Thursday, September 17, 2009

(1 ) Fine: ကောင်းပြီလေ။ ။။ ဤစကားလေးက အမျိုးသမီးများ က သူမ မှန်နေသော အချိန် သင်နုတ်ပိတ်ဖို့ အတွက်ပြောခြင်းဘဲ။

( 2 ) Five Minutes: ငါးမိနစ်။ ။။ သူမ အပြင်ထွက်ဖို့ အဝတ်အစားလဲနေချိန်သုံးပါတယ်၊ ဒီလိုဆို သေချာပြီ ခင်ဗျား နာရီဝက်အနဲဆုံး စောင့်ရမယ် ဆိုတာပါဘဲ။ သင်ဘောလုံးပွဲကို စိတ်ဝင်တစားထိုင်ကြည့်ပြီး၊ အိမ်အလုပ်ကို လျစ်လျူရှုနေရင်တော့ သင့်အတွက် ငါးမိနစ်ဟာ ငါးမိနစ်ထက်လုံးဝ မပိုတော့ပါဘူး။

( 3 ) Nothing: ဘာမှမဟုတ်ပါဘူး၊ အရေးမကြီးပါဘူး။ ။။ ဒီစကားလုံးသုံးပြီဆိုရင် သတိထား၊ ပြီးတဲ့နောက် ကြီးမားတဲ့ တိုက်ခိုက်မှု့တခုရှိနေလို့ဘဲ။ သင့်အနေနဲ့ ခြေနဲ့ တင်ပါး တထပ်တည်းကျအောင် ပြေးနိုင်ဖို့ အဆင်သင့်ပြင်ထားပါ၊ နူးညံ့သိမ်မွေ့တဲ့ အဖြေတခုနဲ့ အဆုံးသပ်မှာ မဟုတ်လို့ဘဲ။

(4) Go Ahead : လုပ်လိုက်လေ။ ။။ ဒီလိုဆိုလို့ ခွင့်ပြုချက်ရပြီလို့ မထင်လိုက်လေနဲ့၊ လုပ်ရဲရင် လုပ်ကြည့်ဆိုတာမျိုးဘဲ။ မပြုမိအောင် ဂရုပြုပါ။

(5) Loud Sigh: သက်ပြင်းရှည်။ ။။ ဒီမှာ အဓိပ္ပါယ် အားလုံးပါသွားပါပြီ၊ မင်းကို လုံးဝနားမလည်နိုင်တော့ဘူး၊ စိတ်မရှည်နိုင်တော့ဘူး၊ ဆိုတဲ့ အဓိပ္ပါယ်လေးပါ၊ သက်ပြင်းရှည်လျားစွာ ချပြီဆိုရင်တော့၊ အသုံးမကျတဲ့ သူနဲ့ ဘာကြောင့် အချိန်ကုန်၊ လေကုန်ခံပြီး အငြင်းပွားနေပါလိမ့် ဆိုတဲ့ သဘောဘဲ၊(နံပါတ် ၃ ကိုပြန်လည် အမှတ်ယပါ)။

(6) That's Okay: ရပါတယ်၊ ကိစ္စ မရှိပါဘူး။ ။။ အန္တရယ် အကြီးမားဆုံးသော စကားလုံးလေး တခုပါ၊ သင့်အမှားအတွက် ကြီးမားသော ပေးဆပ်မှု့တခုကို သင့်ထံမှ တောင်းဆိုတော့မှာ ဖြစ်တဲ့ အတွက် အသင့်ပြင်ထားလိုက်ပါတော့။
(7) Thanks: ကျေးဇူး တင်ပါတယ်။ ။။ အဲလိုများ အပြောခံရပြီဟေ့ ဆိုရင် မအံ့သြလိုက်ပါနဲ့ တကယ်တမ်း စိတ်ထဲကပြောတာပါ၊ ကျေနပ်စွာ လက်ခံလိုက်ပါ။ ရင်ထဲက စစ်မှန်သော စကားတရပ်ပါ ယုံကြည်လိုက်ပါ။ ကိစ္စမရှိပါဘူးလို့ များ ယောင်လို့ မပြောလိုက်ပါနဲ့၊ ကိုယ်လုပ်ပေး၊ ပြုပေးလိုက်ရလို့ ဝမ်းသာပါတယ်လို့သာပြောလိုက်ပါ။

(8) Whatever: ဘာဖြစ်ဖြစ်လေ။ ။။ ဒီစကားလုံးက သိမ်မွေ့တဲ့ ဆဲရေးတိုင်းထွာခြင်းဘဲလေ၊ သတိနဲ့သာ နေတော့။

(9) Don't worry about it, I got it : စိုးရိမ်စရာ မလိုပါဘူး၊ ရပါတယ် ကျမလုပ်လိုက်ပါ့မယ်။ ။။ ဆိုတဲ့သဘောကတော့ ရန်ပွဲမစခင်၊ စကားချိုသပ်ခြင်းပါဘဲ သင့်ကိုလုပ်ဖို့ ကြိမ်ဖန်များစွာ ပြောထားပေမဲ့၊ သင့်ပျက်ကွက်မှု့ကို သည်းမခံနိုင်မှု့ကို ပြသတဲ့ သဘောပါဘဲ။ ဒီနောက်တော့ နံပါတ် ၃ကို ပြန်ရောက်တော့တာဘဲ။


ယောကျာ်းသားများ သဘောပေါက်စေရန် ကျွန်တော့ အီမေးလ်က ရထားတဲ့ မှတ်သားဖွယ်လေးကို ပြန်လည်တင်ပြလိုက်ပါတယ်။

10 comments:

Anonymous said...

ဟီးဟီး

ဖတ်ပြီးတော့ရီသွားသည်


မေဦးခင်

flowerpoem said...

ဟွန်းများပြီ ဒါပေမယ့် တော်၂များက တူတယ် တိုက်ဆိုင်တယ် :P

သမီးပျို said...

ဟုတ်တယ် ဟုတ်တယ် ခုလိုဖော်ပြပေးတာ ကျေးဇူး အ ထူးတင်ပါတယ်ကိုဆိုးသွမ်းရေ ဒါမှ သူတို့တွေသိမှာ ဟိဟိ သတိလေးထားတော့ အီဖေကို တို့နဲ့မဖိုက်ရတော့ ဘူးပေါ့နော် အဲ...ဒါနဲ့ ယောင်္ကျား လေးတွေအကြောင်းလည်းတင်ပေးဦးလေ သိရတော့ ရှောင်စေ ရှားစေ သတိထားစေပေါ့ ဟုတ်ဘူးလား

ခင်မင်လျှက်
သမီးပျို

:P said...

ကိုဆိုးသွမ်းကတော့ ကောင်းကောင်းသဘောပေါက်နေပြီဖြစ်ရမယ် ...:D

ကျောပိုးအိတ် said...

ကျွန်မက Nothing ဆိုတာ အရမ်းသုံးတာ။ ခုတော့ သုံးတာ နည်းနည်းပြန်လျှော့မှထင်တယ်နော်။

း)

ကျောပိုးအိတ် said...

ကျွန်မက Nothing ဆိုတာ အရမ်းသုံးတာ။ ခုတော့ သုံးတာ နည်းနည်းပြန်လျှော့မှထင်တယ်နော်။

း)

ကျောပိုးအိတ် said...
This comment has been removed by the author.
ဆောင်း said...

5 minutes? tooooo muchhhhh

I tell ONLY 1 minuteeeeee

ဆောင်း said...

You should add one more...

10th word is..

No problem!

နယ်သူ said...

ဟုတ်နေပေမယ့် မခံချင်ဘူး..ဟွန်း