒါဘာကြောင့်လဲဆိုတော့ သဒ္ဓါအချိုးမကျလို့ကွယ့်။ မလှူသင့်တဲ့နေရာကျတော့
နင်းကန်လှူတယ် ၊ တကယ် လှူသင့်တဲ့နေရာကျတော့ ထိုက်တန်အောင်
မလှူကြဘူး ”

( ကချင်ပြည်နယ် ၊ နမ္မားဆရာတော် အရှင် ညဏဆရာတော်ကြီး )

Tuesday, April 14, 2009

သင်္ကြန်ပုံရိပ်

သင်္ကြန်လား
မပျော်နိင်တာကြာပေါ့

နောက်ဆို သင်္ကြန်မပျော်ရတဲ့ ဘယ်အရပ်ကိုပဲ ဖြစ်ဖြစ် မသွားတော့ဘူး

လမ်းထိပ်မှာ ရေတိုင်ကီတွေချပြီး ကလေးတွေ စီနေမလား

ငယ်ငယ်တုန်းကလို လွယ်အိတ်လေးထဲကို ကော်ပုံလေးထည့်လွယ်ပြီး
ကော်ပြွတ်လေးတွေ ၊ စတီးပြွတ်လေးတွေနဲ့ သူငယ်ချင်းတွေ အုပ်စုလိုက်
သူများလမ်းတွေထဲ ဖိုက်တာ လုပ်ပြီး လိုက်ပက်မလား

တခါတလေ ( ဟိုဘက်ဒီဘက်တောင် ရေဗူဖောင်းတွေနဲ့ ဆော်ကြနှက်ကြသေးတယ် )

လမ်းထိပ်မှာ ဘယ်သူတွေ မူးနေကြပြီလဲ ၊ ဘယ်သူတွေ ရန်ဖြစ်နေကြသေးလဲ
ဘယ်သူတွေရော ဖျားနေကြသေးလဲ....ဘာမုန့်တွေ ကျွေးနေကြလဲ

အော်...သင်္ကြန် သင်္ကြန်

( ဘယ်တော့မှ မဆင်နွှဲရတဲ့ ဘ၀မဖြစ်ချင်တော့ပါဘူး )

“ အတာရေနှင့် အတူတူ ချစ်သော ဘလော့ဂ်ဂါ အစ်ကိုအစ်မ ၊ ညီညီမတွေ အားလုံး
ကျန်းမာချမ်းသာကြပါစေ ”

Thursday, April 9, 2009



“ all married couples are eventually separated by a death , but it`s tough
being the one left behind ”


first-11 ဂျာနယ် တစ်စောင်ထဲမှာ ဒီဇာတ်ကားအကြောင်းလေးတော့ အနည်းငယ် ဖတ်လိုက်ရတယ်။ ဒါပေမယ့် အာရှကားဆိုတော့ ရှာရတာလည်း အနည်းငယ်တော့ ခက်သား။ ရှာကြည့်လိုက်ပေမယ့် ထွက်မလာဘူး။ ထွက်လာတော့လည်း တခြားဆိုက်ဒ်လင့်ခ်တွေဆိုတော့ ဒေါင်းလုပ်ချရတာ အဆင်မပြေတာနဲ့ပဲ မကြည့်ဖြစ်တော့ဘူး။ ဒါနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်နေတုန်း ဗြုန်းဆို ဒီဆိုက်ဒ်မှာ သူ့အကြောင်း ပြန်ဖတ်လိုက်ရတော့ ကြည့်ချင်စိတ် ပြန်ဖြစ်လာပြီး မရ ၊ ရအောင် ရှာဖွေပြီးကြည့် ပစ်လိုက်တယ်။



အပေါ်က ပေးထားတဲ့ ဆိုက်ဒ်မှာ သူက ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ ကျွန်တော်ကတော့ တိုတိုလေး ပြန်ရှင်းပြမယ်။ သဘောလောက်ပေါ့။

