Tuesday, January 13, 2009

Rendition

စိတ်ရှုပ်စရာတွေ ၊ စိတ်ညစ်စရာတွေ ၊ ခေါင်းပူစရာတွေ ရေးပြီးနောက်ပိုင်းမှာတော့ ဘလော့ဂ်ဂါတွေကို ပြန်လည် အနားယူဖို့ အတွက် ရုပ်ရှင်တစ်ကား ညွှန်းပြီး တင်ဆက်လိုက်ပါတယ်။ ဒီကားကို ကြည့်ပြီးတာတော့ တော်တော် ကြာပါပြီ။ ဇာတ်လမ်းက ၀ိုးတ၀ါးပဲ မှတ်မိတော့တယ်။ ဇာတ်လမ်းကတော့ တကယ့် ဇာတ်လမ်းကောင်းပါပဲ။ ဇာတ်ကားနာမည်က “ Rendition ” ပါ။




ဒီဇာတ်လမ်းမှာ အသေခံဗုံးကွဲမှု ဖြစ်စဉ်တွေကို စုံစမ်းဖို့ အာဖရိကကို စီအိုင်အေအရာရှိ တစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။ သူရောက်တော့ ၄င်းနယ်ပယ်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲတစ်ယောက်ကို အကြမ်းဖတ် သမားများက လုပ်ကြံခြင်းကြောင့် မသေသော်လည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့ရတယ်။

ထိုဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးနေစဉ်မှာပဲ အကြမ်းဖတ်သမားတို့က ဇနီးနှင့် သားငယ်ရှိရာ အမေရိကန်သို့ ပြန်လာတဲ့ သူတို့နှင့် နာမည်တူ အီဂျစ်ပြည်ဖွား Chemical အင်ဂျင်နီယာ တစ်ယောက်ကို ဖုန်းဆက်ပြီး စီအိုင်အေက ထင်ယောင်ထင်မှား ဖြစ်အောင် ပြုလုပ်ခဲ့ကြသည်။




ထိုဘုမသိ ဘမသိ ဖမ်းဆီးခံရမှုအတွက် အိုမာဟာ အကျဉ်းထောင်ထဲမှာ တော်တော်လေးကို နှိပ်စက်ခံနေရသည်။



မခံနိင်တော့သည့် အဆုံး သူမလုပ်ပေမယ့် ၀န်ခံခဲ့သည်။ ထိုအခါ သူ့အားခိုင်စေသူများ၏ နာမည်ကို ချရေးခိုင်းရာ ကျောင်းသား ဘ၀တုန်းက ဘောလုံးအတူဆော့ခဲ့သည် နာမည်များကို ပေးခဲ့သည်။ ကံကောင်းချင်တော့ စီအိုင်အေ အရာရှိမှ သင်္ကာမကင်းဖြစ်ကာ သူ၏ နောက်ကျောင်းများကို လိုက်လံစုံစမ်းတော့ အကြောင်းစုံ သိရှိရသည့် အပြင် ၊ အပြင်းစား ဗုံးဖောက်ခွဲမှု့အတွက် သူရရှိမည့် ငွေပမာဏမှာ $40000 ဖြစ်ပြီး ၊ လက်ရှိ သူအလုပ်လုပ်နေသည့် လခမှာ $200000 ဖြစ်နေသည်ကို အံသြဖွယ် ရာ တွေ့ရှိရာမှ.......


မိမိချစ်သူ၏ ဖခင်မှာ သူသတ်မည့်လူဖြစ်သော်လည်း ၊ အစ်ကိုနှင့် ယုံကြည်မှုအတွက်
အသေခံဗုံးဖောက်ခွဲခဲ့သည့် သူအဖြစ်....... ခါလစ်



သားနှစ်ယောက်စလုံး အသေခံဗုံးဖောက်ခွဲမည်ကို သိရှိသော်လည်း မတက်နိင်သဖြင့်
မျက်ရည်ကိုသာ အဖော်ပြုနေရသူ


ကိုယ်ဝန်ကြီး တကားကားဖြင့် ယောင်္ကျားဖြစ်သူ ဖမ်းဆီးခံရမှုအတွက် လိုက်လံ
အကူအညီတောင်းနေသော သူအဖြစ်




အိုမာတစ်ယောက် မတရားမှုကနေ ပြန်လည် လွတ်မြောက်လာပါ့မလား.......

