Tuesday, June 9, 2009

Miss USA - 2009

မနေ့က သူငယ်ချင်း တစ်ယောက်ပေးလို့ Miss 2009 USA ကို ကြည့်မိလိုက်ပါတယ်။ ၅၁ ပြည်နယ်သော ပြည်နယ် အသီးသီးမှ မယ်တွေကို တစ်ဦးချင်းစီ မိတ်ဆက်ပေးပြီးတော့ စတင်ယှဉ်ပြိုင်ခိုင်းတာပေါ့။ ထွက်လာလိုက်တာ ကျွတ်ကျွတ်အိတ်ရှိရင် အပေါက်ဝကနေ အကုန်မောင်းသွင်းပြီး သိမ်းထားလိုက်ချင်တယ်။ ပွဲကဖြင့် မစရသေးဘူး သူကလည်း ကြေငြာလေးတွေ ၀င်တော့တာပဲ။ ဒီပွဲကိုပေါ့နော် ကျနော်တို့ ဘယ်က စပွန်ဆာပေးပါတယ်။ သောက်ကြည့်ပါ ၊ မူးမေ့သွားမယ် ၊ အဲဒီလို မျိုးလေးတွေ ခဏခဏပြောပြီးတော့ ပွဲကို တခါပြန်စ...နဲ့ ရှုပ်နေတာပါပဲ။ ကြည့်ကောင်းခြင်း မကြည့်ရ ။



လာပါပြီ..... စတင်လို့ လာပါပြီ။ ပြည်နယ်တခုချင်းစီ မိတ်ဆက်ပေး အပြီးမှာတော့ သူတို့ကလေးတွေ စတင် လှမ်းလျှောက်လို့ လာပါပြီ။ မြန်မာမှာ ကုက္ကိုင်းအလှမယ်တုန်းကလို “ တမီးကတော့ ဘယ်ဒူယေးပါ ၊ ဘယ်ပြည်နယ်မှာ နေပါတယ် ၊ အတက်ကတော့ ဘယ်ယောက်ရှိပါဘီ ၊ မင်္ဂလာပါရှင့်....” ဆိုပြီး မိတ်ဆက်ကြပါတယ်။ ဒါနဲ့ ကျနော်လည်း မဖြစ်ချေဘူး။ ဘယ်သူရမယ်ဆိုတာ မသိတော့ စိတ်ထဲကနေ “ ငါလည်း ၁ ယောက်တော့ ရွေးမှ ဆိုပြီး ဖြစ်နိင်မယ်ထင်တာလေး ၁ ယောက်လောက် ကောက်ရွေးထားလိုက်တယ် ” ။


စတင်ရပ်နေကြပါပြီ။ ခဏနေတော့ ဟိုလမ်းသလား ၊ ဒီလမ်းသလားပြီး ၅၁ ယောက်ထဲကနေ ၁၅ ယောက်ကို ရွေးသွားပါတယ်။ ကြည့်စမ်းပါဦး ကျန်တဲ့ ၃၅ ယောက်ကတော့ လက်ခုပ်လေးတွေ တီးပြီး “ ငါ့တို့လည်း မပါတော့ဘူး ဆိုပြီး စိတ်ထဲကနေ မနာလို ဖြစ်ပေမယ့် ၊ အပြင်မှာတော့ ရီပြနေကြရတယ် ” အော် ဟန်ဆောင်တာ ဟန်ဆောင်တာ။


ခဏနေတော့ အဲဒီ ၁၅ ယောက်ထဲကနေ ၅ ယောက်ကို ဖယ်ပြီး နောက်ထပ် ၁၀ ယောက်ရွေးသွားပါတယ်။ ကျနော်ရွေးထားတဲ့ ၁ ယောက်ကတော့ ပါနေတုန်းပဲ။ သူတို့ကတော့ ဘာတွေကြည့်ပြီး ရွေးလဲ မသိပါဘူး။ ကျနော်လည်း ဘာတွေကြည့်ပြီး အားပေးတယ်လို့တော့ မမေးပါနဲ့။ :D



အားပေးတာ..အားပေးတာ Utah ပြည်နယ်ကဆိုလား

ဒါနဲ့ ဟိုလိုရွေး ၊ ဒီလိုရွေး မေးခွန်းတွေ ဖြေ ၊ တခြားပတ်သက်ရာ ပတ်သက်ကြောင်းတွေ ပြပြီးတော့ ၁၀ ယောက်ကနေ ၅ ယောက်ကို ထပ်ရွေးပါတယ်။ Utah ၊ Arizona ၊ Kentucky ၊ California ၊ North Carolina တို့က မယ်တွေပဲ ကျန်တော့တယ်။ အဲဒီနောက်ပိုင်း မေးခွန်းတွေ မေးတာပေါ့။

မေးသူ - “ ညီမငေးရဲ့ ဘ၀မှာ ဘာအရာဟာ အပျော်ရွှင်ဆုံးလဲ ”

