Tuesday, April 28, 2009

“ Wicker Park ”



စာဖတ်သူအနေနဲ့ တကယ်လို့များ ဒီကားကို ဂူဂယ်မှာ ရှာကြည့်မယ်ဆိုရင် ဒီကားဇာတ်လမ်း အမျိုးအစားကို psychological drama /romantic mystery film လို့ ပြောပါလိမ့်မယ်။ ဘာကြောင့်လဲ။ ဘာကြောင့် ဒီလို သတ်မှတ်လိုက်တာလဲ။ ကဲ ကျွန်တော်တို့ ကြည့်ရအောင်....ဒီကားကို ဒါရိုက်တာ Paul McGuigan က အဓိက ဇာတ်ဆောင် ၄ ယောက်ထဲနဲ့ ဇာတ်လမ်းကို လှည့်ပတ်ရိုက်ပြသွားတယ်။ ဒီ Wicker Park ရုပ်ရှင်ဟာ အမေရိကန်ဒေါ်လာ US $30,000,000 ရရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ စတင်ထွက်ခဲ့တာပါ။ အဓိက တိုက်ဆိုင်မှုကတော့ ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိက အကျဆုံး မင်းသား နဲ့ မင်းသမီး ၂ ယောက်က July လမှာ မွေးတဲ့လူတွေချည်းပဲ ဖြစ်နေတာပါပဲ။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းထဲမှာ Prominent photographer အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားဟာ တစ်နေ့တော့ သူ့ဆိုင်ကို စက်လာပြင်တဲ့ ခွေထဲက ၊ အိမ်ထဲမှာ ကောင်မလေး နှစ်ယောက်ရိုက်ထားတဲ့ homemade video လေးကို ကြည့်မိရင်း မင်းသမီးလေးကို မြင်မြင်ချင်း စွဲလန်းသွားမိပါတယ်။ အဲဒီနောက် မင်းသားလည်း လမ်းပေါ်က အရာဝတ္တုတွေကို ဆိုင်ထဲကနေ လှမ်းရိုက်နေတုန်း သူမြင်ခဲ့ရတဲ့ ခွေထဲက ကောင်မလေးကို ရုတ်တရတ် အပြင်မှာ တွေ့လိုက်ရတော့ လူငယ်ထုံးစံ အတိုင်း ချက်ချင်း အ၀တ်အစားတွေ ယူပြီး ပြေးထွက်သွားပြီး မင်းသမီးနဲ့ သွားစကားပြောခဲ့တယ်။

သူအဲဒီလို မထွက်ခွာ ခင်မှာ အပေါက်ဝမှာ အဲဒီဗီဒီယိုကို လာရွေးတဲ့ တခြားကောင်မလေးတစ်ယောက်ကို သူဝင်တိုက်ခဲ့ပေမယ့် သတိမထားမိဘဲ ရှေ့ကိုသာ စွတ်ထွက်သွားခဲ့ပါတယ်။ တကယ်တော့ အဲဒီမိန်းခလေး ဟာ ဇာတ်လမ်းမှာ အဓိက အသက်တခုပါ။ ဒါကို ဒါရိုက်တာက ရုပ်ရှင်ပြီးမှ ပြန်ပြသွားတယ်။ ကဲ အခုတော့ ကျနော်ပြောလိုက်တော့ သိကုန်ပြီ။း)

ဒီလိုနဲ့ မင်းသားနဲ့ မင်းသမီးလေးဟာ ကြိုက်နှစ်သက်သွားတယ်ပေါ့။ အဲဒီလို ကြိုက်နှစ်သက်သွားပြီး ပုံပြင်တွေထဲကလို မင်းသမီးလေးက ရုတ်တရတ် ဇာတ်လမ်းထဲက ပျောက်ကွယ်သွားပါတယ်။ ၁ နှစ် ၊ ၂ နှစ် တိတိတောင်ကြာမြင့်ခဲ့ပါတယ်။ မင်းသားကတော့ သူ့ချစ်သူကောင်မလေးကို လိုက်ရှာရင်း မလွဲမရှောင်သာ သူ့အလုပ်သူဌေးရှင်ရဲ့ ညီမကို လက်ထပ်ပါ့မယ်လို့ ကတိပေးလိုက်ရပါတယ်။

၎ ပွင့်တင်မဟုတ် ၊ မင်းသား သူငယ်ချင်းနဲ့ဆို ၅ ပွင့်ဆိုင် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်ကားတခုပါ။ အဆုံးမှာ ဘယ်သူနဲ့ပဲ ညားသွားတယ်ဆိုတာတော့ မပြောတော့ပါဘူး။

မင်းမရှိခဲ့တောင် င့ါအခန်းထဲမှာ မင်းနဲ့ပတ်သက်တာတွေ တယုတယနဲ့ ကပ်ထားတုန်း


ဒါက ၃ ပွင့်ဆိုင်


တိတ်တိတ်လေးနဲ့ အနားကပ်လာတဲ့အခန်း ( ကြွေသွားမယ်နော် )

အဲဒီလို နမ်းပြီး မင်းထွက်သွားခဲ့တာ....

