7 years ago
Wednesday, July 9, 2008
မြန်မာ့ စာပေလောကတွင်ရော ၊ ကမ္ဘာစာပေ လောကတွင်ပါ စာရေးသားရာ၌ ပုံစံအမျိုးမျိုး ရေးသားကြသည်။ ဆောင်းပါး ၊ ၀တ္တုတို ၊ ၀တ္တုရှည် ၊ အခန်းဆက် စသည်ဖြင့် အမျိုးမျိုး ရေးသားရာတွင် ကျွန်တော်၏ အကြိုက်ဆုံး နှင့် ခံစားမှု အပေးစွမ်းနိင်ဆုံး ၊ ထိထိမိမိ အရှိဆုံးမှာ ၀တ္တုတို ဖြစ်ပါသည်။ ၀တ္တုတို ဆိုသည့်အတိုင်း တိုတိုနှင့် လိုရင်းကို ခံစားသူ ရင်ထဲ ရောက်သွားစေရန် အထိမိဆုံး စကားလုံးများ ကိုသုံးစွဲနိင်ဖို့ အရေးကြီးကြောင်း ထင်မြင်မိပါသည်။ ၀တ္တုတို တပုဒ်ကို လေ့လာကြည့်ရာတွင် အလွန်ဆုံး စာမျက်နှာ ငါးမျက်နှာ လောက်သာပါဝင်သည်။ သို့သော် ထိုဝတ္တုတိုရေးသော စာရေးဆရာများသည် ခဏလေး အတွင်းမှာပင် စာဖတ်သူကို ဆွဲဆောင်သွားနိင်သည်။
များသော အားဖြင့် ၀တ္တုတိုရေးသော အကြောင်းအရာသည် ဘ၀ဇာတ်ခုံပေါ်တွင် ကပြနေသော ဆင်းရဲသား မိသားစုတို့၏ ပြဿနာများ ကိုဦးစားပေး ဖော်ပြလေ့ရှိကြသည်ဟု ထင်မြင်မိသည်။ ဒါမှ မဟုတ် အတွေးတစ်စုံတခုကို ဖော်ပြလို၍ လှည့်ကွက်လို သဘောထားကာ ရေးကြသည်။ မည်သို့ပင် ဖြစ်စေ ၀တ္တုတိုဇာတ်လမ်းများသည် ဖတ်ရှု့ရာ၍ အချိန်မကုန်ခြင်း ၊ ဆွဲဆောင်မှု့ရှိခြင်း ၊ ဇာတ်ကောင်နည်းပါးစွာ ပါဝင်လာသော်လည်း ထိထိမိမိ ရေးသားနိင်ခြင်းကြောင့် ၀တ္တုတိုရေးခြင်းကို ကျွန်တော် ကြိုက်နှစ်သက်ပါသည်။
သို့သော် မည်သူကိစ္စမဆို ကြာကြာလုပ်လျှင် ရိုးသွားတက်သကဲ့သို့ ၀တ္တုတိုတွင် အားနည်းချက်မှာ ၀တ္တုရှည်ကဲ့သို တပုဒ်ပြီးသည်နှင့် စဉ်းစားခန်း ၀င်နေစရာ မရှိအောင် အချိန်မရှိပါဟု ထင်မြင်မိသည်။ ၀တ္တုတို ထုတ်သူများသည် တစ်အုပ်ထဲ ဘယ်တော့မှ မထုတ်ကြသောကြောင့် စုစည်းမှုများဖြင့်လာသော အခါ ၀တ္တုတိုဖတ်သူသည် တပုဒ်ပြီး တပုဒ်ဆက်တိုက်ဖတ်ရသောကြောင့် ပျင်းရိသွားနိင်ပါသည်။

Labels: ကျွန်တော်၏...အတွေးများ
Tuesday, July 8, 2008
