Friday, October 31, 2008

“ နွယ် ”


တစ်ပင်တည်း ( ထဲ )
ရင်ထဲကနွယ်

ခက်ညွှန့်သန် နသစ်လို့
ရစ်ပတ်နှောင်တွယ်

သံယောဇဉ် ဆိုတာရယ်
နွယ်ကလေး တစ်ပင်ပေါ့

ရာသီတွေ ဘယ်လိုပြောင်းပေမယ့်
ခေါင်းထောင်လို့ကြော့ ။ ။

ဆရာမောင်စိန်ဝင်း



Wednesday, October 29, 2008


သည်တစ်ခါတော့ဖြင့် ၂၀၀၈ ခုနှစ်အတွက် The Time ကထုတ်ဝေတဲ့ သူတို့သက်ဆိုင်ရာ နယ်ပယ် အသီးသီးက ထိပ်သီးလူပုဂ္ဂိုလ်များရဲ့ စာရင်းကို တင်ပြပေးလိုက်ပါတယ်။ သူတို့တွေကတော့


( Leaders & Revolutionaries )

Dalai Lama


သတင်းအပြည့်အစုံ



( Scientists & Thinkers )

Michael Bloomberg


အပြည့်အစုံသို့



( Builders & Titans )

Indra Nooyi


အပြည့်အစုံသို့

( Artists & Entertainers )

Lorne Michael


အပြည့်အစုံသို့



( Heroes & Pioneers )

Brad Pitt & Angelina Jolie


အပြည့်အစုံသို့






Tuesday, October 28, 2008


ဗုဒ္ဓဘာသာ သာသနာအကျိုး ဆောင်ရွက်သည့် ထင်ရှားသော ရှင်သူမြတ်များအား ပေးအပ်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တခုကို အိန္ဒိယနိုင်ငံ နာလန်ဒါ ဗုဒ္ဓတက္ကသိုလ်က သီတဂူဆရာတော် ဦးဉာဏိသရအား ယနေ့ ပေးအပ်ချီးမြှင့်လိုက်သည်။

နာလန်ဒါ ဗုဒ္ဓတက္ကသိုလ် ဒုတိယအုပ်ချုပ်ရေးမှူး ဒေါက်တာပက်တို့က သက်တော် ၇၂ နှစ်၊ ၀ါတော် ၅၂ နှစ်ရှိ ဆရာတော် ဦးဉာဏိသရသို့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

''ဒီဘွဲ့ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ချီးမြှင့်တာလဲဆိုရင် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် သာသနာအကျိုး၊ ဘာသာအကျိုး ဆောင်ရွက်တဲ့၊ နိုင်ငံတကာမှာလည်း သိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ချီးမြှင့်တာပါ။ ဒီဘွဲ့ကို ပထမဆုံး ပေးတာပါ။ သီတဂူဆရာတော်ရယ်၊ ဗီယက်နမ်က ဆရာတော်တပါးရယ်နဲ့ ၂ ပါးကို ချီးမြှင့်တာပါ။ ဆရာတော်က ထေရ၀ါဒဗုဒ္ဓဘာသာ ဆရာတော်အဖြစ် ရပြီး၊ ဗီယက်နမ် ဆရာတော်ကတော့ မဟာယနဗုဒ္ဓဘာသာအဖြစ် ရတာပါ'' ဟု နာလန်ဒါတက္ကသိုလ်မှ စာသင်သား သံဃာတော်တပါးဖြစ်သူ ဦးဉာနောဘာသ က မဇ္ဈိမကို မိန့်ကြားသည်။

''သီတဂူဆရာတော် ဘုရားကြီးက နိုင်ငံတကာမှာ ဟောတယ်၊ ပြောတယ်။ အိန္ဒိယမှာ ရောက်နေတဲ့ စာသင်သား ရဟန်းတော်တွေကိုလည်း နှစ်စဉ် ဒေါ်လာ ၁၀၀ စီ လှူတယ်။ ပြည်တွင်းမှာလည်း သာသနာပြုပြီး လူတွေအကျိုးကို ဆောင်ရွက်နေတာဆိုတော့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဒီဘွဲ့ကို ပေးတာပါ'' ဟု သူက ထပ်ပြောသည်။ အပြည့်အစုံသို့

CoypRight@Mizzimzburemese

ဒီသတင်လေး ဖတ်ရတော့ ကျွန်တော့် စိတ်ထဲမှာ အတိုင်းမသိ ကြေနပ်မိပါတယ်။ ငါစွဲမချွတ်နိင်သေးတဲ့ ကျွန်တော်တို့လို လူပုဂ္ဂိုလ်တွေ အနေနဲ့ ကိုယ့်ဆရာတော် ဆုချီးမြင့်ခံရတာ ၀မ်းသာမိတာပေါ့။ တကယ်တော့ အားလုံးဟာ သာသနာတော် တိုးတက်ပြန့်ပွားပြီး နိဗ္ပာန်ရောက်အောင် လှုံဆော်တဲ့ ဆရာတော်တိုင်းဟာ ကျေးဇူးရှင်တွေမဟုတ်လား။ အစွဲဆိုတာ မရှိသင့်တာ သိပေမယ့်လည်း ကျွန်တော်ကတော် သီတဂူဆရာတော် တရားတွေကိုပဲ နာဖြစ်မိတယ်။ ဖြစ်နိင်မယ်ဆိုရင် ဆရာတော်ကို နောက်ထပ် အနှစ် ၂၀ လောက်ပြန်ငယ် စေချင်ပါသေးတယ်။ ဒါမှ သာသနာအကျိုးကို ပိုပြီး ထမ်းဆောင်နိင်မှာ မဟုတ်လား။

ဒီတရားတော်ကတော့ ကျွန်တော် အနာဖြစ်ဆုံး တရားတော်ထဲမှာပါတဲ့ တရားတော်ပါ။ တရားတော် ခေါင်းစဉ်က

“ လူမိုက်တို့သွားရာလမ်း ”

Download

ဆရာတော်ရဲ့ တရားတော်များ အားလုံးကို ဒီဆိုက်ဒ်မှာ သွားရောက်ဒေါင်းလုပ်ချနိင်ပါတယ်။

http://www.dhammadownload.com/UNyanissara-Burmese.htm

Sunday, October 26, 2008

Bangkok _Dangerous

ဒီဇာတ်လမ်းမှာ Joe ဆိုတဲ့ နာမည်အဖြစ်နဲ့ Nicolas Cage က ပရိုဖက်ရှင်နယ် ကြေးစားလူသတ်သမား အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဘ၀တစ်ခုလုံးမှာ လူသတ်ရမှာက လွဲလို့ တခြားဘာခံစားချက်မှ မရှိခဲ့ဘူးတဲ့ လူတစ်ယောက် ၊ လူတစ်ယောက်ကို သတ်ဖို့ အဆင့် ၁ ဘာလုပ်ရမယ် ၊ အဆင့် ၂ ဘာဆက်လုပ်ရမယ် ၊ အခြေအနေက ရန်သူက ကိုယ့်ရဲ့နေရာ ၊ ကိုယ့်ရဲ့ နောက်ကြောင်းကို သိသွားရင် ဘာတွေကို အရင်ဖျက်ဆီးရမယ် ၊ ဘာဆက်လုပ်သင့်တယ် ဆိုတာကို ဓတ်ခွဲခန်းထုတ်ဖော်တဲ့ ပုံသေနည်းလို့ အလွတ်မှတ်ထားတဲ့ လက်မရွံလူသတ် သမားအဖြစ် - ဂျိုး





