Tuesday, November 18, 2008

စိတ်ရှည်ပါ......

တယောပညာရှင်ကြီး ဖရစ်ဇ် ခရစ်စလာရဲ့ ဖျော်ဖြေတင်ဆက်မှု ပြီးတဲ့အခါ အမျိုးသမီးတစ်ဦးက သူ့ဆီ ချဉ်းကပ်ပြီး “ မစ္စတာ ခရစ်စလာ ၊ ရှင်တယော ထိုးတက်သလို ကျွန်မထိုးတက်မယ် ဆိုရင် ကျွန်မရဲ့ ဘ၀ကို ပေးဆပ်ပ့ါမယ် ” လို့ ပြောလိုက်တဲ့အခါ တယောပညာရှင်ကြီးက လှည့်ပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်ပုံက

“ ဟုတ်တယ် ၊ ကျွန်တော့်ဘ၀ကိုလည်း ပေးဆပ်ခဲ့ရတယ် ” တဲ့။



ကျွန်တော်တို့ တခုခုမှာ တော်ချင်တယ် ဆိုရင် ဘ၀တလျှောက်လုံး လေ့ကျင့်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဒါမှ မဟုတ် ဆယ်နှစ် ၊ ဒါမှ မဟုတ် အနည်းဆုံး ၆ လပေါ့။ ဒါကို လူတော်တော် များများ ကလည်း သိပြီးသား ဖြစ်မှာပါ။ ဘယ်အရာမဆို အောင်မြင်ဖို့အတွက် ကျွန်တော်တို့ အချိန်ပေးဖို့ လိုအပ်တယ် မဟုတ်လား။ ဒါပေမယ့် လူတော်တော် များများကတော့ ဥုံဖွ ချက်ချက်း ဖြစ်ချင်ကြတယ်။ ကိုယ်ဘာလုပ်ချင်သလဲ ၊ ဘာဖြစ်ချင်သလဲ ။ ဖြစ်ချင်တာကိုပဲဖြစ်ဖြစ် ၊ လုပ်ချင်တာကိုပဲ ဖြစ်ဖြစ် အောင်မြင်ဖို့အတွက် ၊ ကျွမ်းကျင်ဖို့ အတွက် ရည်ရွယ်ရင် သူ့အတွက် နေ့စဉ် အချိန်ပေးပါ။ ဒါပေမယ့် နေ့တိုင်း တိုးတက်မှု ရှိလိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့။

- ကိုယ်လုံးပိန်အောင်
- ဘာသာစကားတစ်ခု တက်မြောက်အောင်
- ဂစ်တာတီးပိုကျွမ်းကျင်အောင်

အစရှိသည်ဖြင့်ပေါ့။ အသက်မွေးဝမ်းကျောင်းတစ်ခု စတယ်ဆိုရင် အချိန်လုံလောက်စွာ ပေးပါ။ နေ့စဉ်လုပ်မယ့် အစီအစဉ် ဇယားဆွဲပြီး တိုးတက်အောင် အချိန်ပေး လေ့ကျင့်ပါ။ ဒါပေမယ့် နောက်ဆုံး

“ လူတော်တော် များများက စိတ်မရှည်ပဲ စောစောစီးစီး ရပ်ပစ်တက်ကြတယ် ”


4 comments:

Welcome said...

ဘဝကိုပေးဆပ်ပြီး သင်ချင်လို့ကတော့ တတ်သမျှ အိပ်သွန်ဖာမှောက် သင်ပေးပါမယ်ဗျာ ပြောလိုက်ပါနော်

http://winzaw-mdy.blogspot.com

Apprenticeship said...

ဟိအချန်ပေးလွန်းလို့ သိတတ်စအရွယ်ကတည်းကကျောင်းတက်လာတာ အခုထိဗျို့.. ဒါပေမဲ့ တက်လေလေ မသိတာများလေလေမို့ ကိုဆိုးသွမ်းပြောတဲ့ ပန်းတိုင်းတော့ ရောက်အုံးမလားမသိဘူး :P
ဒါပေမယ့် ပညာရှင်တွေကပြောတယ် ဘ၀ဆိုတာ Life long leaner တဲ့..
ဒီလိုကြိုးစားနေတုံး ဂရုပြုသင့်တာ တစ်ခုတော့ အိတ်ပေါက်နဲ့ ဖားမကောက်မိစေဖို့ပေါ့....။

Apprenticeship said...

* အချိန်ပေး နော်.. ဘယ်လိုလုပ်ပြီး လုံးကြီးတင်ကျန်သွားလဲ မသိဘူး

Anonymous said...

သိပ်မှန်တယ်ဗျာ ထောက်ခံတယ် သဘောတူတယ် ကိုဆိုးသွမ်းရေ ...

ခင်မင်လေးစားစွာဖြင့်