Thursday, November 1, 2007
စကားတွေ အများကြီး မပြောပါနဲ့တဲ့
ဆာလောင်နေတဲ့ လူတစ်ယောက်အတွက် အလိုအပ်ဆုံးက
ပေါင်မုန့်တစ်ဖဲ့ပါ......။
သီချင်းတွေလည်း မဆိုပြပါနဲ့တဲ့
ဂီတကို မသိတဲ့....ဆာလောင်နေတဲ့ လူတစ်ယောက်အတွက် အလိုအပ်ဆုံးက
ပန်းသီးတစ်စိတ်ပါ......တဲ့။
အော်.....တကယ်ဆို စေတနာရှိရင် အကုန်ပေးပစ်လိုက် ။ ကိုယ့်အတွက်လည်း
မထူးခြားနား ၊ ရသွားတဲ့ လူအတွက်လည်း တစ်ဖဲ့ တစ်စိပ်နဲ့ မလုံလောက်။
တကယ် စေတနာရှိပေမယ့် အပြည့်အ၀ မပေးနိင်ရင် အစောကြီးကတည်းက
သွားမခေါ်နဲ့လေ။ မလောက်ငှတဲ့ အရာမျိုးဆိုတာ ဘယ်လိုလူမှ အလိုမကျနိင်ဘူးလေ။
သဒ္ဒါတရားကို လေးစားပါတယ် ၊ စိတ်အာရုံကို မှန်းကြည့်လိုရတယ်။
အစောကြီးကတည်းက...ပေးဆပ်ဖို့ရှိနေခဲ့မယ်ဆို တစ်စုံတရာ ကိုမျှော်လင့်လို့
မပေးလိုက်လေနဲ့။ ရက်ရက်ရောရော ပေးဆပ်လိုက်။ တဘက်လူက မတုံပြန်
ရင်တောင်....ကိုယ့်စိတ်ကို ယုံကြည်စေတယ်။
Tuesday, October 30, 2007
Labels: ကဗျာ
Monday, October 29, 2007
Labels: ကဗျာ
Friday, October 19, 2007
ပါးပြင်နုနု
ချွေးတွေစုလည်း.....
မျက်ရည်ဥတို့ မဖုံးကြေး။
သနပ်ခါး မွှေးမြ
နေရောင်ကျလည်း......
နုတ်ခမ်းလှလှ မမဲ့ကြေး။
လက်ဖ၀ါးနုနု
သွေးကြည်ဥလည်း.....
လောကဓံကို မမှုကြေး။
ခြေဖ၀ါးလှလှ
ဆူးတွေခလည်း.....
မျက်ရည်စတို့ မကျကြေး၊
ဘ၀ အရေး
နွေးထွေးစရာ ၊ အကြင်နာနှင့်
ဖွေရှာအားမာန်
လောက....ဒဏ်ကို
ခုခံရင်ဆိုင် ၊ တုယဉ်ပြိုင်လျက်
နိုင်နိုင်ရှုံးရှုံး ၊ အတူပြုံးမယ်
မုန်းတယ်လို့လည်း....မပြောကြေးတဲ့။
အဲဒီလိုပြောပြီး ထွက်သွားလိုက်တာ စောင့်မျှော်နေတဲ့လူ မျက်ရည်တောင်
ခမ်းခြောက်သွားတယ်။ သူမ...ကတော့ ပြန်မလာခဲ့ပါဘူး။
Labels: ကဗျာ
Thursday, October 18, 2007
Labels: ကဗျာ
Wednesday, October 17, 2007
ကျွန်တော့် အိမ်မှာ
တီဗွီတစ်လုံးမှ မရှိပါဘူး....
ဒါပေမယ့်....
တစ်နှစ်နဲ့ ခြောက်လလုံးလုံး
ကျွန်တော်တို့ မိသားစုအားလုံးထိုင်ကြည့်စရာ
အငယ်ဆုံး သမီးလေးမှာတော့
တီဗွီတစ်လုံးရှိလေရဲ့
တီဗွီအမျိုးအစားနာမည်က
“ အရိုးတီဗွီ ” တဲ့လေ....
