Thursday, November 13, 2008

ဘ၀ခါးတဲ့ အမှားည


လွယ်လွန်းတယ် အမေ
တခုခုကို တခုခုပြုလိုက်နိင်တယ်ဆိုတာ
အဲဒီလောက်တောင် လွယ်လွန်းသလား

တကယ်ဆို မလွယ်တာတွေကများပြီး
လွယ်တာက တခုပဲရှိတယ်
ဒါပေမယ့် အဲဒီလွယ်တာကြီးကို ကျွန်တော်ကြောက်တယ်

လုပ်ချင်တာတွေ မလုပ်လိုက်နိင်မှာ
ဖြစ်ချင်တာတွေ မဖြစ်လိုက်ရမှာ
သိချင်တာတွေ မသိလိုက်ရမှာ
ပြောချင်တာတွေ မပြောလိုက်ရမှာ


မှန်တယ်ထင်ပြီး မှားနေလေရဲ့
မှားတယ်လို့ ထင်လည်း ဆက်မှားနေလေရဲ့
အမှားတွေများလေ ဘ၀တွေခါးလေပါပဲလား.......အမေ
အမှားတွေများလေ ဘ၀တွေခါးလေပါပဲလား.......အမေ
အမှားတွေများလေ ဘ၀တွေခါးလေပါပဲလား.......အမေ


4 comments:

khin oo may said...

ကောင်းတယ် တကယ်ပြောတာပါ။

mgngal said...

ဒီကဗျာလေး ကြိုက်တယ်ဗျ ။
အမှားတွေများလေ ဘ၀တွေခါးလေ..
အမှားတွေများလေ ဘ၀တွေခါးလေ.. ။ :)

Apprenticeship said...

အားလုံးမှားနေတဲ့ လောကမှာ ငါတို့သတ်မှတ်တဲ့
အမှန်တွေက မျက်နှာငယ်ရတယ်။
ဒါပေမဲ့
ပြောချင်တာတွေ ရအောင်ပြောဖို့
စကားလုံးတွေရဲ့ ဖွဲ့စည်းပုံတွေတော့
သေချာ နားလည်ရမှာပေါ့နော်..

Anonymous said...

သိပ်ကောင်းတဲ့ကဗျာပါပဲဗျာ။ ကြိုက်သွားတယ်။

ခင်မင်လေးစားစွာဖြင့်