Friday, October 31, 2008

“ နွယ် ”


တစ်ပင်တည်း ( ထဲ )
ရင်ထဲကနွယ်

ခက်ညွှန့်သန် နသစ်လို့
ရစ်ပတ်နှောင်တွယ်

သံယောဇဉ် ဆိုတာရယ်
နွယ်ကလေး တစ်ပင်ပေါ့

ရာသီတွေ ဘယ်လိုပြောင်းပေမယ့်
ခေါင်းထောင်လို့ကြော့ ။ ။

ဆရာမောင်စိန်ဝင်း



Wednesday, October 29, 2008


သည်တစ်ခါတော့ဖြင့် ၂၀၀၈ ခုနှစ်အတွက် The Time ကထုတ်ဝေတဲ့ သူတို့သက်ဆိုင်ရာ နယ်ပယ် အသီးသီးက ထိပ်သီးလူပုဂ္ဂိုလ်များရဲ့ စာရင်းကို တင်ပြပေးလိုက်ပါတယ်။ သူတို့တွေကတော့


( Leaders & Revolutionaries )

Dalai Lama


သတင်းအပြည့်အစုံ



( Scientists & Thinkers )

Michael Bloomberg


အပြည့်အစုံသို့



( Builders & Titans )

Indra Nooyi


အပြည့်အစုံသို့

( Artists & Entertainers )

Lorne Michael


အပြည့်အစုံသို့



( Heroes & Pioneers )

Brad Pitt & Angelina Jolie


အပြည့်အစုံသို့






Tuesday, October 28, 2008


ဗုဒ္ဓဘာသာ သာသနာအကျိုး ဆောင်ရွက်သည့် ထင်ရှားသော ရှင်သူမြတ်များအား ပေးအပ်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တခုကို အိန္ဒိယနိုင်ငံ နာလန်ဒါ ဗုဒ္ဓတက္ကသိုလ်က သီတဂူဆရာတော် ဦးဉာဏိသရအား ယနေ့ ပေးအပ်ချီးမြှင့်လိုက်သည်။

နာလန်ဒါ ဗုဒ္ဓတက္ကသိုလ် ဒုတိယအုပ်ချုပ်ရေးမှူး ဒေါက်တာပက်တို့က သက်တော် ၇၂ နှစ်၊ ၀ါတော် ၅၂ နှစ်ရှိ ဆရာတော် ဦးဉာဏိသရသို့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

''ဒီဘွဲ့ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ချီးမြှင့်တာလဲဆိုရင် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် သာသနာအကျိုး၊ ဘာသာအကျိုး ဆောင်ရွက်တဲ့၊ နိုင်ငံတကာမှာလည်း သိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ချီးမြှင့်တာပါ။ ဒီဘွဲ့ကို ပထမဆုံး ပေးတာပါ။ သီတဂူဆရာတော်ရယ်၊ ဗီယက်နမ်က ဆရာတော်တပါးရယ်နဲ့ ၂ ပါးကို ချီးမြှင့်တာပါ။ ဆရာတော်က ထေရ၀ါဒဗုဒ္ဓဘာသာ ဆရာတော်အဖြစ် ရပြီး၊ ဗီယက်နမ် ဆရာတော်ကတော့ မဟာယနဗုဒ္ဓဘာသာအဖြစ် ရတာပါ'' ဟု နာလန်ဒါတက္ကသိုလ်မှ စာသင်သား သံဃာတော်တပါးဖြစ်သူ ဦးဉာနောဘာသ က မဇ္ဈိမကို မိန့်ကြားသည်။

''သီတဂူဆရာတော် ဘုရားကြီးက နိုင်ငံတကာမှာ ဟောတယ်၊ ပြောတယ်။ အိန္ဒိယမှာ ရောက်နေတဲ့ စာသင်သား ရဟန်းတော်တွေကိုလည်း နှစ်စဉ် ဒေါ်လာ ၁၀၀ စီ လှူတယ်။ ပြည်တွင်းမှာလည်း သာသနာပြုပြီး လူတွေအကျိုးကို ဆောင်ရွက်နေတာဆိုတော့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဒီဘွဲ့ကို ပေးတာပါ'' ဟု သူက ထပ်ပြောသည်။ အပြည့်အစုံသို့