တီထွင် ဆန်းသစ်ခြင်း ဆိုသည်မှာ ကောင်းသော အလုပ်တစ်ခုဖြစ်သည်။ သို့သော် အခြေခံမပါသော တီထွင်ဆန်းသစ်မှုသည် မည်သည့်အခါမှ ပြီးပြည့်စုံနိင်ခြင်း ရှိမည်မဟုတ်။ ဥပမာ - မြန်မာစာပေရဲ့ အခြေခံဟာ ဗျည်းသုံးဆယ့်သုံးလုံး ကစပါသည်။ တဖြည်းဖြည်းနှင့် လူတို့သည် စကားပြောဟန် ၊ စာပေအရေးအသား ဆန်းသစ်ခြင်းများ ရှိလာသော်လည်း အခြေခံကြသော် ထို သုံးဆယ့်သုံးလုံးကို မပါဝင်ဘဲ မရေးနိင်သကဲ့သို့ ၊ အင်္ဂလိပ်စာပေတွင်လည်း A .B.C.D စသည့် အခြေခံ အက္ခရာများ မပါဝင်ဘဲနှင့် အီဒီယန်များ ဘယ်လောက် ခေတ်စား ခေတ်စား လာသော်လည်း ရေးသားနိင်မည် မဟုတ်ပေ။
ရူပဗေဒ ပညာရပ်တွင်လည်း စက်၏ အခြေခံများဖြစ်သော ၀က်အူ ၊ ခွေးသွားစိပ် ၊ ဘီး ၊ သပ်တို့ မပါဝင်ဘဲ ယနေ့ခေတ်တွင် အင်္ဂါဂြိုလ်ပေါ်သို့ သွားနေသော ယာဉ် ၊ ကွန်ပျူတာ က အစ ထိုပစ္စည်းများ မပါဝင်ဘဲ တည်ဆောက်နိင်ခြင်း မရှိ။
ဆိုလိုချင်သည်မှာ ဘယ်တီထွင်မှု၌ မဆို အခြေခံကို ပစ်ပယ်လို့ မရသလို ၊ မြန်မာ့ယဉ်ကျေးမှုရဲ့ အခြေခံဟာ ရိုးရာ အစဉ်အလာ ဓလေ့ထုံးစံများ ဖြစ်သည်။ ကျွန်တော်တို့သည် ခေတ်အလျောက် နေထိုင်ပုံများ ၊ ၀တ်စားဆင်ယဉ်မှုများ ၊ ဆံပင်ပုံစံများ ပြောင်းလဲလာခဲ့ကြသည်။ ခေတ်စကားအရ တီထွင်ဆန်းသစ် လာကြသည်။ မော်ဒန် ဆန်လာကြသည်။ သို့သော် ရိုးရာ ဓလေ့များကို လိုက်နာကြရမည်။ လူငယ်ပီပီ ဘောင်းဘီရှည်ဝတ် တောင်အော် မြှောက်အော် အော်ဟစ်နိင်သည်။ ဒါပေမယ့် လူကြီးသူမများ ၊ ဆရာသမားများ အရှေ့က ဖြက်အလျှောက်တွင် ခေါင်းငုံသွားရမည်။
ကျွန်တော်တို့သည် တမလွန်လို့ ခေါ်သော နောင်ဘ၀ကို ယုံကြည်ချင်မှ ယုံကြည်ကြမည်။ သို့သော်...ကျွန်တော် တို့သည် ကုသိုလ်ကောင်းမှု့ ပြုကြရမည်။ နေ့စဉ်နေ့တိုင်း ဘုရားရှစ်ခိုးချင်မှ ရှစ်ခိုးမည်။ သို့သော် မင်္ဂလာတရားတော်ကို အမြဲတမ်း ကျင့်သုံးကြရမည်။
ထိုကြောင့် ၀တ်စားဆင်ယင်ပုံ ၊ စကားပြောဆိုမှု အသုံးအနှုန်း ဘယ်လိုပဲ ပြောင်းပြောင်း ၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံရဲ့ အနှစ်သာရကို မပစ်ပယ်ကြဘူးဆိုလျှင်ဖြင့် ကျွန်တော်တို့၏ မြန်မာ့ယဉ်ကျေးမှုသည် မပြောင်းလဲ မပျက်စီးဘဲ အစဉ်တည်တံနေလိမ့်မည် ဖြစ်ပါသည်။

Monday, July 7, 2008
မီးကမလာ မိုးကရွာ
အိမ်ပြင်ထွက်ခိုက်...ခွေးကိုက်လိုက်
လမ်းဖြက်ကူးခိုက်...ကားလည်းတိုက်
ချစ်သူကမုန်း....ဖဲကရှုံး
နှစ်လုံးလည်းကွဲ...ချဲလည်းမွဲ
ဘောပွဲလည်းရှုံး....အိမ်လည်းဆုံး
