Tuesday, September 30, 2008

Husband _Of_The_Year

ဘေလာ့ဂ္ဂါ အမျိုးသမီးတွေ အတွက် တစ်နှစ်တာ ယောင်္ကျားကောင်း ၊ ယောင်္ကျားမြတ်တွေကို ရွေးချယ်တင်ပြပေးလိုက်ပါတယ်။ ဦးရာလူစနစ်နဲ့ လိုချင်တဲ့ သူကို ရွေးချယ်ယူနိင်ပါတယ်။ မှတ်ချက် ။ ၁ ဦးလျှင် ၁ ယောက်သာ။ :P









From Forward Mail......

Sunday, September 28, 2008

ဒီလို အဖြစ်မျိုး ခင်ဗျားတို့ရဲ့ အိမ်မှာ ဖြစ်ဖူးပါသလား

ပန်းသီး ( ဒါမှမဟုတ် ) ပေါင်မုန့် ၊ ကိတ်မုန့် တွေကို စားဖို့ စားပွဲပေါ်မှာ တင်ထားတယ်။ လူတွေကလည်း စားပွဲနားမှာ ထိုင်နေကြတယ်။ သိပ်မကြာဘူး စားပွဲပေါ်က တင်ထားတဲ့ ဟာတွေ အကုန်ကုန်သွားလေရော။ ဒါဟာ ဘာဖြစ်လို့လဲ။ ဘယ်သူမှ မဆာကြပေမယ့် သူတို့အားလုံး စားပစ်လိုက်ကြတယ်။ ပန်းသီး ( သို့မဟုတ် ) ကိတ်မုန့်က စားပွဲပေါ်မှာ ရှိနေတာကိုး။

နောက်ထပ် အဖြစ်မျိုး ခင်ဗျား ဒီလို ဖြစ်ဖူးပါသလား

လစာငွေထုတ်လာတယ်။ သိပ်မကြာလိုက်ဘူး ပိုက်ဆံတွေ ပြောင်ပါလေရော။ တကယ် သုံးစရာ မလိုပေမယ့်လည်း သုံးလိုက်မိတယ်။ ဒါလည်း ဘာကြောင့်လည်း ဆိုတော့ ပိုက်ဆံက ကိုယ့်လက်ထဲမှာ ရှိနေတာကိုး။

တကယ်လို့များ ခင်ဗျားဟာ ကိတ်မုန့်ကို မနက်ဖြန်အတွက် ချန်ထားချင်တယ်ဆိုရင် စားပွဲပေါ် မတင်ခင် ပထမဆုံး တချို့တ၀က် လှီးထားပြီး ဘယ်သူမှ လက်နဲ့ မတို့နိင်ခင် ရေခဲသေတ္တာထဲ သိမ်းထားခဲ့မယ် ဆိုရင် ၊ လခထုတ်လာတဲ့ ပိုက်ဆံ အားလုံးကို ပိုက်ဆံအိတ်ထဲ မထည့်ထားပဲ စုထား ၊ သိမ်းထားခဲ့မယ် ဆိုရင်။

ဒါဟာ လွယ်ကူတဲ့ နည်းဗျုဟာ တစ်ခုပါ

ကျွန်တော် ၀င်ငွေနည်းနည်းပဲ ရတယ်လို့ ဆင်ခြေမပေးပါနဲ့ ။ နည်းနည်းစရ နည်းနည်း စစု။ နောက်တော့ များများ ဖြစ်လာလိမ့်မယ်။ ကျွန်တော်တို့ လူတော်တော် များများ ပိုက်ဆံတွေ အများကြီး ရှာနိင်ကြပါတယ်။ ဒါပေမယ့် လူတစ်ချို့သာ ပိုက်ဆံ အများကြီး စုနိင်တယ်။ “ ပိုက်ဆံတွေ အများကြီး ရတဲ့ အခါစုမယ် ” လို့ သင်က ပြောရင် စုဖြစ်ချင်မှ စုဖြစ်တော့မယ်။ ငွေစုတဲ့ အကျင့်ကို အခုချိန်ကစပါ။

“ ချမ်းသာတဲ့ လူနဲ့ ဆင်းရဲ့တဲ့လူ ကွာခြားတာက ဆင်းရဲ့တဲ့လူတွေက သုံးပြီးမှ ကျန်တာကို စုကြတယ်။ ချမ်းသာတဲ့ လူတွေက ဦးစွာ စုဆောင်းပြီးမှ သုံးကြတယ် ”


Saturday, September 27, 2008

အလွမ်းရဲ့ ဆည်းဆာ

အဝေးရောက် မြန်မာနိင်ငံသားတွေ အနေနဲ့ မြန်မာလို ရေးထားတဲ့ စာအုပ်ဆိုတာ ဖတ်ရဖို့ မလွယ်ကူလှပါဘူး။ ဒီတော့ တစ်အုပ်တလေလောက် ကိုယ့်လက်ထဲ ရောက်လာရင် ပျော်မဆုံးနဲ့ ။ ဖတ်ချင် ကြည့်ရှု့ချင်ကြတာ သဘာဝပါ။ ကျွန်တော်တို့ ဆီမှာလည်း ဒီလိုပါပဲ။ သူ့ကျောင်းကစာအုပ် ကိုယ်ယူ ၊ ကိုယ်ကျောင်းက စာအုပ် သူ့ပေးနဲ့ လဲလှယ်ဖတ်ရှု့တက်ကြပါတယ်။ ကွန်ပြူတာနဲ့ ဖတ်ရတာစာရင် ၊ စာအုပ်ကို ကိုယ်တိုင်လက်က ကိုင်ပြီး ဖတ်ရတာက ကိုယ်ကြိုက်တဲ့နေရာ ၊ ကိုယ်ဖတ်ချင်တဲ့ ပုံစံနဲ့ ဖတ်ရတာ ပိုနှစ်သက်မိပါတယ်။