ထိုင်းနိင်ငံ ဘန်ကောက်မြို့က မှောင်ခိုလုပ်ငန်းရှင်ကြီး တစ်ဦးက ပိုက်ဆံနှင့် ငှား၍ ထိုင်းနိင်ငံရဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ခြင်း သတ်ခိုင်းရာမှ နောက်ဆုံး ထိုင်းနိင်ငံရဲ့ ၀န်ကြီးချုပ်ကို ပြန်သတ်ခိုင်းခဲ့ရာတွင် ပြည်သူတွေ၏ ၀န်ကြီးချုပ်အပေါ် ကြိုဆိုနေသည့် မျက်နှာအနေအထားကြောင့် မသတ်ဖြစ်ခဲ့ ၊

တခါမှ အချစ်နဲ့ မတွေ့ခဲ့ဘူးသည့် လူသတ်သမားကြီး ဂျိုးဟာ ဒဏ်ရာကြောင့်ဆေးခန်းသွားရင် ဆေးခန်းမှ အရောင်းဆေးဝန်ထမ်းမလေး ၊ စကားမပြောတက်သူ အဖြစ် သရုပ်ဆောင်ထားသည့် ထိုင်းမင်းသမီးလေး၏ ကြင်နာမှုများအောက်တွင် ပျော်ဝင်သွားခဲ့ပုံ

နောက်ဆုံး မကောင်းတာ လုပ်သူတို့၏ ထုံးစံအတိုင်း ဘ၀ဇာတ်သိမ်းမကောင်းခဲ့သော ဂျိုး စသည့် သရုပ်ဆောင်ချက်များဖြင့်

Bangkok Dangerous





Saturday, October 25, 2008


လူကို အားလုံးမတူ ယူဆသော် လွဲချော်နေပါပြီ။ တူသည်ဟု ပုံသေ ယူဆပြန်သော် လွဲချော်မှု တစ်မျိုး ထပ်ဖြစ်ပြန်ပြီ။ လူ့တန်ဖိုးကို သတ်မှတ်ရာတွင် သဘောကြီး နှစ်မျိုးရှိပါသည်။

( ၁ ) ငွေကြေးနှင့် အရှိန်အ၀ါ


အပေါ်ယံ ပကာသနတို့ကို အကြောင်းခံလျက် လူ့တန်ဖိုး သက်မှတ်ခြင်း သဘောဖြစ်ပါသည်။ လူတစ်ယောက်ကို ငွေကြေးကြွယ်ဝ ချမ်းသာရုံမျှဖြင့် ၊ အရှိန်အ၀ါ အပေါ်ယံ ပကာသန အားကောင်းရုံမျှဖြင့် တန်းပြီး ဦးညွှတ်သော သဘောဖြစ်သည်။ ခင်မင်သွားသည် ၊ အထင်ကြီးသွားသည်။ ပတ်သက် ရင်းနှီးချင်မိသည်။ ဒီတော့ စကားပုံက ဒီလို ထွက်လာသည်။ “ မျက်နှာကြီးရာ ဟင်းဖက်ပါ ” တဲ့။ ထိုလူတွေနှင့် ပေါင်းသင်းမိသည့် လူများကိုလည်း အချင်းချင်းက “ အကျိုးလိုလို့ ညောင်ရေလောင်း ” တဲ့။ ထိုအရာတွေ အားနည်းသလောက် တန်းပြီး အထင်သေးသော သဘောဖြစ်သည်။ အနှစ်ကို မကြည့် ၊ အကာကိုကြည့်လျက် အောက်ခြေလွတ်နေသော စရိုက်ပျက် ၊ စရိုက်ဆိုးမျိုး ဖြစ်သည်။ နောက်တစ်မျိုးက




( ၂ ) အနှစ်ကို အကြောင်းခံသော သတ်မှတ်မှု


လူတစ်ယောက်သည် ကိုယ်ကျင့်တရား ဘယ်လောက် ကောင်းမွန်သလဲ ၊ ဘ၀တူ လူသားချင်း အပေါ် ဘယ်လောက် မေတ္တာထားနိင်သလဲ ( ဆင်းရဲသူ အချင်းချင်း ၊ ချမ်းသာသူ အချင်းချင်းပေါ် ထားသည့် စိတ်ဓတ်မဟုတ် ၊ လူဆိုသည့် သက်ရှိအချင်းချင်းအပေါ် ထားသည့်စိတ်ထားကို ဆိုလိုပါသည် ) ၊ ကိုယ့်နိင်ငံ ကိုယ့်ကမ္ဘာအတွက် ဘယ်လောက် စွမ်းဆောင် ကြိုးစားသလဲ ၊ ဘ၀ အမြင်မှန်ကန်မှု ဘယ်လောက် စွမ်းရည်ရှိသလဲ ၊ ကိုယ်နှင့် သက်ဆိုင်ရာ ပညာရပ်ကို ဘယ်လောက် ကျွမ်းကျင်သလဲ ဒီအပေါ် မူတည်လျက် လူ့တန်ဖိုးကို သတ်မှတ်ခြင်း ဖြစ်သည်။ ထိုသတ်မှတ်မှု မျိုးသည် မေတ္တာနှင့်ပညာ ပေါင်းစပ်သော သဘောဖြစ်သည်။ ဗြဟ္မစိုရ်တရားနှင့် အသိဥာဏ် အလင်းပေါင်းစပ်သော သဘောဖြစ်သည်။ လောက၏ ကောင်းမှုကို တည်ထောင်သော ၊ ဝေဆာစေသော ၊ လောက၏ ဆိုးကျိုးကို ကာကွယ်သော စရိုက်မျိုး ဖြစ်ပါသည်။


Thursday, October 23, 2008

နောက်ဆက်တွဲအနေနဲ့ သတင်းဖော်ပြရမည် ဆိုလျှင်ဖြင့်



အောက်ပါ သီလရှင်ကြီးများက စတင်တည်ထောင်ခဲ့ပါတယ်တဲ့


ဝဲဘက်က သီလရှင်ဆရာကြီး ဒေါ်နန္ဒထေရီ (နာယက)(မန္တလေး ) ပါ
အလယ်ကသီလရှင်ဆရာကြီးက ပျံလွန်တော်မူသွားပြီလို့ သိရပါတယ်။ ယာဘက်က သီလရှင်ဆရာကြီးက တောင်ငူကျောင်းက နာယက ပါတဲ့။

ဒီကနေ့လာရောက်လှူဒန်းတဲ့ အလှူရှင်ပါ


အလှူတော်မှတ်တမ်းပုံစံပါ



ဒါက ကျောင်းက ကျောင်းသူလေးတွေစာလုပ်နေတာပါ


အခုလိုလည်း ကစားနေကြပါတယ်



လှူဒန်းနိင်မည့်နေရာကို အခုလို မြင်နိင်ပါတယ်



ကမ္ဘာအရပ်ရပ်က မြန်မာနိင်ငံသူနိင်ငံသား တွေရဲ့ မေတ္တာနဲ့စေတနာကို ယုံကြည်မိပါတယ်။ ကဲ ကျွန်တော်တို့ရဲ့ အပိုအလျှံငွေကြေးလေးတွေနဲ့ ဘ၀ပေါင်းများစွာကို ထမင်း ၁ နပ် ၊ အ၀တ် ၁ ထည်လောက် လှူဒန်းကြရအောင်လား....

