Friday, June 12, 2009

ကျနော် ဒီပို့စ်ကို ရေးတာ ဘာသာရေး ထိခိုက်မှု လုံးဝ မရှိပါဘူး။ ကမ္ဘာမှာ မိမိကိုးကွယ်ရာ ယုံကြည်ရာကို လူတိုင်းကိုးကွယ်ခွင့် ရှိတာ ကျနော်လက်ခံယုံကြည်ပါတယ်။ ဒီပို့စ်က မသိသေးသူတွေအတွက် ဗဟုသုတလေး တခုအနေနဲ့ပဲေ၇းသားထားခြင်း ဖြစ်ပါသည်။ အယူအဆဆိုတာ ကိုးကွယ်ယုံကြည်ရာနဲ့လည်း သက်ဆိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ ပြောတဲ့စကားတခွန်းဖြစ်တဲ့ “ အယူတိမ်းလို့ နတ်စိမ်းဖြစ်တယ် ” ဆိုလား။ အဲဒီလိုလေးပေါ့။ တခဏတာ ကြားဖူးမိလိုက်တာလေးဟာ ၊ မြင်ဖူးမိလိုက်တာလေးဟာ အစွဲအလန်းလို ၊ ယုံကြည်ရာ လိုလို ဖြစ်သွားတက်ပါတယ်။ မနက်စောစော အိပ်ရာထဖြစ်ရင် ဖြစ်ဖြစ် ၊ ဒါမှ မဟုတ် ညဘက် အိပ်ရာဝင်ခါနီး အချိန်ဖြစ်ဖြစ် ကျနော် တရားနားထောင်တက်တဲ့ အကျင့်ရှိပါတယ်။ ထွက်ရပ်ပေါက်ချင်လို့လည်း မဟုတ်ပါဘူး ၊ သံဝေဂရနေတာလည်း မဟုတ်ပါဘူး။

ကျနော်တရားနားထောင်ရခြင်း အကြောင်းက ဆရာတော်တွေက တရားဟောရင် ၊ တရားချည်းပဲ ဟောပြောတာ မဟုတ်ပါဘူး။ နိင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ကိစ္စ ဒုက္ခ အ၀၀တွေနဲ့ နှိုင်းယှဉ်ပြီးဟောပြောကြတာပါ။ ဆရာတော်တွေက ဟောပြောဖို့အတွက် စာပေဖတ်တယ် ၊ မှတ်သားတယ်။ နောက်တော့ တရားသဘောနဲ့ ယှဉ်ပြီး ဟောတယ်။ ကိုယ့်မှာက ဒီလို ဖတ်ဖို့ကျတော့ မဖြစ်နိင်ဘူး။ ဆိုလိုချင်တာက အချိန်မပေးနိင်ဘူး။ ဒီတော့ သူတို့ဖတ်မှတ်ထားတဲ့ ဗဟုသုတကို ကျနော်တို့က တရားနာပြီး ပြန်ယူရတယ်။ ဒါကြောင့် ဒီကနေ့ လူငယ်တွေကို အချိန်များရရင် ကျနော်က တရားနားထောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ထွက်ရပ်ပေါက်ဖို့ ၊ နိဗ္ဗာန်ရောက်ဖို့ မဟုတ်ပါဘူး။ ဗဟုသုတ ရစေချင်လို့ပါ။ ဥပမာ ဆရာတော်ကောသလ္လ(ဓမ္မစေတီ) ဟောတဲ့ တရားတပုဒ်ဖြစ်တဲ့ “ မွေးရပ်မြေကို ကျေးဇူးဆပ်ချင်း ” မှာ ဆရာတော်က တရုတ်တွေ မိုးနဲ့မြေကို ကန်တော့တဲ့ ကိစ္စ ခဏလေး ရှင်းပြသွားပါတယ်။ ဆရာတော်က ဘယ်လိုဟောပြောသွားလဲဆိုတော့....