ဒီလိုနဲ့ လွန်ခဲ့တဲ့ တပတ်လောက်က ကျွန်တော့်လက်ထဲကို ရောက်လာတဲ့ စာအုပ်လေးကို ဖတ်ကြည့်တော့ ကိုမိုးလှိုင်ည ကဗျာလေးကို တွေ့ခဲ့ပါတယ်။ သူ့ကိုယ်စား ဂုဏ်ယူမိသလို ဒီလိုမဂ္ဂဇင်းတွေမှာ ပါနိင်အောင် လည်း ကြိုးစားကြည့်ချင်မိပါတယ်။ ဒီကဗျာလေးကို ကိုမိုးလှိုင်ညကတော့ မှတ်မိနေမယ်ထင်ပါတယ်။ ၂၀၀၆ ခုနှစ် ဧပြီလက ထွက်ခဲ့တဲ့ ရယ်စရာ ရသစုံမဂ္ဂဇင်းမှာ ဒုတိယမြောက်ကဗျာတပုဒ်အနေနဲ့ ဖော်ပြထားခဲ့တာပါ။ ကဗျာလေးက......

အလွမ်းရဲ့ဆည်းဆာ

နေခြည်တွေက အနောက်အရပ်မှာ
တိမ်တွေနဲ့ သွယ်ယှက်နေချိန်
ကန်ရေပြင်ညီညီကို ဖြတ်ပြေးလာတဲ့
လေပြည်တွေက
ရနံ့တွေသီခဲ့မှန်း ငါသိရတော့. . . . . . .

အလွမ်းတွေကို တိုက်ခိုက်ဖို့
မင်းစိုက်ပျိုးခဲ့တဲ့ သတိရခြင်းတွေကို
လာ. . . . . . ရိတ်သိမ်းလှည့်ပါ




“ နေမင်းရဲ့ နုတ်ဆက်ရောင်ခြည်နဲ့
ငါတို့မမှောင်ခင် လွမ်းကြမယ်” တဲ့
ဟောဒီ ခုံတန်းပြာလေးရဲ့ စကား
မင်းများကြားခဲ့မိရင်. . . . . . .
ကံကြမ္မာရဲ့ မာနမုန်တိုင်းတွေ အပေါ်
မင်းလည်း စိတ်ထင်တိုင်းမှားမိမယ် မထင်ဘူး . . . . . .

အခုတော့. . . . . .
ငါတို့ နှလုံးသား အရိုင်းလေးတွေ
အချိန်မတိုင်မီ ချွန်းအုပ်ခဲ့ရတော့
ဟောဒီညနေ အလွမ်းဖွဲဖွဲထဲမှာ
ငါနဲ့ ခုံတန်းပြာလေး စိုစွတ်ခဲ့တယ်. . . . . . . . ။ ။

မိုးလှိုင်ည




Wednesday, September 24, 2008

ခေတ်ဖေဖေ......


ခေတ်ဖေဖေ......

စားဝတ်နေရေး ၊ ပေါ့ပေါ့တွေး
အကြွေးတွေ ထပ်နေ.....ခေတ်ဖေဖေ

အိမ်က မယားမြင် ၊ ရန်လုပ်ချင်
အပြစ်တင်ရှာပေ.....ခေတ်ဖေဖေ

လမ်းသွားရင်တောင် ၊ တွေ့မရှောင်
ဖွန်ကြောင်တက်ပေ.....ခေတ်ဖေဖေ

အဆိုတော်မလေး ၊ ပန်းကုံးပေး
လေးစားလောက်ပေ..... ခေတ်ဖေဖေ

ဘီယာဆိုင်တွင် ၊ ညတိုင်းဝင်
နေ့စဉ်သောက်နေ.....ခေတ်ဖေဖေ

အိမ်ပြန်ဇက်ကျိုး ၊ လမ်းဘေးထိုး
ပုဆိုးပါ ကျွတ်နေ.....ခေတ်ဖေဖေ


ဆေးရောင်စုံ သီးလေးသီးရဲ့ ပထမဆုံးအငြိမ်ခွေလေးထဲက လူရွှင်တော် ပြက်ထားတာလေးကို သဘောကျလို့ပါ။

Tuesday, September 23, 2008

How - We - Do

ဒီအပတ်အတွက် သီချင်းလက်ဆောင် အနေနဲ့ 50 Cent ရဲ့ “ How-We-Do ” ဆိုတဲ့ သီချင်းလေးကို တင်ဆက်လိုက်ပါတယ်။ တငြိမ့်ငြိမ့်နဲ့ မြူးကြွလို့ ကောင်းတဲ့ သီချင်းလေးတပုဒ် ဖြစ်သည့်အပြင် G-Unit ကလည်း ပါဝင် ကူညီ သီဆိုပေးထားပါတယ်။ နားဆင်ကြည့်မယ်ဆိုရင်ဖြင့်....



Download By

Zshare





Monday, September 22, 2008

အစ်မတစ်ယောက်ကပေးတဲ့ မေးလ်ထဲက ရလာတဲ့ ဓတ်ပုံလေးတွေပါ။ အစ်ကိုတို့ အမတို့ သူငယ်ချင်းတွေ ညီတွေ ညီမတွေထဲက ဘယ်သူတွေ သွားစားချင်လဲ မသိဘူး။ ကျွန်တော်ကတော့ စားရမှာ နည်းနည်းတွန့်တယ်။ ကဲ ဓတ်ပုံလေးတွေ ကြည့်ရအောင်ဗျာ...........