CoypRight@Mizzimzburemese

ဒီသတင်လေး ဖတ်ရတော့ ကျွန်တော့် စိတ်ထဲမှာ အတိုင်းမသိ ကြေနပ်မိပါတယ်။ ငါစွဲမချွတ်နိင်သေးတဲ့ ကျွန်တော်တို့လို လူပုဂ္ဂိုလ်တွေ အနေနဲ့ ကိုယ့်ဆရာတော် ဆုချီးမြင့်ခံရတာ ၀မ်းသာမိတာပေါ့။ တကယ်တော့ အားလုံးဟာ သာသနာတော် တိုးတက်ပြန့်ပွားပြီး နိဗ္ပာန်ရောက်အောင် လှုံဆော်တဲ့ ဆရာတော်တိုင်းဟာ ကျေးဇူးရှင်တွေမဟုတ်လား။ အစွဲဆိုတာ မရှိသင့်တာ သိပေမယ့်လည်း ကျွန်တော်ကတော် သီတဂူဆရာတော် တရားတွေကိုပဲ နာဖြစ်မိတယ်။ ဖြစ်နိင်မယ်ဆိုရင် ဆရာတော်ကို နောက်ထပ် အနှစ် ၂၀ လောက်ပြန်ငယ် စေချင်ပါသေးတယ်။ ဒါမှ သာသနာအကျိုးကို ပိုပြီး ထမ်းဆောင်နိင်မှာ မဟုတ်လား။

ဒီတရားတော်ကတော့ ကျွန်တော် အနာဖြစ်ဆုံး တရားတော်ထဲမှာပါတဲ့ တရားတော်ပါ။ တရားတော် ခေါင်းစဉ်က

“ လူမိုက်တို့သွားရာလမ်း ”

Download

ဆရာတော်ရဲ့ တရားတော်များ အားလုံးကို ဒီဆိုက်ဒ်မှာ သွားရောက်ဒေါင်းလုပ်ချနိင်ပါတယ်။

http://www.dhammadownload.com/UNyanissara-Burmese.htm

Sunday, October 26, 2008

Bangkok _Dangerous

ဒီဇာတ်လမ်းမှာ Joe ဆိုတဲ့ နာမည်အဖြစ်နဲ့ Nicolas Cage က ပရိုဖက်ရှင်နယ် ကြေးစားလူသတ်သမား အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဘ၀တစ်ခုလုံးမှာ လူသတ်ရမှာက လွဲလို့ တခြားဘာခံစားချက်မှ မရှိခဲ့ဘူးတဲ့ လူတစ်ယောက် ၊ လူတစ်ယောက်ကို သတ်ဖို့ အဆင့် ၁ ဘာလုပ်ရမယ် ၊ အဆင့် ၂ ဘာဆက်လုပ်ရမယ် ၊ အခြေအနေက ရန်သူက ကိုယ့်ရဲ့နေရာ ၊ ကိုယ့်ရဲ့ နောက်ကြောင်းကို သိသွားရင် ဘာတွေကို အရင်ဖျက်ဆီးရမယ် ၊ ဘာဆက်လုပ်သင့်တယ် ဆိုတာကို ဓတ်ခွဲခန်းထုတ်ဖော်တဲ့ ပုံသေနည်းလို့ အလွတ်မှတ်ထားတဲ့ လက်မရွံလူသတ် သမားအဖြစ် - ဂျိုး





ထိုင်းနိင်ငံ ဘန်ကောက်မြို့က မှောင်ခိုလုပ်ငန်းရှင်ကြီး တစ်ဦးက ပိုက်ဆံနှင့် ငှား၍ ထိုင်းနိင်ငံရဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ခြင်း သတ်ခိုင်းရာမှ နောက်ဆုံး ထိုင်းနိင်ငံရဲ့ ၀န်ကြီးချုပ်ကို ပြန်သတ်ခိုင်းခဲ့ရာတွင် ပြည်သူတွေ၏ ၀န်ကြီးချုပ်အပေါ် ကြိုဆိုနေသည့် မျက်နှာအနေအထားကြောင့် မသတ်ဖြစ်ခဲ့ ၊

