Saturday, November 8, 2008

ဘာ....ကြောင့်.....လဲ

ဂျွန်ဖော့ဖ်ဆိုတဲ့ သူဟာ မွေးကတည်းက လက်နှစ်ဖက် ပါမလာဘူးတဲ့။ ဒါပေမယ့် သူက “ ငါ့မှာ ဘာကြောင့် လက်နှစ်ဖက် မပါရတာလဲ ” ဆိုတဲ့ မေးခွန်းမျိုး မမေးခဲ့ဘူး ။ သူမေးတာက

“ ငါ့ခြေထောက်တွေနဲ့ ဘာလုပ်နိင်မလဲ ” တဲ့

ကြေကွဲစရာ အဖြစ်ဆိုးတွေ ကြုံတဲ့အခါ ဒါမှမဟုတ် အားလုံးဆုံးရှုံးသွားတဲ့ အခါ ၊ ဒါမှမဟုတ် ချစ်သူက ကိုယ့်ကို စွန့်ခွာသွားတဲ့ အခါ ကျွန်တော်တို့ အများဆုံးမေးတဲ့ မေးခွန်းက



“ ဘာကြောင့်လဲ.....”
“ ဘာကြောင့် င့ါကိုမှ.....”
“ ဘာကြောင့် ခုချိန်မှ.....”
“ ဘာကြောင့် င့ါကိုမှ ပစ်ပြီး.....အဲဒီ အသုံးမကျတဲ့ ကောင်နဲ့ ”
“ ဘာကြောင့်ဒီလိုဖြစ်ရပ်မျိုးက ငါ့ကိုမှ.......” လို့

မေးခွန်းတွေ ကိုယ့်ကိုကိုယ် ပြန်မေးခြင်းဟာ ရူးသွပ် သွားစေနိင်ပါတယ်။ များသော အားဖြင့် ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိပါ။ ဒါမှ မဟုတ် ဘာကြောင့်လဲ ဆိုတာက အရေးမပါဘူး။ လောကမှာ အကျိုးရှိအောင် နေတက်သူတွေက “ ဘာ ” ဆိုတဲ့ မေးခွန်းကိုသာ မေးတက်ကြပါတယ်။

“ ဒီကိစ္စမှာ ငါဘာလုပ်ရမလဲ ”
“ ဒီဖြစ်ရပ်မှာ ငါဘာသင်ခန်းစာ ရလိုက်သလဲ ”

အခြေအနေက တကယ့်ကို မျှော်လင့်ချက်ကင်းနေတဲ့အခါ သူတို့က “ အခြေအနေတွေ ပြန်ကောင်းလာအောင် နောက် ၂၄ နာရီ အတွင်းမှာ ငါ ဘာလုပ်နိင်မလဲ ” ဆိုတာပါပဲတဲ့။

ကဲ......ကျွန်တော်တို့ရော ။ သေချာစဉ်းစားကြည့်ဖူးလား။ သေချာတယ် .......စဉ်းစားမိမှာ မဟုတ်ဘူး ထင်တယ်။ ဖြစ်လာရင် ခံစားနေကြရတာနဲ့ ပဲ အချိန်ကုန်နေတက်ကြတယ်။ ကိုယ့်ဘ၀ကို ကိုယ်သတ်နေကြတယ်။ နောက်ဆို “ ဘာ ” ဆိုတဲ့ စကားလုံးကို စာဖတ်သူတွေ သုံးနိင်ကြပါစေ။


ဘာကြောင့်


ဆိုတာကို မသုံးဖို့ ကြိုးစားရအောင်


6 comments:

Anonymous said...

ဖတ်ပြီးတဲ့အခါမှတော့ ကိုယ့်ကိုကိုယ်ပြန်မေးမိပါတယ်၊ ဘာ ဆိုတဲ့မေးခွန်းတွေကိုပေါ့။ တွေးစရာလေးတွေပေး တဲ့အတွက် အထူးကျေးဇူးပါ။

ခင်မင်လေးစားစွာဖြင့်

ဟန်လင်းထွန်း said...

ဟုတ်တယ် ကျနော်တို့တွေ ဘာကြောင့် ဆိုတဲ့ မေးခွန်းကို တစ်ခုခု ဆုံးရူံးရချိန် သို့မဟုတ် လိုအပ်မပြည့်တဲ့အခါ မေးတက်ကြတယ်။

Apprenticeship said...
This comment has been removed by the author.
Apprenticeship said...

ဒါဆို "WHY" လို့မေးရမှာလား :P

လင်းဒီပ said...

သင်ခန်းစာတွေကတော့ နည်းတော့ဘူး..
လောကကြီးက အသင်အပြ ကောင်းလွန်းတယ်

Anonymous said...

ဒီပို့စ်လေးဖတ်ပြီးတော့ သဘောကျမိတယ် …
လူတိုင်းသိနေပြီး လူတိုင်းမလုပ်ဖြစ်တတ်တဲ့ကိစ္စလို့ပဲပြောရမယ်ထင်ပါတယ်…
လူတွေရဲ့သဘောက ခံစားရတာကို နှစ်သက်တယ်လေ ….
ကျွန်မဆိုရင် သီချင်းတောင်မှ အလွမ်းသီချင်းက ပိုခံစားလို့ကောင်းတယ်ထင်မိတယ် …
ကဗျာရေးရင်တောင်မှ ပျော်စရာထက် ၀မ်းနည်းစရာက ပိုရေးလို့ကောင်းသလိုလိုပဲ …