Sunday, September 21, 2008



ဒီတပတ်အတွက် ရုပ်ရှင်လက်ဆောင် အနေနဲ့ “ Get Rick Or Die Tryin ” ဆိုတဲ့ ကားလေးအကြောင်း ညွှန်းချင်ပါတယ်။ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားသူကတော့ ယနေ့အဆိုတော် ရက်ပ်လောကမှာ နာမည်ကြီးနေတဲ့ “ Curtis 50 Cent Jackson ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတာပါ။

Cent ရဲ့ ဒီကားမှာ ဆင်းရဲစွာ ပေါက်ဖွားလာတဲ့ သူ့မိသားစုဘ၀ကို အခြေခံရင်း ရိုက်ကူးထားခဲ့ပါတယ် ။ ငယ်စဉ်ကတည်းက ရုတ်တရတ် အမေဆုံးပါးခဲ့ရတဲ့ Marcus အဖြစ် သရုပ်ဆောင်ထားတဲ့ Cent ဟာ သူ့အဘိုးဖြစ်သူနဲ့ အတူ တခြားမောင်နှမ မိသားစုဝင်တွေနဲ့ နေထိုင်းရင်း အသက်တူ ညီအစ်ကိုတွေရဲ့ နှိမ့်ချမှု့အောက်မှာ စိတ်ဓတ်ကျဆင်းစွာ အသက်ရှင်သန်ခဲ့ရပါတယ်။ ကလေးပီပီ ၀တ်ကောင်းချင်း မ၀တ်ရ ၊ စားကောင်းချင်း မစားရတဲ့ Cent ဟာ ပိုက်ဆံရအောင် ကလေးဘ၀ထဲက ဘိန်းရောင်းပြီး ဘ၀ကို အသက်ဆက်ခဲ့ရပါတယ်။

တဖက်ကလည်း သူ့မိခင် မြေထောင်မြှောက်ပေးခဲ့တဲ့ သီချင်းဆိုတဲ့ ၀ါသနာကို မစွန့်လွှတ်နိင်ပဲ ရက်ပ်သီချင်းတွေ ကိုယ့်ဟာကို အိမ်မှာ ခွေသွင်းကြည့် ၊ ပြန်ဆို နဲ့ လုပ်ဆောင်ခဲ့ပါတယ်။ သူ့အဘိုးလုပ်ကိုင်ခဲ့တဲ့ ဘိန်းရောင်းဝယ် ရေးမှာ ဆက်လက်လုပ်ကိုင်းရင်း အခန့်မသင့်ပဲ ထောင်ချခဲ့ရတဲ့ Cent ဟာ ထောင်ထဲမှာ စတူဒီယို အဆိုတော်မန်နေဂျာ တစ်ယောက်နဲ့တွေ့ပြီး ထောင်က ပြန်လွှတ်တဲ့ အခါ........

5o Cent ကိုလာကြိုတဲ့ သူ့ဦးလေး လူဆိုးခေါင်းဆောင်ကလည်း ဂိုဏ်းမှာ ပြန်လည်တာဝန် ထမ်းဆောင်ဖို့ ပြန်လာခေါ်တဲ့အခါ Cent က ပြန်မလိုက်ဘဲ ပြောသည့်အခါ.......

စိတ်နာပြီး Cent ကိုပြန်လည် လုပ်ကြံသည့်အခါ လူစဉ်မမှီနိင်လောက်သည့် အဖြစ်ကို ရောက်သွားသည့် အခါ....

ဘယ်လို ဘယ်ပုံ တဖက်နဲ့တဖတ် လုပ်ကြံရင်း ၊ တဖက်ကလည်း အဆိုတော်ဘ၀ကို အောင်မြင်အောင် တက်လှမ်းနိင်ခဲ့သည့်အကြောင်း ၊ ဇာတ်လမ်းတွင် 50 Cent နောက်ခံစကားပြော ၊ သူ၏ သီချင်းများကို ထည့်သွင်းရင် ၊ အက်ရှင်ဇာက်ကားကောင်းပီသစွာ သရုပ်ဆောင်ထားတဲ့ ဒီကားလေးကို ဒီတပတ် ရုပ်၇ှင်လက်ဆောင် အဖြစ် ကြော်ငြာပေးလိုက်ပါသည်။




Saturday, September 20, 2008

ဟိုတလောက ကျွန်တော့်ပို့စ်လေးကို ဖတ်ပြီး မြန်မာသွေးသစ်မဂ္ဂဇင်းမှာ အေကေက မြန်မာရုပ်ရှင်နဲ့ ပတ်သတ်လို့ သူတို့တွေ ပရိတ်သတ်ကို ဘာတွေပေးနေသလဲဆိုတာနဲ့ ပတ်သတ်ပြီး ရေးခဲ့ဘူးပါတယ်။ သူပြောတာတွေက မှန်ပါတယ်။ မြန်မာရုပ်ရှင် အဆင့်အတန်းဟာ ကောင်းတယ် မကောင်းဘူးဆိုတာကတော့ ကျွန်တော် စိတ်ထဲမှာပဲ ထားပါမယ်။ ဖွင့်မပြောချင်ပါဘူး။ မပြောလဲ အားလုံးက သိနေတာပဲ မဟုတ်လား။ တဖက်ကလည်း သူတို့က အပီအပြင် ရိုက်ချင်ရင်တောင် အကန့်အသတ်တွေလည်း ရှိနေမှာဆိုတော့ နောက်ဆုံး ရထားဟာ ဒီဘူတာပဲ ဆိုက်တာပါပဲ။ ဟီးဟီး :D ။ ကျွန်တော်အတွက်ကတော့ တခဏတာ မြင်ကွင်းလေးဟာ ကျွန်တော့်စိတ်ကို လွမ်းမိုးသွားတာကြောင့် ဖြစ်တယ်ဆိုတာ ၀န်ခံပါတယ်။

အခုပြောချင်တာလေးတစ်ခုက ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကပေါ့။ Compose ထဲမှာ မြန်မာစာ ပါမောက္ခတစ်ယောက်က နိင်ငံခြားလာခါနီး မြန်မာယဉ်ကျေးမှုးကို တက်နိင်သလောက် ထိန်းသိမ်းရန်နဲ့ နိင်ငံတကာ ယဉ်ကျေးမှု ၊ အကျင့်စာရိတ္တ စတဲ့ အကြောင်းတွေ လာပြီး ဟောပြောပေးပါတယ်။ သူက အဟောအပြောလည်း ကောင်းတော့ မှတ်သင့်တာလည်း မှတ် ၊ ရီတာကလည်း တ၀ါးဝါးနဲ့ပါ။ အဲဒီအချိန်တုန်းက ကျန်စစ်မင်း ရုပ်ရှင် တင်ထားတဲ့ ကာလကြီးပါ။ ကျွန်တော်က မြန်မာနိင်ငံမှာ ရုပ်ရှင်ကြည့်တာ ၀ါသနာမပါပါဘူး။ အိမ်မှာပဲ ခွေငှားကြည့်ဖြစ်တာပါ။ သူငယ်ချင်းတွေလည်း အဖော်ရှိ ၊ မြန်မာ့သမိုင်းကို ဖော်ကျူးထားတဲ့ ဇာတ်ကား ဆိုပြီး စိတ်ကလည်း အစွဲဖြစ်နေတာကြောင့် လူစုပြီး ချီတက်ပြီးသွားကြည့်ခဲ့ပါတယ်။