တခါမှ အချစ်နဲ့ မတွေ့ခဲ့ဘူးသည့် လူသတ်သမားကြီး ဂျိုးဟာ ဒဏ်ရာကြောင့်ဆေးခန်းသွားရင် ဆေးခန်းမှ အရောင်းဆေးဝန်ထမ်းမလေး ၊ စကားမပြောတက်သူ အဖြစ် သရုပ်ဆောင်ထားသည့် ထိုင်းမင်းသမီးလေး၏ ကြင်နာမှုများအောက်တွင် ပျော်ဝင်သွားခဲ့ပုံ

နောက်ဆုံး မကောင်းတာ လုပ်သူတို့၏ ထုံးစံအတိုင်း ဘ၀ဇာတ်သိမ်းမကောင်းခဲ့သော ဂျိုး စသည့် သရုပ်ဆောင်ချက်များဖြင့်

Bangkok Dangerous





Saturday, October 25, 2008


လူကို အားလုံးမတူ ယူဆသော် လွဲချော်နေပါပြီ။ တူသည်ဟု ပုံသေ ယူဆပြန်သော် လွဲချော်မှု တစ်မျိုး ထပ်ဖြစ်ပြန်ပြီ။ လူ့တန်ဖိုးကို သတ်မှတ်ရာတွင် သဘောကြီး နှစ်မျိုးရှိပါသည်။

( ၁ ) ငွေကြေးနှင့် အရှိန်အ၀ါ


အပေါ်ယံ ပကာသနတို့ကို အကြောင်းခံလျက် လူ့တန်ဖိုး သက်မှတ်ခြင်း သဘောဖြစ်ပါသည်။ လူတစ်ယောက်ကို ငွေကြေးကြွယ်ဝ ချမ်းသာရုံမျှဖြင့် ၊ အရှိန်အ၀ါ အပေါ်ယံ ပကာသန အားကောင်းရုံမျှဖြင့် တန်းပြီး ဦးညွှတ်သော သဘောဖြစ်သည်။ ခင်မင်သွားသည် ၊ အထင်ကြီးသွားသည်။ ပတ်သက် ရင်းနှီးချင်မိသည်။ ဒီတော့ စကားပုံက ဒီလို ထွက်လာသည်။ “ မျက်နှာကြီးရာ ဟင်းဖက်ပါ ” တဲ့။ ထိုလူတွေနှင့် ပေါင်းသင်းမိသည့် လူများကိုလည်း အချင်းချင်းက “ အကျိုးလိုလို့ ညောင်ရေလောင်း ” တဲ့။ ထိုအရာတွေ အားနည်းသလောက် တန်းပြီး အထင်သေးသော သဘောဖြစ်သည်။ အနှစ်ကို မကြည့် ၊ အကာကိုကြည့်လျက် အောက်ခြေလွတ်နေသော စရိုက်ပျက် ၊ စရိုက်ဆိုးမျိုး ဖြစ်သည်။ နောက်တစ်မျိုးက