လိပ်စာက

ဧရိပ်မွန်အမျိုးသ္မီးစောင့်ရှောက်ရေးကျောင်း (မန္တလေး )

၂၂လမ်း ၆၃လမ်းထောင့်၊ နန်းရှေ့ ။ မန္တလေး။

ဖုန်း - 02-61214


Wednesday, October 22, 2008

လှူကြမယ်

ဘယ်ဘာသာ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ၊ တဖက်သားအပေါ် ကူညီရိုင်းပင်းတဲ့ စိတ်တော့ ရှိတက်ကြပါတယ်။ အထူးသဖြင့် မြန်မာနိင်ငံသားတွေမှာ ဆိုရင် ပိုရှိတက်တယ် မဟုတ်လား။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ် ၊ လှေနံနှစ်ဖက် နင်းမဲ့နင်း ကိုယ့်ဘက်သာ ရဲရဲကြီး နင်းလိုက်စမ်းပါလို့ ပြောနေတာ မဟုတ်ပါဘူး။ အလှူရေစက် လက်နဲ့မကွာ ဆိုတဲ့ စကားတောင် ရှိတယ်လေ။ ကျွန်တော်တို့ စာဖတ်သူတို့ဟာ နိင်ငံရပ်ခြားမှာ လတ်တလော နေထိုင်ကြတယ် ၊ စီးပွားဥစ္စာရှာကြတယ် ။ ရလာတဲ့ ၀င်ငွေနဲ့ မိမိဘ၀ အဆင့်အတန်းမြင့်မားရေး ၊ နောက်တော့ မိမိ ဆွေးမျိုးတွေကို ပေးကမ်းစွန့်ကြဲခြင်း စတဲ့ အသီးသီး အသုံးပြုကြတယ်။ တခါတလေ တော့လည်း အပျော်အပါးပေါ့။ အဲဒီလို ၀င်ငွေကို အသုံးပြုနေကြသလို တခါတလေ တော့လည်း ကိုယ့်ရဲ့ဝင်ငွေထဲက အပိုအလျှံလောက် ရှိမဲ့ ငွေလေးနဲ့ ဘ၀များစွာကို ထမင်း ၁ နပ်စာပဲဖြစ်ဖြစ် ၊ အ၀တ်အစား ၁ စုံ ၁ ထည်စာပဲ ဖြစ်ဖြစ် လှူဒန်းချင်တယ် ဆိုရင်တော့......

ဒီလိပ်စာလေးကို ဆက်သွယ်နိင်ပါတယ်

ဧရိပ်မွန်အမျိုးသ္မီးစောင့်ရှောက်ရေးကျောင်း (မန္တလေး )

၂၂လမ်း ၆၃လမ်းထောင့်၊ နန်းရှေ့ ။ မန္တလေး။


သီလရှင်ဆရာကြီး ဒေါ်နန္ဒထေရီ (နာယက)
ဒေါ်ဟေမာထေရီ




အနယ်နယ်အရပ်ရပ်က မိဘမဲ့ မိန်းခလေးငယ်တွေကို စောင့်ရှောက်ပြုစုထားတာပါ။

တစ်နေ့တာအတွက် ကုန်ကြမည့် စရိတ်


ပညာသင်ကြားနေသည့် လူဦးရေ




စေတနာရှင် မြန်မာနိင်ငံသား နိင်ငံသူများ တကျပ်တပြား အမြတ်မထားဘဲ လှူဒန်းနိင်ကြပါစေ။ ဒါလေးကို ခင်မင်ရတဲ့ အစ်ကိုတစ်ယောက်ဆီက သတင်းရတာပါ။ မန္တာလေးသား မဟုတ်တော့ ဘယ်နားမှန်းတော့ မသိပါဘူး။ အထက်ပါ လိပ်စာနဲ့ ဆက်သွယ်လှူဒန်းနိင်ဖို့ လုံလောက်မယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ရဲ့ ချွေးနဲစာနဲ့ ရှာလို့ရတဲ့ ငွေကြေးနဲ့ တနပ်စာပဲ ဖြစ်ဖြစ် ၁ ရက်စာပဲ ဖြစ်ဖြစ် လှူဒန်းရင်း ဘ၀ပေါင်းများစွာကို ကယ်တင်နိင်ပါတယ်။

Tuesday, October 21, 2008

ပန်းဝေတံခါးပိတ်




အလွမ်းတွေရှိထားကြောင်း......'ပန်းဝေ' သိလား မေးချင်တယ်
လမ်းတွေ့ရင်ခေါ်ခွင့်မပိုင်ပါဘူး
ကျွမ်းမြေ့ချင်......မျှော်လင့်နိုင်မှာလားရယ်လို့


ခိုးဝှက်ကာ အကြည့်ပုန်းတွေနဲ့......
တိုးရှက်ကာ မချိဆုံးပါပဲ
ငြိထုံးလာ အလွမ်းတွေဝေတော့....ပန်းဝေ သိမယ်
ကိုယ်မျက်ရည်ကိုယ်မတွေ့ရှာဘူးတဲ့
ညှို့ချက်တွေ အငိုဝေ့ပါရင်


ကမ္ဘာချဉ်းအောင် ပန်းတော်ပွင့်မယ်

သခင်အတွက် ပန်းတွေရယ်

နွမ်းလေတယ်....ကျွန်တော်မျက်ဖြေရူး
(အော်.....တို့ဘ၀က တမ်းမပြေတယ်နော် မျက်ရည်ဦး)

နှောင်တွယ်တာ ခက်တာပဲ....ပန်းရယ်လို့
ရှောင်ဖယ်ကာ မျက်နှာလွှဲ စမ်းချင်တာပေါ့
ကျောင်းခန်းဆီ ခြေလှမ်းတွေ အရောက်ယူဆဲမှာပဲ
တစ်ယောက်သူ နောက်လူတွေ့နေနှင့်ပြီမို့

ရင့်နင့်စွာ ကျွန်တော် ချစ်ပေမယ့်..

မြင်ခွင့်မှာ အဖေါ်သစ်တွေနဲ ပန်းဝေရယ်
(တို့လေ.............)

မခေါ် ဖြစ်ပါဘူး....။


တာရာမင်းဝေ


Monday, October 20, 2008



ဒီတညတော့ ~~~ ကောင်မလေးရာ သံစဉ်လေးနဲ့ နင်အိပ်ဖို့ရာ ~~~ဂစ်တာလေးတလက်
ကိုယ်ထမ်းလို့လာ ~~~~ မင်းလေး အိပ်ပြီလား
မအိပ်သေးတဲ့ ကောင်မလေးရာ ~~~~ ဒီသီချင်းလေး ခံစားပေးပါ ~~~ ကောင်မလေးအတွက်
ကိုယ်ရေးထားတာ ~~~~~ မီးလေးဖွင့်ပါဦး

ကောင်မလေးရဲ့ အိမ်အပြင်ဘက်မှာ ~~~~~ လေပြေလေးနဲ့ ကိုယ်သီချင်း
ညည်းတာ ~~~~ အဖေအမေကြားလို့ စိတ်ဆိုးမိလာ ~~ မင်းလေး ပြောကူဦး

တညလုံးပဲ ဆိုနေဦးမှာ ~~~~ သံစဉ်ညည်းလို့ ကိုယ်မောတဲ့အခါ ~~~~~ အသံမကြားလို့ အိပ်မသွားနဲ့ကွာ
ဒီတချက်တော့ တောင်းပန်တယ် ~~~~ ကလေးလေးရယ်

မင်းအတွက်နဲ့ သီချင်းလေးရေးတာ သိပ်ချစ်လို့ပါကွာ ~~~~~ အမြဲတမ်းပဲ မင်းလေးအတွက်ပါ
ကလေးရာ

( ချစ်တယ် ချစ်တယ် ချစ်တယ် ပြောလိုက်ပါရစေကွာ ~~~~~ ကလေးလေးနား ရောက်ခဲ့တဲ့အခိုက်မှာ
လွမ်းတယ် လွမ်းတယ် လွမ်းတယ် အမြဲတမ်းလွမ်းနေမယ်
အခြေအနေပေးခဲ့ရင် နေ့တိုင်း
တွေ့ချင်တယ် )