ဒါနဲ့ သူဘာပြောလည်းဆိုတော့

“ မင်းတို့ ကျန်စစ်မင်းရုပ်ရှင် ကြည့်ပြီးပြီလားတဲ့ ၊ ကျန်စစ်သားဆိုတာ မြန်မာ့သမိုင်းမှာ ငါအရမ်းလေးစားရတဲ့ သူရဲကောင်းကြီးတစ်ယောက်ပါတဲ့ ၊ သူရဲ့ သမိုင်းကြောင်းတွေ ၊ နိင်ငံကို တည်ထောင်ပုံတွေ ၊ စစ်ရေးပရိယာယ်တွေ ၊ တရားမျှတတဲ့စိတ်နေစိတ်ထားတွေကို ဖတ်ပြီး ငါလေးစားခဲ့ရတာပါတဲ့ ”

“ အခုတော့ကွာတဲ့ အဲဒီ ငါအင်မတန်လေးစားရတဲ့ သူရဲကောင်းကြီးဟာ “ လူမင်းလည်း သရုပ်ဆောင်လိုက်ရော ပြသချိန် ၄ နာရီအတွင်း နှာဘူးကြီး လုံးလုံးကို ဖြစ်သွားရတယ်တဲ့ ၊ ကလေးတွေကလည်း ကျန်စစ်သား ( လူမင်း ) ကို နှာဘူးကြီး နှာဘူးကြီးနဲ့ နောက်ခေါ်နေကြတယ်တဲ့ ”

သူက အဲဒီလိုလည်း ပြောပြီးရော စကားကို နုတ်ဆက် အဆုံးသတ်ပြီး စင်ပေါ်က ဆင်းသွားပါလေရော။ ကျွန်တော်တို့လည်း တွေးကြည့်မိလိုက်တယ်။ ကျန်စစ်သားဘ၀ကို ပီပြင်အောင် ရိုက်ပြီး ပြသဖို့ဆိုတာ အချိန် ၄ နာရီလောက် မကပါဘူး။ ဒီတော့ ရှည်နေရင်လည်း အကြောင်းကြောင်းတွေကြောင့် အဓိက သရုပ်တွေဖော်ပြတဲ့အခါမှာ မိန်းမ ၄ ယောက်ယူသွားတာနဲ့ပဲ ရုပ်ရှင်ဟာ ပြီးဆုံးသွားခဲ့ပါတယ်။

ဒါကြောင့် ကျန်စစ်သားက “ စစ်သားကြီးကနေ နှာဘူးကြီး ” ဖြစ်သွား၇တာပါ။

မှတ်ချက် ။ ။ ညီငယ် မင်းကျန်စစ်နှင့် မည်သို့မျှ မတိုက်ဆိုင်ပါ။ ဟားဟားဟား။ နာမည်တူတော့ အဲလိုပဲ။ :)

Thursday, September 18, 2008

စိတ်ဆင်းရဲစရာတွေ အမြဲလိုလို ကြုံတွေ့နိင်တာမျိုးတွေကတော့

၁ ။ ကမ္ဘာကြီးကို ဘယ်လို ဖြစ်သင့်တယ်ဆိုတဲ့ ဆုံးဖြက်ချက်မျိုး ရှိနေမယ်ဆိုရင်
၂ ။ လူတိုင်း ဘယ်လို ပြုမှုသင့်တယ်လို့ ဥပဒေသတွေ ချမှတ်ထားမယ်ဆိုရင်

ကမ္ဘာကြီးက ခင်ဗျားချမှတ်ထားတဲ့ ဥပဒေသတွေကို မလိုက်နာတဲ့အခါ ခင်ဗျားစိတ်ဆိုးပြီး စိတ်မချမ်းမသာဖြစ်ပြီ...

သူငယ်ချင်းတွေက ကိုယ့်အပေါ် အပြန်အလှန် ရှိသင့်တယ်
လေယာဉ်ပျံတွေ အချိန်မှန် ဆိုက်သင့်တယ်
လူတိုင်း ရိုးသားသင့်တယ်

ယောင်္ကျားဖြစ်သူက ဒါမှမဟုတ် မိန်းမဖြစ်သူက ၊ ရည်းစားဖြစ်သူက ကိုယ့်မွေးနေ့ကို သတိရသင့်တယ်လို့ ခင်ဗျား မျှော်လင့်ထားတယ် ။

ဒီလိုမျိုး မျှော်လင့်ချက်တွေက ကျိုးကြောင်းဆီလျော်ညီပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်အလိုမကျတာတို့ ၊ စိတ်ပျက်တာတို့ ဖြစ်တက်ပါတယ်။

ဒီစိတ်မချမ်းသာမှုမျိုးတွေ မဖြစ်အောင် ဘယ်လိုနေရမလဲဆိုတော့ တောင်းဆိုချက်တွေ သိပ်မများပါစေနဲ့။ အဲဒီအစား ရွေးချယ်မှုတွေပဲ ထားရှိလိုက်ပါ။ အခြေအနေတွေဟာ ကိုယ်တက်နိင်စွမ်း မရှိတဲ့အခါ ကိုယ့်ဘာသာ မေးကြည့်ပါ။ ငါ့အနေနဲ့ အေ ကို ရွေးချယ်တယ်။ အကယ်၍များ ဘီ ဖြစ်လာခဲ့ရင် ၊ ဒါလည်း အိုကေပါတယ်လေ ဆိုတဲ့ စိတ်မျိုး ၊ လက်ခံတက်တဲ့ အကျင့်မျိုး ခင်ဗျားဆီမှာ လေ့ကျင့်ထားမယ်ဆိုရင် စိတ်တည်ငြိမ်အေးချမ်းမှု ပိုရလာမယ်။