( ၂ ) အနှစ်ကို အကြောင်းခံသော သတ်မှတ်မှု


လူတစ်ယောက်သည် ကိုယ်ကျင့်တရား ဘယ်လောက် ကောင်းမွန်သလဲ ၊ ဘ၀တူ လူသားချင်း အပေါ် ဘယ်လောက် မေတ္တာထားနိင်သလဲ ( ဆင်းရဲသူ အချင်းချင်း ၊ ချမ်းသာသူ အချင်းချင်းပေါ် ထားသည့် စိတ်ဓတ်မဟုတ် ၊ လူဆိုသည့် သက်ရှိအချင်းချင်းအပေါ် ထားသည့်စိတ်ထားကို ဆိုလိုပါသည် ) ၊ ကိုယ့်နိင်ငံ ကိုယ့်ကမ္ဘာအတွက် ဘယ်လောက် စွမ်းဆောင် ကြိုးစားသလဲ ၊ ဘ၀ အမြင်မှန်ကန်မှု ဘယ်လောက် စွမ်းရည်ရှိသလဲ ၊ ကိုယ်နှင့် သက်ဆိုင်ရာ ပညာရပ်ကို ဘယ်လောက် ကျွမ်းကျင်သလဲ ဒီအပေါ် မူတည်လျက် လူ့တန်ဖိုးကို သတ်မှတ်ခြင်း ဖြစ်သည်။ ထိုသတ်မှတ်မှု မျိုးသည် မေတ္တာနှင့်ပညာ ပေါင်းစပ်သော သဘောဖြစ်သည်။ ဗြဟ္မစိုရ်တရားနှင့် အသိဥာဏ် အလင်းပေါင်းစပ်သော သဘောဖြစ်သည်။ လောက၏ ကောင်းမှုကို တည်ထောင်သော ၊ ဝေဆာစေသော ၊ လောက၏ ဆိုးကျိုးကို ကာကွယ်သော စရိုက်မျိုး ဖြစ်ပါသည်။


Thursday, October 23, 2008

နောက်ဆက်တွဲအနေနဲ့ သတင်းဖော်ပြရမည် ဆိုလျှင်ဖြင့်



အောက်ပါ သီလရှင်ကြီးများက စတင်တည်ထောင်ခဲ့ပါတယ်တဲ့


ဝဲဘက်က သီလရှင်ဆရာကြီး ဒေါ်နန္ဒထေရီ (နာယက)(မန္တလေး ) ပါ
အလယ်ကသီလရှင်ဆရာကြီးက ပျံလွန်တော်မူသွားပြီလို့ သိရပါတယ်။ ယာဘက်က သီလရှင်ဆရာကြီးက တောင်ငူကျောင်းက နာယက ပါတဲ့။

ဒီကနေ့လာရောက်လှူဒန်းတဲ့ အလှူရှင်ပါ


အလှူတော်မှတ်တမ်းပုံစံပါ



ဒါက ကျောင်းက ကျောင်းသူလေးတွေစာလုပ်နေတာပါ


အခုလိုလည်း ကစားနေကြပါတယ်



လှူဒန်းနိင်မည့်နေရာကို အခုလို မြင်နိင်ပါတယ်



ကမ္ဘာအရပ်ရပ်က မြန်မာနိင်ငံသူနိင်ငံသား တွေရဲ့ မေတ္တာနဲ့စေတနာကို ယုံကြည်မိပါတယ်။ ကဲ ကျွန်တော်တို့ရဲ့ အပိုအလျှံငွေကြေးလေးတွေနဲ့ ဘ၀ပေါင်းများစွာကို ထမင်း ၁ နပ် ၊ အ၀တ် ၁ ထည်လောက် လှူဒန်းကြရအောင်လား....

လိပ်စာက

ဧရိပ်မွန်အမျိုးသ္မီးစောင့်ရှောက်ရေးကျောင်း (မန္တလေး )

