Wednesday, September 30, 2009

ဒဏ်ရာ


 

အပြင်မထွက်ချင်ဘူး

ဘယ်သူနဲ့မှလည်း မတွေ့ချင်ဘူး

စား ၊ ထိုင် ၊ ရပ် ၊ အိပ်

နေရာတိုင်း ၊ အချိန်တိုင်းမှာ

မင်းပုံရိပ်တွေပဲ စိုးမိုးနေခဲ့တာ

 

ဒီကြားထဲ ပြင်ဦးလွင်မြူတွေက

ငါ့ကို သရော်လိုက်

125 ဆိုင်ကယ်ပေါ်က စုံတွဲတွေက

ခါးဖက်ပြီး လူးလားခေါက်တုန့် မောင်းပြလိုက်နဲ့

 

ဟန်နီ…ရေ

မင်း….ဘာတွေလုပ်နေမလဲ

ဘယ်သူနဲ့ စကားပြောနေသလဲ

မင်းရင်ထဲ ငါ့ကိုလွမ်းတာ ဘယ်လောက်ထိ နက်ရှိုင်းနေပြီလဲ

တိတ်တိတ်လေး တွေးတော့

သိပ်စိတ်လေးမိတယ်

 

နောက်ဆို မခွဲတော့ဘူးနော်လို့

အားပေးသလိုလိုနဲ့

ကိုယ်ဘာသာ ကိုယ်နှစ်သိမ့်ရင်း

ရင်ခွင်အလွမ်းကို

ပီပီပြင်ပြင် ထမ်းရင်းနဲ့

 

အခုတော့ တို့နှစ်ယောက်က ဟိုးအဝေးကြီးဆီမှာ


8 comments:

ရန်အောင် said...

မြန်မာ့အကောင်းဆုံး ကြည့်ရှုသူအများဆုံး မိုးကျရွှေကိုယ်ဘလော့ ပိတ်တော့မယ် သွားကြည့်ကြပါ

ရန်အောင် said...

မြန်မာ့အကောင်းဆုံး ကြည့်ရှုသူအများဆုံး မိုးကျရွှေကိုယ်ဘလော့ ပိတ်တော့မယ် သွားကြည့်ကြပါ

ရန်အောင် said...

မြန်မာ့အကောင်းဆုံး ကြည့်ရှုသူအများဆုံး မိုးကျရွှေကိုယ်ဘလော့ ပိတ်တော့မယ် သွားကြည့်ကြပါ

flowerpoem said...

ဒဏ်ရာတွေ မြန်၂ကျက်အောင် ဆေးထည့်လိုက်လေ ကိုဆိုးသွမ်း :P

လင်းဒီပ said...

မောင်ဆိုးသွမ်းလေး သနားပါတယ် နောက်ဆို lမခွဲတော့ဘူး ဆိုတာချည့် မအားငိုင်ရေ..။

ကျောပိုးအိတ် said...

အယ်

ကျွန်မ မန့် တာ ဘယ်ရောက်သွားသတုန်း။
း(

ရတယ် ထပ်မန့် လိုက်တယ်။

တော်တော်လွမ်းနေတာဘဲ။ ဒဏ်ရာကလဲ တော်တော်နက်နေပြီ။ ကုစရာဆေးကတော့ ချစ်သူဘဲရှိတာ့တယ်။ ကဲ ဟန်နီဆိုတဲ့ ကောင်မလေးရေ ။ ရောဂါမကျွမ်းခင် မြန်မြန်ကုတော့နော်။

ဒီအတောအတွင်း လေးဖြူရဲ့ စာမျက်နှာ ၁၅ သီချင်းလေးဆိုပြီးလွမ်းပေါ့ကွယ်

Apprenticeship said...

ဒီကြားထဲ ဟိုလူကမေးဒီလူကမေးလို့လဲ ထည့်ရေးအုံးလေ.... ဟက်ဟက်။

Anonymous said...

ခံစားချက်ခြင်းတူပေမဲ့
အေးခဲမသွားအောင်တော့ ဒို့နှစ်ယောက် ကြိုးစားရတာပေါ့နော်....
အများကို အားကျ၊ စိတ်အားငယ်ပြီး... စိတ်တော့ မပျက်လိုက်ပါနဲ့နော်... ကိုယ်တိုင်လည်း... ယဲ့ယဲ့လေးပါ...
အားငိုင်