အလုပ်လည်းပြုတ်...ကျောင်းလည်ထုတ်
ခလုတ်တိုက်လဲ...နဖူးကွဲ
ချေးပုံတက်နင်း....ဆုံးရှုံးခြင်း
သြော်...ဘ၀ ဘဝ
Labels: ဟာသ
ကဲ.....မကြာမီ အချိန်အတွင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးက ဘောလုံးဝါသနာရှင်များ စိတ်ဝင်တစား ၊ စောင့်မျှော်ရင်း ရင်ခုန် ကြည့်ရှု့ ချင်နေကြတဲ့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကြီး လာတော့မှာ ဖြစ်သလို www.premierleague.com ကနေပြီးတော့ ပြုလုပ်ပေးနေကြဖြစ်တဲ့ ကိုယ့်ရဲ့ ဘောလုံးအသိအမြင် တွေကို ဆန်းစစ်ပေးဖို့ အတွက် အပျော်သဘော ပြုလုပ်ပေးထားတဲ့ www.fantasy.premierleague.com ကဏ္ဍဟာ ပြန်လည်အသက်ဝင်လို့လာပါပြီ။ ဒါကြောင့် အကယ်၍ ၀ါသနာပါတယ် ဆိုလျှင်တော့ အမြန်ဆုံးသာ အကောင့်ဖောက်စေချင်ပါတယ်။ အသေးစိတ် အချက်အလက်ကို ကျွန်တော်တင်ထားခဲ့တဲ့ ဒီမှာ မြန်မာလို ဖတ်ရှုနိင်ပါသည်။ ကျွန်တော်ကတော့ အလုပ်ကြီး အကိုင်ကြီး အပျော်ဆော့လိုက်ပါဦးမယ်။
Labels: ကြေငြာချက်များ
နှောင်တွယ်ရစ်ငင်....သံယောဇဉ်ကို
မအိုမဟောင်း...ဘ၀ပြောင်းထိ
ငြိစွဲမြဲခိုင်.....ပိုင်ဆိုင်ချင်ကြောင်း
စိတ်မှာရည်စူး....လက်စုံဖူးကာ
မြတ်ဘုရားထံ...တောင်းဆုပန်၍
ပြုသည့်ကုသိုလ်....အဖို့ဖို့ကို
ပေးဝေမျှရင်း...ညတိုင်းဆုတောင်း
ချည်နှောင်ခဲ့သည်......

Labels: ကဗျာ
Thursday, July 3, 2008
စိုးရိမ်စရာဆိုလို့ မင်းဘ၀အတွက်
ငါ့မှာ နှစ်ခုပဲ ရှိပါတယ်
ဖျားနေမလား ၊ နေကောင်းရဲ့လား တဲ့
တကယ်လို့
နေကောင်းနေမယ် ဆိုရင်တော့
ဒါဟာ ငါ့အတွက် စိုးရိမ်စရာ မဟုတ်တော့ပါဘူး
ဒါပေမယ့်
ဖျားနာ နေမယ်ဆိုရင်တော့
ငါ့မှာ မင်းအတွက် နောက်ထပ် နှစ်ခုတိုးလာလိမ့်မယ်
မင်းဆေးသောက်လိုက်လို့ ပြန်လည်ကျန်းမာလာမလား ၊ သေဆုံးသွားမလား တဲ့
တကယ်လို့
ဆေးသောက်လို့ ပြန်လည် ကျန်းမာလာရင်တော့
ဒါဟာ ငါ့အတွက် စိုးရိမ်စရာ မဟုတ်တော့ပါဘူး
ဒါပေမယ့်
သေဆုံးသွားမယ် ဆိုရင်တော့
ငါ့မှာ မင်းအတွက် နောက်ထပ် နှစ်ခုတိုးလာလိမ့်မယ်
သေးဆုံးသွားတဲ့ အခါ
ကောင်းကင်ဘုံ ရောက်မလား ၊ ငရဲပြည်ရောက်မလား တဲ့
တကယ်လို့
ကောင်းကင်ဘုံ ရောက်မယ်ဆိုရင်တော့
ဒါဟာ င့ါအတွက် စိုးရိမ်စရာ မဟုတ်တော့ပါဘူး.......

