Tuesday, September 15, 2009

ထွက်ပေါက်



စိတ်လွှတ် ကိုယ်လွှတ်
ဘ၀ကို အဝေးဆုံးလွှင့်ထွက်
သွားချင်တယ်


လောကမှာ ဘယ်မျက်နှာမှ
မကြည့်ချင်တော့ဘူး
ငါ အပါအ၀င် ဘယ်မျက်နှာမှလည်း
မသာယာဘူး

လက်ညှိုးလေး ( ၁ ) ချက်ကွေးဖို့အတွက်
၁၀ နှစ်မလိုဘူး
အရာရာဟာ လက်တကမ်းမှာ
အဆုံးစီရင်ဖို့ တွန်းအားပေးနေသလို

အစစ အရာရာ
မပြေလည်မှုတွေနဲ့ ဝေးသွားရင်
စိတ်လွှတ် ကိုယ်လွှတ်
ဘ၀ကို နောက်ဘ၀က ပြန်စမယ်



7 comments:

Anonymous said...

ဖိုးသူတော် မျက်စိလည်လေ၊ ဆန်ပိုရလေ
ဆိုးသွမ်း စိတ်လေလေ၊ ကဗျာကောင်းတွေ ပိုဖတ်ရလေ... ။
ဒီတစ်ပုဒ်လည်း ကြိုက်တယ်..။

ပျော်အောင်နေပါလေ ...။


NSA

တောင်ပေါ်သား said...

အကိုရေ စိတ်ညစ်နေရင် စိတ်ကို တခါတလေ လွတ်ပေးလိုက် အစစအရာရာ အဆင်ပြေပါစေ


လေးစားလျက်
တောင်ပေါ်သား

ကြွက်ဖြူလေး said...

မပူပါနဲ့လေ.. ရေစက်တင်မက မီးစက်ရော လေစက်(air-con)ပါ ရှိပြီးသားဆိုတော့ နောက်ဘဝထိ လိုက်လာနှောက်ယှက်မှာ :P

Apprenticeship said...

အမလေလေး... လက်ညှိးတစ်ချက်ကွေးတော့ မလုပ်လိုက်ပါနဲ့။ လောကမှာ အသက်ထက်ပို တန်ဖိုးရှိတာ ဘားမှမရှိဘူးလေ...။ အဆင်ပြေပါစေကွားးးး

flowerpoem said...

မိုက်တယ် အဲလိုလုပ်ချင်တယ် ဓာတ်ကျလို့ပါ :)

Anonymous said...

ခံစားချက်ချင်းတူနေပြန်ပြီ.

အစ်မလည်း ဘ၀ကိုအသစ်
ကနေပြန်စချင်တယ်..


မေဦးခင်

Anonymous said...

ခံစားချက်ချင်းတူနေပြန်ပြီ.

အစ်မလည်း ဘ၀ကိုအသစ်
ကနေပြန်စချင်တယ်..


မေဦးခင်