Tuesday, March 30, 2010

ညတိုက်ပွဲ


ကျနော်တို့ သင်တန်းမှာတုန်းက  တပ်ပြင်လေ့ကျင့်ခန်းဆိုတဲ့ အောက်ဒိုးတွေ ထွက်ရပါတယ်။ အဲဒီတုန်းက အစိတ်အပိုင်း အဖြစ် လေ့ကျင့်ခဲ့ရတဲ့  ညတိုက်ပွဲ အကြောင်းလေးကို ကျနော် ယခုရေးသားချင်တာပါ။ အသေးစိတ် အခြေအနေကိုတော့ ကျနော် မပြောပြတော့ပါဘူး။ အဲဒီတုန်းက ကျနော်တို့ ခံစားရတဲ့ စိတ်ဓတ်အခြေအနေလေးပေါ့။

ကျနော်တို့ သင်တန်းမှာ တန်းခွဲ ( ၁ ) နဲ့ ( ၂ ) ဆိုပြီး ၂ ခုခွဲထားပါတယ်။ တပ်ပြင်လေ့ကျင်ခန်းတွေ သွားမယ်ဆိုလည်း ကိုယ့်တန်းခွဲနဲ့ကိုယ်ပေါ့။ အဲဒီမှာ တန်းခွဲ တစ်ခုဆီကို တပ်ခွဲ ( ၂ ) ခွဲ၊  ခွဲပေးထားပါတယ်။  ကျနော်တို့တန်းခွဲ ( ၂ ) က တပ်ခွဲ ( ၃ ) နဲ့  တပ်ခွဲ ( ၄ ) ပါ။ ဟိုဘက်တန်းခွဲကတော့ ( ၁  ) နဲ့ ( ၂ ) ပေါ့။  ကျနော်ပါဝင်တာကတော့ တပ်ခွဲ ( ၃ ) ပေါ့။

ဒီလိုနဲ့ ကျနော်တို့ တပ်ပြင်လေ့ကျင့်ခန်း လုပ်ကြတာပေါ့။ မြေပုံပေါ်မှာ  ဖြစ်စဉ်အဖွင့်တွေ ဖွင့်ပြီး ရန်သူရှိတယ်လို့ ယူဆရတဲ့ နေရာတွေကို ကျနော်တို့တွေက ကိုယ့်မှာ ရှိတဲ့ အင်အား  ၊ လက်နက်အခြေအနေနဲ့ တိုက်ကြရတာပေါ့။
အဲဒီလို လေ့ကျင့်ခန်းပေါင်း များစွာ လုပ်ခဲ့ရပါတယ်။  အဲဒီလို လေ့ကျင့်ခန်းထဲက တစ်နေ့ပေါ့......

ကျနော်တို့ သင်တန်းသားတွေ အဲဒီနေ့က သိပ်ကို ပင်ပန်းနေကြရပါတယ်။ ကျောပိုးအိတ်မှာ  ကိုယ့်အတွက် လိုအပ်တဲ့ ရိက္ခာတွေ ၊ ကျည်တွေ ၊ အ၀တ်အစား ၊ ညအိပ်ရင် လိုအပ်မယ် အရာတွေနဲ့ သေနတ်တွေ ကိုင်ပြီး  တောင်တွေ တော်တော် များများ တက်လိုက်ရတယ်။ လူတွေကလည်း ရေမချိုးရတာ ၃ ၊ ၄ ရက်လောက်ကြာတော့ နံဟောင်နေပါပြီ။  အဲဒီနေ့က ညနေ ( ၆ ) နာရီလောက် ရောက်တော့ ကျနော်တို့  စခန်းချရမယ့် တောင် ၂ ခု နားကို ရောက်လာပါတယ်။ စခန်းမချမှီ..ယနေ့ညမှာ ညတိုက်ပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း ၊ တဖက်နဲ့ တဖက် အပြန်အလှန် ကွန်မန်ဒိုနည်းနဲ့ ပစ္စည်းများ မသိအောင် ယူဆောင်ကြရမှာ ဖြစ်ကြောင်း နဲ့ ရလာတဲ့ ပစ္စည်းများကို မနက်ဖြန်ကြလျှင် ပြန်လည် အပ်နှင်းပြီး ပစ္စည်းအမျိုးအမည်အလိုက် အမှတ်များ ဖြက်ကာ...ရှုံးနိမ့်သူက မုန့်ဝယ်ကျွေးရမည် ဖြစ်တယ်လို့ သင်တန်းမှုးက ပြောပါတယ်။ ကျနော်တို့ တစ်တွေအတွက် မုန့်ကျွေးရတာဟာ ဘယ်သူအတွက်မှ
အဓိက မကျပေမယ့် သင်တန်းသား သက်တူ ရွယ်တူချင်း ရှုံးနိမ့်တာကိုတော့ ဘယ်သူမှ မခံချင်ပါဘူး။

သင်တန်းမှုး မှာကြားပြီးတဲ့ နောက်မှာတော့ ကျနော်တို့ သင်တန်းသားတွေလည်း ကိုယ်စတည်းချရမယ့် တောင်တွေဆီ ဆက်တက်လာခဲ့ပါတယ်။ တောင်က ပေ ၃၀၀၀ ကျော်လောက်ရှိမယ် ထင်တယ်။ ဒါမှ မဟုတ်
ဒီထက်လည်း များဖို့များပါတယ်။ တောင်ပေါ်မတက်ခင် တပ်ခွဲမှုးက ကျနော်တို့ ယခုစခန်းချရမယ့် တောင်က
အစဉ်အဆက် ဟိုဘက် တောင် ၂ ခုအကျော်မှာ ရှိတဲ့ တောင်ပေါ်မှာ တည်းနေတဲ့ တပ်ခွဲတွေကို မြေမျက်နှာ သွင်ပြင်
အနေအထားအရ အမြဲ အရှုံးပေးနေရတာ ကြာပြီဖြစ်တဲ့အတွက် မင်းတို့ အပတ်စဉ်မှာ အနိင်တိုက်ချင်တယ်လို့
ပြောပါတယ်။