၂၂လမ်း ၆၃လမ်းထောင့်၊ နန်းရှေ့ ။ မန္တလေး။

ဖုန်း - 02-61214


Wednesday, October 22, 2008

လှူကြမယ်

ဘယ်ဘာသာ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ၊ တဖက်သားအပေါ် ကူညီရိုင်းပင်းတဲ့ စိတ်တော့ ရှိတက်ကြပါတယ်။ အထူးသဖြင့် မြန်မာနိင်ငံသားတွေမှာ ဆိုရင် ပိုရှိတက်တယ် မဟုတ်လား။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ၊ လှေနံနှစ်ဖက် နင်းမဲ့နင်း ကိုယ့်ဘက်သာ ရဲရဲကြီး နင်းလိုက်စမ်းပါလို့ ပြောနေတာ မဟုတ်ပါဘူး။ အလှူရေစက် လက်နဲ့မကွာ ဆိုတဲ့ စကားတောင် ရှိတယ်လေ။ ကျွန်တော်တို့ စာဖတ်သူတို့ဟာ နိင်ငံရပ်ခြားမှာ လတ်တလော နေထိုင်ကြတယ် ၊ စီးပွားဥစ္စာရှာကြတယ် ။ ရလာတဲ့ ၀င်ငွေနဲ့ မိမိဘ၀ အဆင့်အတန်းမြင့်မားရေး ၊ နောက်တော့ မိမိ ဆွေးမျိုးတွေကို ပေးကမ်းစွန့်ကြဲခြင်း စတဲ့ အသီးသီး အသုံးပြုကြတယ်။ တခါတလေ တော့လည်း အပျော်အပါးပေါ့။ အဲဒီလို ၀င်ငွေကို အသုံးပြုနေကြသလို တခါတလေ တော့လည်း ကိုယ့်ရဲ့ဝင်ငွေထဲက အပိုအလျှံလောက် ရှိမဲ့ ငွေလေးနဲ့ ဘ၀များစွာကို ထမင်း ၁ နပ်စာပဲဖြစ်ဖြစ် ၊ အ၀တ်အစား ၁ စုံ ၁ ထည်စာပဲ ဖြစ်ဖြစ် လှူဒန်းချင်တယ် ဆိုရင်တော့......

ဒီလိပ်စာလေးကို ဆက်သွယ်နိင်ပါတယ်

ဧရိပ်မွန်အမျိုးသ္မီးစောင့်ရှောက်ရေးကျောင်း (မန္တလေး )

၂၂လမ်း ၆၃လမ်းထောင့်၊ နန်းရှေ့ ။ မန္တလေး။


သီလရှင်ဆရာကြီး ဒေါ်နန္ဒထေရီ (နာယက)
ဒေါ်ဟေမာထေရီ




အနယ်နယ်အရပ်ရပ်က မိဘမဲ့ မိန်းခလေးငယ်တွေကို စောင့်ရှောက်ပြုစုထားတာပါ။

တစ်နေ့တာအတွက် ကုန်ကြမည့် စရိတ်


ပညာသင်ကြားနေသည့် လူဦးရေ




စေတနာရှင် မြန်မာနိင်ငံသား နိင်ငံသူများ တကျပ်တပြား အမြတ်မထားဘဲ လှူဒန်းနိင်ကြပါစေ။ ဒါလေးကို ခင်မင်ရတဲ့ အစ်ကိုတစ်ယောက်ဆီက သတင်းရတာပါ။ မန္တာလေးသား မဟုတ်တော့ ဘယ်နားမှန်းတော့ မသိပါဘူး။ အထက်ပါ လိပ်စာနဲ့ ဆက်သွယ်လှူဒန်းနိင်ဖို့ လုံလောက်မယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ရဲ့ ချွေးနဲစာနဲ့ ရှာလို့ရတဲ့ ငွေကြေးနဲ့ တနပ်စာပဲ ဖြစ်ဖြစ် ၁ ရက်စာပဲ ဖြစ်ဖြစ် လှူဒန်းရင်း ဘ၀ပေါင်းများစွာကို ကယ်တင်နိင်ပါတယ်။

Tuesday, October 21, 2008

ပန်းဝေတံခါးပိတ်




အလွမ်းတွေရှိထားကြောင်း......'ပန်းဝေ' သိလား မေးချင်တယ်
လမ်းတွေ့ရင်ခေါ်ခွင့်မပိုင်ပါဘူး
ကျွမ်းမြေ့ချင်......မျှော်လင့်နိုင်မှာလားရယ်လို့


ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့......
တိုးရှက်ကာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့....ပန်းဝေ သိမယ်
ကိုယ်မျက်ရည်ကိုယ်မတွေ့ရှာဘူးတဲ့
ညှို့ချက်တွေ အငိုဝေ့ပါရင်


ကမ္ဘာချဉ်းအောင် ပန်းတော်ပွင့်မယ်

သခင်အတွက် ပန်းတွေရယ်

နွမ်းလေတယ်....ကျွန်တော်မျက်ဖြေရူး
(အော်.....တို့ဘ၀က တမ်းမပြေတယ်နော် မျက်ရည်ဦး)

နှောင်တွယ်တာ ခက်တာပဲ....ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲ စမ်းချင်တာပေါ့
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပဲ
တစ်ယောက်သူ နောက်လူတွေ့နေနှင့်ပြီမို့

ရင့်နင့်စွာ ကျွန်တော် ချစ်ပေမယ့်..