Download By

Zshare



Sunday, October 19, 2008



အလာကောင်းပေမယ့်
အခါနှောင်းတဲ့ အထဲမှာ
မင်းအမေလည်း ပါတယ် သူငယ်ချင်း

ဘ၀ပြောင်းပေမယ့်
ကောင်းရာမွန်ရာ ဘ၀ကိုရောက်ပါစေ

မင်းထားခဲ့ ကမ္ဘာကြီး
မင်းမျက်ကွယ်ပြုခဲ့တဲ့ မြန်မာနိင်ငံကြီး
ကိုယ်တိုင်တည်ဆောက်ချင်တဲ့ မင်းစိတ်ကူးတွေ
နောင်ဘ၀ နောင်အခါ
ပြန်ရပါစေ

သူငယ်ချင်း........
ကောင်းရာသုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ




မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းလျှက် :(

နာမည် - ကျော်ထင်လင်း
အသက် - ၂၅ နှစ်
ရောဂါ - ဦးနှောက်တွင်အကြိတ်ပေါက်
၁၉.၁၀.၂၀၀၈ ခုနှစ်တွင် ဆုံးပါးသည်။



Saturday, October 18, 2008

ဒဏ္ဍာရီသို့......




ဟိုနေ့က....မင်းသိချင်တဲ့အကြောင်းတွေကို
ငါပြောပြမယ်...ဒဏ္ဍာရီ
ဘယ်ရယ်လို့တော့ ထည်ထည်ဝါ၀ါ
ပြောင်းလဲသွားတာ မဟုတ်ပါဘူး

လမ်းထဲက ရေစက်ပိုင်ရှင် ဒေါ်ငယ်လေးသေတော့
သူ့သားက ရပ်ကွက်ထဲကို စဉ်ဆက်မပြက်
ရေလိုက်ထည့်တယ်

အကြော်သည် ဒေါ်ပူစူးမက
သူ့သား ဖိုးတာ ၅ တန်းကတည်းက အခု ၁၀ တန်းအထိ
အကြော်ရောင်းနေတုန်းပါပဲ

အရင်လို တပတ်တခါ ချက်တဲ့ဟင်းက
အခုဆို ၁ လကို ၁ ခါလောက်ပဲ
အမေက ချက်တော့တယ်

အဖေက အရင်လို
အိမ်အပြန်မုန့်မ၀ယ်လာနိင်တော့ဘူး
အမမျက်နှာက တစ်စုံတခုကို
ပူပန်နေတဲ့အတိုင်း ဖြစ်ဖြစ်နေတက်တယ်

မင်းခွဲထားခဲ့တဲ့ ( ၇ ) နှစ်တာ ကာလလေးမှာ
အသက်ကြီးသူတွေနဲ့ ငယ်သူတွေ ဆုံးပါးကုန်တယ်
အိမ်ရှေ့က ကတ္တရာလမ်းပေါ်
ရေအိုင်လေးတွေ ဖြစ်နေတယ်

အော် အခုဆို လမ်းထိပ်မှာ
ညရော နေ့ပါ ဆိုင်လေးတွေခင်းလို့
စည်ကားသလိုလိုနဲ့
ဘ၀ကို သရုပ်ဖော်နေကြတယ် ဒဏ္ဍာရီ

မြန်မာ့ရိုးရာ အစားအစာကြိုက်တဲ့ မင်းအတွက်တော့
အနီးအနားမှာတင် ၀ယ်စားလို့ ရပြီပေါ့

ဒီတခါလည်း...ဒီလောက်ပါပဲ ဒဏ္ဍာရီ
အစစ အရာရာ အဆင်ပြေပါစေ
သတိရတဲ့......


Thursday, October 16, 2008

အခန်း ( ၂ )

တကယ့် တကယ်တော့ ကျွန်တော်ကလည်း သူတို့ကို ပုံမှန်ဆက်ဆံတာပါ။ ဘယ်သူဘယ်ဝါ ရယ်လို့တော့ ထွေထွေ ထူးထူး အရေးပေးရမယ်လို့လည်း စိတ်ထဲမထားခဲ့ပါဘူး။ ဒါပေမယ့် လူဆိုတာက သိတယ်မဟုတ်လား ညီအစ်ကိုချင်း မောင်နှမချင်းတောင်မှ ကိုယ့်အပေါ် မကောင်းဘူးလို့ ထင်ရင် မှန်တယ်မှားတယ် မစဉ်းစားချင်တော့ဘူး။ ဒါတောင် မောင်နှမချင်းနော်။ တစိမ်းတရံဆို ပိုဆိုးပါတယ်။ လူတွေက ကိုယ့်အပေါ်သာ သူများက ကောင်းစေချင်တာ ကိုယ်ကရော သူများကို ကောင်းရဲ့လားဆိုတာ မစဉ်းစားတက်ကြဘူး။ ဒါနဲ့ ကျွန်တော်လည်း နေလာလိုက်တာ။ တဖြည်းဖြည်း အပျော်အပါးကနေ အရက်သမား ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ညနေဆို အရက်မသောက်ရ မနေနိင်တော့ဘူး။ လက်တွေ တုန်လာတယ်။



အရင်တုန်းကလို ပိုက်ဆံက ရှာချင်တိုင်း ရှာလို့ရပေမယ့် စီးပွားရေး ကျပ်တည်းလာတဲ့ အခါ ဆိုင်ရှင်ကလည်း တခြားကို ရောင်းပစ်မှာမို့ ဘာဆက်လုပ်ရမှန်း မသိဘူး။ ဒါနဲ့ မိန်းမက တဖက်တလှမ်းက ရှာတဲ့ အိမ်ဆိုင်လေးကို အမှီပြုပြီး ပြေလည်အောင် ကြိုးစားနေရတယ်။ အစကတော့ အဆင်ပြေပါတယ် ။ နောက်တော့ သိတဲ့အတိုင်း ဘယ်အလုပ်မှ အဆင်မပြေဖြစ်လာတယ်။ အရင်းတောင် မနည်းပြန်ရှာနေရတဲ့ ခေတ်ကြီးမှာ အရက်ကလည်း ပုံမှန်မသောက်ရရင် မနေနိင်တော့ ညနေဆို စိတ်ညစ်ညစ်နဲ့ အရက်ပဲ သောက်နေမိတယ်။ အိမ်ပြန်မအိပ် ၊ ပြန်လာတော့လည်း ယောက္ခမနဲ့စကားများနဲ့ နောက်ဆုံး သူတို့က လက်မခံနိင်တော့ ကျွန်တော့်မှာ နေစရာဆိုလို့ အဖေ့အိမ်ပဲရှိတော့တာကြောင့် မျက်နှာပူပူနဲ့ပဲ အိမ်ပေါ်ပြန်တက်ခဲ့ရတယ်။ ညီ၊ညီမတွေကတော့ စိတ်နာပေမယ့် သွေးရင်းဆိုတာကြောင့် ဘာမှတော့ မပြောပါဘူး။ စားဖို့အတွက် အမြဲပဲ ချန်ချန်ထားတယ်။ အ၀တ်တွေ လျှော်ပေးတယ်။ ကျွန်တော်ကတော့ သောက်ကောင်းတုန်း။ အရင်က ကိုယ်ခေါ်တိုက်ခဲ့တဲ့သူတွေက ကိုယ့်ကို နုတ်ဆက်ဖော်တောင်မရဘူး။