လူတွေ ယဉ်ကျေးသိမ်မွေ့ဖို့ ခင်ဗျား မျှော်လင့်ထားတယ်။
ဒါပေမယ့် မျှော်လင့်ထားသလို မဟုတ်ဘဲ ရိုင်းစိုင်းခဲ့ရင် ခင်ဗျားရဲ့ တစ်နေ့တာ ပျက်စီးမသွားပါဘူး။

နေပူဖို့ မျှော်လင့်ထားတယ်။ မိုးရွာရင်လည်း ကိစ္စမရှိဘူး မဟုတ်လား။

ဒါကြောင့် အခြေအနေကို လက်ခံတဲ့ ပျော့ပျောင်းတဲ့စိတ်ကို လေ့ကျင့်ပေးသင့်ပါတယ်။ စိတ်ပျော်ရွှင်ဖို့ ကျွန်ုပ်တို့အားလုံးက
၁ ။ ကမ္ဘာကြီးကို ပြောင်းလဲမလား
၂ ။ ကျွန်ုပ်တို့ အတွေးအခေါ်ကို ပြောင်းလဲမလား

ဒီလိုဆို ခင်ဗျားအနေနဲ့ ဒုတိယကို ရွေးလိုက်တာက ပိုလွယ်ကူပါလိမ့်မယ်။


Monday, September 15, 2008






Sunday, September 14, 2008

ငွေ....ငွေ....ငွေ




ငွေ............ငွေ.....ငွေ
ငွေ...ငွေ....ငွေ...ငွေ...ငွေ....ငွေ
ငွေ.......ငွေ.....ငွေ
ငွေ............ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ





ညီအစ်ကိုက ညီအစ်ကို “ စပါးကတော့ ကြမ်းခင်းဈေးပဲဗျာ ”
အန်တီဆီက ဟိုလက ယူထားတဲ့ အကြွေးမပေးနိင်သေးလို့ “ အတိုးလာသတ်တာပါ ”
ချေးချင်ပါတယ် သူငယ်ချင်းရာ “ တစ်ရာကို ၂၀ တိုးလောက်ထားပေါ့ ”

ငွေ............ငွေ.....ငွေ
ငွေ...ငွေ....ငွေ...ငွေ...ငွေ....ငွေ
ငွေ.......ငွေ.....ငွေ
ငွေ............ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ
ငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေငွေ....ငွေ....ငွေ.....ငွေ....ငွေ.....ငွေ

ဘယ်မှာလဲ မိတ်ဆွေစစ် ၊ ဘယ်မှာလဲ ဆွေမျိုးဆိုတဲ့ အသိ
ဘယ်မှာလဲ တအူတုံဆင်းစိတ်ဓတ်

အဲဒါ..........ငွေ




Wednesday, September 10, 2008

Wall-E & Eve



သဘာဝပတ်ဝန်းကျင်ကို မထိန်းသိမ်းနိင်ဘဲ လေထုညစ်ညမ်းမှု့ဖြစ်ကာ ကမ္ဘာမြေပေါ်တွင် သစ်ပင်များ မပေါက်နိင်တော့ သောကြောင့် လူတွေနေထိုင်ရန် မဖြစ်နိင်တော့သော အခါ လူသားတို့သည် အာကာသပေါ်တက်ကာ ယဉ်ကြီးတစ်ခုအတွင်းမှာ နေထိုင်နေကြသည်။ ကမ္ဘာမြေပေါ်တွင်ကား အသုံးအဆောင် ပစ္စည်းများကို ၊ အမှိုက်သရိုက်များကို သိမ်းဆည်းရန် နေရောင်ခြည် စွမ်းအင်သုံး အော်တိုမက်တစ် စက်ရုပ်များကို ထားခဲ့သည်။ ထိုစက်ရုပ်များတွင် နောက်ဆုံးတစ်ခုတည်းအဖြစ်သာ ကျန်နေသော Wall-E ဆိုသည့် စက်ရုပ်ငယ်လေးမှာ နေ့စဉ်ပစ္စည်းများကို သိမ်းဆည်းရင်း ၊ တစ်နေ့သော အခါ အပင်ငယ်လေး တစ်ပင်ပေါက်နေသည်ကို သွားတွေ့လိုက်သည်။ ထိုအပင်ငယ်လေးကို သိမ်းဆည်းရင်း သူ့တာဝန်များကို ဆက်လက်ထမ်းဆောင်နေခဲ့သည်။

Eve ဆိုသည့် စက်ရုပ်လေးအား အာကာသယဉ်ပေါ်မှ ကမ္ဘာမြေတွင် သစ်ပင်ပြန်လည် ပေါက်ရောက်နိင်ကြောင်း ရှာဖွေရန် လွှတ်ပေးလိုက်သည်။ ထိုစက်၇ုပ်လေးနှင့် Wall-e တို့တွေ့သည့် အခါ သူ့ထက် အစစအရာရာသာသော စက်ရုပ်မလေးအဖြစ် သရုပ်ဆောင်ထားသည့် Eve ကိုအထင်ကြီးချစ်ကြိုက်မိသည်။ Wall-e သည် သူရှာဖွေထားသော အပင်လေးကို Eve ကိုပြလိုက်သည့်အခါ..........