Sunday, June 29, 2008
ခွင့်မပန်ဘဲ ပစ်မသွားနဲ့ အချစ်ရယ်
ကိုယ်
ညလုံးပေါက် စောင့်ကြည့်ခဲ့တယ်။
ခုတော့
ကိုယ့်မျက်လုံးတွေ
အိပ်ချင်စိတ်နဲ့ လေးလှပြီကွယ့်
ကိုယ်အိပ်နေတုန်း
မင်းကို ဆုံးရှုံးသွားမှာ စိုးလှတယ်။
ခွင့်မပန်ဘဲ
ပစ်မသွားပါနဲ့ အချစ်ရယ်
ကိုယ် ထထိုင်ပြီး
မင်းကို လက်နဲ့စမ်းတယ်။
“ အိမ်မက်များလား” လို့
ကိုယ့်ကိုယ်ကို မေးမိပြန်တယ်
မင်း ခြေအစုံကို
ရင်ခွင်မှာ
တင်းတင်း ပွေ့ထားနိင်ချင်စမ်းလှတယ်
ကိုယ့်ကို
ခွင့်မပန်ပဲ
ပစ်မသွားပါနဲ့ အချစ်ရယ်....။ ။
Labels: ရာဘန္ဒြာနတ်(သ်)တဂိုး
Thursday, June 26, 2008
- အချိန်တိုင်း စိတ်ချမ်းသာချင်ရင် အချိန်တိုင်း “ ငါ့ ” ကို မချစ်မိအောင် ကြိုးစားရမှာပါပဲ
- “ ငါ့ပစ္စည်း ၊ ငါ့လူ ဆိုတဲ့ ငါ့ အစွဲ ကင်းရှင်းနေတာဟာ ငါ့ကို မချစ်တာပါပဲ
- ငါ့ကို မချစ်တဲ့ သူမှသာ စိတ်ချမ်းသာမှု အစစ်ကို ရရှိနိင်ပါသည်။
ထိုကြောင့် ငါ စိတ်ချမ်းသာ ချင်ရင် “ ငါ့ ” ကို မချစ်ပါနဲ့။
နေရာတကာမှာ င့ါအယူအဆမှ အမှန် ငါ့ဆန္ဒမှ အမှန်ဆိုတဲ့ စိတ်မျိုး ရှိနေရင် အဲဒီလူဟာ ဘယ်တော့မှ စိတ်ချမ်းသာမှု မရနိင်ပါဘူး။ အမြဲ စိတ်ဆင်းရဲ နေရမှာပါ။
ဘယ်သူနဲ့မှလည်း သဟဇာတ မဖြစ်တဲ့ အတွက် နောက်ဆုံးမှာ
ပတ်ဝန်းကျင်ရဲ့ အပစ်ပယ်ခံရပြီး အထီးကျန်ဝေဒနာကို အကျည်းတန်စွာ ခံစားရင်း
ခြောက်ခြောက် သွေ့သွေ့နဲ့ ဘ၀နိဂုံး ချုပ်ရတက်ပါသည်။
ဆရာတော် ရှင်ဆန္ဒဓိက

Labels: ကောက်နုတ်ချက်များ
Tuesday, June 24, 2008
ဒီနေ့ခေတ်ကြီးမှာ.....