အချိန်တန်တော့လည်း မသောက်ရမနေနိင်နဲ့ ညီတွေညီမတွေဆီမှာ သူတို့လုပ်ခလေးတွေထဲက မုန့်ဖိုးခေါ် အရက်ဖိုးပြန်တောင်းရင်း ဒီလိုပဲ ပေနေလာခဲ့မိပါတယ်။ နောက်တော့ ကျွန်တော်လည်း လူသားပေပဲဗျာ။ သူတို့က စေတနာရှိလို့ပေးပေမယ့် ကျွန်တော်ကိုယ် ကျွန်တော် ရှက်လာမိတယ်။ ပြီးတော့ လူတကာပြောနေကြတဲ့ ရပ်ကွက်ထဲက တီးတိုးတီးတိုး အတင်းအဖျင်းတွေကိုလည်း ခဏခဏ ကြားနေရတယ်။ ဒီကြားထဲ ကိုယ့်အိမ်ရှေ့မှာ နေတဲ့ မိန်းမနဲ့သားလေး မျက်နှာကိုလည်း မြင်သာမြင် မကြင်ရနဲ့ ။ စိတ်ညစ်လို့ အရက်သောက် ၊ အရက်သောက်တော့ မူးမှောက် ၊ နိးလာတော့ ပြန်သောက်နဲ့။ တဖြည်းဖြည်းနဲ့ တစ်ညတော့ ကျွန်တော့်ကို ကားတစ်စီးနဲ့ ခေါ်သွားကြတယ်ဗျာ။

ဘယ်သူတွေမှန်းမသိဘူး။ မျက်နှာတွေကလည်း မျက်ရည်တွေနဲ့။ ကျွန်တော် အရက်သောက်ချင်တယ်။ ကျွန်တော့်ဆီကို မျောက်အုပ်ကြီး လာနေတယ်။

“ အား လုပ်ပါဦး။ ကယ်ကြပါဦး။ လာနေကြပြီ။ ၊ ဟာ ညီလေး အောင်မျိုး ၊ အစ်ကို့ကို ကယ်ပါဦးကွာ။ ဟိုမှာ မျောက်တွေ ၊ တင့်ကားတွေလည်း ပါတယ် ”

အမှန်က ကျွန်တော် နေ့မအိပ် ညမအိပ်နဲ့ အရက်ကြောင် ကြောင်သွားခဲ့တာပါ။ ကျွန်တော့်ကို ၈ မိုင်မှာ ရှိတဲ့ တံတားလေးစိတ္တဇဆေးရုံကို ခေါ်သွားကြတယ်။ အဲဒီမှာ အရက်လည်းပြက်အောင် ၊ ဆေးလည်း ကုရင်းနဲ့ပေါ့။ ကိုယ်ပိုင်အခန်းလေး ငှားပြီး ထားရှာပါတယ်။ ကျွန်တော့် အခန်းနောက်မှာတော့ တကယ့်ရူးနေတဲ့ သူတွေကို ထားတာပါ။ တစ်ယောက်တစ်မျိုး အော်ကြ ဟစ်ကြနဲ့။ တကယ့်ကို ကြောက်ဖို့ကောင်းတယ်ဗျာ။ ကျွန်တော်ဆေးရုံမှာ နေလာပြီး ၁ ပတ်လောက်ကြာတော့ ပုံမှန်လိုလို ပြန်ဖြစ်လာတယ်။ နောက် ၃ရက်လောက် နေရင် ဆင်းလို့ရပါပြီ ဆိုတာနဲ့ ကျွန်တော်လည်း ၀မ်းသာသွားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် မရူးသွားပေမယ့် သူတို့ကိုယ် မြင်လိုက်တဲ့အခါ ရူးချင်စိတ်လည်းပေါက် ၊ သနားစိတ်လည်း ပေါက်နဲ့။ ဒါနဲ့ ကျွန်တော် ဆုံးဖြက်ချက် ချလိုက်တယ်။ ငါအရက်ပြန်မသောက်တော့ဘူးလို့။

အရက်သောက်လို့ မကြည်ဖြူခဲ့တဲ့ မိန်းမနဲ့ယောက္ခမ ၊ အပေါင်းအသင်းအလယ်မှာ သိက္ခာကျခဲ့ရဲတဲ့ အဖြစ် ၊ ကိုယ်မွေးထားတဲ့ ကလေးကိုတောင် လူလူသူသူမဖြစ်အောင် မထားနိင်ခဲ့တဲ့ဘ၀ကို ကျွန်တော် နားလည်ခဲ့ရပါပြီ။ ယောင်္ကျားရင့်မာကြီး တန်မဲ့ အရက်ဖိုးကို သူများဆီမှာ လက်ဖြန့်တောင်းနေရတဲ့ဘ၀ကို ကျွန်တော် အခုတော့ သိပ်ကိုရှက်တက်ခဲ့ပါပြီ။ ဒါကြောင့် စာဖတ်သူတို့အနေနဲ့ “ အရက်ကို ၀ါသနာပါလို့ပဲ သောက်သောက် ၊ ပျော်လို့ပဲ သောက်သောက် တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်း ” မသောက်လို့မဖြစ်မနေ ဆိုရင်တောင် အလွန်အကျွံမဖြစ်စေချင်ပါဘူး။ အပျော်သောက်တယ် ဆိုရင်တော့ စွန့်လွှတ်သင့်တယ်လို့ ကျွန်တော့်ဘ၀နဲ့ ရင်းပြီးတော့ အကြံပေးချင်ပါတယ်။

ယနေ့ကမ္ဘာ အရက်တွေ ထုတ်နေကြတယ်။ အမျိုးအစားလိုက် အရသာအလိုက် အစရှိသည်ဖြင့်ပေါ့ဗျာ။ အရက်သောက်တိုင်း လူဆိုးတယ် ၊ ဘ၀ပျက်မယ်ရယ်လို့တော့ မဆိုလိုချင်ပါဘူး။ ဒါပေမယ့် လူတော်တော် များများက အရက်သောက်ပြီးတိုင်း မဖြစ်သင့်တဲ့ အမှားတွေ လုပ်တက်ကြတယ် မဟုတ်လား။ ကျွန်တော့်ဘ၀နဲ့ ရင်းပြီးတော့ ဒီစေတနာစကားလေးကို ပြောကြာခြင်း ဖြစ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ...ခင်ဗျာ


Wednesday, October 15, 2008

ကျွန်တော် နာမည် စိုးလွင်ပါ။ လက်ရှိတော့ နီးရက်နဲ့ ဝေးနေတဲ့ မိန်းမနဲ့သားလေး တစ်ယောက်ရှိပါတယ်။ အဲဒီလို ပြောလိုက်လို့ မျက်စိရှုပ်သွားလား မသိဘူး။ ဒီလိုပါ။ အရင်တုန်းက အကြောင်းတိုက်ဆိုင်လို့ ပေါင်းခဲ့ကြပေမယ့် အကြောင်းမညီညွှတ်တဲ့ အခါကြတော့ မပေါင်းကြတော့ဘူးပေါ့။ ဘာကြောင့်နီးနေရတာလဲ ဆိုတော့ကာ ကျွန်တော့် ဇနီးနဲ့သားက ကျွန်တော်တို့ အိမ်ရှေ့မှာ နေတာကိုး။ ဒါကြောင့် နီးလျက်နဲ့ဝေးနေတာပေါ့။ ဘာကြောင့် ဘာကြောင့် ဒီလိုတွေ ဖြစ်လာသလဲ ဆိုတော့..........

