Saturday, June 21, 2008

စိတ်ဓတ်ကျခြင်း


ကျွန်တော်တို့၏ ယနေ့ခေတ် ကမ္ဘာအချိန်အခါသည် ခေတ်မှီတိုးတက် လာသည်နှင့်အမျှ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ စားဝတ်နေရေး အစရှိသည့် နယ်ပယ် ကဏ္ဍအသီးသီးတွင် ရုန်းကန်လှုပ်ရှားနေသော လူတို့၏ စိတ်အခြေအနေမှာလည်း စိတ်ဖိစီးမှုများ များများ ခံစားလာခဲ့ရသည်။ သေဆုံးခြင်း ၊ ကျရှုံးခြင်း ၊ လွဲမှားခြင်း ၊ ဆုံးရှုံးခြင်း များကြောင့် မိမိကိုယ်ကို ယုံကြည်မှု့ နည်းပါးလာကာ ဘ၀အဓိပါယ် မရှိတော့ဘူးဟု ခံယူလာ တက်ကြပါသည်။ ထိုဖြစ်စဉ်ကို စိတ်ဓတ်ကျ ခြင်းဟု မှတ်ယူကြည့်ကြပါဆို့။

စိတ်ဓတ် တက်လိုက်ကျလိုက် ဖြစ်တက်တာ သဘာဝပါပဲ ၊ လူတိုင်း ကြုံရတက်သည်။ သိပ်ကြာကြာ စိတ်ဓတ်မကျလျှင် ( အနည်းငယ် စိတ်ဓတ်ကျ ) ထိုသူသည် နေ့စဉ် လုပ်ရမည့် ကိစ္စတွေ အားလုံးကို ပုံမှန် လုပ်သွားနိင်ပါသည်။ သို့သော် သူ့တွင် စိတ်ချမ်းသာလိုက်တာ ၊ ပျော်လိုက်တာ ၊ ကျေနပ်လိုက်တာ ဆိုတာမျိုးကိုတော့ မခံစားနိင်တော့ပါဘူး။

“ Depression is the most agonizing form of suffering ”

စိတ်ဓတ်ကျတယ်ဆိုတာ အခံရခက်ဆုံး စိတ်ဒုက္ခတစ်မျိုးဖြစ်သည်

ထိုခံစားမှုမျိုးကို စိတ်ဓတ်အချိန်တော်တော် ကြာကြာ ကျဖူးသည့် လူတိုင်း သိကြပါလိမ့်မည်။ “ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတာ ” လို့ ဆိုသည့်အတိုင်း စိတ်ဓတ်ကြ၍ မျှော်လင့်ချက် မရှိတော့လျှင် ဘာနဲ့ဆက်လက် အသက်ရှင်နိင်ပါ့မလဲ။ စိတ်ဓတ်ကျနေရင် ဒီလူရဲ့ ကိုယ်အင်အားတွေ ၊ အသိညဏ်အင်အားတွေ ၊ လုပ်ရည်ကိုင်ရည်တွေ အကုန်လုံးဟာ ကျဆင်းသွားတက်ပါသည်။ သူ့ရဲ့ အကောင်းဆုံး အရည်အချင်းတွေ မထွက်နိင်တော့ပါဘူး။ သို့သော် လုပ်နေကျ အလုပ်လောက်တော့ ပုံမှန်လုပ်လို့ ရနိင်ပါသေးသည်။ အောင်မြင်တုန်းက အကြီးအကျယ် အောင်မြင်ခဲ့သူမှာ အကြောင်းတခုခုကြောင့် သူ့အောင်မြင်မှု့ ကျဆင်းသွားသည့် အခါမှာ စိတ်ဓတ်ကျပြီး အားငယ်တက်ပါသည်။

( သူများအပေါ် မှီခိုမှုများတဲ့သူဟာ Depression ဖြစ်တယ် )

ကျော်ကြားမှု ၊ လူကြိုက်များမှုကြောင့် ရတဲ့ အောင်မြင်မှုများသည် သူများအပေါ် မှီခိုနေပါသည်။ “ ငါ့ကို လူတွေ ဘယ်လိုမြင်မလဲ ၊ ငါ့ကို လူတွေ အထင်ကြီးရဲ့လား ၊ ငါ့ပြောတာ ငါလုပ်တာ ၊ ငါဆိုတာ ” တွေးနေတဲ့ သူတွေအတွက် စိတ်ဓတ်ကျခြင်း ဖြစ်ဖို့ ပိုများသည်။