- ဆင်းရဲသားတွေက ၀က်မွေးတယ်
- လူကုံထံတွေက ခွေးမွေးတယ်
- ဆင်းရဲသားတွေက အိမ်မှာ ဟင်းသီးဟင်းရွက်စားတယ်
- လူကုံထံတွေက ဟိုတယ်မှာ ဟင်းသီးဟင်းရွက် စားတယ်
- ဆင်းရဲသားတွေက လမ်းပေါ်မှာ စက်ဘီး စီးတယ်
- လူကုံထံတွေက ဧည့်ခန်းမှာ စက်ဘီး စီးတယ်
- ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်
- ချမ်းသာတော့ လင်မယား ကွဲချင်တယ်
- ဆင်းရဲတုန်း မယားက အတွင်းရေးမှုး တာဝန် ယူရတယ်
- ချမ်းသာတော့ အတွင်းရေးမှုးက မယားတာဝန်ပါ တွဲယူရတယ်
- ဆင်းရဲတုန်း ချမ်းသာချင်ယောင် ဆောင်တယ်
- ချမ်းသာတော့ ဆင်းရဲချင်ယောင် ဆောင်တယ်
- ဆင်းရဲသားတွေ အသားစားတယ်
- လူကုံထံတွေက ပုဇွန်စားတယ်
- ခွေးတွေက အင်္ကျီဝတ်ကုန်ပြီး ၊ လူတွေက ပေါ်နိင်သမျှ ပေါ်အောင် ချွတ်ကြပါသည်တဲ့
ဖိုရမ်တခုမှာ တွေ့လိုက်တာလေးပါ....
Labels: ကောက်နုတ်ချက်များ
“ When you are feeling depressed , your thoughts are dominated by a pervasive negativity ”
“ စိတ်ဓတ်ကျနေတဲ့ အခါ ကိုယ့်အတွေးတွေက အရာရာတိုင်းကို အဆိုးမြင်တဲ့ အတွေးတွေ ဖြစ်နေတယ် ၊ အရာရာတိုင်းကို အဆိုးမြင်တဲ့ ရှုထောင့်က ကိုယ့်အတွေးတွေကို လွှမ်းမိုးနေပါတယ် ”
စိတ်ဓတ်ကျဆင်း နေသူသည် ကိုယ့်ကိုယ်ကို အဆိုးမြင်ရုံတင် မကဘူး ၊ တလောက လုံးကို မျက်မှန်နက်တပ်ပြီး ကြည့်လိုက်ရသလိုပဲ မဲမဲမှောင်မှောင်နဲ့ စိတ်ပျက်စရာ ကောင်းတဲ့အနေနဲ့ မြင်တက်ပါသည်။ ဒီထက် ပိုဆိုးသည်က ဘာလဲဆိုတော့ - ကိုယ်က ဆိုးသည်ဟု ယူဆထားသည့် အခြေအနေဟာ တကယ်ပဲ ကိုယ်ထင်သလောက် ဆိုးတယ်လို့ ယုံသွားတာပါပဲ။ ထို့ကြောင့် -
လို့ လက်ခံနိင်တဲ့ စိတ်ကို မွေးသင့်ပါသည်။ စိတ်ဓတ်ကျနေတဲ့အခါ တစ်ယောက်ထဲ ကြိတ်ပြီးတော့ မနေသင့်ပါဘူး။ တစ်ယောက်တည်း ကြိတ်ပြီး တွေးလေလေ ပိုဆိုးလေလေပါပဲ။ ကိုယ်နဲ့ ပတ်သက်တဲ့ အရင်းနှီးဆုံး မိဘ ၊ မောင်နှမ ၊ ဆွေးမျိုး ၊ မိတ်ဆွေ ဆီမှာ ကိုယ့်ခံစားချက်ကို ပြောပြ တိုင်ပင်သင့်ပါတယ်။
နောက်ဆုံးအနေဖြင့် -
-ငါ့ကိုယ်ငါ လေးစားမှု ရှိနေသေးသ၍ သူများ ဘယ်လိုထင်တယ် ဆိုတာကို ကြောင့်ကျစိတ်ပူနေဖို့ မလိုအပ်ပါဘူး