ကျွန်တော့်တို့ မိသားစုမှာ မောင်နှမ ကျွန်တော်အပါအ၀င် စိုးလွင် ၊ ခင်အေးလွင် ၊ ညွှန်လွင် ၊ ခင်လေးလွင် ၊ အောင်မျိုးလွင် ဆိုပြီးတော့ မောင်နှမ ငါးယောက်ရှိပါတယ်။ အမေဆုံးပါးပြီးကတည်းက ဒီအောက်က ၄ ယောက်ကို အဖေနဲ့အတူ မိဘနေရာ ယူပြီး မကောင်းတာ တားမြစ် ၊ ကောင်းရာညွှန်ပြခဲ့ရတာပေါ့။ မိသားစု ၆ ယောက်ဟာ အဖေ့လုပ်စာ ၁ ခုတည်းနဲ့ ရန်ကုန်စီးပွားရေးကို ခြေစုံမကန်နိင်ဘူး မဟုတ်လား။ ဒီတော့ ကျွန်တော်လည်း တဖက်က ကျောင်းတက်နေတဲ့ ၁၀ တန်းကို ထွက်ပြီး အဖေ့ရဲ့ ဗေဒင်ဟောနေတဲ့ ပိုက်ဆံနဲ့ မလောက်တဲ့ အိမ်မိသားစု အရေးကို ၀င်ကူရတော့တာပေါ့။ ၁၀ တန်းထွက်တယ်ဆိုတာက လူကလည်း စာမသင်ချင်တာရယ် ၊ တခြားမိသားစု ကိစ္စတွေနဲ့ ပတ်သက်ပြီး စိတ်ညစ်တာကြောင့် ၁၀ တန်းကျပြီး ကျောင်းမဆက်တက် ဖြစ်တော့တာပါ။



ဒါနဲ့ အလုပ်အတွက် ဘာဆို ဘာလုပ်ရမှန်းမသိတော့ ဟိုယောင်ယောင် ဒီယောင်ယောင်ပါပဲ။ တစ်ညနေတော့ ရပ်ကွက်ထဲမှာ စက်ဘီးရောင်းဝယ်ရေး လုပ်နေတဲ့ ဦးကောက်ဆိုတဲ့ သူနဲ့ စကားစပ်မိကြပါတယ်။ ကျွန်တော်က အရပ်က ၅ ပေ ၁၀ လက်မလောက် ရှိတဲ့အပြင် လူကောင်ကလည်း ကြီးကြီးဆိုတော့ ဦးကောက်ကလည်း တလမ်းထဲ သားလည်း ဖြစ်ပြန် ၊ သူ့ဆိုင်ပစ္စည်း အတင်အရွှေ့တွေမှာ အားကိုးရလောက်တာရယ် ၊ လူပျိုလူလွတ်လည်း ဖြစ်တာကြောင့် ကိစ္စရှိလို့ အဝေးပြေးသွားရတဲ့ ခရီးတွေဆို အားကိုးရနိင်တာရယ်ကြောင့် ကျွန့်တော်ကို အလုပ်ပေးဖို့ သဘောတူခဲ့ပါတယ်။

အလုပ်လုပ်တဲ့ နေရာကတော့ အရင်အဝေးပြေး ကားတွေရှိတဲ့ ရန်ကုန် ဆင်မလိုက် ( အဝေးပြေး ကားဝန်းထဲက ) စက်ဘီးရောင်းတဲ့ ဆိုင်မှာပါ။ မြန်မာနိင်ငံအောက်ပိုင်းရော ၊ အနီးအနား တော်တော် များများကပါ စက်ဘီးနဲ့ ပတ်သက်တဲ့ အသစ် ၊ အဟောင်း ၊ အပိုပစ္စည်းက အစ ဒီမှာပဲ တော်တော်များများ လာဝယ်ကြပါတယ်။ များသော အားဖြင့် စက်ဘီးဝယ်သူတွေဟာ မြန်မာလူမျိုးတွေ ဖြစ်နေပြီး ရောင်းသူဆိုင်ရှင်တွေကတော့ ကုလား ၊ တရုတ် တွေများပါတယ်။ ဒီလောက်ဆို ပေါက်တယ်နော်။ :) အလုပ်သမားတွေကတော့ ကုလားနဲ့ မြန်မာတွေ များပါတယ်။ ဒီအကြောင်းကို ပြောရင် ခင်ဗျားကို နောက်ထပ် ၂ ရက်လောက် ပြောရလိမ့်မယ်။

ဒီလိုနဲ့ ကျွန်တော်လည်း အဲဒီဆိုင်လေးမှာ အလုပ်လုပ်ပေါ့။ အစတုန်းကတော့ သူများခိုင်းတာလုပ် ၊ ပိုင်ရှင်ပေးတဲ့ လခကို ယူပြီး ၊ တခါတလေ ကိုယ့်ထက် ဆိုင်ကိုရောက်နေတဲ့သူတွေ ဂွင်ရိုက်နေတာလေးတွေ တွေ့ရင် ပညာယူရတာပေါ့။ သူတို့ဂွင် တခုလောက်မိလိုက်ရင် ကိုယ်ပါ အချင်းချင်း အာရကေ ရပြီလေ။ ဒါလေးတွေကလည်း သင်ယူထားရတယ် မဟုတ်လား။ ဒါနဲ့ ကျွန်တော်လည်း ၂ နှစ် ၃ နှစ်လောက် လုပ်စရာမရှိလို့ ဒီဘက်မှာ အားစိုက်လိုက်တာ နောက်ဆုံး စိုးလွင်ဆို အားလုံးက ရှောင်ပဲ။ အကောင်လည်း ကြီးတယ် ဇလည်းပြင်းတယ် ။ ဆိုင်ရှင်သူဌေးအောက်က နေရာကို ရပြီး ကိုယ်က လိုအပ်ရင် ယိုးဒယားဘက် တက်ပြီး ဆိုင်ပစ္စည်းတွေ ၀ယ်ရတဲ့အထိ ယုံကြည်စိတ်ချမှုရလာခဲ့ပါတယ်။

ဒီတော့ လက်ထဲမှာလည်း ငွေကရွှင်လာပြီလေ။ ကိုယ့်လက်ကိုယ့်ခြေချည်းပဲဆိုတော့ သိတဲ့အတိုင်းပဲ။ ပိုက်ဆံအတော်အတန်လေး စုမိတော့ ကျွန်တော့်နဲ့ အခုမပေါင်းတော့တဲ့ မိန်းမကိုယူလိုက်တယ်။ သူ့ဘက်က မောင်တွေ အမတွေ ၊ ယောက္ခမတွေကိုလည်း ကျွန်တော်က အ၀တ်အစား ၊ အစားအသောက်ကအစ ပေးထား ကျွေးထားတာ။ သူတို့ကလည်း ကျွန်တော် ထမင်းမစားရသေးရင်တောင် “ ဟဲ့ အဲဒါ ကိုစိုးဖို့ ချန်ထားတာ ” အဲဒီလိုတွေကို ဖြစ်လို့။ ရပ်ဝေးက ပြန်လာတိုင်း သူတို့အတွက် လက်ဆောင်ပါနေကြ။ အဲဒီအချိန် ကျနော် သတိမထားမိတာက ကျွန်တော့် ညီနဲ့ညီမလေးတွေရဲ့ ကျွန်တော်အပေါ်ထားတဲ့ စိတ်ပါပဲ။ ကျွန်တော်က ပိုက်ဆံလေးကလည်း ရလာ ၊ အပေါင်းအသင်းတွေကလည်း စုံလာဆိုတော့ အရက်ကို သောက်တက် လာတာပါပဲ။ အမှန်အတိုင်းပြောရရင် ကျွန်တော်ပါလာတဲ့ လက်ဆောင်ပစ္စည်းတွေကို ယောက္ခမဘက်က မိန်းမရဲ့ မောင်တွေ ညီမတွေပဲ ပေးမိတယ်။ ကျွန်တော့်ရဲ့ ညီအရင်း ညီမအရင်း ၊ အဖေအရင်းတွေကို ၅ ပုံရမှ ၁ ပုံလောက် ပေးဖြစ်တာပါ။ နောက်ဆုံး ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင် ထိုင်နေရင်တောင် ညီတွေ ညီမတွေ တွေ့ရင် မခေါ်မိဘူး။ ယောက်ဖတွေကိုပဲ ခေါ်မိတယ်။ ဒီတော့ သူတို့ကလည်း အစ်ကိုကြီးဆိုပေမယ့် ကျွန်တော့်ကို စပြီးချဉ်လာကြတယ်လေ။

ဆက်ရန်.....