Wall-E & Eve

Wall-e နှင့် Eve တို့၏ စက်ရုပ်အချစ်ဇာတ်လမ်း ၊ ကမ္ဘာမြေကို ပြန်ခွင့်မပြုတော့သော အာကာသယာဉ်ပေါ်က လူနှင့် စက်ရုပ်တိုက်ပွဲ တို့အား ဒါရိုက်တာ Andrew Stanton ရိုက်ကူးကာ လက်စွမ်းပြထားသည့် ဇာတ်လမ်းကားကောင်းလေး ဖြစ်ပါကြောင်း ဒီတပတ် ရုပ်ရှင်ကဏ္ဍာကို ကြော်ငြာလိုက်ပါသည်။


Tuesday, September 9, 2008

စက်တင်ဘာသည် ကျွန်တော်တို့ အတွက် ပျော်ရွှင်မှု့နှင့် အနည်းငယ် စိတ်မချမ်းမြေ့မှု့ ကိုအမြဲတမ်း ယူဆောင် လာတက်သည်။ စိတ်မချမ်းမြေ့မှု ဆိုသည်မှာ ကျောင်းစတင်တက်ရပြီ ဖြစ်သောကြောင့် ကျောင်းသား၊ကျောင်းသူ တို့၏ ဖြစ်နေကြ ထုံးစံအတိုင်း အလွန်ပျင်းသောကြောင့် ဖြစ်သည်။ ထိုခံစားမှုသည် ငယ်စဉ်တုန်းက မရှိခဲ့။ အထူးသဖြင့် မြန်မာနိင်ငံမှာ ကျောင်းတက်နေရစဉ် အတွင်း မည်သူမျှ ကျောင်းတက်ရမှာကို ပျင်းလိမ့်မည်ဟု မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျောင်းပြန်ဖွင့်လျှင် ကာလအခိုက်အတန့် ခွဲခွာခဲ့ရသော သူငယ်ချင်းများနှင့် ပြန်လည်ဆုံတွေ ရတော့မည်။ သွားသွားလာလာ သူငယ်ချင်းများနှင့် ပြန်လည် ပြုလုပ်နိင်တော့မည် မဟုတ်လား။ ဒါက မြန်မာမှာ ကျောင်းတက်ရသော စိတ်ခံစားမှု။

နိင်ငံခြား တိုင်းပြည်တခုမှာ ကျောင်းတက်ရလျှင်တော့ ကျောင်းဖွင့်လျှင်လည်း ဘာမှမထူး။ သူငယ်ချင်းလည်း မရှိ။ ဆရာနဲ့ ပြန်တွေ့ဖို့သာ ရှိသည်။ နွေရာသီတုန်းက အိပ်ထားတာက နေမြင့်တာတောင် မထချင်။ အခုတော့ အစောကြီး ထနေရသည်။ ကျောင်းမှာလည်း နောက်ဆက်တွဲ အဆိုင်းမန့် ၊ ပရက်တီကယ်တွေနှင့် ရွာလည်တော့မည်။ ကျောင်းသား စာသင်ဖို့ တာဝန်ရှိပေမယ့် ကျောင်းတက်ရမှာတော့ ပျင်းသည်။း) တခါတခါ မိုးရွာသည်။ နောက်တော့ နှင်းကျမည်။ အိပ်ရတာ မ၀တော့။ ၀ူးးးးးးးးးးးးးးးးးးးးးးးးး ( ပညာတွေ တက်ဦးမည် ) :P

စက်တင်ဘာရဲ့ ပျော်စရာတခုကတော့ ကျောင်းဖွင့်ခါနီးလျှင် မြန်မာနိင်ငံမှ အစားအသောက်များ အနည်းနှင့် အများတော့ စားရခြင်းကြောင့် ဖြစ်သည်။ ထိုလရောက်လျှင် နောက်ထပ်ရောက်လာကြသော ကျောင်းသားများဆီမှ သက်ဆိုင်ရာ ၊ ခင်မင်ရာ မိသားစု ၊ သူငယ်ချင်းများမှ ထည့်ပေးလိုက်သော စားစရာများ ပါလာတက်ကြသည်။ ကွမ်း ၊ ဆေးလိပ် ၊ ချဉ်ပေါင်ကြော် ၊ သရက်သီးသနပ် ၊ ဒညင်းသီး ၊ ငါးပိရည်ကျို ၊ ငါးကျည်းခြောက်ကြော် ၊ ပုန်းရည်ကြီး စသည်ရှိသည်ဖြင့် စားရသောကြောင့် ကြေနပ်မိသည်။ ပြင်ပနိင်ငံတွေမှာ နေထိုင်ရင်း ကျောင်းတက် ၊ အလုပ်လုပ်နေသော သူများအဖို့ အတွက်ကတော့ ပိုက်ဆံရှိလျှင် အလွယ်တကူ ၀ယ်စားနိင်ပေမည့် ကျွန်တော်တို့ကတော့ ထိုလူကြုံများကိုသာ မျှော်မှန်းရသည်။

တစ်နှစ်တခါသာရသော လက်ဆောင်တစ်ခုလို မိသားစု ၊ သူငယ်ချင်း ၊ သက်ဆိုင်သူများက ထည့်ပေးသော ထိုစားစရာလေးများကို တန်းဖိုးထားဆဲ။ မိမိအထုပ်အပိုးသာ မက လူကြုံထည့်ပေးလိုက်သော ပစ္စည်းများကို အလေးခံပြီး စေတနာ အပြည့်ဖြင့် တက်နိင်သလောက် ယူဆောင်လာပေးကြသော ညီငယ်များကို ဒီပို့စ်လေးဖြင့် ကျေးဇူးတင်မိသည်။ သူတို့ကြောင့် ဒီလို စားရသောက်ရခြင်း မဟုတ်လား။ မိမိတုန်းကလည်း အစ်ကိုများ အတွက် ယူဆောင်လာခဲ့ပေးဘူးသည် ။

Sunday, September 7, 2008

အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရတဲ့ အခါ သိထားဖို့က

သင်ကြုံရတဲ့ အဖြစ်အပျက်က သင့်အတွက် အရေးမကြီးပါဘူး
သင်ကြံရတဲ့ အဖြစ်အပျက်အပေါ် သင် ဘယ်လိုသဘောထားသလဲ ဆိုတာက အရေးကြီးပါတယ်

ဥပမာ -

ခင်ဗျားဟာ လေဆိပ်မှာ ရောက်နေပြီး လေယာဉ်အလာကို စောင့်နေတယ် ဆိုပါစို့။ အဲဒီအချိန် “ ၀မ်းနည်းပါတယ် ရှင် စက်ချို့ယွင်းသွားတဲ့အတွက် လေယာဉ်ထွက်ချိန် သုံးနာရီ နောက်ကျမှာ ဖြစ်ပါတယ် ” လို့ လေကြောင်းလိုင်းက ကြေငြာလိုက်တဲ့အခါ......

