Saturday, April 4, 2009

သင်ခန်းစာများ

အယ်နီဟာ ဥာဏ်ကောင်းတယ် ၊ ကြိုးစားတယ် ၊ ဟာသဥာဏ်အလွန်ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ သူ့ရဲ့ ပိုက်ဆံတွေကို သုံးဖြုန်းပစ်ခဲ့တဲ့ မူးယစ်ဆေးဝါး သမားတချို့နဲ့ ပက်သက်ခဲ့ရတယ်။ သူ့ကိုရိုက်နှက်တဲ့ အရက်သမားတွေနဲ့လည်း ကြုံခဲ့ရပါတယ်။

ဖြစ်ရပ်တွေဟာ ပြန်ဖြစ်တက်တဲ့ သဘော ရှိတယ်။ ကိုယ်က သင်ခန်းစာ မယူတက်ခဲ့ရင် အရင်ကကြုံခဲ့ဖူးတာတွေ ပြန်ကြုံရတက်တယ်။


လူတွေက ကိုယ့်အပေါ် အခွင့်အရေး ယူတက်ကြတယ်ဆိုရင်....

သူငယ်ချင်းတွေက သူတို့ရဲ့ ပြဿာနာတွေကို ဖြေရှင်းပေးဖို့ ၊ သူတို့ရဲ့ ပစ္စည်းတွေကို သယ်ပိုးပေးဖို့ ၊ ရှုပ်ပွနေတဲ့ သူတို့ရဲ့ အခန်းကို ရှင်းလင်းဖို့ ၊ သူတို့ကို နေ့လည်စာ ၀ယ်ကျွေးဖို့ သင့်အပေါ် အခွင့်အရေး ယူကြမယ်။ ဒါကို သင်ကလည်း လိုက်လျောပြီး လုပ်ပေးမယ်ဆိုရင် သူတို့ ဆက်ပြီး အခွင့်အရေး ယူကြဦးမှာပဲ။

တခြားသူတွေ ကိုယ့်အပေါ် အမြတ်ထုတ်တာကို ဆက်ပြီး ငြိမ်ခံနေမယ်ဆိုရင် သင့်မှာ သတ္တိတွေ ဒါမှမဟုတ် အစွမ်းအစ မရှိသေးခင်အထိ ပိုက်ဆံတွေ ဆက်ကုန်နေဦးမှာပဲ။
လူ့ပေါက်ပန်းတွေနဲ့ ဆက်တွဲနေမယ်ဆိုရင်......

ရည်းစားမရှိတာထက်စာရင် တစ်ယောက်ယောက်နဲ့ တွဲနေတာက တော်သေးတယ်လို့ သဘောထားပြီး ရိုင်းစိုင်းသူ ၊ ပျင်းရိသူ ၊ တကိုယ်ကောင်းဆန်သူ တွေကို အနွံတာခံပြီး ဆက်တွဲနေမယ်ဆိုရင် ငရဲကလာတဲ့ အဖော်တွေကို အဆုံးမရှိ ကြုံနေရဦးမှာ ဖြစ်ပါတယ်။
ရပ်တည်ချက် တခုခုမရှိရင် သမိုင်းဆိုတာ တပတ်ပြန်လည်လာတက်ပါတယ်.....

“ ငါသာ တခြားနေရာမှာ ရှိခဲ့မယ်ဆိုရင် ၊ ဥပမာ - ဟိုင်ဝါရီလို နေရာမျိုး ၊ ဒါမှမဟုတ် တခြားသူငယ်ချင်းတွေသာ ရှိနေခဲ့မယ်ဆိုရင် ဒီလိုမျိုး ပြဿာနာမျိုး ကြုံရမှာ မဟုတ်ဘူး ” လို့ တွေးချင် တွေးမိမယ် ၊ ဒါပေမယ့် သင့်ရဲ့ စိတ်ထားကို မပြင်သရွေ့ ပြဿာနာတွေ ကြုံနေရဦးမှာပါပဲ။

အကျွန်ပ်တို့မှာ အားနည်ချက်တွေ ရှိတဲ့အခါ ဒါဟာ သံလိုက်လိုပါပဲ၊ ဘယ်နေရာကိုပဲ သွားသွား အရင်ရခဲ့ဖူးတဲ့ သင်ခန်းစာမျိုးတွေကိုသာ ထပ်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါဟာ ဘ၀ရဲ့ ဥပဒေသ ပါ။

စိတ်ဆင်းရဲ သူတွေ ပြောကြတာက “ ဘာကြောင့် င့ါကိုမှ ဒါမျိုးတွေ ရွေးဖြစ်နေရတာလဲ ”

ဘ၀မှာ အကျိုးရှိရှိ နေတက်သူတွေကတော့ “ ဒီသင်ခန်းစာကို ယူရမယ် ၊ ဒါမှ မဟုတ်ရင် နောက်တခါ ထပ်ဖြစ်လာဦးမယ် ”

“ သင့်ဘ၀မှာ ကြုံတွေ့ရတဲ့ သင်ခန်းစာမှန်သမျှ သင့်အတွက် ခွန်အားပို၍ တိုးစေတယ်လို့ မှတ်ယူပါ။ ဒီလိုစိတ်ထားတက်ရင် ဒုက္ခခံစားရသူလို ခံစားရမှာ မဟုတ်ပါဘူး ”


4 comments:

flowerpoem said...

ကိုဆိုးသွမ်းရဲ့သင်ခန်းစာများ ကိုဖတ်ပြီး. . . . မှတ်သားစရာရော တကယ်လည်းသင်ခန်းစာဆိုတဲ့ ခေါင်းစဉ်နဲ့လည်း လိုက်ပါတယ်ရှင်..

Phyo Maw said...

ကောင်း၏။ တစ်ချို့အချက်များ လက်ခံ၏။ MSword နှင့်ကူးသွားသည် ပြန်ဖတ်လွယ်အောင် :)

Anonymous said...

မှတ်သားစရာ ပို့စ်လေးအတွက် ကျေးဇူးပါ အစ်ကို စဉ်းစားတွေးတောသွားတယ် ။

ကြယ်ပြာ said...

ဒီလိုပို့စ်မျိုးကိုသိပ်သဘောကျတာပဲ ... စိတ်ခွန်အားရစေလို့ လေ ... ဒါပေမယ့် ခက်တာက စိတ်ကလည်း ခွန်အားရဖို့ ခဏခဏ အစာကျွေးနေရတယ် ...း)