Saturday, November 15, 2008

ကမ္ဘာကြီးက ရွာဆန်တယ်တဲ့
မှန်သင့်သလောက် မှန်ပါတယ်
အခုတွေ့ချင်လား ဖြက်ခနဲ့ Webcam ပြ
ဆက်ခနဲ့ Phone ကောက်ဆက်
လွယ်လိုက်တဲ့ ဖြစ်ခြင်း

ဒါပေမယ့်
မိဘရင်အုပ်ကနေ သားသမီးတွေ
တဖြည်းဖြည်း အဝေးရောက်နေတာ
သတိမထားမိကြတဲ့ အဖြစ်

ရွာဆန်လွန်းတဲ့ ကမ္ဘာကြီးမှာ
သားသမီးဆုံးတာ မမှီလိုက်တဲ့မိဘတွေ
မိဘဆုံးတာ အချိန်မှီမပြန်နိင်တဲ့ သားသမီးတွေ
အများကြီး ရှိနေတယ်


ရွာဆန်တာ ကောင်းတယ်
ရွာပျက်အောင် ဆန်တာတော့ မကောင်းဘူး
အဲဒီအဆန်ဆုံးထဲမှာ အဆန်ဆုံးဖြစ်နေတာ
ပိုဆိုးတယ်

ကျွန်တော့်ဆန္ဒအရ
ကမ္ဘာကြီး ရွာမဆန်ချင်နေပါစေ
လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ
သူချစ်ခင်တဲ့သူ ၊ သူအနားမှာ ရှိစေချင်တဲ့သူ
အနားမှာ ရှိနေဖို့ပဲ ကျွန်တော်မျှော်လင့်တယ်

ဘ၀ကို ငွေကြေးနဲ့ လဲလှယ်နေရသူတွေ........နည်းပါစေ
ဆန္ဒနဲ့ ဘ၀ကို လဲလှယ်နေရသူတွေ ............နည်းပါစေ
ဘ၀ကို ဘ၀လို ပီပင်စွာ တည်ဆောင်နိင်ကြပါစေ

ဆုတောင်းတာ မဟုတ် မျှော်လင့်တာ
မျှော်လင့်တာ မဟုတ် ဖြစ်စေချင်တာ
ဖြစ်စေချင်တာ မဟုတ် လုပ်စေချင်တာ
ဒါကျွန်တော့် ဆန္ဒပါ






10 comments:

khin oo may said...

တောင်းတဲ့ဆုနဲ့ပြည့်စေသတည်း

လင်းဒီပ said...

ဟုတ်တယ်ဗျ။....
ကြေကွဲကြောက်လန့်စရာကောင်းလာတဲ့ ပြည့်စုံမှုကြီး
အနီးဆုံးနဲ့ ဝေးကုန်ကြရတယ်..

Anonymous said...

ကျွန်တော်လည်း အတူတူပါပဲ၊ ထပ်တူဆန္ဒပြုပါရဲ့။

Anonymous said...

တကယ်ခံစားဖတ်ရှုသွားပါတယ်။ label က ဟာသ တော့မဖြစ်တန်ကောင်းပါဘူး။

ရွှန်းမီ said...

အင်းနော်..။ ကမ္ဘာကြီး ရွာဆန်နေပုံက ဟာ သ ပဲ . . .
သိပ်မရယ်ရသလို သိပ်လည်း အချိုးမပြေဘူး။
That's ridiculous!

:P said...

nice poem!!

ဆိုးသွမ်း said...

ဟာသ မဟုတ်ပါဘူး...
ကျွန်တော် လေဘယ်မှားတပ်တာ။
အိပ်ချင်မှုးတူးနဲ့။း)

ဆေားတီဆေားတီး

mgngal said...

ရွာတောင်ပိုင်း တစ်ခုဖြစ်ရင် ရွာမြောက်ပိုင်းကနေ ပြေးလာ
ချက်ချင်းရောက်တယ် ။ ဒီကမ္ဘာရွာကြီးမှာတော့ဗျာ ။ အဆင်မပြေမှုတွေ ကင်းဝေးကြပါစေ လို့ ဆုတောင်းမိတယ်

Anonymous said...

ဆန္ဒများပြည့်စုံပါစေရှင်။

Anonymous said...

May u get all your wishes come true.....