ဖြေဆိုသူ - “ ဟုတ်ကဲ့ ထမင်းစားပြီးရင် ရေသောက်ရတာ အပျော်ဆုံးပါ ”

အဲဒီလို မေးခွန်းလေးတွေ ဖြေဆိုပြီးတဲ့ နောက်ပိုင်းမှာတော့......၂၀၀၉ အမေရိကန်ပြည်ထောင်စုရဲ့ မယ်ကို ၅ ယောက်မြောက်ထဲက ရွေးချယ်သွားပါတယ်။ ဘယ်သူရတယ်ဆိုတာတော့ ရှာကြည့်ပေတော့။ မပြောပြတော့ဘူး။

ဒီပွဲမှာ အမြူးဆုံးနောက်ခံ ဂီတဖျော်ဖြေတဲ့ အဖွဲ့တွေထဲမှာ Untouched သီဆိုသွားတဲ့ အောက်ပါ The Veronicas နှစ်ယောက်ကတော့ ရှယ်ပါပဲ။ သီချင်းလေးကလည်း ခပ်မြူးမြူးလေး။ ဆိုပုံဆိုနည်းကလည်း ရှတတလိုလို ဘာလိုလိုနဲ့။ Rap တွေလိုပဲ ဆက်တိုက်ဆိုသွားတာပါ။ သူတို့နှစ်ယောက် ပုံစံနဲ့လည်း လိုက်ပါတယ်။ ကျနော်ကတော့ အားတိုင်းဖွင့်နေတာပဲ။

အဲဒီနောက်ခံ သီချင်းလေး လိုချင်နေလျှင်ဖြင့် Mediafre နဲ့ တင်ပေးလိုက်ပါတယ်။ စာသား အမြည်းလေးကတော့

I can't
La, la, la, la, la, la
I wanna wanna wanna get get get what I want
Don't stop
Give me give me give me what you got got
Cause I can't wait wait wait any more more more more
Don't even talk about the consequence
Cause right now you're the only thing that's making any sense to me
And I don't give a damn what they say, or what they think think
Cause you're the only one who's on my mind
I'll never ever let you leave... me
I'll try to stop time for ever, never wanna hear you say goodbye (bye bye bye)



Download

http://rapidshare.com/files/223510094/Miss.USA.2009.HDTV.XviD.FQM.part1.rar
http://rapidshare.com/files/223509600/Miss.USA.2009.HDTV.XviD.FQM.part2.rar
http://rapidshare.com/files/223510084/Miss.USA.2009.HDTV.XviD.FQM.part3.rar
http://rapidshare.com/files/223509982/Miss.USA.2009.HDTV.XviD.FQM.part4.rar
http://rapidshare.com/files/223510051/Miss.USA.2009.HDTV.XviD.FQM.part5.rar
http://rapidshare.com/files/223509766/Miss.USA.2009.HDTV.XviD.FQM.part6.rar
http://rapidshare.com/files/223510390/Miss.USA.2009.HDTV.XviD.FQM.part7.rar
http://rapidshare.com/files/223509498/Miss.USA.2009.HDTV.XviD.FQM.part8.rar




4 comments:

ကျောပိုးအိတ် said...

အဟင့်

မန့် ပြီးကာမှ ကိုးနတ်ရှင်ကျသွားလို့  ပြန်မန့် ရတာ။
း(

မယ်ဖြစ်ဘို့ အတွက် မေးခွန်းတွေက ဒီလောက်တောင် ခက်သလား။

ထမင်းစားပြီးရေသောက်တဲ့အချိန် အပျော်ဆုံးဘဲတဲ့။
ဟားဟားဟား။

သြော် စကားမစပ်
အဲမယ်ပြိုင်ပွဲမှာ ကျွန်မလဲပါတယ် ...............လို ထင်ပါသလား
ဟားဟားဟား။

Apprenticeship said...

အားးး အဲဒီလို ဖြေသွားတဲ့ လူက ပြုတ်သွားတယ် ဟုတ်တယ်ဟုတ်... အဲဒါလဲ ထည့်ရေးအုံးလေကွား...။ :P

ဟမ်း ဆိုးသွမ်း မယ်လေတော့ ပြိုင်ဘက်မဲ့ နိုင်နေတာ ဟုတ်တယ်ဟုတ် :P

Dr. Yi Yi Win said...

မယ်တွေထိုင်ကြည့်နေနိုင်ပြီဆိုပါတော့လေ...။

Unknown said...

ရေသောက်တာ ဘူတုန်းဟ..... ပွဲကြည့်နေတဲ့ ငါတော့ မောင်မောင်ဆိုးသွမ်းလေး မှတ်တာပဲ ဟီးးးးး ကြည့်ရင်းနဲ့ အာခေါင် ခြောက်လာလို့လေ..... :D