အဲဒီ အရိုးတီဗွီ တစ်လုံးကို
အသည်းနှလုံးနဲ့ နေ့စဉ်ထိုင်ကြည့်ရင်း
မြင်ကွင်းတွေကို အန်ချပစ်လိုက်တာ
မိဘမေတ္တာပဲ ပြန်အမ်းစရာ ကျန်တော့တယ်။
ဒီကဗျာလေးက ကျွန်တော့်ကဗျာလည်း မဟုတ်ပါဘူး။
နောင်ဝင်းထွန်း ဆိုတဲ့ စာရေးဆရာ တစ်ယောက်ရေးခဲ့တာပါ။
ဖတ်ရင်းနဲ့ စိတ်မကောင်း ဖြစ်လွန်းလို့ တင်ပေးလိုက်တာပါ။
Labels: ကဗျာ
Tuesday, October 16, 2007
Labels: ကဗျာ
“အဖေ...သား ကျောင်းသွားမလို့ ကားခပေးပါဦး....”
“ဒီနေ့တော့ ကျောင်းကို...ဒရိုက်ဘာနဲ့တော့ မသွားချင်ပါဘူး.. အဖေကိုယ်တိုင်
မောင်းပြီးလိုက်ပို့နော်...”
“ အုံနာခ (၂၀၀၀)ကျပ်ရအောင်တောင် မနည်း နင်းပြီး ရှာနေရတယ်ဗျာ”
“မနေ့က ဘောပွဲရှုံးတာ (၂) သိန်း လောက်လစ်သွားတယ်”
“ဟယ်...အထည်လေးက လှလိုက်တာ။နေ့ပြန်တိုးနဲ့ဆို ဘယ်လောက်
ပေးရမလည်းဟင် အမ ”
“၀ူး...ရှော့ပင်း ထွက်ရတာလည်း....မောလိုက်တာ”
“အငယ်ကောင်...ဆေးခန်းပြမလို့လေ....အမေ့ဆီက ပိုက်ဆံချေးလာတာ”
“ အိမ်က အဖေလား....နေမကောင်းလို့ အမရေ ဗဟိုစည်မှာ စပယ်ရှယ်နပ်(စ်)
ငှားပြီး တင်ထားရတယ်”
“လခလေး ရတုန်း...အဖေ ခေါက်ဆွဲကြော် ၀ယ်လာတယ်ဟေ့...”
“မိန်းမရေ...ဒီနေ့တော့ စားသောက်ဆိုင် ညစာ သွားစားကြတာပေါ့”
“ဒီလ ကုန်ရင်တော့....ဆင်းပေးပါ့မယ် အစ်မရယ်”
“ဟိုနေ့က....ခြံနဲ့တိုက် တလုံး ဈေးကောင်းလို့ ဆွဲလိုက်တာ ၆၀၀လောက်
ကျတယ်”
Monday, October 15, 2007
အဲဒီနေ့က....မကြေငြာဘဲ
နလုံးသားကို ဗဟိုပြု....အနောက်တောင်
မုတ်သုန်လေ တိုက်ခက်တယ်။
ရလာတဲ့ အကျိုးဆက်ကို
ဦးနှောက်က တင်ပြတော့
နှလုံးသား တစ်ခုလုံးနီးပါး ကြေပျက်ပြီး
ပင်မသွေးကြော (၅) ခုပျက်စီးသွားပါတယ်တဲ့။
ဝမ်းနည်းခြင်းတွေ ပေါက်ထွက် ၊ သတိရခြင်းတွေ ယိုစီး
မျှော်လင့်ချက်တွေ ဆိတ်သုဉ်း ၊ အမုန်းသွေးတွေ တိုးလို့
ဖြေသိမ့်ခြင်း ကလူးကို့စ်တောင် အားသွင်းလို့ မရတော့ပါဘူး။
သက်သာလို သက်သာငြား
နာကျင်တဲ့ ဆေးတွေ သောက်ခဲ့ပေမဲ့
စိတ်မကောင်းစရာ.....ရောဂါက နောက်ဆုံးအဆင့်တဲ့လေ။
ဒါပေမဲ့....ထူးထူးခြားခြား
အသည်နှလုံးမရှိဘဲ....ငါ အသက်ရှင်နိင်တယ်ဆိုတာ
နောက်ဆုံးအနေနဲ့တောင်....မင်း သိမသွားခဲ့ဘူး။
နုတ်ဆက်လိုက်တယ်....ကောင်မလေးရေ
လူတစ်ယောက် ပြောဘူးသလို...ဒီည ဘ၀မှာ လမသာခဲ့ဘူးဆိုတာ မှားတယ်ကွဲ့
တကယ်တော့ ဒီညနဲ့ အတူ....လ ပါပျက်သုဉ်းသွားခဲ့တာပါ။
Labels: ကဗျာ