“ တရုတ်တွေ မင်္ဂလာဆောင်ကြပြီ ၊ မင်္ဂလာဆောင်ကြပြီဆိုတော့ မိုးနဲ့မြေကို
ကန်တော့ကြတယ် ” ဘာကြောင့်လဲ သေချာမေးကြည့်ရင်
သိတဲ့လူ ရှားသွားပါပြီတဲ့ ”

ဟုတ်ပါတယ် ကျနော်လည်း သေချာပြန်စဉ်းစားကြည့်တယ် ။ အဖေနဲ့ အမေကို ကန်တော့ပါ၏ ။ မိုးနဲ့မြေကို ကန်တော့ပါ၏ ။ မြ၀တီကလာတဲ့ တရုတ်ကားတွေထဲမှာလည်း မိုးနဲ့မြေကို ကန်တော့နေကြတာပဲ။ ဒီတော့ အခုလာမယ့် ကလေးတွေက မိုးနဲ့မြေကို မင်္ဂလာဆောင်ရင် တရုတ်တွေ ကန်တော့ကြတယ်။ ဘာကြောင့်လဲ မေးကြည့် ။ များသော အားဖြင့် သူတို့ မသိတော့ပါဘူး။ ဒါကို ဆရာတော်က ရှင်းပြထားတယ်။ မင်္ဂလာဆောင်တော့မယ် ဆိုရင် ကဲ...ကန်တော့ပြီ။ မိုးနဲ့မြေကို

“ အဖေသည် မိုးကောင်းကင်နှင့် တူပါတယ် ၊ အမေကတော့ မြေကြီးနဲ့ တူပါတယ်တဲ့ ၊
ဘ၀မှာ အဖေမရှိတော့လည်း ကောင်းကင်ရှိတယ် ၊ ကောင်းကင်ကြီး ရှိနေသမျှ ကာလပတ်လုံး အဖေ့ကျေးဇူးတွေရှိတယ်။ ကောင်းကင်ကို သက်သေတည်၍ သော်...လည်းကောင်း ၊ အမေရဲ့ မေတ္တာတရားတွေဟာ မဟာပထ၀ီ မြေကြီးထုနဲ့ တင်စား၍ သော်...လည်းကောင်း
မြေကြီးရှိတယ် ၊ ဒါကြောင့် အိမ်ထောင်ပြုတော့မယ့် ဖခင်လောင်း ၊ မိခင်လောင်းတို့ဟာ
မိုးနဲ့မြေကို ကန်တော့ပါတယ် ”

ဒါဟာ အရမ်းကောင်းတဲ့ တရုတ်ရိုးရာအစဉ်အလာပါပဲတဲ့။ ကျနော်တို့ မြန်မာမှာလည်း ရှိပါတယ်။ ဒီလိုနှိုင်းယှဉ်တဲ့ စာသားမျိုးတွေ ၊ စကားမျိုးတွေ။ ဒါပေမယ့် ဒါကို ယနေ့မှာတော့ တရုတ်တွေကိုယ်တိုင် မသိတော့ပါဘူးတဲ့။ ဘယ်သူပြောသလဲ ဆရာတော်ဟောတာပါ။ ကျနော် မပြောပါဘူး။ ဒါဆို ဆရာတော်ဟောတိုင်း မင်းက ယုံကြည်လားမေးနိင်ပါတယ်။ ဟုတ်ကဲ့...ကျနော်ထက် ပညာရှိသူတို့ရဲ့ ပြောစကားကို အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ယုံကြည်ပါတယ်။ ကျနော် ပြောချင်တာလေးက အထက်ပါ အကြောင်းအရာလေးပါ။ အားလုံးပဲ ရွှင်လန်း ချမ်းမြေ့ကြပါစေ။ အော်..နောက်တခုက တရုတ်ဆိုတာ ကျနော် ၀က်ဘ်ဆိုက်ဒ်တခုမှ ဖတ်လိုက်ရတယ်။ မြန်မာနိင်ငံသမိုင်းနဲ့ပတ်သက်တဲ့ ပညာရှင်တစ်ယောက် ပြောထားတာပါ။ ပါဋ္ဋိလို တရုတ်ကို သူပုန်တဲ့ ။ :)





