Friday, November 9, 2007
ကြားနေကျ သူ့အသံလေးကို
နားစွင့် မနေတက်အောင် ကြိုးစားခဲ့ပေမယ့်
ကြားခဲ့ဘူးတဲ့ သူ့အသံတွေကိုတော့
နားထဲက ထုတ်ပြစ်လို့ မရခဲ့ပါဘူး.......။
မြင်နေကျ သူ့မျက်ဝန်းလေးတွေကို
လိုက်လံ မရှာဖွေတက်အောင် ကြိုးစားခဲ့ပေမယ့်
မြင်ခဲ့ဘူးတဲ့ မျက်ဝန်းတစ်စုံကိုတော့
အာရုံထဲက ဖြောက်ဖျက်လို့ မရနိင်ခဲ့မိဘူး.......။
မကျက်သေးတဲ့ ဒဏ်ရာဟောင်းတွေကို
ကြိုးစားပြီး ကုသနေ ခဲ့ပေမယ့်
တိုက်ဆိုင်မှုတွေ ကြုံလာတိုင်း
နာကျင်ခဲ့ဘူးတဲ့ နှလုံးသားတစ်ခုမှာ
ဒဏ်ရာသစ်တွေ တိုးလားခဲ့ပြန်တယ်......။
ရင်ထဲက ဝေဒနာတွေကို လျော့ပါးအောင်
ဒီ ကဗျာကို ရေးခဲ့ပေမယ့်
ဒီ ကဗျာတပုဒ်ရဲ့ အဆုံးသတ်မှာ
ငါ့ နှလုံးသား တစ်ခါ ကွဲအက်ခဲ့ပြန်တယ်.....။
Labels: ကဗျာ
Thursday, November 8, 2007
သင့် ကိုယ် သင် မေးပါ....
လူရာဝင်သူ အများလေးစား သိမှတ်ခံရသူ ဖြစ်လို ပါသလား။
သင့် ကိုယ် သင် မေးပါ...
ငါ့မိသားစု ၊ ငါ့အပေါင်းအသင်း ၊ ငါ့အသက်မွေးဝမ်းကျောင်းလုပ်ငန်း ၊
င့ါရပ်ရွာ ၊ ငါ့နိင်ငံ ၊ ငါ့လူမျိုး ၊ ငါ့ကမ္ဘာ အကျိုးအတွက် ဘာတွေလုပ်ဆောင်ရန်
ငါ ရည်ရွယ်ထားသလဲ။
မိမိကိုယ်ကို လေးစားသိမှတ်နိင်သူ တစ်ယောက်ဖြစ်လိုပါသလား.....
သင့် ကိုယ် သင်မေးပါ....
ငါ့ ဘ၀ရဲ့ အဓိက ရည်မှန်းချက်တွေသည် ဘာတွေနည်း ။ လောလောဆယ်
ငါ ဘာတွေ လုပ်နေသနည်း။ ဒီလုပ်ရပ်တွေသည် အဘယ်ဆီသို့ ဦးတည်
နေသနည်း။ ငါ၏ သားသမီးများအား ငါ၏ မြေးမြစ်များက ငါ့အကြောင်း
မေးသည့်အခါ သူတို့က ဘယ်လို ဖြေကြမည်နည်း။ ငါကကော ငါသည်
ဘာကောင်ပဲဟု ဖြေစေချင်သနည်း။
Wednesday, November 7, 2007
တရုတ်သီချင်းလေး နှစ်ပုဒ် တင်ပေးလိုက်ပါတယ်။ နန်းတွင်းခေတ်တုန်းက
သီဆိုတဲ့ အလိုက်လေးအတိုင်းပါပဲ။ နားထောင်လို့တော့ တော်တော်
ကောင်းတယ်။ အွန်လိုင်း ဂိမ်းတစ်ခုက ရတာပါ။ ခပ်ဆွေးဆွေးလေးပေါ့။
ကဲ နားဆင်ကြည့်ပါဦး။
Bgm_quest
Bgm_quest1
အလွမ်းဆိုတာ.....
ရင်ဘတ်ထဲ ဓါးတစ်ချောင်း
မျိုချထားရသလိုပါပဲ.....