မြင်ခွင့်မှာ အဖေါ်သစ်တွေနဲ ပန်းဝေရယ်
(တို့လေ.............)

မခေါ် ဖြစ်ပါဘူး....။


တာရာမင်းဝေ


Monday, October 20, 2008



ဒီတညတော့ ~~~ ကောင်မလေးရာ သံစဉ်လေးနဲ့ နင်အိပ်ဖို့ရာ ~~~ဂစ်တာလေးတလက်
ကိုယ်ထမ်းလို့လာ ~~~~ မင်းလေး အိပ်ပြီလား
မအိပ်သေးတဲ့ ကောင်မလေးရာ ~~~~ ဒီသီချင်းလေး ခံစားပေးပါ ~~~ ကောင်မလေးအတွက်
ကိုယ်ရေးထားတာ ~~~~~ မီးလေးဖွင့်ပါဦး

ကောင်မလေးရဲ့ အိမ်အပြင်ဘက်မှာ ~~~~~ လေပြေလေးနဲ့ ကိုယ်သီချင်း
ညည်းတာ ~~~~ အဖေအမေကြားလို့ စိတ်ဆိုးမိလာ ~~ မင်းလေး ပြောကူဦး

တညလုံးပဲ ဆိုနေဦးမှာ ~~~~ သံစဉ်ညည်းလို့ ကိုယ်မောတဲ့အခါ ~~~~~ အသံမကြားလို့ အိပ်မသွားနဲ့ကွာ
ဒီတချက်တော့ တောင်းပန်တယ် ~~~~ ကလေးလေးရယ်

မင်းအတွက်နဲ့ သီချင်းလေးရေးတာ သိပ်ချစ်လို့ပါကွာ ~~~~~ အမြဲတမ်းပဲ မင်းလေးအတွက်ပါ
ကလေးရာ

( ချစ်တယ် ချစ်တယ် ချစ်တယ် ပြောလိုက်ပါရစေကွာ ~~~~~ ကလေးလေးနား ရောက်ခဲ့တဲ့အခိုက်မှာ
လွမ်းတယ် လွမ်းတယ် လွမ်းတယ် အမြဲတမ်းလွမ်းနေမယ်
အခြေအနေပေးခဲ့ရင် နေ့တိုင်း
တွေ့ချင်တယ် )


Download By

Zshare



Sunday, October 19, 2008



အလာကောင်းပေမယ့်
အခါနှောင်းတဲ့ အထဲမှာ
မင်းအမေလည်း ပါတယ် သူငယ်ချင်း

ဘ၀ပြောင်းပေမယ့်
ကောင်းရာမွန်ရာ ဘ၀ကိုရောက်ပါစေ

မင်းထားခဲ့ ကမ္ဘာကြီး
မင်းမျက်ကွယ်ပြုခဲ့တဲ့ မြန်မာနိင်ငံကြီး
ကိုယ်တိုင်တည်ဆောက်ချင်တဲ့ မင်းစိတ်ကူးတွေ
နောင်ဘ၀ နောင်အခါ
ပြန်ရပါစေ

သူငယ်ချင်း........
ကောင်းရာသုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ




မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းလျှက် :(

နာမည် - ကျော်ထင်လင်း
အသက် - ၂၅ နှစ်
ရောဂါ - ဦးနှောက်တွင်အကြိတ်ပေါက်
၁၉.၁၀.၂၀၀၈ ခုနှစ်တွင် ဆုံးပါးသည်။