Wednesday, June 10, 2009


ကမ္ဘာကြီး တခုလုံး၏ အလှပဆုံး နေရာ တစ်ရာပါ။ အင်တာနက်ခေတ်ကြောင့် ဆိုးကျိုး တွေရှိနိင်သလို ၊ ယခုလို ကောင်းကျိုးအဖြစ် ငွေမကုန် လူမပင်ပန်းပဲ ဗဟုသုတအနေဖြင့် စာဖတ်သူလည်း ကြည့်ရှု့နိင်ပါပြီ။ ကမ္ဘာတခုလုံး အလှပဆုံးနေရာတွေမှာ မြန်မာက ပုဂံက အဆင့် ၁၈ ချိတ်ပြီး ၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ကတော့ အဆင့် ၈၅ ချိတ်ပါတယ်။ ပုံတွေ အကုန်တင်ပေးချင်ပေမယ့် ၁၀၀ လုံးမဖြစ်နိင်တာကြောင့် အမြည်းသဘောမျိုးနဲ့ ၄ ပုံလောက်ပဲ တင်ပေးလိုက်တာပါ။ ကိုယ်တိုင် သွားလေ့လာချင်တယ်ဆိုရင်တော့ ဒီကို သွားပါ။ ၄င်းဆိုက်ဒ်တွင် ပုံများကို ကြည်တောက်ရှင်း အကြီးကြည့်ရှုနိင်ပါသည်။

ဒီပုံက - ၁

ဒီပုံက - ၁၈

ဒီပုံက - ၈၅

ဒီပုံက - ၉၉



Tuesday, June 9, 2009

Miss USA - 2009

မနေ့က သူငယ်ချင်း တစ်ယောက်ပေးလို့ Miss 2009 USA ကို ကြည့်မိလိုက်ပါတယ်။ ၅၁ ပြည်နယ်သော ပြည်နယ် အသီးသီးမှ မယ်တွေကို တစ်ဦးချင်းစီ မိတ်ဆက်ပေးပြီးတော့ စတင်ယှဉ်ပြိုင်ခိုင်းတာပေါ့။ ထွက်လာလိုက်တာ ကျွတ်ကျွတ်အိတ်ရှိရင် အပေါက်ဝကနေ အကုန်မောင်းသွင်းပြီး သိမ်းထားလိုက်ချင်တယ်။ ပွဲကဖြင့် မစရသေးဘူး သူကလည်း ကြေငြာလေးတွေ ၀င်တော့တာပဲ။ ဒီပွဲကိုပေါ့နော် ကျနော်တို့ ဘယ်က စပွန်ဆာပေးပါတယ်။ သောက်ကြည့်ပါ ၊ မူးမေ့သွားမယ် ၊ အဲဒီလို မျိုးလေးတွေ ခဏခဏပြောပြီးတော့ ပွဲကို တခါပြန်စ...နဲ့ ရှုပ်နေတာပါပဲ။ ကြည့်ကောင်းခြင်း မကြည့်ရ ။



လာပါပြီ..... စတင်လို့ လာပါပြီ။ ပြည်နယ်တခုချင်းစီ မိတ်ဆက်ပေး အပြီးမှာတော့ သူတို့ကလေးတွေ စတင် လှမ်းလျှောက်လို့ လာပါပြီ။ မြန်မာမှာ ကုက္ကိုင်းအလှမယ်တုန်းကလို “ တမီးကတော့ ဘယ်ဒူယေးပါ ၊ ဘယ်ပြည်နယ်မှာ နေပါတယ် ၊ အတက်ကတော့ ဘယ်ယောက်ရှိပါဘီ ၊ မင်္ဂလာပါရှင့်....” ဆိုပြီး မိတ်ဆက်ကြပါတယ်။ ဒါနဲ့ ကျနော်လည်း မဖြစ်ချေဘူး။ ဘယ်သူရမယ်ဆိုတာ မသိတော့ စိတ်ထဲကနေ “ ငါလည်း ၁ ယောက်တော့ ရွေးမှ ဆိုပြီး ဖြစ်နိင်မယ်ထင်တာလေး ၁ ယောက်လောက် ကောက်ရွေးထားလိုက်တယ် ” ။


စတင်ရပ်နေကြပါပြီ။ ခဏနေတော့ ဟိုလမ်းသလား ၊ ဒီလမ်းသလားပြီး ၅၁ ယောက်ထဲကနေ ၁၅ ယောက်ကို ရွေးသွားပါတယ်။ ကြည့်စမ်းပါဦး ကျန်တဲ့ ၃၅ ယောက်ကတော့ လက်ခုပ်လေးတွေ တီးပြီး “ ငါ့တို့လည်း မပါတော့ဘူး ဆိုပြီး စိတ်ထဲကနေ မနာလို ဖြစ်ပေမယ့် ၊ အပြင်မှာတော့ ရီပြနေကြရတယ် ” အော် ဟန်ဆောင်တာ ဟန်ဆောင်တာ။


