Sunday, June 14, 2009

ကဗျာ = လက်တွေ့



မင်း...ကတော့
ဘ၀မှာ ရင့်ကျက်သွားတာ....ကြာပေါ့

အထူးအဆန်းတွေ တွေ့တိုင်း
အသစ်အဆန်းတွေ မြင်တိုင်း
မင်း...ပါးလေးက ပြုံးတယ်ဆိုသလောက်ပဲ ဖြစ်တည်တယ်

ဘ၀ကို လက်တွေ့ဆို လက်တွေ့မှလို့
ခဏခဏ ကြွေးကြော်တက်တဲ့...မင်းက
အနုပညာဆန်တာကို တခါတလေ မြတ်နိးတက်တာကလား

ကဗျာတွေရေးမယ်...စာတွေရေးမယ်
ခဏလောက် မင်းစိတ်ထဲမှာတော့
ကြိတ်မှိတ်ခံစား ပစ်လိုက်တာပဲ

ခဏတာပါပဲ...ခဏပြီးတော့
“ လက်ရှိဘ၀မှာ ရပ်တည်ပစ်လိုက်စမ်းပါလို့ ”
အားမလို အားမရနဲ့ မင်းက င့ါကို ဆူပူဦးမယ်

ဘာမှ မယ်မယ်ရရ ဖြစ်မလာတဲ့
“ ကဗျာရေးခြင်း အနုပညာကိုလည်း ” ငါက ဘ၀မှာ
ရေဗူးတခုလို ယူဆောင် ဖြက်သန်းသွားချင်ခဲ့တာ

ဆူပါ...မာန်ပါ...ဆဲပါ...ရိုက်ပါ
ငါ့ကိုလေ....နောက်ဆုံး မင်းသတ်သွားပါ
ငါက ဘ၀ကို ........လက်တွေ့ဆန်တာထက်
ကဗျာဆန်တာကို ပိုကိုးကွယ်ထားတာကိုး

ဒါပေမယ့် လူပဲကွယ်
ကိုယ့်ထမင်း ကိုယ်စားဖို့တော့
အသက်ရှု ရှင်သန်တတ်ပါတယ်


8 comments:

flowerpoem said...

ကဗျာက လန်းတယ်ဗျာ ကိုဆိုးသွမ်းပြန်ခါနီးတော့ ပိုသွေးနေတယ် ထင်ပါ့

ကျောပိုးအိတ် said...

အနုပညာပိုးက တယ်ကြီးသကိုး
း)

ရွှန်းမီ said...

ဒီကဗျာက လက်တွေ့နဲ့ သိပ်နီးစပ်နေတယ်..
အီကွေးရှင်းလေးနဲ့ လိုက်တယ်..

Apprenticeship said...

ငါလဲ ဘ၀တစ်ခုကို ကဗျာ တစ်ပုဒ်လို အသက်ရှင်သွားချင်တာ.... :)
ရသပေါင်းစုံပါတဲ့ ကဗျာတစ်ပုဒ်ပေါ့..။ ကျမအတွက်တော့ ကဗျာဆိုတာ အတိတ်ရဲ့ သင်ခန်းစာ၊ လက်ရှိရဲ့ အင်အား၊ စိတ်ထွက်ပေါက် နဲ့ အနာဂတ်အတွက် အားဆေးဖြစ်သလို နမိတ်ပုံရိပ်တွေပေါ့ :)

Anonymous said...

ကဗျာဆိုတာ လက်တွေ့ဘဝထဲက ခဏသွေဖယ်ပြီး၊ စိတ်ရဲ့ထွက်ပေါက် ခဏရှာခြင်းဘဲ၊ ကဗျာက ထမင်းမကျွေးသလို၊ ဘဝတခုကို ပြည့်စုံစေခြင်းမရှိဘူး၊ ကဗျာဘဝမှာ ပျော်မွေ့ပေမဲ့၊ အိမ်မက်ကနိုးထခြင်းဆိုတာ ရှိလာတဲ့အခါ၊ ကဗျာဘဝမှာ ပျော်မွေ့မနေနိုင်တာကိုက လက်တွေ့ဘဲပေါ့၊ ဘာပြောပြော ကဗျာက စိတ်ကို ကြည်နူးစေ၊ လန်းဆန်းစေတာ အမှန်ပါဘဲ။

လင်းဒီပ said...

ဘဝဆိုတာ ရှည်လျားခါးသီးတဲ့ကဗျာရှည်တစ်ပုဒ်ဆိုတာ သူမတစ်နေ့နားလည်လာပါလိမ့်မယ်...
အဲဒီကဗျာရှည်ကြောင့်ပဲ ကဗျာလေးတွေ ချချရေးနေမိတာပေါ့...။

Unknown said...

မဆူရက်ပါဘူး...မမာန်ရက်ပါဘူး...မဆဲရက်ပါဘူး...
မရိုက်ရက်ပါဘူးဗျာ ...
အနော်က ကိုဆိုးသွမ်းဆို ချောက်ထဲပဲခေါ်သွားချင်တာပါ ...
ဟိဟိ :P
လိုက်မယ်မဟုတ်လားဟင် :D ဟီးးးးးးးးးးးးးးးး

Unknown said...

ဟုတ်တယ်ဗျ.....
သာမန်လူ တယောက်မို့
အသက်ရှု ရှင်သန်ဖို့
ကိုယ့်ထမင်း ကိုယ်စား အလုပ်သွား နေရပေမယ့်
ဘ၀ကို ........လက်တွေ့ဆန်တာထက်
ကဗျာဆန်တာကို ပိုသဘောကျတယ်။
အဲဒီတော့...... မကျေနပ်ရင်
ဆူပါ...မာန်ပါ...ဆဲပါ...ရိုက်ပါ
ငါ့ကိုလေ....နောက်ဆုံး မင်းသတ်သွားပါ