Sunday, February 14, 2010

" မြို့ ပြင်လမ်းများပေါ်က တွေ့ ခဲ့ ဘူးတဲ့ ဂျစ်ပဆီတွေလို
ဖြစ်ခဲ့သမျှကို ရယ်ကာမောကာ ပြန်ပြောနိင်တဲ့ အကျင့်ကလေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိင်ခဲ့ ပြီ "

ဆိုတဲ့ တာရာမင်းဝေရဲ့ စာသားလေး တခွန်းဟာ ကျွန်တော့်ဘ၀ကို အလုံးစုံ
ခြုံငုံ သုံးသပ်ပြီး ပြောလိုက်သလိုပါပဲ။ စာသားထဲမှာကတော့
ကြိုးစားမွေးနိင်ခဲ့ပြီ ဆိုပေမယ့် ကျနော် အတွက်ကတော့
ကြိုးစားမွေးနေတုန်းပါပဲ။ မပြည့်မစုံတဲ့ ဘ၀မှာ မွေးဖွားလာခဲ့တဲ့
လူငယ်တစ်ယောက်ပီပီ ရင်ထဲက ခံစားချက်တွေ ၊ မဟုတ်မခံတက်တဲ့ စိတ်တွေနဲ့
အနာဂတ်ခရီးကို ချစ်ရသူမပါတော့ပေမယ့်လည်း လျှောက်လှမ်းနေဦးမှာပါ။

" ချစ်ဖူးခဲ့ပါတယ် ၊ မင်းအတွက်လည်း ဖြစ်ဖူးခဲ့တယ် ၊ အသည်းလည်း နစ်ဖူးခဲ့တယ်
ဒါဆို တော်ပြီပေါ့...အချစ်ရယ် "

ကျနော်ဘလော့ဂ်လေးကို ဒီနေ့အထိ အခါအခွင့် သင့်တိုင်း ရောက်လာနုတ်ဆက်တက်တဲ့
၊ ကျနော် ဘလော့ဂ်လေးကို အမြဲအသက်ရှင်အောင် လုပ်ဆောင်ပေးနေတဲ့ သူကိုလည်း
ရင်ထဲကနေ ကျေးဇူးတင်ပါတယ်။ သင်တန်းတက်နေ ရတာကြောင့် အင်တာနက်နဲ့
ဝေးကွာနေပေမယ့် ကျနော် ပြန်လာတော့မှာပါ။

အဲဒီအခါ ကျနော် သင်တန်းက အတွေ့အကြုံလေးတွေ ပြန်လည်ဖောက်သည်ချရင်း ၊
စာတွေများစွာ ရေးဖြစ်နိင်အောင် ကြိုးစားပါဦးမယ်။

ဖေဖော်ဝါရီ ( ၁၄ ) မှာ ချစ်ရသူက ၊ အဝေးကို အပြီးအပိုင် ထွက်ခွာသွားပေမယ့်
၊ တခြားတစ်ယောက်ဆီက ပျော်ရွှင်ခြင်းတွေ ရနေပေမယ့် ၊ ဒီနေ့အတွက်
သူပြောခဲ့တဲ့ စကားလေးကြောင့် ကျနော် ၀မ်းနည်းဝမ်းသာ ဖြစ်ခဲ့ရပါတယ်။

"ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ငါ မင်းတစ်ယောက်တည်းကိုပဲ ချစ်ပါတယ်တဲ့ "

အဲဒီ စကားလေးတခွန်းကို ရင်ထဲထည့်ပြီး ကျနော် ရှေ့ဆက်လျှောက်ရဦးမယ်။ အသက်
၂၅ နှစ်ကျော် အရွယ်အထိ ကျနော့်စိတ်ကို ဒီထက်ပို ရင့်ကျက်လာအောင်
ကြိုးစားရဦးမယ်။ အရာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ သူပြောခဲ့သလို

" မေမေ အားလုံးက မမှားရအောင် ကျွန်တော်ကပဲ မှားပေးလိုက်ပါတယ်" လို့