ခဏနေတော့ အဲဒီ ၁၅ ယောက်ထဲကနေ ၅ ယောက်ကို ဖယ်ပြီး နောက်ထပ် ၁၀ ယောက်ရွေးသွားပါတယ်။ ကျနော်ရွေးထားတဲ့ ၁ ယောက်ကတော့ ပါနေတုန်းပဲ။ သူတို့ကတော့ ဘာတွေကြည့်ပြီး ရွေးလဲ မသိပါဘူး။ ကျနော်လည်း ဘာတွေကြည့်ပြီး အားပေးတယ်လို့တော့ မမေးပါနဲ့။ :D



အားပေးတာ..အားပေးတာ Utah ပြည်နယ်ကဆိုလား

ဒါနဲ့ ဟိုလိုရွေး ၊ ဒီလိုရွေး မေးခွန်းတွေ ဖြေ ၊ တခြားပတ်သက်ရာ ပတ်သက်ကြောင်းတွေ ပြပြီးတော့ ၁၀ ယောက်ကနေ ၅ ယောက်ကို ထပ်ရွေးပါတယ်။ Utah ၊ Arizona ၊ Kentucky ၊ California ၊ North Carolina တို့က မယ်တွေပဲ ကျန်တော့တယ်။ အဲဒီနောက်ပိုင်း မေးခွန်းတွေ မေးတာပေါ့။

မေးသူ - “ ညီမငေးရဲ့ ဘ၀မှာ ဘာအရာဟာ အပျော်ရွှင်ဆုံးလဲ ”

ဖြေဆိုသူ - “ ဟုတ်ကဲ့ ထမင်းစားပြီးရင် ရေသောက်ရတာ အပျော်ဆုံးပါ ”

အဲဒီလို မေးခွန်းလေးတွေ ဖြေဆိုပြီးတဲ့ နောက်ပိုင်းမှာတော့......၂၀၀၉ အမေရိကန်ပြည်ထောင်စုရဲ့ မယ်ကို ၅ ယောက်မြောက်ထဲက ရွေးချယ်သွားပါတယ်။ ဘယ်သူရတယ်ဆိုတာတော့ ရှာကြည့်ပေတော့။ မပြောပြတော့ဘူး။

ဒီပွဲမှာ အမြူးဆုံးနောက်ခံ ဂီတဖျော်ဖြေတဲ့ အဖွဲ့တွေထဲမှာ Untouched သီဆိုသွားတဲ့ အောက်ပါ The Veronicas နှစ်ယောက်ကတော့ ရှယ်ပါပဲ။ သီချင်းလေးကလည်း ခပ်မြူးမြူးလေး။ ဆိုပုံဆိုနည်းကလည်း ရှတတလိုလို ဘာလိုလိုနဲ့။ Rap တွေလိုပဲ ဆက်တိုက်ဆိုသွားတာပါ။ သူတို့နှစ်ယောက် ပုံစံနဲ့လည်း လိုက်ပါတယ်။ ကျနော်ကတော့ အားတိုင်းဖွင့်နေတာပဲ။

အဲဒီနောက်ခံ သီချင်းလေး လိုချင်နေလျှင်ဖြင့် Mediafre နဲ့ တင်ပေးလိုက်ပါတယ်။ စာသား အမြည်းလေးကတော့

I can't
La, la, la, la, la, la
I wanna wanna wanna get get get what I want
Don't stop
Give me give me give me what you got got
Cause I can't wait wait wait any more more more more
Don't even talk about the consequence
Cause right now you're the only thing that's making any sense to me
And I don't give a damn what they say, or what they think think
Cause you're the only one who's on my mind
I'll never ever let you leave... me
I'll try to stop time for ever, never wanna hear you say goodbye (bye bye bye)



Download

http://rapidshare.com/files/223510094/Miss.USA.2009.HDTV.XviD.FQM.part1.rar
http://rapidshare.com/files/223509600/Miss.USA.2009.HDTV.XviD.FQM.part2.rar
http://rapidshare.com/files/223510084/Miss.USA.2009.HDTV.XviD.FQM.part3.rar
http://rapidshare.com/files/223509982/Miss.USA.2009.HDTV.XviD.FQM.part4.rar
http://rapidshare.com/files/223510051/Miss.USA.2009.HDTV.XviD.FQM.part5.rar
http://rapidshare.com/files/223509766/Miss.USA.2009.HDTV.XviD.FQM.part6.rar
http://rapidshare.com/files/223510390/Miss.USA.2009.HDTV.XviD.FQM.part7.rar
http://rapidshare.com/files/223509498/Miss.USA.2009.HDTV.XviD.FQM.part8.rar




