Thursday, April 23, 2009

HappyCloud က ကိုမိုးမောင်က သူသေသွားရင် ဖဲဝိုင်းထောင်ပေးပါတဲ့။ :D အဲဒီက ရလာတဲ့ အကောက်တွေရယ် ၊ ကျန်ခဲ့တဲ့ သူ့ပစ္စည်းတွေစုစုပေါင်းထဲက ၁၀ ပုံ ၁ ပုံကို မင်းယူ။ ကျန်တာ မင်းအစ်မကို ပေးလိုက်ဆိုပြီး မနေ့က စိတ်ဓတ်ကျစွာနဲ့ ဖွင့်ဟလာတယ်။ :) စိုင်းစိုင်းလို ဆိုရရင် “ ငါနားလည်ပါတယ်....ဒါက နင့်ရဲ့ အခြေအနေပေါ့ ” ဖြစ်နေပြီ။ ပြည်တွင်းက အခြေအနေအမျိုးမျိုးကြောင့် ပြည်ပထွက် အလုပ်ရှာမိပါတယ်။ စီးပွားရေးပျက်ကပ်နဲ့ တိုးနေတော့ ဘာမတော့ မလုပ်ပေးနိင်ပေမယ့် ကိုယ်ချင်းတော့ စာမိပါတယ်။

ဒီလိုနဲ့ပဲ ယောက်ဖကြီးမိုးမောင်ကို နှစ်သိ့မ်ထားရတယ်။ တော်ကြာ သူက ( ကိုယ့်အစ်မ ) ပစ်သွားရင် ဘယ်လိုလုပ်မလဲ။ :P အခုပြောပြချင်တာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က ဆရာတော် ဦးဇ၀န ( မေတ္တာရှင် - ရွှေပြည်သာ ) ရဲ့ ရေးသားတော်မူတဲ့ တရားစာအုပ်ထဲက စာလေးတခုကို ပြန်လည်ဖောက်သည် ချချင်လို့ပါ။ ဘုန်းကြီးနာမည်တော့ မရေးထားပါဘူး။ ခုနှစ်က ၁၉၉၂ ခုနှစ်တုန်းက။ လွယ်လွယ်ပဲ ပြောကြပါစို့။ တရားပွဲတခုမှာပေါ့.....

“ ဒကာ ၊ ဒကာမ အများစုဟာ မကောင်းကျောင်းပို့ဆိုတဲ့အတိုင်း မကောင်းတာမှ ကျောင်းပို့ကြတယ်။ ကောင်းတာကြတော့ ကျောင်းကို ပို့ဖို့ သတိမရဘူး။ လူတစ်ယောက်သေပြီဆို သေသူဝတ်ခဲ့တဲ့ အ၀တ်အစားတွေကို လိုက်ကာတွေ ၊ အနေကထိုင်တွေ ချုပ်ပြီး ကျောင်းကို လာလှူကြတယ်။ အပြောလေးကတော့ သင့်ပါတယ်။ ဘာတဲ့ “ သေသွားတဲ့သူ ကုသိုလ်ရအောင်လို့ပါ ဘုရားတဲ့ ” ။ အမှန်က ဘယ်သူမှ မ၀တ်ရဲလို့ ကျောင်းလာလှူတာ။ ”

( ရယ်သံများ )

“ နောက်ပြီး လူသေတင်တဲ့ ကုတင်ကြီးကိုလည်း ကျောင်းလာလှူတယ်။ သေသူကုသိုလ်ရအောင်
လို့ပါ ဘုရားတဲ့။ အမှန်က ဘယ်သူမှ တက်မအိပ်ရဲလို့ ကျောင်းလာလှူတာ။ ”

( ရယ်သံများ )

“ သေသူကုသိုလ်ရအောင် လာလှူတာပါဆိုရင် ပြောလိုက်ချင်တယ်။ သေသူဟာ ဆွဲကြိုးဆွဲရင်းလည်း
သေတာပဲ ၊ လက်ကောက် ၊ လက်စွပ် ၀တ်ရင်းလည်း သေတာပဲ။ သေသူဝတ်ဆင်ခဲ့တဲ့
လက်စွပ်တွေ လက်ကောက်တွေကြတော့ သေသူ ကုသိုလ်ရအောင် ဆိုပြီး ကျောင်းလာမလှူကြဘူး။

( ရယ်သံများ )

“ ဒကာ ၊ ဒကာမတို့ကို မေတ္တာရပ်ခံချင်ပါတယ် ၊ မကောင်းတာတွေ ကျောင်းပို့တာ များနေပါပြီ။
ကောင်းတာတွေလည်း ကျောင်းပို့ကြပါဦး ” တဲ့


အင်ထရိုဝင်တာနဲ့ ဆိုင်မဆိုင်တော့ မတွေးတော့ပါဘူး။ ကိုယ်သိစေချင်တာလေး သူများကိုလည်းသိအောင် ရေးပြလိုက်ရလို့ ကျေနပ်ပါတယ်။ :) ဒကာကြီးမိုးမောင်လည်း မကောင်းတာ ကျောင်းမပိုနဲ့နော်...




5 comments:

မီးမီးငယ် ရဲ့  ထည်ဝါချို said...

အဟဲ

အဲကိုမိုးမောင်ကိုပြောလိုက်လေ။ဖဲဝိုင်းထောင်ပြီးနိုင်အောင်
တော့ မပါလို့ ။ အမရင် ဘယ်အပုံမှ(အစ်မကို)ပေး
လို့ ရဘူးလို့ ။
း)

ဒီတော့ကိုဆိုးသွမ်းက ဘာပို့ ချင်လဲ ကောင်းတာလေးတွေ။
း)

မိုးမောင်(HappyCloud) said...

ဟဲ့..ဟဲ့...ဆိုးကြီး..နင်ဟာလေ..
တကယ်မကောင်းကျောင်းပို့ လုပ်တယ်ပေါ့။ ပြီးတော့ Intro ပါ ဆွဲတီးသွားတယ်။ တီးတော့လည်း Scale ကြမ်းကြီး။ တော်ဘီ..ဆားနဲ့ပဲစားတော့မယ်။ ဖဲဝိုင်းအကောက်လည်း နင့်မပေးတော့ဘူး။ မဲကြီးကို ပါမစ်ချမယ်။ ဒါပဲ...။

Anonymous said...

မကောင်း ကျောင်းသွား
ကောင်းပေမယ့်လည်း ကျောင်းသွားလို့်မရဘူးပေါ့း)
ကျနော်လည်း ဘာလို့ကျောင်းသွားခဲ့တာပါလိမ့် ကောင်းလား မကောင်းလား မေးကြည့်အုံးမယ် ။

Apprenticeship said...

အင်းနော်.. လက်ဝတ်လက်စားကျတော့ မကြောက်ပြန်ဘူး :P

ကြယ်ပြာ said...

ခုမှဒီပို့စ်လေးဖတ်မိတယ် ... အမှန်ပဲ ... အစ်မလဲ အဲ့ဒီကိစ္စကိုစဉ်းစားမိနေတာ သိပ်တောင်မကြာသေးဘူး ... သေသူကုသိုလ်ရအောင်တဲ့ ... ပြောပြောပြီး လှုတာတွေတွေ့နေရလို့လေ ....