ခင်ဗျား စိတ်မထိန်းနိင်ဘဲ ဒေါသထွက်ပါပြီ။ အဲဒီအချိန် စီစဉ်ထားတာတွေ လွဲချော်ပြီလို့ စိတ်က ထင်လိုက်တာနဲ့ပဲ လူတွေကို ခလုတ်တိုက်မိတာ ဖြစ်ဖြစ် ၊ ကော်ဖီခွက်ပဲ ဖိတ်စင်ကျတာပဲ ဖြစ်ဖြစ် ၊ အထုပ်အပိုးတွေ ပျောက်သွားနိင်တာပဲ ဖြစ်ဖြစ် ဖြစ်လာပါတော့တယ်။ ကျွန်တော်တို့ သတိမထားမိတဲ့ စကားတခွန်း ရှိတယ်။ အဲဒါ ဘာလည်းဆိုတော့

“ ဘ၀မှာ တိုက်ပွဲဝင်တဲ့အခါ ဘ၀က အမြဲတမ်း အနိင်ရတာပါပဲ ”

နောက်ဆုံး စိတ်တည်ငြိမ် အေးချမ်းသွားတဲ့အခါ “ ငါ လုပ်နိင်တာ ဘာမှ မရှိပါလား ၊ ဒါပေမယ့် လုပ်နိင်သလောက် အတက်နိင်ဆုံး လုပ်ကြည့်မယ် ” လို့ ခင်ဗျား မှတ်ယူသင့်ပါတယ်။ တကယ်လို့များ အဲဒီအချိန် မတွေ့တာ ကြာတဲ့ သူငယ်ချင်း တစ်ယောက်ပေါ်လာမယ် ၊ ဒါမှမဟုတ် အခွင့်အရေးကောင်း တစ်ခု မမျှော်လင့်ဘဲ ရရှိလာမယ် ၊ မိတ်ဆွေသစ်တွေ တိုးလာမယ် ဆိုပါစို့ ၊ ဒါဟာ ဘ၀ကို ကိုယ့်ကို ပြန်ပြီး ကူညီဖေးမလာတာပါ။

ဘ၀မှာ ကြီးမားတဲ့ အခွင့်အရေးတွေဆိုတာ များသောအားဖြင့် ကံဆိုးမှုနဲ့ ဒုက္ခ တွေအဖြစ် ကိုယ်ယောင်ဖျောက် လာတက်ကြပါတယ်။ ဒါကြောင့်

“ ခင်ဗျားရဲ့ ဘ၀မှာ ဒုက္ခမှန်သမျှကို ဒုက္ခလို့ မမှတ်ပါနဲ့ ၊ ခင်ဗျားစိတ်ကို ပြောင်းလဲဖို့ စောင့်ဆိုင်းနေတဲ့ အခြေအနေတစ်ခုလို့ မှတ်ယူပါ ”




Friday, September 5, 2008

Believe Me






Dima Bilan - သူက ရုရှားနိင်ငံရဲ့ လက်ရှိအောင်မြင်နေတဲ့ PoP အဆိုတော် တစ်ယောက်ပါ။ သူ့နိင်ငံ သူ့လူမျိုး သူ့ဘာသာ စကားအနေဖြင့် သီဆိုနေသည့် အနေအထားတွင် အောင်မြင်သည် ဆိုလောက်ပါသည်။ သို့သော် ဥရောပ အလယ်တွင်တော့ သူအနေဖြင့် သိပ်အောင်မြင်မှု့ မရှိသေးသောကြောင့် အဓိကအရေးကြီးသော Eng ဘာသာစကားဖြင့် သီချင်းများကို နောက်ပိုင်း သီဆိုလာခဲ့သည်။ သီချင်းပေါင်းများစွာ သီဆိုသည့် အထဲတွင် ယခုသီချင်း ဖြင့်သော Believe Me သီချင်းသည် အကြိုက်ဆုံး ၊ အားအပေးဆုံး ဖြစ်ခဲ့ရသည်။

PoP သီချင်းများဖြင့်သာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုသော Euro PoP Star တွင် ( မြန်မာလိုကြတော့ ဥရောပဆိုကြမယ် ပျော်ကြမယ် ) Believe Me သီချင်းဖြင့် သူဆုရှိခဲ့သည်။ ထိုသီချင်းအတွက် နောက်ခံ Mtv ရိုက်ကူရာတွင် အရိုးကင်ဆာ ဖြစ်၍ ငွေကြေးမတက်နိင်သောကြောင့် မကုသနိင်တော့သော ဆေးရုံမှ ဆရာဝန်မ၏ ကလေးလေးအတွက် သူနှင့် သူ့သူငယ်ချင်းများက ထိုသီချင်းဖြင့် ရန်ပုံငွေရှာကာ ရလာသော ပိုက်ဆံဖြင့် ကုသလိုက်ရာ ကလေးငယ်မှာ ကျန်းမာလာပုံကို နောက်ခံရိုက်ကူထားခဲ့သည်။ နာမည်ကြီးတယောသမား ၊ ရုရှားနိင်ငံ၏ ကမ္ဘာချန်ပီယံ ရေခဲပြင်စကိတ်သမားတို့ကို အသုံးပြုကာ ရိုက်ကူးခဲ့သောကြောင့် လူအများ နှစ်ခြိုက်ခဲ့ကြပါသည်။ သီချင်းအစကို တယောဆွဲသံဖြင့် စထားပြီး သီချင်းကောင်းကြိုက်သူများ နားထောင်နိင်ရန် အလို့ငှာ........