Monday, June 8, 2009


တခါတုန်းက ကျနော် သင်တန်းတက်နေတုန်း သင်တန်းနည်းပြ ဆရာ တစ်ဦးက သူ့ပုံတွေကို ကျနော်တို့ကို ထုတ်ပြတယ်။ ဒါ ငါ ငယ်ငယ်တုန်းကတည်းကနေ အခုအသက်အရွယ် ( ၅၀ နှစ်ကျော် ) ထိ စုထားတာတဲ့။ ပုံတွေက ဟိုးငယ်ငယ်ကလေး ဘ၀ကနေ သူဖြက်သန်းခဲ့တဲ့ အသက်အရွယ်အလိုက် ၁ နှစ်သားအရွယ်ကနေ သူ့အခုအသက်အထိ နှစ်အလိုက် မဟုတ်တောင် ၂ နှစ်ခြားတခါ ( ၀ါ ) ၅ နှစ်ခြားတခါ သူ့ပုံလေးတွေကို ယှဉ်ကပ်ထားတာပါ။ အဲဒီလို စိတ်ကူးကောင်းလေးကို ကျနော်လည်း သဘောကျမိပါတယ်။

သူ့ပုံတွေကိုကြည့်ပြီး ကိုယ်ငယ်ငယ်တုန်းက ဘယ်လိုရုပ် ၊ ကြီးလာတော့ ဘယ်လိုရုပ်နဲ့ ပြန်ကြည့်မိတိုင်း စိတ်ထဲမှာ ပျော်ရတယ်ကွတဲ့။ ကျနော်လည်း အိမ်က ကျန်ခဲ့တဲ့ စာအုပ်လေးထဲမှာ ငယ်တုန်းက ပုံလေးတွေ ဖြက်ညှပ်ကပ်တောင် ပြန်လုပ်ထားခဲ့တယ်။ အခုတော့ ပါမလာတော့ပါဘူး။ ပြန်မှပဲ ထပ်ကပ်ရတော့မယ်။ ဘောလုံးသမားပုံတွေကိုလည်း တွေ့မိလို့ ပြန်သတိရပြီး ဒီပို့စ်လေး တင်လိုက်မိတာ။ စာဖတ်သူလည်း ကျနော့်စိတ်ကူးလေးကို သတိရရင် ဖြက်ညှပ်ကပ်လုပ်ပြီး စုထားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အမှတ်တရနဲ့ ပျော်စရာဖြစ်ရတယ်။


ကျနော့်အကြိုက်ဆုံး တိုက်စစ်မှုးကြီး ( ရိုနယ်လ်ဒို - ကိုရီသီယန် )


ရော်နယ်လ်ဒင်ဟို ( အေစီမီလန် )



မိုက်ကယ်အိုဝင် ( နယူးကာဆယ် )


ဇီဒန်း ( ရီးရဲလ် - အနားယူ )



မာလ်ဒီနီ ( အေစီမီလန် - အနားယူ )



ကားဆီးလက်စ် ( ရီးရဲလ် )



အိုဝင်ဟားဂရေ့ဗ် ( မန်ချက်စတာ ယူနိက်တက် )


တော့တီ ( ရိုးမား )


ဖာဘရီဂက်စ် ( အာစင်နယ် )


ဒေးဗစ် ဘက်ခမ်း ( အေစီမီလန် )


မက်ဆီ ( ဘာစီလိုနာ )


ဖာနန်ဒို တောရက်စ် ( လီဗာပူးလ် )


အွန်နရီ ( ဘာစီလိုနာ )



ရော်နယ်လ်ဒို ( မန်ချက်စတာယူနိက်တက် )


ရာအူး ( ရီးရဲလ်မက်ဒရစ် )


ဒယ်လ်ပီယာရို ( ဂျူဗင်တပ်စ် )


ဟာနန်ခရက်စပို ( ဂျီနိအာ )


ပီတာဆက်ခ်ျ ( ချဲလ်ဆီး )


ဒေကို ( ချဲလ်ဆီး )


ဖရန့်ခ်လမ်းပတ် ( ချဲလ်ဆီး ) - yes.....My Franky !!!!!!!!!


