Monday, November 17, 2008

ပျောက်ဆုံးမဲ့သူ


စကားလုံး မရှိဘူး
ခံစားမှုအတွက် ငေးငိုင်နေတယ်
နားလည်ပေမယ့်
ပိုနားလည်အောင် ကိုယ့်ကိုကိုယ် ပြန်ဆုံးမလည်း.....

ခဏခဏ တွေးတယ်
ကံဆိုတဲ့ အကြောင်း ၊ ဖြစ်စေချင်တဲ့ ဆန္ဒ
အရိုးသားဆုံးနဲ့ အသက်ထက်ဆုံး မြတ်နိးခဲ့
ဘိလပ်မြေနည်းတဲ့ တိုက်တွေလို
ဘယ်အချိန် ပြိုကျမလဲ မတွေးဝံ

နေတက်ရင် ကျေနပ်စရာကောင်းတဲ့ဘ၀မှာ
မနေတက်လို့ အဆဲခံရ
ဒီတခါ သိမ်းထားခဲ့တဲ့ အချစ်မှာ
ပျော်ရွှင်မှုတွေပါတယ် ၊ ၀မ်းနည်းမှုတွေ ရောတယ်
မတူညီတဲ့ ခံစားမှုတွေ ရှိတယ် ၊ ရည်ရွယ်ချက်တွေ ထပ်တူကျတယ်

ကိုမိုးလှိုင်ကဗျာထဲကလို
“ ချစ်ခြင်းမေတ္တာဟာ သစ္စာရှိရုံနဲ့....မပြည့်စုံတော့တဲ့နောက် ”
အနာဂတ်ရဲ့ ပုံရိပ်တွေ ဝေးဝေးလာခဲ့တယ်



4 comments:

Anonymous said...

အတ္တထဲပျော်ဝင်နေတဲ့ အချစ်တွေမို့လို့ပါ၊ အဲအချစ်တွေက အနာဂတ်ပုံရိပ်ကို မဲ့စေတယ်လို့ ယူဆရင်း ...

ခင်မင်လေးစားစွာဖြင့်

Anonymous said...

ဒီတခါ သိမ်းထားခဲ့တဲ့ အချစ်မှာ
ပျော်ရွှင်မှုတွေပါတယ် ၊ ၀မ်းနည်းမှုတွေ ရောတယ်
မတူညီတဲ့ ခံစားမှုတွေ ရှိတယ် ၊ ရည်ရွယ်ချက်တွေ ထပ်တူကျတယ်

ကိုမိုးလှိုင်ကဗျာထဲကလို
“ ချစ်ခြင်းမေတ္တာဟာ သစ္စာရှိရုံနဲ့....မပြည့်စုံတော့တဲ့နောက် ”
အနာဂတ်ရဲ့ ပုံရိပ်တွေ ဝေးဝေးလာခဲ့တယ်

ဒီအပိုဒ်လေးတွေသဘောကျလိုက်တာ ….

Unknown said...

ကိုကတော့အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားခဲ့တာပဲ။ ဖြစ်မလာရင်လည်း ဘယ်တတ်နိုင်မှာလည်းကွာ။ ဘ၀ဆိုတာ ကိုလိုချင်သလို ဇာတ်ညွှန်းပြင်ရေးကလို့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်မှမဟုတ်တာ။ :)

Apprenticeship said...

စစ်မှန်တဲ့ မေတ္တာတရားကအောင်နိုင်ခြင်းတရားပါ..
ခိုင်မာတဲ့ မေတ္တာတရားနဲ့ သစ္စာတရားတွေ ထွန်းကားနိုင်ပါစေကွာ....