Thursday, August 27, 2009




ဟန်နီ
မင်း မွေးနေ့မှာ ငါမရှိဘူး

ဟန်နီ
မင်း မွေးနေ့မှာ ငါဆုတောင်း မပေးနိင်ဘူး

ဟန်နီ
မင်း မွေးနေ့မှာ ငါ အဝေးရောက်နေတယ်

ခဏပေါ့...ဟန်နီ
ခဏလေး....ပေါ့

ကမ္ဘာကြီးကလည်း ကျဉ်းကျဉ်းလေး
မြန်မာပြည်ကြီးကလည်း ကျဉ်းကျဉ်းလေး မဟုတ်လား

နောင်လာမဲ့ မွေးနေ့တွေမှာ
မင်း...အနား
ငါရှိအောင် ကြိုးစားပ့ါမယ်

မင်းအနား
ငါ ရောက်အောင် လှမ်းလာပါ့မယ်

အခုတော့......စိတ်မကောင်း
မဖြစ်ကြေးပေါ့နော်......


( Happy Birthday !!!!!! )





Wednesday, August 26, 2009

အရိပ်မည်း ( မဲ )

နေရောင်အောက်မှာလဲ၊
အရိပ်မဲ ရှိတတ်တယ်။

လရောက်အောက်မှာလဲ၊
အရိမ်မဲ ရှိတတ်တယ်။

အလင်းရောင်ကွယ်ဆိတ်တော့၊
အရိပ်လဲ ပျောက်ပြန်တယ်။

မောင့်ရင်ထဲမှာလဲ၊
အရိပ်မဲထင်နေတယ်။

နေ၊လရောင် ကွယ်ဆိတ်ပေမယ့်၊
သည်အရိပ်မပျက်ပြယ်။


မေတ္တာဆိုတဲ့ အလင်းနဲ့၊
သတိယခြင်း ဆိုတဲ့ အရိပ်ပါ အချစ်ရယ်။



မောင်စိန်ဝင်း (ပုတီးကုန်း)