ဟီး.....ပုံတူဝင်ထုတာ ( မြန်မာ )

Sunday, June 7, 2009



ငါလည်း ထမင်းစားတာပါပဲ
မင်းတို့လို့ ထုနဲ့ထည်နဲ့ ထားစရာ မာနမရှိပေမယ့်
မီးခြစ်ဆံခေါင်းလောက် မာနလေးကို
ဘယ်သူမှ မမြင်အောင် ဖွတ်ထားတာ

လျှောက်ခဲ့ရတဲ့ လမ်းမှာ
အားလုံးကို နားလည်ပေးခဲ့တာကြောင့်
မီးခြစ်ဆံခေါင်းမာနလေးကို ဘယ်တော့မှ ထုတ်မသုံးဖြစ်ခဲ့ဘူး

“ အော်...နာမှ နာတက်ပါ့မလားလို့တဲ့ ”
တချိန်တုန်းက...မင်းင့ါကို အဲဒီလိုပြောဖူးတယ်
မင်းကတော့...ဘာရယ်မဟုတ်
ချစ်လွန်းလို့ ပြောလိုက်တာ....နေမှာပါလို့
( ငါ့စိတ်ထဲ ) အမှတ်မထားခဲ့ဘူး

င့ါမာနတွေကလည်း မင်းရှေ့ရောက်ရင်
ကျောက်စက်ရေတွေလိုပဲ တစ်စက်ချင်း တစ်စက်ချင်း
................အေးစက်
မနက်စောစော နေရောင်လာလို့ ဖယ်ရှားပေးလိုက်ရတဲ့
မြူနှင်းတွေလို့....ပျောက်ဆုံးလို့

မင်းသတင်းတွေ ၊ မင်းအကြောင်းတွေ
တွေးမိရုံနဲ့တင် စိတ်က အလိုလို
ပျော့ညံသွားတက်တာ...ဘာနဲ့မှ ဖြေမရခဲ့ဘူး

င့ါရင်ဘတ်ထဲမှာ မင်းကိုချစ်တဲ့ စိတ်တွေရှိနေသ၍လည်း
ငါဘယ်တော့ မသည်းမကွဲဘူး
( မင်းင့ါကို ချစ်တာ ၊ မချစ်တာတော့ တကဏ္ဍပေါ့လေ )
ဒီလိုပဲ ငါခံယူတယ်

ငါ့ရဲ့ မီးခြစ်ဆံခေါင်းမာနလေးကို
ဒီတသက် မင်းအပေါ် ထုတ်သုံးခွင့် ထာဝရပိတ်ပင်လိုက်ပါတယ်
ဘာလဲဆိုတော့
မီးခြစ်ဆံခေါင်းတော့ မီးခြစ်ဆံခေါင်းပဲ
အဲဒီမာနက အရင်ကတည်းက ယူရေနီယမ်တွေနဲ့
ဖွဲ့တည်ထားတာ

မီးခြစ်ဆံခေါင်လေး ပေါက်သွားရင်
မင်းကိုလည်း ငါမသိတော့ဘူး...ငါ့ကိုငါလည်း မသိတော့ဘူး
ငါ့ကိုငါ မသိတော့မှာထက်..မင်းကို ချစ်ခွင့်မရတော့မှာကို မသိတာ
ငါကြောက်နေခဲ့လို့ပါ.......




Saturday, June 6, 2009



မလိမ်မာလို့ ကဗျာရေးပါတယ်
အမှတ်မရှိလို့လည်း ကဗျာရေးတယ်
အမှန်တရားအတွက် ကဗျာရေးတယ်
မျိုသိပ်မရတဲ့ အတွက် ကဗျာရေးတယ်

ကဗျာရေးမိတယ်....
ကာရံညီအောင် မသုံးတက်လည်း ကဗျာရေးတယ်
စကားလုံး သုံးစွဲမှု ဆင်းရဲလည်း ကဗျာရေးတယ်
လမ်းမပေါ်က အထီးကျန်နီယွန်မီးတွေအတွက် ကဗျာရေးတယ်
ဘယ်ဘက်ရင်အုံအောက်က သစ္စာတရားအတွက် ကဗျာရေးတယ်

