Wednesday, February 4, 2009



ငွေ အကြွေစ တစ်ချို့လိုတယ်
ရေတခွက်.....ထမင်းတလုပ်.....လိုတယ်
တဲ တလုံးလောက် မရရင်လည်း
ကျောတခင်းစာလောက်.....လိုတယ်

ဤခရီးလည်း ဘယ်တော့မှ မနီးခဲ့ပါ
ပျောက်သောသူတွေလည်း ကြာရင်ပိုသတိရလာခဲ့
ကျွန်တော့်ကို ဘယ်သူမှ လာမခေါ်ပါနဲ့
သူတို့တွေမျက်နှာပြုံးနိင်မယ့်နေ့....ကျွန်တော် ခင်ဗျားဘက်ပါမယ်

အခုတော့....ကန္တာရထဲက
သဲမုန်တိုင်းလို
ကွတ်ခိုင်ရဲ့...မနက်စောစောမြူခိုးတွေလို
အရာရာဟာ....၀ိုးတိုးဝါးတားနဲ့ အဖြူအမည်း မသည်းကွဲသေးဘူး

မနက်စောစောထဖြစ်ရင်
စမ်းချောင်းလမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာထိုင်မယ်
သူငယ်ချင်းနဲ့ အတူ
ဘေးတိုက်သွားတက်တဲ့ လူ့ဂဏန်းတွေအကြောင်း
ဆွေးနွေးကြည့်မယ်

ပြီးရင်....ဒီကောင်မသိသေးတဲ့
တရံတခါဆီက...ပုဂံရာဇ၀င် အပြစ်မှတ်တမ်းဟောင်းကို
ရွတ်ပြဖို့ စိတ်ကူးထားခဲ့.......တယ်။



11 comments:

Anonymous said...

အတိတ် ကို လွမ်းနေပြီလား အစ်ကိုး)

ကြယ်ပြာ said...

ကဗျာက မိုက်တယ် ... ခုထိမအိပ်သေးတာလား ...

Apprenticeship said...

မော်စကို နှင်းမုန်းတိုင်း တိုက်တဲ့နေ့ တွေလောက် မမှုန်သေးတော့ ကောင်းပါတယ် :P

Anonymous said...

ဖတ်လို့ကောင်းတယ် ဒိုင်တွေကတော့ လက်တွေ့ဘ၀နဲ့ တော်၂ကိုနီးစပ်တယ်..

Anonymous said...

ခံစားသွားပါတယ်ခင်ဗျာ..

မမသီရိ said...

ဖတ်ပြီး..တွေး သွားတယ်..
ဘာပြောချင်လဲ လို့ သိနေသလိုပဲ..
တနေ့နေ့ တော့..အဖြူ အမဲ ..သဲကွဲ မှာပါ...
အဲဒီ နေ့ က...အားလုံး အတူ တကွ..
ခံစားချက်တွေ တူတဲ့ နေ့ ပေါ့...

khin oo may said...

သိတ်တော်တာဘဲ။
တာရာမင်းဝေ မလိုတော့ဘူး

Anonymous said...

ကောင်းပါတယ်ခင်ဗျာ အဲလေ ရှင်
း)

လင်းဒီပ said...

ကိုဆိုးသွမ်းကတော့ ကိုဆိုးသွမ်းပဲလေ..ဟဲ..ဟဲ..
ဂွတ်ပြီးသား...

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ်ညီရေ။ မှုန်ရီဝေသော စိတ်ကူးတွေကို အကောင်အထည်ဖော်နိုင်ပါစေကွာ။ :-)

y2k.virus said...

မင်္ဂလာပါ
ဒီကဗျာလေးကိုကူးသွားပါတယ် စီးပွားရေးအတွက်တော့
ဟုတ်ပါဘူး သူငယ်ချင်းတွေအားလုံးဖတ်ရအောင်လို့ပါ
ဘာလို့ဆိုတော့ ဒီနေရာတွေကိုဝင်လို့မရတဲ့လူတွေများပါတယ်
အဲ့ဒါမို့လို့ပါ
ဒီကဗျာလေးကိုလည်း မူရင်းနာမည်နဲ့ဘဲတင်မှာပါ
လာလည်ပါလားအားရင်
http://eainlwanthu.ning.com/profile/Xman
ဒါသူငယ်ချင်းတွေနဲ့ပေါင်းဖွင့်ထားတာပါ
မြန်မာလူမျိုးတွေချည်းပါဘဲ
လာလည်းတယ် ကဗျာလေးတွေ မစရင်တော့ အနှိုင်းမရှိကျေးဇူးပေါ့ အဆွေတော်
ထာဝရလေးစား အားပေးလျှက်ပါ