ထိုကြောင့် ဘယ်အရာမဆို “ ငါ တက်နိင်သလောက် ကောင်းအောင် လုပ်ပြီးပြီ ၊ သူတို့ ကြိုက်တာ ၊ မကြိုက်တာ သူတို့နဲ့ပဲ ဆိုင်တယ် ၊ ဒါသူတို့ ဘဘောပဲ ၊ သူတို့ ကြိုက်သလို ဆုံးဖြက် ။ ငါကတော့ ငါ့ဘက်က တက်နိင်တာ လုပ်ပြီးသွားပြီ ၊ သူတို့ နှစ်သက်တယ် ၊ ကျေနပ်တယ် ၊ သူတို့အတွက် အကျိးရှိတယ်ဆိုရင် ” ၀မ်းသာနိင်ပါတယ်။ သူတို့လက်မခံဘူးဆိုရင်လည်း ကိစ္စမရှိဘူး လို့ သဘောထားနိင်ရပါမည်။ ထို့ကြောင့် အောင်မြင်မှု့ ရနေတဲ့သူဟာ သတိထားသင့်ပါသည်။

ယနေ့ခေတ်တွင် စိတ်ဓတ်ကျခြင်း ပိုမိုဖြစ်လာရခြင်း၏ အဓိက အကြောင်းအရင်းမှာ မိမိကိုယ် နားလည်ပေးနိင်သော မိဘ ၊ ဆွေမျိုး ၊ သူငယ်ချင်း ၊ မိတ်ဆွေများ နဲ့ ဝေးကွာ၍ နေထိုင်သော အဖြစ်သည်လည်း တခန်းတကဏ္ဍ ပါဝင်ပါသည်။ ရင်းနှီးတိုင်ပင်စရာ ၊ ဖွင့်ဟ ၀န်ခံစရာ အခြေအနေ မရှိတော့သည့် နောက်ပိုင်းတွင် လူသည် တကိုယ်တည်း ခံစားလာရသည်။ မိမိ၏ အဖြစ်အပျက်ကို ထုတ်ဖော် ပြောဆိုဖို့ ယုံကြည်ရမည့်သူများ အနားမှာ မရှိနိင်သည့် အခါတွင် စိတ်အတွင်း၌ မနာလို ၊ မုန်းတီး ၊ အားငယ်စရာများ ဖြစ်လာ၍ စိတ်ဓတ် တဖြည်းဖြည်း ကျလာနိင်ပါသည်။

စိတ်ဓတ်ကျခြင်း ရောဂါသည် ကမ္ဘာလူထု ကျန်းမာရေး နံပတ် ( ၁ ) ပြဿာနာ ဖြစ်သည်ဟု လေ့လာ သုံးသပ်ကြပါသည်။ ထိုကြောင့် စိတ်ဓတ်ကျ ရောဂါ သက်သာနိင်တဲ့ဆေး ( Antidepresant ) အမျိုးမျိုး ၊ စိတ်ငြိမ်ဆေး ( Tranquilier ) အမျိုးမျိုးကို အမြောက်အများ ထုတ်လုပ်ရောင်းချနေပေမယ့် ရောဂါ ဖြစ်လာသူများ တစ်နေ့တခြား တိုးလာနေပါသည်။

ဆက်ရန် -


Sunday, June 15, 2008

လူမှား

“ ကျောက်ဖျာများ အထက်မှာ...ငါပျိုးကြဲ
ကန္တာရတို့ အလယ်မှာ ထွန်ယက်ခဲ့...... ”

“ မညီမျှတဲ့ လောက အလယ်....
အမှန်ကလည်း မှားနေတယ် ”

“ ရည်ရွယ်တာများ...ဒီမှာအလကား
အံချော်သွားတဲ့ အဖြစ်တွေနဲ့ အတူ ”

“ အချိန်ကာလမှား...နေရာကမှား...ငါဟာ မှားပြီး ရောက်လာတဲ့သူ ”

Download

ဆို - ဇော်ဝင်းထွဋ္ဋ်


Saturday, June 14, 2008

:O :( :cry

အစိုးရမူလတန်းကျောင်း တစ်ခုတွင် သမိုင်းသင်သော ဆရာတစ်ယောက်မှ သင်ခန်းစာ မစမှီ သူ၏ ကလေးငယ်များ ပညာရည် တိုးတက်မှု့ စမ်းသပ်ရန် အတွက် မေးခွန်းတစ်ခု မေးခဲ့ပါသည်။ သူမေးလိုက်တာက

“ မြန်မာနိင်ငံကို လွတ်လပ်ရေး ရအောင် ကယ်တင်ခဲ့သော သူကို မည်သူသိလဲဟု ” မေးရာ

ကျောင်းသားတစ်ယောက်မှ - သီဟတင်စိုး ပါတဲ့။ ဒါနဲ့ ပြီးပြီလားဆိုတော့ မပြီးသေးဘူး။ နောက်တစ်ယောက် ထပြောတယ် - နေထက်လင်း တဲ့ ။ အော်....ဒုက္ခ ဒုက္ခ

