Monday, November 3, 2008

လူမှုရေး ကိစ္စလေးတွေ ရှိတာနဲ့ ဘလော့ဂ်လေးကိုတောင် ပစ်ထားမိသလို ဖြစ်နေမိတဲ့အတွက် လမ်းကြုံလို့ပဲ ဖြစ်ဖြစ် ၊ တမင်တကာ ရည်ရွယ်ပြီးလို့လာတာပဲ ဖြစ်ဖြစ် ၊ အမှတ်မထင် ရောက်လာတဲ့ သူပဲဖြစ်ဖြစ် အားလုံးကို ဒီနေရာကနေ သိသိမသိသိ တောင်းပန်အပ်ပါတယ်။ ကျွန်တော် စာရေးဆရာ မဟုတ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်ဆုံးဖြက်ချက်နဲ့ စာတွေ အမြဲမတင်နိင်တာကို ၀န်ခံပါတယ်။ လူဆိုတဲ့ အတိုင်း ကိုယ့်ဘလော့ဂ်လေးကို အမြဲအသက်ဝင်နေ စေချင်တော့ ကိုယ့်စာမဟုတ်ပေမယ့် စာကောင်းပေမွန်လေးတွေ ဝေမျှနိင်အောင် ကြိုးစားပါတယ်။ ဘလော့ဂ်နဲ့ပတ်သတ်လို့ ဘယ်အရာကိုမှ မမျှော်လင့်ပေမယ့် ကျွန်တော့်ဆီကို ရောက်လာရင် ရသ ဖြစ်ဖြစ် ဗဟုသုတ ဖြစ်ဖြစ် တခုခုရရှိအောင် ပေးလိုက်ချင်တဲ့ ဆန္ဒကတော့ ရင်ထဲမှာ ကိန်းအောင်နေခဲ့ပြီးသားပါ။ အဲဒီလို ပေးရတာကိုလည်း ကျွန်တော် ပျော်ပါတယ် ၊ ကျေနပ်ပါတယ်။ ကျွန်တော့်ထက် ပို့စ်တွေတင်နိင် ၊ ရေးနိင်တဲ့ အစ်ကိုအစ်မ ညီငယ် ညီမငယ်တွေကိုလည်း လေးစား အားကျပါကြောင်း။

အခုကတော့ ယခုခေတ်လူငယ်တွေ မသိသလောက် ဖြစ်နေတဲ့ အိမ်မက်တွေကို ဓတ်ပုံနှင့်တကွ တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ဒီအိမ်မက်ထဲက ဖြစ်စဉ်တွေဟာ ယနေ့ခေတ်လောကမှာလည်း ဖြစ်ပျက်နေပါတယ်။ ဒီတော့ ဒါတွေ ဖြစ်ရင် ဘာဖြစ်မလဲဆိုတာတော့ ငွေရောင်ပိတ်ကားပေါ်မှာပဲ စောင့်မျှော်ကြည့်ရှုကြတာပေါ့ဗျာ။ :)












2 comments:

Anonymous said...

ကိုဆိုးရေ ကောသလမင်းရဲ့ အိမ်မက် ၁၆ ချက်ကို ခုလို ဘလော့မှာ ဖော်ပြပေးတာ ကျေးဇူးပါ ။
အရင်တုန်းကတော့ ဘုရားတန်ဆောင်းတို့၊ ဇရပ်တို့ ဘုန်းတော်ကြီးကျောင်းတို့မှာပဲ ဖတ်ဘူးတာ ။
ခုလိုဆိုတော့ ဘုရားနဲ့ဝေး ကျောင်းနဲ့ဝေးနေရတဲ့သူတွေ အဖို့ အဆင်ပြေလှသဗျို့ ။

ခင်မင် လေးစားလျက်

တာတူး

Anonymous said...

ကိုဆိုးသွမ်းရဲ့ blogger ရည်ရွယ်ချက်ကောင်းလေးကို ဖတ်မိတော့ အထူးပဲ လေးစားမိပါရဲ့ဗျာ ... အခုပိုစ့်မှာလည်း ကောသလ အိမ်မက်တွေကို ပြန်သိရတော့ မေ့နေတာတွေ ပြန်သတိရ၊ ပြန်လည်မှတ်သားရနဲ့ အတော်ပဲ ၀မ်းမြောက်မိပါရဲ့။ ကျေးဇူးလည်း တင်မိပါတယ်။ အရင်က ဒီအကြောင်းအရာတွေက ဘုရားတန်ဆောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာပဲ မြင်တွေ့ဖူးတာကိုး ကိုတာတူးပြောသလိုပါပဲဗျာ ...။

ခင်မင်လေးစားစွာဖြင့်