-တကယ်ကြီးကျယ်တဲ့ ၊ ထိရောက်တဲ့ ၊ ကိုယ့်အတွက် စိတ်ကျေနပ်မှု အများဆုံးရတဲ့ အလုပ် ၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံး ထုတ်ပြီး သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးဖို့ မသင့်ပါဘူး
-ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိင်ဘူး
-ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘ၀ကို ရောင်းစားနေတာနဲ့ တူတယ် ၊ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့ အကောင်းဆုံး စိတ်ထားနဲ့ အရည်အချင်းကို ဖော်ပြနိင်ရမယ် ။
မှတ်ချက် - ဆရာတော် ဦးဇောတိက၏ ( စိတ်နှလုံး ရွှင်လန်းစေဖို့ စာအုပ်ပါ အချက်များ ) နှင့် ကျွန်တော်၏ အတွေးတစ်ချို့
“ အခြေအနေတွေဟာ တကယ်တော့ ငါထင်သလောက် မဆိုးဘူး ၊ ငါက တကယ်ဆိုးတာထက် ပိုပြီး ဆိုးတယ်လို့ မြင်တက်တဲ့ အကျင့်ရှိတယ် ။ ပြီးတော့လည်း တက်နိင်သလောက် ကြိုးစားရင် ကောင်းလာမှာပါ ”
လို့ လက်ခံနိင်တဲ့ စိတ်ကို မွေးသင့်ပါသည်။ စိတ်ဓတ်ကျနေတဲ့အခါ တစ်ယောက်ထဲ ကြိတ်ပြီးတော့ မနေသင့်ပါဘူး။ တစ်ယောက်တည်း ကြိတ်ပြီး တွေးလေလေ ပိုဆိုးလေလေပါပဲ။ ကိုယ်နဲ့ ပတ်သက်တဲ့ အရင်းနှီးဆုံး မိဘ ၊ မောင်နှမ ၊ ဆွေးမျိုး ၊ မိတ်ဆွေ ဆီမှာ ကိုယ့်ခံစားချက်ကို ပြောပြ တိုင်ပင်သင့်ပါတယ်။
နောက်ဆုံးအနေဖြင့် -
-ငါ့ကိုယ်ငါ လေးစားမှု ရှိနေသေးသ၍ သူများ ဘယ်လိုထင်တယ် ဆိုတာကို ကြောင့်ကျစိတ်ပူနေဖို့ မလိုအပ်ပါဘူး
-တကယ်ကြီးကျယ်တဲ့ ၊ ထိရောက်တဲ့ ၊ ကိုယ့်အတွက် စိတ်ကျေနပ်မှု အများဆုံးရတဲ့ အလုပ် ၊ ကိုယ့်အရည်အချင်းတွေလည်း အများဆုံး ထုတ်ပြီး သုံးရတဲ့ အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးဖို့ မသင့်ပါဘူး
-ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိင်တဲ့သူဟာ သူများကို စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိင်ဘူး
-ငွေကလွဲလို့ တခြားဘာမှ မရတဲ့အလုပ်ကို လုပ်တာဟာ ဘ၀ကို ရောင်းစားနေတာနဲ့ တူတယ် ၊ ကိုယ့်အလုပ်ဟာ ကိုယ့်ရဲ့ အကောင်းဆုံး စိတ်ထားနဲ့ အရည်အချင်းကို ဖော်ပြနိင်ရမယ် ။
မှတ်ချက် - ဆရာတော် ဦးဇောတိက၏ ( စိတ်နှလုံး ရွှင်လန်းစေဖို့ စာအုပ်ပါ အချက်များ ) နှင့် ကျွန်တော်၏ အတွေးတစ်ချို့
Labels: ကျွန်တော်၏...အတွေးများ
Subscribe to:
Posts (Atom)