Friday, June 13, 2008

တယ်လီဖုန်း


“ တယ်လီဖုန်း”

ချစ်တယ်လို့ ခဏခဏ ပြောဖို့ မနှမြောစမ်းပါနဲ့
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာ “ အလွမ်း ” နဲ့မှ အာသာဖြေလို့ မရဘူး

ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ
( တစ်ယောက်ကို တစ်ယောက် ) နားမလည်တာလည်း
မဟုတ်ဘဲနဲ့

ငါတို့ ဘာဖြစ်လို့ တစ်ယောကို တစ်ယောက်
သံသယ ဖြစ်နေကြတာလဲ
“ ယုံကြည်ပါ ” လို့ ပြောစရာ မလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့သားနဲ့

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကို တစ်ယောက်
ဒေါသတွေ ဖြစ်နေကြတာလဲ
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
“ ကျိုးလွယ် ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ် ”

ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့် အကဲခပ် နေကြပုံမျိုး
ဒါ စစ်တုရင် ထိုးနေတာလည်း မဟုတ်ဘဲနဲ့

မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပါ
ငါ လွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောမယ်

“ ချစ်တယ်” ဆိုတဲ့ စကားလုံးကို မကြာခဏပြောဖို့
မနှမြောစမ်းပါနဲ့
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောဘဲ ဖုန်းကို ပိတ်ထားရင်
ဘာမှ အသုံးမ၀င်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလဲ ....... ။ ။

မင်းခိုက်စိုးစန်



Thursday, June 12, 2008


လက်ချင်း ခိုင်ခိုင်တွဲလို့
မျက်လုံးချင်းက မခွဲနိင်တဲ့ အကြည့်နဲ့
တွယ်ငြိနေကြတယ်....

ဒီလိုနဲ့ပဲ
ကိုယ်တို့ နှလုံးသားမှတ်တမ်း
စခဲ့ကြတယ် ....

ဒီဇင်ဘာရဲ့ ညဥ့်တညဥ့်မှာပေါ့
လေထဲမှာ
ဒန်းပန်းရနံ့တွေ မွှေးပျံနေတယ်
ကိုယ့်တယောကလေးက
မြေကြီးပေါ်မှာ
ဘာသိဘာသာ လျောင်းနေရှာတယ်......

မင့်ပန်းကုံးကလည်း
သီလက်စနဲ့
မင်းနဲ့ကိုယ် နှစ်ဦးသားရဲ့
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်.......

မင်းရဲ့ လိမ္မော်ရောင် ဇာမျက်နှာဖုံးက
ကိုယ့်မျက်လုံးတွေကို
ယစ်ဝေစေတယ်......

မင်းသီပေးတဲ့ စံပယ်ကုံးက
အဆောင်အယောင် တစ်ခုလို
ကိုယ့်ရင်မှာ အလှိုင်းတကြီး ဖြစ်ရတယ်.....

ပေးလိုက် ပြန်ယူလိုက်
ခုထုတ်ပြလိုက် တော်ကြာ ၀ှက်ထားလိုက်
လုပ်တမ်း ကစားကြတယ်......

အပြုံးအရယ်တွေ တချို့
ရှက်သွေးကြွယ်တာလေးတွေ တချို့
နောက် ချိုနွဲ့ပြီး အားမပါတဲ့
အရုန်းအဖယ် တချို့နဲ့လေ........

မင်းနဲ့ကိုယ် နှစ်ဦးသားရဲ့
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်.......

လက်ရှိအနေအထားကို ကျော်ပြီး
အသိခက် လျှို့ဝှက်တာလည်း မရှိဘူး
မဖြစ်နိင်တာကို
အဖြစ်ဖြစ်အောင် လုပ်တာလည်း မရှိဘူး
ကြည်နူးမှုရဲ့ နောက်မှာ
အရိပ်လည်း မထိုးဘူး
အမှောင် ပိန်းပိန်းမှာ
မျက်ရမ်း မှန်းဆ နေစရာလည်း မလိုဘူး.....

မင်းနဲ့ကိုယ် နှစ်ဦးသားရဲ့
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်....

ကိုယ်တို့နှစ်ယောက်ဟာ
ထာဝစဉ် ဆိတ်ငြိမ်ရာမှာ
စကားတွေ
တောင်စဉ် ရေမရ မပြောကြဘူး.....

မျှော်လင့်ချက်ရဲ့
အဆုံးစွန်က အရာတွေကို
တမ်းတမ်းတတ လက်တပြပြလည်း
မလုပ်ဘူး.......