Tuesday, October 14, 2008


သီတင်းကျွတ်ဆိုသည်မှာ

မြန်မာလ ၁၂ လတွင် သတ္တမမြောက်လ ဖြစ်ပါသည်။ မြန်မာရာသီခွင်တွင် တူရာသီဖြစ်သည်။ စန်းပြည့်နက္ခတ် မှာ အဿဝဏီနက္ခတ်ဖြစ်၍ ယှဉ်သောတာရာမှာ ကျီးတာရာ ဖြစ်သည်ဟု ဆိုပါသည်။ ရာသီရုပ်မှာ ချိန်ခွင်ကိုင် ကုန်သည်ရုပ်ဖြစ်ပြီး ရာသီပန်းမှာ ကြာပန်းဖြစ်ပါသည်။

သီတင်းကျွတ်လတွင် ရာသီပွဲတော်အဖြစ် ဆီမီးထွန်းပွဲတော်ကို ပြုလုပ်လေ့ရှိပြီး မီးမြင်းမိုရ်ပွဲ ( ၀ါ ) တာဝတိံသာ ပွဲဟုလည်း ခေါ်ဆိုလေ့ရှိကြပါသည်။ သီတင်းကျွတ်လပြည့်နေ့သည် တာဝတိံသာနတ်ပြည်၌ မယ်တော် ဖြစ်ခဲ့ဖူးသော သန္တုဿီတနတ်သားကို အကြောင်းပြု၍ အလိဓမ္မာခုနှစ်ကျမ်းကို ဟောတော်မူပြီးနော် လူ့ပြည်သို့ ပြန်လည်ကြွချီတော် မူသည်ကို အကြောင်းပြု၍ အဘိဓမ္မာနေ့ဟုလည်း ခေါ်ဆိုကာ ကျင်းပလေ့ရှိပါသည်။

ကိုးကားချက်



ဒီလိုနေ့မျိုးဆို မြန်မာက ကလေးတွေ တော်တော်ပျော်ရွှင်ကြရပါတယ်။ ကုသိုလ်လည်းရ ၀မ်းလည်းဝကြတယ် မဟုတ်လား။ ဘယ်သူကို ကန်တော့ရမယ် ၊ ဘယ်သူက မုန့်ဖိုးဘယ်လောက်ပေးတက်တယ် ဆိုတာ သူတို့စိတ်ထဲမှာ အနည်းနဲ့အများတော့ စိတ်ကူးယဉ်နေတက်ကြပါပြီ။ ရလာတဲ့ မုန့်ဖိုးနဲ့ ကစားစရာဝယ်မယ် ၊ အကျီဝယ်မယ် ၊ မုန့်ဝယ်စားမယ် နဲ့။ အဖေနဲ့အမေ ချုပ်ပေးတဲ့ အ၀တ်အစားအသစ်လေးတွေကို ထုတ်ဝတ်ရင်း ဟိုပြေးလွှား ဒီပြေးလွှားနဲ့ ကျောင်းကလည်း ပိတ်ထားတာဆိုတော့ သူတို့အတွက်တော့ တကယ့်ကို ပျော်ရွှင်စရာ နေ့တွေပါပဲ။

ညဖက်တွေမှာဆို မိသားစုတိုင်းကို ကြည့်မယ်ဆိုလျှင်လည်း အ၀တ်အစား ကောင်းကောင်းလေးတွေ ၀တ်လို့ လက်ထဲမှာလည်း ပန်းသီး ၊ မုန့်ဗူးတွေနဲ့ ကိုယ်ရဲ့ ဆွေမျိုးတွေထဲက သက်ကြီးရွယ်အိုတွေကို တလေးတစား လိုက်ကန်နေကြတဲ့ မြန်မာနိင်ငံက ဖြစ်စဉ်လေးတွေကို မြင်ယောင်မိပါတယ်။ ကိုယ်က ပိုက်ဆံချမ်းသာသူ မဟုတ်တော့ ရပ်ကွက်ထဲက ဖြစ်အင်တွေကို သိနေမြင်နေ ရတာပဲလေ။ ကျွန်တော် ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ။ အဖေနဲ့အမေကို ဒီနှစ်မှာတော့ဖြစ် ဘယ်သူကို ကန်တော့ရအောင်နော် ၊ သားတို့အတွက် အ၀တ်အစားလေးတွေ ချုပ်ပေးပါဦး။ အစရှိသည်ဖြင့် အဖေနဲ့အမေကို အပူကပ်တက်ကြတယ်။ ဒါတောင် ကိုယ်ကန်တော့တဲ့သူက မုန့်ဖိုးမပေးဘဲ ဆုတွေပဲ ပေးနေရင် ဆိုးသွမ်းတို့ မျက်နှာက စူပုပ်နေပြီ။ ကလေးပီပီ ဆုမလိုချင်ဘူး မုန့်ဖိုးပဲ လိုချင်တယ် မဟုတ်လား။ အဲဒီတုန်းက ၁၀၀ လောက်ပေးရင်ကို ဘ၀ကြီးလိုထင်နေခဲ့တာပါ။ မုန့်အကြီးဆုံး ၊ တန်ဖိုးအရှိဆုံးက ၅ ကျပ်တန် မုန့်ပဲ ရှိတာကိုး။ ကျွန်တော်တို့ထက် အသက်အရွယ်ကြီးတဲ့ အစ်ကိုတွေ အမတွေ ၊ ဦးလေးတွေ ခေတ်မှာလည်း ဒီထက်တန်းဖိုးနည်းခဲ့မှာပါ။ ပြောရင်းနဲ့ စကားက ဘေးချော်နေတော့မယ်။

မုန့်ဖိုးအများကြီးရတဲ့ လူတွေဆို ဆိုးသွမ်းတို့က သိပ်ကို ကန်တော့ချင်တာပါ။ အခုလည်း ဘလော့ဂ်ဂါတွေထဲက အစ်ကိုတွေ အမတွေ မုန့်ဖိုးပေးရင် လာကန်တော့မယ်ဗျာ။ :) အ၀တ်အစား အသစ်လေးဝတ် ၊ လက်ထဲမှာလည်း တခြားဆီက ရထားတဲ့ ပိုက်ဆံလေးတွေနဲ့ မြှောက်ကြွမြှောက်ကြွနဲ့။ ပိုက်ဆံတွေက ၄၀၀ လောက် ၅၀၀ လောက်ဖြစ်လာရင် အမေက ပြောပြီ။ သာလေး အမေ သိမ်းပေးထားမယ် ၊ အမေ့ကိုပေးနဲ့။ အမေနဲ့ အဖေက စိုးရိမ်လို့လည်း ပြောတာမှန်း သိပေမယ့် သူတို့ဆီ ပေးလိုက်ရင် ကိုယ်စားချင်တာ ကိုယ်ကစားချင်တာ ဘာမှလုပ်လို့မရတော့ဘူးလေ။ ဒီတော့မျက်နှာက ဆူပုပ်ပုပ်နဲ့။

၁၂ လရာသီမှာ ဘယ်လိုပဲ ပွဲတော်တွေ ရှိခဲ့ရှိခဲ့ ကျွန်တော်ကတော့ သီတင်းကျွတ်ကို အတော်ပျော်ပါတယ်။ ကျောင်းလည်း ရက်ရှည်ပိတ် ၊ မုန့်ဖိုးတွေလည်း ရနဲ့။ ငယ်တုန်းက အတွေးပေါ့။ အခုလည်း ကလေးဘ၀နေရာလေးကနေ ပြန်လည် ခံစားကြည့်တာပါ။ စာဖတ်သူ ငယ်ငယ်တုန်းကရော....