Departures

ဇာတ်ကားကတော့ ဂျပန် - ဒရမ်မာ ဇာတ်လမ်းလေးပါ။ တီးဝိုင်းတခုမှာ ဆယ်လို တီးခက်တဲ့ မင်းသားက အလုပ်ပြုတ်တော့ စိတ်ညစ်နေပါတယ်။ လင်နဲ့မယား ၂ ယောက်တည်းသာ ရှိသေးပေမယ့် စီးပွားရေး အဆင်မပြေတော့ အလုပ်တခုရှာရင်း “ သေသူတွေကို အလှပြင်ပေးရတဲ့ အလုပ် ” ကို မှားလျှောက်မိရာကနေ ပိုက်ဆံကလည်း ပိုရတာကြောင့် မထွက်ဖြစ်တော့ပါဘူး။

နောက်ဆုံး မိန်းမက သိတော့ အထင်သေးပြီး စွန့်ခွာ ၊ သူငယ်ချင်းကလည်း မပေါင်းနဲ့ မင်းသားဟာ သူ့အလုပ်ရှင် အဘိုးအိုနှင့် အတူ “ လူသေအလောင်းတွေ လိုက်ပြင်တဲ့ အလုပ်ကို ” ပဲ လုပ်နေပါတော့တယ်။ နောက်တော့ မိန်းမက ကိုယ်ဝန်ရှိလာတဲ့ အခါ သူ့ဆီပြန်လာရင်း လင်မယားနှစ်ယောက် အလုပ်အတွက် ရှေ့ဆက်လုပ်ဖို့ မလုပ်ဖို့ ဆွေးနွေးနေတုန်း အသုဘတစ်ခုကြောင့် သူ့မိန်းမဟာ စိတ်ပြောင်းပြီး ၊ သူ့ကို အလုပ်ဆက်လက် လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။


ဒေဂိုနှင့် သူ့အလုပ်ရှင်တို့၏ အသုဘပြင်ဆင်မှုအခန်း

တကယ်ဆို ဇာတ်လမ်းက ဒီမှာတင်ပြီးသွားမှာပါ။ အော်စကာဆုရ ဇာတ်ကားပီသစွာ ဒါရိုက်တာက ဇာတ်လမ်းကို မထင်မှတ်တဲ့ နောက်ထပ် အကွက်တွေ ထပ်ထည့်သွားပါတယ်။

ဒီဇာတ်ကားလေးမှာ ဂျပန်နိင်ငံရဲ့ အသုဘပြင်ဆင်ပုံတွေ ၊ လူတွေရဲ့ စိတ်ထားတွေအကြောင်း ၊ ဖြစ်တက်ပျက်တက်တဲ့ တရားသဘောကို ဒါရိုက်တာက ကောင်းကောင်းကြီး ဖော်ပြနိင်ခဲ့ပါတယ်။ တကယ့်ကို ဇာတ်ကားကောင်းလေး တခုပါပဲ။ ပြောနေကြ စကားလို့ “ ကျွန်တော့် ညံဖျင်းမှုကြောင့် ကြော်ငြာမကောင်းခဲ့ရင်တောင် ၊ ဒီဇာတ်လမ်းကို ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ် ” ခင်ဗျာ။



လူသေအလောင်းများကို ကိုယ်တွယ်ရခြင်းကြောင့်
ကြက်အသေကောင်များကိုပင် မြင်ရုံဖြင့် အော့အန်နေသည့် ဒေဂို

ဒီကျောက်တုန်းလေးကလည်း ဒါရိုက်တာရဲ့ ပရိတ်သက်အပေါ်
ပြောချင်တဲ့ စကားလေးတခွန်းပေါ့


ဖခင်အလောင်းကို ကိုယ်တိုင်ပြင်ပေးနေသည့် ဒေဂို



Download


http://rapidshare.com/files/211485814/cielo-ds_ArchibalD.part1.rar
http://rapidshare.com/files/211488199/cielo-ds_ArchibalD.part2.rar
http://rapidshare.com/files/211490102/cielo-ds_ArchibalD.part3.rar
http://rapidshare.com/files/211491881/cielo-ds_ArchibalD.part4.rar
http://rapidshare.com/files/211494166/cielo-ds_ArchibalD.part5.rar
http://rapidshare.com/files/211496333/cielo-ds_ArchibalD.part6.rar
http://rapidshare.com/files/211498017/cielo-ds_ArchibalD.part7.rar
http://rapidshare.com/files/211498861/cielo-ds_ArchibalD.part8.rar