သူလိုအပ်တာတွေ မှာကြားပြီးတော့ ကျနော်တို့လည်း  တပ်စုလိုက် သက်မှတ်ထားတဲ့ နေရာလေးတွေမှာ စခန်းချပေါ့။
တောင်ရဲ့ ဘေးပတ်ပတ်လည်ကို ကျနော်တို့ နေရာယူပြီး စခန်းချကြပါတယ်။ သဘောကတော့ ပတ်လည်ခံစစ်ပေါ့။
ဒီခံစစ်ရဲ့ သဘောသဘာဝက တခြားသော ခံစစ်တွေထက် အားသာချက်များလို့ပါ။  နေ၀င်ပြီဆိုတော့ တောထဲ တောင်ထဲ ရောက်နေတော့ မှောင်ပြီပေါ့။  ည ၉း ၀၀ လောက်ကျတော့ တန်းစီမယ်လို့ အချက်ပေးပါတယ်။ ဗထူးဆောင်းကလည်း သေလောက်အောင် ကျနော်တို့ကို နှိပ်စက်လွန်းပါတယ်။ အနွေးထည် မလုံလောက်မှု  ၊ ခရီးလမ်း ပင်ပန်းမှုနဲ့ ရာသီဥတုဒဏ်တွေကို တော်တော်လေး ခံထားရတော့ အကုန်လုံးက အိပ်ချင်နေကြပါပြီ။

တပ်ခွဲမှုးက ဆဲဆို တန်းစီပြီးတော့ ကျနော်တို့ကို ဟိုဘက် တောင်ကုန်းမှာ တည်းနေတဲ့ တန်းခွဲက ပစ္စည်းတွေကို သွားယူကြမယ်ပေါ့။ အဲဒီမှာ ၀ါသနာပါတဲ့ ကွန်မန်ဒိုလုပ်မယ့်သူတွေ ထွက်ခဲ့ဆိုတော့ ၁၅ ယောက်မှာ ၁၁ ယောက်လောက်ပဲ ထွက်လာတယ်။ ကွန်မန်ဒိုသာဆိုတယ် သဘောကျတော့ သူများပစ္စည်းခိုးရမှာပါ။ ဒါနဲ့ နောက် ၄ ယောက်လိုသေးတယ်။ ထွက်ကျပေါ့။ သာမန်ချိန်ဆို ထွက်ကြမှာပါ။ အခုက အရမ်းပင်ပန်းလို့ နားချင်နေကြတာကိုး။
အဲဒီမှာ ကံဆိုးသူ မောင်ဆိုးသွမ်းပါ။ ကျနော်က ဖိနပ်ပျောက်နေတာနဲ့ တန်းစီတာ နောက်ကျလို့ နောက်ဆုံးမှာ
ဖြစ်သွားတယ်။ တပ်အခေါ်အဝေါ်ဆို ဘယ်ထိပ်စီးရောက်သွားတာပေါ့။

တပ်ခွဲမှုးက ( အေး...မင်းတို့မထွက်ချင်ရင် ၊ ဘယ်ထိပ်စီးနောက်ဆုံးက လူတွေထွက်ခဲ့ဆိုတော့ ) ကျနော့်မှာ မျက်နှာ
ငယ်လေးနဲ့။ ဒါနဲ့ ထွက်မယ်လည်း လုပ်ရော...ကျနော်တို့ တပ်စုက ဒဿာ ဆိုတဲ့ သူငယ်ချင်းက  ( မင်း...မထွက်နဲ့ ငါထွက်မယ်...ရော့ ငါ့သေနတ်ယူထား ) ဆိုပြီး ထွက်သွားပါလေရော။ အဲဒီတော့မှ ရင်ထဲ အလုံးကြီး ကျသွားတော့တယ်။ ဒါနဲ့ တပ်ခွဲမှုးလည်း သွားမယ့် ၁၅ ယောက်ကို သေချာမှာပြီး ကျန်တဲ့သူတွေကို တန်းဖြုတ်ပေးလိုက်ပါတယ်။ တန်းဖြုတ်ခါနီး...မနက်ဖြန်မနက် အာရုဏ်တက်မှာ သွားတိုက်မယ့် တပ်ခွဲကို ရွေးတော့
ကျနော်တို့ တပ်ခွဲက မဲပေါက်ပါလေရော။ သူတန်းစီပြီးတာက ၁၁ နာရီ။ ကျနော်တို့ကို မနက် ၃ နာရီအတိမှာ သွားတိုက်ဖို့ တန်းအပ်ပြီး ဖြစ်ရပါမယ်တဲ့။

ကျနော်တို့လည်း တိုးတိုးတိတ်တိတ် ရင်ထဲကဟာတွေ အံထုတ်ပြီး အိပ်ရာဝင်ခဲ့ကြတယ်။ ဒီလိုနဲ့ သက်မှတ်ထားတဲ့ အချိန်မရောက်မှီ အပြည့်အ၀..အနားယူနေတုန်း...ဗြုန်းဆို


ဆက်ရန်


2 comments:

ကြွက်ဖြူလေး said...

ဆက်ရေးပါ..
=)

:P said...

ဆက်ပါ မြန်မြန်