Tuesday, November 4, 2008



Hello...Everybody !!! My name is Soethawn :)

စာဖတ်သူ......

ကျွန်တော်တို့ ကိုယ့်အပေါ်ကိုယ် ပြန်လည် ဆန်းစစ်ကြည့် ပါစို့။ ငါစွဲကင်းနိင်တဲ့သူလား ။ အဲဒီလောက် မပြောပါနဲ့ လူသားတိုင်း တစ်နေရာနဲ့ တစ်နေရာတော့ ငါစွဲကင်းနိင်ကြမှာ မဟုတ်လို့ပါ။ ဒီလိုပြောတော့ ငါစွဲ ကင်းနိင်မှ့တော့ တောထွက်ပြီး ဘုန်းကြီး ၀တ်တော့မှာပေါ့လို့ ထင်နေကြပါဦးမယ်။ ကျွန်တော်ကိုယ်တိုင်လည်း မကင်းပါဘူး။ ဒါကို ဂုဏ်ယူလို့ ပြောတာတော့ မဟုတ်။း) ဆိုလိုချင်တာက မကင်းနိင်တဲ့ အစွဲတွေကို ကျွန်တော်တို့ အတက်နိင်ဆုံး လျှော့ချဖို့တော့ လိုအပ်ပါလိမ့်မယ်။ လူတစ်ယောက် တော်တယ် တက်တယ်။ ဒါဆိုရင် မှန်တယ် ဒီလူကို ကောင်းချီးပေးရမယ် ၊ ဒီလူကို သူတော်တဲ့အလုပ် ၊ သူတက်တဲ့ အလုပ် နယ်ပယ်ပိုင်းမှာ ပိုပြီးတက်လာအောင် သိလာအောင် ကြိုးစားချင်စိတ် ဖြစ်လာအောင် ချီးမွမ်းပေးရမယ်။ ဒါကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် အဲဒီလူ ဘာပဲလုပ်လုပ် စာဖတ်သူ သူ့ဘက်က လိုက်ပြီး သူလုပ်သမျှ ကောင်းကြောင်း ကျွန်တော်တို့ မျက်စိမှိတ်ယုံ နေလို့မရပါဘူး။

အမှန်တရား ။ ဟုတ်ပါတယ် အမှန်တရားပါ။ ကျွန်တော်တို့ လူမျိုးတွေဟာ အားနာတက်တယ် ၊ ရိုင်းပင်းကူညီ တက်တယ် ၊ လေးစားဖော်ရွေမှု ရှိပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထလေးပါ။ ဒါပေမယ့် လူတစ်ယောက်ကို ခင်ရုံ ၊ သိနေရုံနဲ့ ဒီလူဟာ ကောင်းတယ် ၊ တော်တယ်လို့ ပြောလို့ ၊ ဒီလူ့ဘက်က လိုက်ပြောလို့ မရနိင်ပါဘူး။ ဒီလူက ကိုယ့်အတွက်ပဲ ကောင်းနေတာလား ၊ ကိုယ့်ဆီက ဘာလိုချင်လို့ ကိုယ့်အပေါ် ကောင်းနေတာလဲ ။ ဒါတွေကို ပြန်လည် သုံးသပ်စေချင်ပါတယ်။

ကျွန်တော် သတိထား မိသလောက်ကတော့ တော်တော်များများဟာ လူနှစ်ယောက်ယှဉ်လို့ ကိုယ့်လူက ပညာအရည်အချင်း နိမ့်ကျတယ်ပဲ ထားဦး အလုပ်ခန့်တော့ ကိုယ့်လူကိုပဲ ကိုယ်ခန့်တယ် ။ ကိုယ့်လူကိုပဲ ကိုယ်ရွေးတက်ကြပါတယ်။ ပညာအရည်အချင်းဆိုတာ ဘွဲ့တွေ ဂုဏ်ထူးတွေ နောက်ထား လုပ်ငန်းခွင်မှာ ဒီလူ ဘယ်လောက် လုပ်နိင်တယ်ဆိုတာကိုပဲ သုံးသပ်ကြည့်ချင်းပါ။ ဒီတော့ လောကမှာ ဒီလို ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်တဲ့လူတွေ များလာလေလေ တကယ်အရည်အချင်း ပြည့်မှီတဲ့သူတွေ ဘေးကို ရောက်လေပါပဲ။ အဲဒီတော့ သူတို့တွေ အတွက် တကယ် တက် ၊သိရဲ့ သားနဲ့ အများကြီး နစ်နာပါတယ်။