Believe Me

Even when the thunder and storm begins
I'll be standing stong like a tree in the wind
Nothing is gonna move this mountain or change my direction
I'm falling off the sky and I'm all alone
The courage that's inside is gonna break my fall
Nothing is gonna dim my light within
But if I keep going on it will never be impossible
Not today.

Cause I got something to believe in
As long as I'm breathing
There is not a limit to what I can dream
Cause I got something to believe in
Mission to keep climbing
Nothing else can stop me if I just believe
And I believe in me.

Even when the world tries to pull me down
Tell me that I can't... try to turn me around
I wont let them put my fire out
But if I keep going on it will never be impossible
Not today

Cause I got something to believe in
As long as I'm breathing
There is not a limit to what I can dream
Cause I got something to believe in
Mission to keep climbing
Nothing else can stop me if I just believe
And I believe in me

I can do it all, open every door
Turn unthinkable to reality
You see I can do it all and more

Believing as long as I'm breathing
There is no limit to what I can dream
Believing mission to keep climbing
Nothing else can stop me if I just believe
And I believe in me.

Dowload - Zshare

Click Here


Tuesday, September 2, 2008

Blog Day အမှတ်တရ

ညီမငယ် မီးငယ်က Tag ထားလို့ ရေးလိုက်ရတယ်ဗျာ။ Tag တာတွေ ခေတ်ပြန်စားအောင် လုပ်နေတယ်။ ညီမရေ ရေးပေးလိုက်ပြီဗျာ။ အားလုံးအမှန်အတိုင်းတွေချည်းပဲ။ မယုံရင် ကျွန်တော့်ကိုပဲမေးပါ။ :P

ကိုယ့်ရဲ့နာမည်…......................................................................ကျော်လင်းထွန်း
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်…..............................ဖိုးကျော် ၊ မိကြတ်
ကိုယ်ဒီမှာနေတယ်…................................................................ရန်ကုန်
ကိုယ့်ဆီဖုန်းဆက်ချင်ရင်….......................................................%+=@#$%^&*()!

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက

အရောင်ဆိုရင်…..................................................................... အပြာ
အ၀တ်အစားဆိုရင်….............................................................. ကိုယ်နဲ့လိုက်မဲ့ဟာ
အစားအစာဆိုရင်…................................................................ ခေါက်ဆွဲသုတ် ၊ လက်ဖက်သုတ် ၊
ပစ္စည်းဆိုရင်…........................................................................ဖိနပ်
သီချင်းဆိုရင်…........................................................................PoP သီချင်းလေးတွေ ကြိုက်တယ်
စာရေးဆရာ…........................................................................ဆရာချစ်ဦးညို ၊ မောင်လှမျိုး ( ချင်းချောင်းခြံ )
တရားနာဖြစ်တာ....................................................................ဆရာတော်ဦးဥာဏိဿရ ( သီတဂူဆရာတော် )
စာအုပ်….................................................................................အကုန်ဖတ်ဖြစ်ပါတယ်
Life style…............................................................................အေးအေးဆေးဆေးနေချင်တယ်
ကိုယ့်ရဲ့ဝါသနာ….....................................................................ချဲလ်ဆီးပွဲကြည့်တာရယ် ၊ ဘောလုံးကန်တာရယ် ၊ အလကား စာသင်ပေးတာရယ် ၊ လူမှုရေးကူညီချင်တာရယ်
အလိုချင်ဆုံးလက်ဆောင်…......................................................အားလုံးနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေဖြစ်ချင်တယ်
ကိုယ့်ရဲ့ အချစ်ဆုံးသူက…........................................................အမေနဲ့အဖေ ၊ အဘွား ၊ ပြီးတော့ ချစ်သူ :)
ကိုယ့်ရဲ့ အလေးစားဆုံးသူက…................................................ဗိုလ်ချုပ်အောင်ဆန်း
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…............................................စိုးမင်းထိုက် ( ဒီကောင်က မန်ယူဖန်ဗျ )
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက…............................မိသားစုရယ် ၊ ချစ်သူရယ်
ကိုယ့်ရဲ့ အမုန်းဆုံးသူက …........................................................မတရားတာလုပ်ရင် အကုန်မုန်းတယ်
ရင်အခုန်ဆုံးအချိန်….................................................... ............စာမေးတဲ့အချိန်
အကြောက်ဆုံးအချိန်….............................................................မြွေတွေ့ရင်
အပျော်ဆုံးအချိန်…..............................................ချဲလ်ဆီးနိင်ရင် ၊ ကိုယ်တိုင်ကန်ရတဲ့အခါ ဂိုးသွင်းနိင်ရင်
အမှတ်တယနေ့….................................................................... သြဂုတ်လ ၁၉
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု…................... အကုန်ရချင်တယ်
အချစ်ဆိုတာ…........................................................................နှစ်ဦးနှစ်ဖက် နားလည်မှု
အမုန်းဆိုတာ…........................................................................ခံစားလို့ မကောင်းဘူးဗျ
အလွမ်းဆိုတာ…......................................................................ရင်ဘတ်ထဲက ဝေဒနာ
သံယောဇဉ်ဆိုတာ…................................................................ ငြိတွယ်မိရင် မကောင်းဘူး
ဘ၀ဆိုတာ…............................................................................ကျောင်း
သူငယ်ချင်းဆိုတာ….................................................................သိပ်ချစ်ဖို့ကောင်းတယ်
ချစ်သူဆိုတာ….........................................................................အမြတ်နိးဆုံးအရာ
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…..................................................တပည့်မရှိတဲ့ ကျောင်းဆရာ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က…................................................ဒီနေ့တက်နိင်တာ ဒီနေ့လုပ်
အပြောချင်ဆုံးစကားတစ်ခွန်း…................................................မြန်မာနိင်ငံကို ချစ်တယ်

Monday, September 1, 2008

သဲနဲ့ တည်ဆောက်ထားတဲ့ အနုပညာလေးတွေ ခံစားကြည့်ရအောင်ဗျာ။ လက်ရာတွေကတော့ တော်တော်လေးကို သေသပ်ပါတယ်။ ခံစားကြည့်ပါဦး။