Monday, October 13, 2008

Goal II : Living The Dream

ဒီတပတ်အတွက် ရုပ်ရှင်လက်ဆောင်အနေနဲ့ ကတော့ ဟိုအရင် ၂၀၀၅ ခုနှစ်မှာ တစ်ကား ကျန်ခဲ့တာ ၂၀၀၇ ခုနှစ်မှာ တစ်ကား ထွက်ရှိခဲ့တဲ့ Goal ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ Goal : The Dream Begins နဲ့စတင်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ Goal II : Living The Dream လို့အမည်ပေးထားပါတယ်။



ဘောလုံးသမားတစ်ယောက်ရဲ့ ဘ၀ကို အခြေခံ ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ မင်းသားဟာ နယူးကာဆယ်ကနေ ကမ္ဘာကျော် ရီရဲလ်မက်ဒရစ်ကလပ် ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ အဲဒီမှာ တစ်ချိန်တုန်းက သူ့အဖေနဲ့ သူ့ကိုမွေးခဲ့တဲ့ မိခင်နဲ့ ညီကို ပြန်လည်တွေ့ရှိရာကနေစပြီး ၊ ဖိအားမျိုးစုံနဲ့ တိုက်စစ်မှုးနေရာ အတွက် ကြိုးစားရတဲ့ ဘ၀ကို ဘက်ခမ်း ၊ ရိုနယ်လ်ဒို ၊ ဇီဒန်း ၊ ကားလို့စ် ၊ ရာအူးလ်အစရှိတဲ့ ဘောလုံးသမားများစွာနဲ့ အတူတကွ ရိုက်ထားတဲ့ ဘောလုံးချစ်သော ဘလော့ဂ်ဂါများအတွက် ကြည့်ရှုစေချင်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါကြောင်း။

http://rapidshare.com/files/36916813/LAOG2.part1.rar
http://rapidshare.com/files/36917971/LAOG2.part2.rar
http://rapidshare.com/files/36918725/LAOG2.part3.rar
http://rapidshare.com/files/36919546/LAOG2.part4.rar
http://rapidshare.com/files/36920425/LAOG2.part5.rar
http://rapidshare.com/files/36921252/LAOG2.part6.rar
http://rapidshare.com/files/36922007/LAOG2.part7.rar




Friday, October 10, 2008

“ ငါ့ကိုယ်ငါ လေးစားမှု ရှိနေသေးသ၍ သူများ ဘယ်လိုထင်တယ်ဆိုတာကို
ကြောင့်ကျစိုးရိမ်နေဖို့ မလိုဘူး ”

“ ကိုယ့်ကိုယ်ကို အထင်မသေးတဲ့ သူဟာ သူများ ကိုယ့်ကို အထင်သေးတာကို
ဂရုမစိုက်ဘူး ၊ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့သူဟာ သူများ ဘာပြောပြော ခံနိင်တယ် ”

“ သူများကို ဘယ်လိုလူစားလို့ ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလို့
ဖေါ်ပြနေတာနဲ့ တူတယ် ”

“ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် မနေနိင်တဲ့သူဟာ သူများကို
စိတ်ချမ်းသာအောင် အထောက်အကူ မပေးနိင်ဘူး ”

“ စိတ်ဓတ်ကျသွားရင် စိတ်အိုသွားတယ် ”


ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )

Thursday, October 9, 2008

ဘယ်တော့ရပ်မလဲ


စန္ဒရား စသင်တယ် ဆိုပါစို့။ ခင်ဗျား သင်နေရင်းနဲ့ တွေးမိလိမ့်မယ်။ “ စန္ဒရားတီး သင်တာထက် ငါဂစ်တာတီး ပိုသင်တာကမှ လွယ်ဦးမယ် ” ဒါမှ မဟုတ် ဆော့ဖ်ဝဲတစ်ခုခုကို ခင်ဗျား စတင်စမ်းသုံးကြည့်မယ် ၊ အရောင်းအ၀ယ် တစ်ခုခုကို ခင်ဗျား စတင်လုပ်ဆောင်ကြည့်မယ် ဆိုပါစို့။ ဒါပေမယ့် ကိုယ်လုပ်တာတွေက အဆင်မပြေဘူး။

“ ဒီလုပ်ငန်း ၊ ဒီဆော့ဖ်ဝဲလ်က ငါနဲ့ အဆင်မပြေဘူး ၊ ငါမလုပ်တက်ဘူး ၊ တခြားဟာ ပြောင်းလုပ်ကြည့်ရင် ကောင်းမလား ” ခင်ဗျား အနေနဲ့ ရပ်ပစ်ဖို့ အကောင်းဆုံးအချိန်ကတော့ အောင်မြင်မှု့ရပြီးမှ ရပ်ပစ်တာ အကောင်းဆုံး ဖြစ်ပါတယ်။



ဘာကြောင့်လဲ ။ အောင်မြင်မှု့ဆိုတာ ပင်ကို စွမ်းရည်ထက် ဇွဲကောင်းကောင်းနဲ့ လုပ်တာက အဓိကကျပါတယ်။ ကျင့်သားရလာရင် ခင်ဗျားအနေနဲ့ လုပ်စရာတော်တော် များများကို အတော်လေး ကောင်းအောင် လက်ခံနိင်အောင် လုပ်နိင်ဖွယ်ရှိပါတယ်။ ကျွမ်းကျင်သူ တစ်ယောက်လိုတော့ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် လက်ခံနိင်ဖွယ် ရှိလောက်အောင် ကောင်းလာမှာပါ။ တစ်ခုခုကို လက်ခံနိင်ဖွယ် ကောင်းလောက်အောင် မလုပ်နိင်မချင်း ပျော်စရာ ကောင်းမှန်း သိမှာ မဟုတ်ပါဘူး။

ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ တစ်ခုခုကို အချိန်ယူလုပ်ပါ။ နောက်မှ ဆက်လုပ်သင့် မလုပ်သင့် ဆုံးဖြက်ပါ။ ဘယ်အရာပဲ ဖြစ်ဖြစ် အောင်မြင်ပြီးမြောက်သွားတဲ့အခါ နှစ်မျိုး တွေ့ရှိရပါလိမ့်မယ်။

၁ ။ တခုခုကို စမလုပ်ခင် သေချာစွာ စဉ်းစားသုံးသပ်မယ်
၂ ။ အောင်မြင်မှု အကျင့်ရလာမယ်

“ သင့်တော်တဲ့ ရည်မှန်းချက် တစ်ခုထားပါ ၊ ဖြစ်မြောက်အောင် လုပ်ပါ။
အောင်မြင်မှု အသေးလေးက ခင်ဗျားစိတ်ကို ဘယ်လို ပြောင်းလဲနိင်တယ်ဆိုတာ အံသြဖွယ် တွေရပါလိမ့်မယ် ”




Wednesday, October 8, 2008

:P :D :)





ဖိုရမ်တခုမှ ကူးယူဖော်ပြပါသည်။