ဒါပေမယ့် တဖက်က ပြန်စဉ်းစားကြည့်တော့ သူ့ဆွေမျိုးသူ အလုပ်ပေးတာ ၊ သူ့ဆွေမျိုးသူရွေးတာ “ ဒါဟာ ဆွေမျိုးကို စောင့်ရှောက်တာပေါ့ ” အဲဒီလိုလား။ တခြားသူ ခန့်မည့်အစား ၊ တခြားသူ ခေါ်မယ့်အစား ကိုယ်အမျိုး ကိုယ်ခေါ်တော့ ကိုယ့်အမျိုးတွေအတွက် ကောင်းပေမယ့် တဖက်က အသိပညာရှင် ၊ အတက်ပညာရှင် တွေဟာ ဘေးကို ရောက်ရောက်သွားတက်သလိုပါပဲ။

ဒီလူဟာ ဒီနယ်ပယ်မှာ တကယ်တော်လား ၊ သိလား ။ သူရဲ့ အရည်အချင်းကိုပဲ ဆုံးဖြက်ပါ။ လူမှုရေးတွေ မပါပါစေနဲ့။ အမှန်တရားကို ချစ်ပါ။ သူများတွေ မချစ်နိင်ဖို့မလိုပါဘူး။ ကိုယ့်စိတ်ထဲမှာ ချစ်နိင်ဖို့ပဲလိုပါတယ်။ ငါနဲ့ သိတဲ့လူက ပိုတော်တယ် ၊ ငါနဲ့ ခင်တဲလူက ပိုတက်တယ် မဖြစ်စေချင်ပါဘူး။ ဒီလူတကယ် တော်မှ တော်တယ် ၊ တက်မှ တက်တယ် ဆိုတာကို ငါစွဲကင်းစွာ ပြောကြားဖို့ သင့်တယ်လို့ တွေးမိပါတယ်။ အဲဒီလို ဆိုရင် ကျွန်တော်တို့ တဖြည်းဖြည်း အမှန်တရားကို ကျင့်သုံးလာပြီပေါ့။

ခင်မင်လေးစားလျက်........


4 comments:

တောင်ပေါ်သား said...

ကိုကြီးရေ ဒါဟာ ကျနော်တို့တွေ ဖြစ်သင့်ဖြစ်ထိုက်တာကို မကြည့်ပဲ ငါဖို့ ဆိုတာကြီးကို မက်မောနေလို့ပါ.. ကျနော်တို့တွေ ပြုပြင်သင့်ပြီး ကျေးဇူးအကိုရေ

Anonymous said...

ကိုဆိုးသွမ်းပြောတာ မှန်ပါတယ်။

များသောအားဖြင့် ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်အဖွဲ့အစည်းမှာ တော်တဲ့သူတွေပဲ ထားကြ၊ ခန့်ကြတာများပါတယ်။

“အမျိုးတော်တဲ့သူ” တွေပေါ့ဗျာ ... :D

ခင်မင်လေးစားစွာနဲ့

mgngal said...

သဘောထားတိုက်ဆိုင်ပါတယ် ဘရို ။အဆင်ပြေပါစေဗျာ။

Apprenticeship said...

အမှန်တွေရေးနေပြန်ပီ... သိပ်မှန်တာပေါ့...