ကဗျာတွေ ရေးပါတယ်
ရေးတိုင်းလည်း.....သတ်ပုံတွေက မှားဆဲ
ဘ၀တွေကလည်း ခါးဆဲ

.....ကြာလာတော့
ကဗျာတပုဒ် ရေးပြီးတိုင်း
ဆေးခါးကြီး တခွက်ကို အပြီးမော့ချလိုက်ရသလို
ပျို့တက်ချင်လာတဲ့ စိတ်ကို
အိပ်ရာထဲ ခေါင်းထိုးပြီး ဖျောက်ပစ်တက်ခဲ့

တွေ့ကရာ ခံစားမှုကို ဘော်တယ်ကုလားလို
အကုန်ဝယ်ထည့်တော့
အနာကြီး ရောဂါသည်တွေလို
ရင်ဘတ်ထဲမှာ သွေးမတိတ်သေးတဲ့ ဒဏ်ရာတွေ ၊
အကင်းမသေသေးတဲ့ အမာရွက်တွေနဲ့ ပြည့်လို့

ဒါပေမယ့်
( ဘယ်သူမှ မသိကြပါဘူး.....
ကဗျာဆရာတွေရဲ့ သစ္စာကြီးမားမှုအကြောင်း )



Friday, June 5, 2009




မင်း မရှိရင်
ငါ့ အတွက်၊ ဘာမှ မရှိတော့ဘူး
အမောဖောက်ခဲ့တဲ့
အောင့်သက်သက် နေ့ရက်တွေမှာ
မင်းသာ...ငါ့ရဲ့ အသက်ရှုရာ

ကြမ်းတမ်းခဲ့တဲ့
ခက်ထန်စရာ ရာသီဆိုးထဲမှာ
မင်းသာ...င့ါရဲ့ လဲလျောင်းရာ

လှိုင်းထန်ခဲ့တဲ့
ထိတ်လန့်စရာ မုန်တိုင်းများကြားမှာ
မင်းသာ...ငါ့ရဲ့ ကယ်တင်ရာ

မွန်းကျပ်ခဲ့တဲ့
ရင်နင့်စရာ နေ့ညများစွာမှာ
မင်းသာ...ငါ့ရဲ့ ရင်ဖွင့်ရာ

မင်း မရှိရင် .. အသက်ရှုမ၀ဘူး
မင်း မရှိရင် .. လဲလျောင်းရာ နေရာမရှိဘူး
မင်းမရှိရင် .. ကယ်တင်မယ့်သူ မရှိဘူး
မင်း မရှိရင် .. စကားပြောဖော် မရှိဘူး
မင်း မရှိရင် .....

ငါ့မှာ.....ဘာမှ မရှိတော့ဘူး

( မောင်လှမျိုး )

Thursday, June 4, 2009





ခြေကျင်းလေး တစ်ခုပါ
မြင်ကတည်းက သတိထားခဲ့မိတဲ့
ခြေကျင်းလေး တခု.....
သူမရဲ့ ဘယ်ဘက်ခြေကျင်းဝတ်လေးနားမှာ
အမြဲတမ်း နေရာယူထားတယ်

ရွှေကြိုးပါးပါး မြှင်မြှင်လေးတွေနဲ့
အသည်းပုံတွယ်ချိတ်လေးတွေလား ၊ ဆွဲသီးသေးသေးလေးတွေလား
အဲဒီ ခြေကျင်းလေးမှာ ကပိုကရိုနဲ့

ခြေကျင်းလေးလား...လှပါတယ်
အထူးသဖြင့်...သူမခြေထောက်တွေနဲ့
ခြေကျင်းလေးက သိပ်လိုက်ဖက်တယ်

နားမဆင်ဘူးပေမယ့်
သူမလမ်းလျှောက်တဲ့အခါ...ခြေကျင်းခတ်သံလေးက တချွင်ချွင်နဲ့
ရင်ထဲမှာ မြည်လို့

အခုတော့
စတွေ့ကတည်းက ဘယ်ဘက်မှာ အမြဲနေရာယူတက်တဲ့
ခြေကျင်းလေးကို....ညာဘက်ကို ပြောင်းလဲပြီး
သူမ ၀တ်ဆင်သွားခဲ့ပြီ
ဘယ်တော့မှ မမေ့ပါဘူး......ဘယ်တော့မှလည်း မေ့မရခဲ့ဘူး


ခြေကျင်းလေးရယ်....
သခင့်ရင်အလိုကျအတိုင်းပေါ့

သူမ ပျော်ရွှင်နေဖို့ပဲ အရေးကြီးပါတယ်
စိတ်ပါတဲ့အခါ တပ်ထားလိုက် ၊ စိတ်မပါတဲ့ အခါ ဖြုတ်ထားလိုက်နဲ့
ဘယ်ကနေ ညာကိုပြောင်း ၊ ညာကနေ ဘယ်ကိုပြောင်းနဲ့
ငါတို့ဘ၀တွေက အသုံးတော်ခံပစ္စည်းမျှသာ....