မိမိအသက်ကိုပါ ရန်ရှာခဲ့ပြီး ၊ မိမိ၏ သမီးကိုပါ ခိုးယူပေါင်းသင်းခဲ့သော
အသေခံဗုံးဖောက်ခွဲသမားအပေါ် မည်သို့သော် သဘောထားရှိမည့်...ရဲဌာန အကြီးအကဲ

အမှန်တရားကို သိသွားသော်လည်း....လက်မခံကြသည့် အတွက်
စီအိုင်အေ အရာရှိအနေနဲ့ မည်သို့ ကယ်တင်မလဲ......


အစရှိသည့် စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက် အပြည့်ဖြင့် ရုပ်ရှင်ဇာတ်လမ်းကားကောင်း တခုဖြစ်ကြောင်း စီစဉ်တင်ဆက်လိုက်ရပါသည်။

Download Links

http://rapidshare.com/files/84921961/rip123.part1.rar
http://rapidshare.com/files/84924025/rip123.part2.rar
http://rapidshare.com/files/84926085/rip123.part3.rar
http://rapidshare.com/files/84928140/rip123.part4.rar
http://rapidshare.com/files/84930071/rip123.part5.rar
http://rapidshare.com/files/84932085/rip123.part6.rar
http://rapidshare.com/files/84934128/rip123.part7.rar
http://rapidshare.com/files/84934483/rip123.part8.rar




6 comments:

ဒေါင်းမင်း said...

ဘယ်မှာဝယ်ရမလဲ..ဘန်ကောက်မှာရောင်းလားး..ဘန်ကောက်မှာကအင်္ဂလိပ်ကားဆိုလဲ..အင်္ဂလိပ်အသံထွက်မဟုတ်..ထိုင်းအသံညောင်တိညောင်နာအသံနဲ့ကြည့်ရတာဖီးပျက်တယ်...
ကြည့်ချင်တယ်.........................................ဗျို့

မီးမီးငယ် said...

အန်
ကိုဆိုးသွမ်းကတော့လုပ်ပြီ

ဇာတ်လမ်းက၀ိုးတ၀ါးဆို။ ပြောသွားတာအတိကျဘဲ။း)

ကြည့်ချင်တယ်။လိုက်ရှာလိုက်ဦးမယ်။ မတွေ့ ရင်ဘယ်လိုလုပ်ရပါ့။

ဒေါင်းလော့ချပြီးကြည့်တော့လဲ အဆင်မပြေ။
တစ်ခါထဲညီးထားတာ
း)

ဆိုးသွမ်း said...

အဟဲ....မှတ်မိနေတာလေးတွေ
ချရေးကြည့်တာပါ....

ဘန်ကောက်တော့မသိဘူး...ဒေါင်းလုပ်ချဖို့တော့ လင့်ခ်ပေးထားတယ်ဗျာ

Anonymous said...

ဘန်ကောက် မသိရင် မဲဆောက်ကောသိလားဗျး) အမြည်းပဲစားသွားတယ် အရသာကတယ်ဂွဒ်သကိုးးးး

လင်းဒီပ said...

ကြည့်လိုက်ပါမယ်ဗျို့..အရေးကောင်းလို့

Yan said...

အဲဒီ့ဇာတ်ကား အခုလေးတင်ကြည့်ပြီးတာဗျ. TV ကလာတာ. ချက်ချင်းပဲ ဒါ ကိုဆိုးသွမ်းရေးခဲ့ဖူးတဲ့ ကားလေးဆိုပြီး အပြေးပြန်လာဖတ်ရင်း ကော်မန့်ပွတ်သွားတာ.

တော်တော်ကောင်းတဲ့ ဇာတ်လမ်းလေးပဲဗျာ. အမေအိုကြီးရဲ့ They are just children.... ဆိုပြီး အသံတုန်တုန်ယင်ယင်နဲ့ ပြောလိုက်တဲ့အခန်းလေးမှာ ကျွန်တော် မျက်ရည်တောင်ဝဲသွားတယ်.

ကျေးဇူး ကိုဆိုးသွမ်းရေ....

နောင်လည်း ရေးပါဦး၊ ညွှန်းပါဦးဗျ..

း)

ခင်မင်လျက်

ရန်အောင်