Sunday, February 8, 2009

ပျော်အောင်ထားပါ



သင်ပျော်ရွှင်နေတဲ့အခါ “ ငါတော့ ၀မ်းနည်း ကြေကွဲနေတဲ့လူတွေနဲ့ အပေါင်းအသင်း လုပ်သင့်တယ် ” လို့များ ကိုယ့်ကိုယ်ကိုယ် ပြောဖူးသလား ။

မပြောဖူးပါဘူး ။ ကိုယ့်လို ပျော်နေတဲ့ လူတွေကိုပဲ ရှာပါတယ်။ ပျော်တဲ့လူက ပျော်တဲ့ လူကိုပဲ ဆွဲဆောင်တယ်။ ဘယ်သူ ၊ ဘယ်ဝါမှ မပျော်ရွှင်တဲ့လူကို မခေါ်ဘူး။ မပျော်တဲ့ လူကလည်း မပျော်တဲ့လူကိုပဲ ဆွဲဆောင်တယ်။တစ်ယောက်ယောက်က ကိုယ့်ကို ပျော်အောင် လုပ်ပေးနိင်တယ်ဆိုတဲ့ အတွေးမျိုး ဘယ်ကရသလဲ။ သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲက ရတာ ဖြစ်ကောင်း ဖြစ်နိင်ပါတယ်။

သီချင်းတွေနဲ့ ရုပ်ရှင်တွေထဲမှာ “ မင်းနဲ့မတွေ့ခင်တုန်းက ကိုယ်ဟာ အထီးကျန် အရှုံးသမားပါ။ ဒါပေမယ့် မင်းက အရာရာကို ပြောင်းလဲပေးတယ် ” လို့ပြောကြတယ်။

အဲ...တကယ်တမ်း လက်တွေ့ ဘ၀မှာတော့ “ မင်းနဲ့ မတွေ့ခင်တုန်းကတော့ ကိုယ်ဟာ ၀မ်းနည်း ကြေကွဲနေရတယ် ၊ မင်းနဲ့တွေ့မှ ပိုဆိုးသွားတယ် ”

တကယ်တော့ လက်တွေ့ဘ၀မှာ ကျွနုပ်တို့ရဲ့ဘ၀ကို တခြားလူတွေက ပြောင်းလဲပေးတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ပြောင်းလဲရတာပါ။ စိတ်ဓတ်ကျနေမယ် ၊ စိတ်အားငယ်နေမယ်ဆိုလျှင် သင့်ရဲ့အတွေးတွေကို သင်တစ်ယောက်သာလျှင် ပြောင်းလဲပစ်နိင်ပါတယ်။ စိတ်ဆင်းရဲမှုတွေကနေ တဆင့်ပြီး တဆင့်ရုန်းထွက်ရပါတယ်။

အကောင်းမြင် အတွေးတွေ ပေါ်စပြုလုရင် သင်ဟာ ပျော်ရွှင်တဲ့ မိတ်ဆွေကောင်း တွေနဲ့ ပျော်ရွှင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆွဲဆောင်နိင်ပါပြီ။ အကောင်းမြင် အပြုသဘောဆောင်သူတွေ ၀န်းရံနေဖို့ ဦးစွာ ပထမ သင့်မျက်နှာမှာ အပြုံးလေး ရှိနေပါစေ။

Author - Andrew Matthews


8 comments:

Anonymous said...

အကောင်းမြင်ချင်ပါတယ်..

Anonymous said...

ပျော်အောင် အမြဲ ကြိုးစားနေတယ်။
မပျော်တာကတော့ ပယောဂ နှောင့်ယှက်လို့ပဲဖြစ်မယ် ဆေး၇ှိရင် မျှအုံး အစ်ကို :)

ဒေါင်းမင်း said...

ပျော်အောင်နေပါတယ်..တခါတလေကျတော့စိတ်ညစ်စရာကပါလာပြန်ကော..
ဘယ်လိုလုပ်ရပါမလဲ

Anonymous said...

အတတ်နိုင်ဆုံးတော့ ပျော်အောင်နေတာဘဲ။

မောင်မျိုးပြောသလိုပေါ့ တစ်ခါတစ်ရံ ပယောဂ ၀င်ဝင်ပူးတော့
း)

khin oo may said...

အင်း..

Dr. Yi Yi Win said...

သင်ပျော်ရွှင်နေတဲ့အခါ “ ငါတော့ ၀မ်းနည်း ကြေကွဲနေတဲ့လူတွေနဲ့ အပေါင်းအသင်း လုပ်သင့်တယ် ” လို့များ ကိုယ့်ကိုယ်ကိုယ် ပြောဖူးသလား ။ မပြောတော့မပြောဖူးပါဘူး။ ဒါပေမယ့် ဆရာဝန်တို့ ၊ တရားသူကြီးတို့ ၊ရဲသားတို့ ဆိုတာကတော့ အလုပ်သဘောကိုက မပျော်တဲ့လူတွေနဲ့ ပဲ အချိန်ပြည့်နှစ်ပါးသွားနေရတာပါပဲ။ NGO တွေဆိုရင်မပျော်တဲ့လူတွေကိုလိုက်ကူညီနေရတာကိုပျော်နေကြတာ။ ဘယ်အရာမှတော့ ပုံသေပြောလို့ မရပါဘူးလေ။

ဆိုးသွမ်း said...

အဲ...သူတို့ဖက်ကကြည့်မယ်ဆိုလျှင်လည်း
ဒီ NGO အလုပ်ကို ၀ါသနာစိတ်အရင်းခံပါလို့
လုပ်ရတာကြောင့် စိတ်ပင်ပန်းခံစွာ လုပ်နေသလို ၊ တဖက်က လူတွေကို ပြန်ကြည့်ရင်လည်း သူတို့အတွက် ဒီလို လူတွေရှိနေသေးပါလားဆိုတဲ့ စိတ်လေး ၀င်ပြီး
ပြန်လည်အားတက်စရာ ရှိတယ်လို့ မြင်မိပါတယ်။ အပြန်အလှန် ဆွဲဆောင်နေသလို ဖေးမနေကြတာပေါ့။ ပုံသေနည်းတော့ မပြောင်းဘူး။ တွက်နည်းပြောင်းသွားတယ်။ အဲဒီလိုပေါ့ဗျာ။

Unknown said...

မှန်ပါတယ်