ကိုယ်တို့အပေးနဲ့အရ
မျှတပါတယ်....

အပျော်ကို မဖျက်ဆီးဘူး
အပျော်ထဲကနေ
ဝေဒနာ အရက်ချိုထွက်လာအောင်
အဖုံးကို အတင်းလှည့်ပြီး
သွန်မငှဲ့ခဲ့ကြဘူး.....

မင်းနဲ့ကိုယ် နှစ်ဦးသားကြားမှာ
ဒီအချစ်ဟာ
တေးတပုဒ်လို ရိုးရိုးလေးပါကွယ်.....။ ။
















Saturday, June 7, 2008

မင်းကို ချစ်တယ်

ငါ့နှလုံးသားသည်
လောက ကမ်းစပ်ကို
သူ့လှိုင်းများဖြင့် ပုတ်ခက်ကာ
“ မင်းကို ချစ်တယ် ”
ဆိုသည့် စကားကို ရေးသား၍
မျက်ရည်များဖြင့် လက်မှတ်ထိုးထား၏ ။

တဂိုး

Friday, June 6, 2008

သံယောဇဉ်သမား


နွမ်းခဲ့ရလည်း....နမ်းနိုင်ရက်ပါတယ်

မျက်ရည်မုန်တိုင်းကြားက ချစ်ရသူမင်းကို

အမှောင်တွေအောက်က ဖယ်ထုတ် ဒီလက်မောင်းနှစ်ဖက်အကြား
ကြင်နာနွေးထွေးခြင်းတွေနဲ. ယုယ.....လွှမ်းမိုးအုပ်စိုးထားနိင်ပါတယ်

ခရေဆိုတာမျိုးဟာ နွမ်းနေပေမယ့်
ရနံပြယ်ရိုးမှ မဟုတ်ရတာလို. တိုးတိတ်ညည်းတွားရင်း ပြိုလဲ
အိမ်ပြန်အလာကို ကြိုလင့်...ရင်ဘက်ဟင်းလင်းဖွင့်ကာ ကြိုနေလေသူ...

Wednesday, June 4, 2008







စာမေးပွဲပြီး ကျောင်းသားများ အိပ်နိင်ကြပါစေ.....
လုပ်ငန်းခွင်ရောက် ၀န်ထမ်းများ အိပ်နိင်ကြပါစေ.....
မိဘပြည်သူ အများသူ အိပ်နိင်ကြပါစေ.......

အနမ်းတစ်ရှိုက်စာ


“ လောကသည်
ချစ်သူရှေ့၌
သူ၏ ခမ်းနားကြီးကျယ်မှု
မျက်နှာဖုံးကို လှပ်လိုက်၏ ။

ယင်းသည်
သီချင်းတစ်ပုဒ်စာ
သံသရာ၏ အနမ်းတစ်ရှိုက်စာအထိ
သေးငယ်သွားတော့၏ ”

တဂိုး

Tuesday, June 3, 2008

သီချင်းသည်

သခင့် သီချင်းသည်အဖြစ်
အမှုထမ်းဖို့ တာဝန်
အကျွန့်ပုခုံးပေါ် ကျလာခဲ့ပြီ ။

အကျွန့်သီချင်းတွေထဲ
သခင့် နွေဦးပန်းပွင့်တွေအကြောင်း
......................... ထည့်ဆိုခဲ့

သခင့် သစ်ရွက်ခက်သံတွေမှာ
တေးသွားရှာခဲ့တယ် ။

သခင့် ညဥ့်ရဲ့ ရှက်ရွံမှုနဲ့
သခင့် မနက်ခင်းရဲ့ ငြိမ်းချမ်းမှုမှာ
အကျွန့် တေးဆိုခဲ့တယ် ။
နွေ မိုးဦးရေစက်တွေရဲ့
ပီတိ အဟုန်က
အကျွန့်သံစဉ်တွေနဲ့
ဆောင်းဦးပေါက် ရင့်မှည့်ကောက်နှံတွေရဲ့
ယိမ်းနွဲ့ လှိုင်းအိတွေကြား
ဖြက်သန်းသွားခဲ့တယ် ။

သခင်ရယ်.....
အကျွန့်နှလုံးသည်းပွတ်ကို ခွဲပြီး
အကျွန့်အိမ်ထဲ သခင်ဝင်အလာမှာ
အကျွန့် သီချင်းသံ စဲမသွားပါရစေနဲ့ ။

တေးသံ စဲရမယ့် အစား
........သခင့်ကို
ခရီးဦးကြိုတဲ့ အနေနဲ့
ပေါက်ကွဲ သီဆိုခွင့်သာ ရချင်စမ်းပါရဲ့ ။ ။


တဂိုး