ထိပ်ထားရေ....
ငါ့ရဲ့ လွမ်းဆွတ်မှုတွေ အတွက်
မင်း ကို မနာကျင်စေချင်ဘူးကွယ်....။
မတွေ့ကြုံ မဆုံဖြစ်တော့ရင်လည်း
အားလုံးကို စွန့်လွှတ်လိုက်ရလို့
သတိရခြင်းကိုတော့
ငါပိုင်တယ်....။
Labels: ကဗျာ
Monday, November 5, 2007
ချစ်သူ ခင်၏ ပါးပြင်လှလှ
နမ်းခွင့်ရသည်
ညက အိမ်မက်ထဲမှာလေ။
မနက်မှာကြုံ နှစ်ဦးဆုံခိုက်
ပြုံးလိုက်မိစဉ် ချိုရွှင်စကား
သူပြောသွားတယ်....
“ပါးမကျိုးခင် သတိထားတဲ့”
Labels: ကဗျာ
Labels: ကဗျာ
Sunday, November 4, 2007
မြင်တွေ့နိင်ခွင့်....ကြားသိနိင်ခွင့်များ ရှိရင်
နားလည်စေချင်တယ်.....“မ” ရယ်
“မ” အပေါ်ထားတဲ့ ဒီအချစ်
ဘယ်သူနဲ့ ယှဉ်ယှဉ် မယုတ်လျော့ခဲ့ပါဘူး။
ပြောပြနိင်ခွင့်.....တောင်းဆိုနိင်ခွင့်များ ရှိရင်
ဖွင့်ဟ ၀န်ခံလိုက်ချင်တယ်.....“မ” ရယ်
“မ” အပေါ်ထားတဲ့ ဒီသံယောဇဉ်
ဘယ်သူနဲ့ ယှဉ်ယှဉ် အဖိုးမနည်းစေခဲ့ပါဘူး။
ကံကြမ္မာ မျက်နှာသာ မပေးလို့
ခေတ္တ ခဏ.....ဝေးနေကြပေမယ့်
သံယောဇဉ်ဆိုတဲ့ နောင်ကြိုး....မဆုံနိင်မှန်း သိခဲ့ရင်တောင်
ရင်မှာ ဖတ်တွယ် သိမ်းဆည်းထားပါ့မယ်။
မှန်းဆ ကြည်နူးမှု တစ်ခုတည်းကိုပဲ....လက်ကိုင်ထားလို့
သတိရ လွမ်းဆွတ်နေတက်တဲ့....ကောင်လေး ညတွေ
မျက်ရည်နဲ့ မိုးလင်းခဲ့ရတဲ့ ရက်တွေလည်း ရှိခဲ့လေရဲ့။
ဖွင့်ဟ...၀န်ခံပြောတက်မှ အချစ်ပိုမယ်ဆိုရင်
ဆွံအ သွားလောက်အောင် ပြောပြခဲ့ချင်တယ်.....“မ” ရယ်
တကယ်ဆို မမြင်မတွေ့ နိင်ဘဲနဲ့တောင်
ကောင်လေးက အဝေးက တွယ်တာ ခဲ့ရတဲ့ သူမဟုတ်လား။
အိမ်မက်တွေ ရှင်သန်....မနက်ခင်းတိုင်းရဲ့ နိးထခြင်းမှာ
မျော်လင့်ခြင်းတွေ အသက်ဝင်လို့
ပြန်ဆုံနိင်မဲ့ နေ့ရက်တွေ အတွက်
ယုံကြည်စွာ စောင့်နေခဲ့ဦးမယ်.......“မ” ရယ်။
Labels: ကဗျာ
Saturday, November 3, 2007
“ပိယေဟိ ၀ိပယောဂေါ ဒုက္ခော ”
ချစ်နှစ်လိုအပ်သော သတ္တ၀ါင်္သါရ တို့နှင့် ကွေကွင်းကင်းကွာ
ရှောင်ဖယ်ဖဲကြဉ် မပေါင်းယှဉ်ရခြင်းသည် ဆင်းရဲခြင်း မည်၏။
Friday, November 2, 2007
Labels: ကဗျာ