Wednesday, June 3, 2009


ဟန်ဆောင်တက်တဲ့
လူယဉ်ကျေးတွေကို ......မုန်းတယ်

အကူအညီပေးသလိုလိုနဲ့
အခွင့်အရေး ယူတက်တဲ့ လူတန်းစားတွေကို....မုန်းတယ်

ကိုယ်ဘက်ပဲ ကိုယ်ယက်တဲ့
လိပ်လို လူစားတန်းတွေကို....မုန်းတယ်

စည်းစိမ်ယစ်မှုး...ပါဝါမြူးနေတဲ့
လူတန်းစားတွေကိုလည်း.....မုန်းတယ်

မညီမျှတဲ့ လောကမှာ
လူဖြစ်လာရတာကိုလည်း......မုန်းတယ်

သစ္စာတရားကို တန်ဖိုးထားသလိုနဲ့
မုသားနဲ့ ရောထားတဲ့ အရာအားလုံးကိုလည်း....မုန်းတယ်

ဘ၀ပေး အခြေအနေရ
လုပ်ဖြစ်သွားတာပါဆိုတဲ့....သူတွေကိုလည်း မုန်းတယ်

နောက်ဆုံး......
မတူညီမှုတွေ ပေါများမှန်းသိပေမယ့်
အတင်း လိုက်ညှိတက်တဲ့....ကျနော့်စိတ်ကိုလည်း
ကျနော်......မုန်းတယ်



( မုန်းတယ် * ယောင်္ကျားကြီး တန်မဲ့ စာရေးတာ မုန်းတယ်လို့ ထည့်ရွတ်မိတော့
စိတ်ထဲတော့ ဘ၀င်မကျမိပါဘူး။ မုန်းတယ် * မဟုတ်ဘဲ သတ်ချင်တယ် * ဆိုရင်တော့
း) ပိုဆိုးကုန်မှာဆိုးလို့ပါ )


Tuesday, June 2, 2009



အခုတလော နားထောင်ဖြစ်တဲ့ သီချင်းလေးပါ။ ဘာရယ်လို့တော့ မဟုတ်ဘူး။ ဂစ်တာသံ တချက်ချင်း ခက်သွားတာလေးနဲ့ ဇော်ဝင်းထွဋ္ဋ်အသံ အက်ရှရှလေးကိုက လိုက်ဖက်သွားတာကြောင့် ဘယ်သူတွေများ နားထောင်ချင်မလဲ ဆိုပြီး တင်လိုက်တာပါ။


ကလေးလေး တစ်ယောက်လိုတော့ ဘယ်ဖြူစင်မှာလဲ
လောက လမ်းမများ စမ်းတ၀ါးဝါးဝဲလည်
အိမ်မက်တို့ ရှည်လျား မောပန်းလို့ နွမ်းနွယ်
ခရီးတော့ မဆုံးခင်အထိ ငါဟာ.......မှားယွင်းရဦးမယ်

ဆုံးဖြက်ချက်တွေနဲ့ ယုံကြည်ခိုင်မာဆဲ
ငါ့အတွက် နားခိုမယ့် အရူးအမူးတမ်းတဆဲ
အေးချမ်းတဲ့ အိမ်လေး တစ်နေ့တော့ တွေ့ရမယ်
အလင်းတန်း မရောက်ခင်အထိ ငါဟာ.......မှားယွင်းရဦးမယ်

( မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
ငါဟာ....မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
အဝေးဆုံးသော အချိန်အထိ ငါဟာ...မှားယွင်းရဦးမယ်

မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
ငါဟာ....မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
ခရီးလမ်း မဆုံးခင်အထိ ငါဟာ...မှားယွင်းရဦးမယ်

မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
ငါဟာ....မှားယွင်းရဦးမယ်...ယုံကြည်စွာ မှားယွင်းခွင့်ရှိတယ်
အလင်းတန်း မရောက်ခင်အထိ ငါဟာ...မှားယွင်းရဦးမယ် )


( Download )