တိတ်တခိုးချစ်ရတဲ့ ကောင်မလေးအဖြစ် Alex
  1. အခြေအနေအရ မလွဲမရှောင်သာ လက်ခံလိုက်ရတဲ့ သူဌေးညီမကိုလား
  2. တိတ်တခိုးချစ်နေတဲ့ ကောင်မလေးကိုလား
  3. ရုတ်တရက် မပြောမဆိုဘဲ ထွက်ခွာသွားခဲ့ပြီး ၂ နှစ်လုံးလုံး လိုက်စုံစမ်းပေမယ့် ဘယ်ဆီဘယ်ဝါ ရောက်နေမှန်း မသိတဲ့ ချစ်သူကောင်မလေးကိုလား

ဆိုတာကို LCD မျက်နှာပြင်ပေါ်မှာ ဆက်လက်ကြည့်ရှုကြပါစို့လို့ ........ဆန့်ငင် ဆန့်ငင် ဖြစ်အောင် လုပ်လိုက်ပါတယ်။ ကြည့်ဖူးတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် မှတ်ချက်ကတော့း ဒီဇာတ်လမ်းဟာ ကိုရီးယားကားတွေ လှည့်တာလောက်ကို သနားတယ်ဆိုလား..။ ကြည့်ဖြစ်စေချင်ပါတယ်။


ကြော်ငြာမကောင်းရင် ကျနော့အပြစ်သာဖြစ်ပါကြောင်း ၊ ဇာတ်လမ်းသည် ထင်ထားသည်ထက်
များစွာ ပိုမိုကောင်းမွန်ပါကြောင်း....ပြောကြားရင်း

http://rapidshare.com/files/136559028/wckrprk.prstrdy.part8.rar
http://rapidshare.com/files/136563283/wckrprk.prstrdy.part1.rar
http://rapidshare.com/files/136567438/wckrprk.prstrdy.part2.rar
http://rapidshare.com/files/136571669/wckrprk.prstrdy.part3.rar
http://rapidshare.com/files/136580470/wckrprk.prstrdy.part4.rar
http://rapidshare.com/files/136593998/wckrprk.prstrdy.part5.rar
http://rapidshare.com/files/136611898/wckrprk.prstrdy.part6.rar
http://rapidshare.com/files/136622259/wckrprk.prstrdy.part7.rar

1&8 ပါ လင့်ခ်တွေသေနေတယ်ဆိုလို့ ကျနော်ချတာတော့ အောက်ပါအတိုင်းပါပဲ။တခုခုတော့ မှားနေကြပြီ။း) မရရင် www.katz.cd မှာ နာမည်သာရိုက်ပြီး ရှာလို့၇ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ....


7 comments:

KPZ said...

နာမည်ကြားဖူးတာတော့ကြာပီ.. ခုမှ ကော်မန့်ရေးဖြစ်တာကိုဆိုးသွမ်း။ ရုပ်ရှင်လင့်တွေအတွက် ကျေးဇူး။ နောက်လည်း အဲလို ရုပ်ရှင်ကောင်းကောင်းလေးတွေ ရှိရင် မျှဝေပါဦးနော် .......

Anonymous said...

ကိုဆိုးသွမ်းရေ ဝေမျှပေးတာကျေးဇူးဗျာ။ အခုတော့ ဒေါင်းလုပ်ဆွဲသွားပြီ ကြည့်ပြီးရင်တစ်ခေါက်ပြန်လာပါမယ်

Anonymous said...

Link တွေသေနေပါတယ်။ အပိုင်း ၁ နဲ့ အပိုင်း ၈ broken ဖြစ်နေပါတယ်။

Alternate links:
http://rapidshare.com/files/156881461/www.bigc4all.com.Wicker_Park.part1.rar
http://rapidshare.com/files/156881363/www.bigc4all.com.Wicker_Park.part2.rar
http://rapidshare.com/files/156881531/www.bigc4all.com.Wicker_Park.part3.rar
http://rapidshare.com/files/156881332/www.bigc4all.com.Wicker_Park.part4.rar
http://rapidshare.com/files/156881466/www.bigc4all.com.Wicker_Park.part5.rar
http://rapidshare.com/files/156881293/www.bigc4all.com.Wicker_Park.part6.rar
http://rapidshare.com/files/156881485/www.bigc4all.com.Wicker_Park.part7.rar
http://rapidshare.com/files/156880409/www.bigc4all.com.Wicker_Park.part8.rar

ဆိုးသွမ်း said...

သေချာလေးကြည့်ပါဦး ခင်ဗျာ
ကျနော်အခုစမ်းကြည့်တာ အကုန်ရပါတယ်။

တခုခုများ လွဲချော်နေသလားလို့။
အကုန်စစ်ပြီးမှ တင်ပေးတာပါ။

Anonymous said...

ကိုဆိုးသွမ်းရေ
ဟုတ်တယ်ဗျ မနေ့ညက ကျနော်ကြည့်လို့မရဘူးဖြစ်နေတယ်
အပိုင်း၁နဲ့၈ မှာ broken ဖြစ်နေတယ်လို့ error တက်ပါတယ်။

အမည်မသိရဲ့ လင့်ကို စမ်းကြည့်ပါဦးမယ်

ကျေးဇူးပါ

Anonymous said...

ကိုဆိုးသွမ်းရေ လင့်က သွားတယ်ဗျ။ ဒေါင်းလုပ်လဲလုပ်လို့ရတယ် ဒါပေမယ့် winrar ပြန်ဖြည်တဲ့အချိန်မှ error တက်တာပါ

Anonymous said...

ဖြိုးကျော် တင်တင်ဇော်နဲ့ နန္ဒတို့သုံးယောက်ကို သွားမြင်မိတယ်ဗျာ