Wednesday, October 14, 2009

ဘဲ အိမ်မက်



သူငယ်ချင်း....
တစ်နေ့ညဖက်
အိမ်မက် မက်၏။

အိမ်မက်ထဲမှာ ကြုံရပါ၏
ငါက " ဘဲ " ဖြစ်နေသတဲ့ ။

ငါနှင့်အတူ
ဘယ်သူဘယ်ဝါ ၊ မသိပါတည့်
ဝါ ပြာ နီ ညို ၊ အနက်ကိုယ်နှင့်
ငါလိုဘဲက သုံးလေးကောင်တဲ့။

ငါတို့သခင် ၊ ဘဲပိုင်ရှင်က
သားတင်မျိုးလုပ်၊ ဥမထုတ်တဲ့

ချုပ်စပ်ရွာနီး ၊ ပတ်မတီးလျှင်
ပွဲကြီးပွဲသေး ၊ ပွဲမရွေးတဲ့
လောင်းကြေးစားကြေး ၊ ငါးဆပေး၍
ဝဋ္ဋ်ကြွေးမကင်း ၊ တို့လည်ပင်းနှင့်
ကြိမ်ကွင်း အပစ်ခံသတဲ့။

လာပါပစ်ပါ ၊ လူခေါ်ရာ၌
ငါတို့သခင် ၊ အာသိပ်ရွှင်သတဲ့။

ပွဲခွင်လေဟာ ၊ ရွှေပွဲလာတို့
ဇာတ်မှာငုံးတိ ၊ လူမကြည့်တဲ့

ရှိသမျှလူစုံ ၊ တို့ဘဲရုံမှာ
ဝိုင်းအုံပြွတ်သိပ် ၊ အံတွေကြိတ်လျက်
မချိတ်မချင်း ၊ တို့လည်ပင်းကို
ကြိမ်ကွင်းတွေနှင့် ပစ်သတဲ့။

ပစ်လေရှောင်လေ ၊ ရှောင်လေ လွဲလေ
လွဲလေမဲလေ ၊ မဲလေရှုံးလေ
ရှုံးလေ ပစ်လေ
ကြိမ်ကွင်းတွေက ၊ လေထဲမှာဝဲ
တို့ဘဲတွေက ချွေးကျမစဲ။

အိမ်မက်ထဲက ၊ လန့်နိးထတော့
ငါ့မှာ ဟောဟဲ ၊ မောနေဆဲတည့်
အသည်းထိတ်စရာပဲ သူငယ်ချင်း



4 comments:

flowerpoem said...

ဘဲအိပ်မက် လာမက်ပါတယ် ကိုဆိုးသွမ်း

ကြွက်ဖြူလေး said...

ဟားဟားဟား.. ဘယ်ဝဋ်ကြွေးနဲ့ ဘဲဝဋ်ကြွေးလဲ မသိပါဘူး..

ကြယ်ပြာ said...

ကဗျာလေးမိုက်တယ် ... ဘဲနေရာကခံစားချက်လေးပေါ်တယ် ... ဖတ်ရင်းလိုက်ရှောင်နေတာ မောရစ်တာ ...

ကိုလူထွေး said...

ဒီကဗျာလေး တော်တော်ကြိုက်တယ်...

အတွေးရော
အရေးအသားရော
ကာရန်အချိတ်အဆက်ရော...

အဆုံးသတ်ကလေးရော...

းဝ)