Wednesday, September 16, 2009

လက်ဝှေ့တရား


သူငယ်ချင်း.....
မင်း သူ့ကိုကြည့်

ဘယ်လက်သီးကို
ကြီးထွားသန်မာ ၊ ကျစ်လစ်လာအောင်

ညာလက်သီးကို
ကြီးထွားသန်မာ ၊ ကျစ်လစ်လာအောင်

အထိုးအသတ်
ဖျတ်လတ်သွက်ချာ လျှင်မြန်လာအောင်

ဂျုံအိတ်တွေ့တွေ့
ဆန်အိတ်တွေ့တွေ့
လက်ဝှေ့ပညာ ၊ မာန်ဝင်လာ၍
ညာနှင့်ဘယ်နှင့် ၊ အထိုးကျင့်၏

သူငယ်ချင်း......
လက်သီးဘယ်ညာ
ဘယ်လောက်မာမာ
အထိုးအသတ်
ဖျတ်လတ်ခြေလက်
ဘယ်လောက် သွက်သွက်

သူငယ်ချင်း.......
မင်း သူနှင့်ခင်
အကျွမ်းဝင်လျှင်
ပြောချင်ပြောလိုက်

အရှောင်အတိမ်း
ကိုယ်ယိမ်းဘယ်ညာ
တက်ထားပါမှ.....
မတက်ပါလျှင်
ဘယ်ညာနံစောင်း
အရိုးချောင်းတွေ
ဖြောင်းဖြောင်းကျိုးသွားမယ် သူငယ်ချင်း

( ကဗျာဆရာနာမည်မေ့ )


7 comments:

Anonymous said...

ကဗျာလာဖတ်သွားတယ်
မောင်လေးရေ..

အမြဲအားပေးနေတယ်နော်..

မေဦးခင်

Anonymous said...

အင်းတော်တော်လေး လေ့ကျင့်ရမယ်နော်၊ နံရိုးတွေ ကျိုးမသွားအောင်လို့

nandar_oo said...

i wanna know ur email address.

flowerpoem said...

လက်ဝှေ့ထိုးတော့မလို့လား ကိုဆိုးသွမ်း :P

Dr. Yi Yi Win said...

နိုင်ငံခြားပြန် ဝေဒနာတွေကို အသေအကြေ တိုက်နေရတဲ့ကာလလို့ စာနာနားလည်မိတယ်(ထင်ချင်ရာထင်သွားခြင်း)။

ဆိုးသွမ်း said...

ကျွန်တော့ အီမေးလ်လိပ်စာတော့ဗျာ... စီဘောက်လို့ ပြောရင် မမှားပါဘူးဗျားးးးး
လေ့ကျင့်ရတယ်ဗျာ...
ကျွန်တော့နံရိုးတွေ မကျိုးချင်ဘူးလေ..
လက်ဝှေ့ထိုးသင့်ရင် ထိုးမလားလို့လေ..
ဟဟ ထင်မြင်ချင်သလို ထင်မြင်နိုင်ပါတယ်ဗျားးးး

ကြွက်ဖြူလေး said...

ဒါကိုလည်း ကျေးဇူးတင်တာပဲ =)