Saturday, November 29, 2008

အ....ပူ....သည်



အသစ်မဟုတ်ဘဲ
နေရောင်နဲ့ ပြန်သထားတဲ့
မနက်ခင်း တစ်ခုမှာပါ....

ကျွန်တော် အရူးအမူးဖြစ်နေတာကတော့
အိမ်မက်ထဲက
မွှေးမြတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။

လေကလည်း တဟူးဟူး တိုက်နေရဲ့
နှလုံးသားပေါ်မှာ ခိုကိုးရာမဲ့ ကျီးကန်တစ်ကောင်က
တစာစာ အာနေလေရဲ့
အလွမ်းတွေ ဖွာလန်ကျဲလို့.....

မြင်မကောင်းအောင် ငိုထားတဲ့
တေးသွားလေးလိုပဲ သက်ဆင်းခဲ့
သိပ်တော့လည်း မဆန်းပါဘူးကွယ်တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကို ချွေးသိပ်ခဲ့တယ်။

နှလုံးသား တရပ်စာသာမြင့်တဲ့
မျှော်စင့်တစ်ခုဆောက်ပြီး
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်.....

မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်ရဲ့ ။ ။



မောင်သိန်းဇော်



စာဖတ်ရင်း ဘလော့ဂ်လည်း ရေးချင်လာတာနဲ့ စိတ်ထဲရှိတာလေး ချရေးမိလိုက်တယ်။ တကယ်တော့ ဘလော့ဂ်ကို စွဲလန်းသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ အဓိက တရားခံကတော့ ဂူဂယ်ပါပဲ။ နောက်ပြီးတော့ အခန်းထဲက သူငယ်ချင်း ၂ ယောက်။ တစ်ယောက်ကတော့ အခုမရေးတော့ပါဘူး။ နောက်တစ်ယောက်က ကိုရင် မှော်ဆရာပါ။ သူတို့ကြောင့် ဘလော့ဂ်လောကထဲကို ခြေစုံပစ်ဝင်လာပေမယ့် ကိုယ်ကလည်း စာရေးချင်စိတ်ကလေးကလည်း ရှိနေတယ်ဆိုတော့ ၀င်ပြီးကတည်းက ပြန်ကို မထွက်နိင်တော့ပါဘူး။ ဘယ်တော့မှလည်း ပြန်ထွက်မယ်လို့ စိတ်မကူးတော့ပါဘူး။ ကိုယ်က ကျွမ်းနေပြီကိုး။ မရေးနိင်သေးတဲ့အချိန် ရပ်နေမယ် ၊ အားသွားတဲ့ အချိန်ရေးမယ်။ အခုလည်း လူပျိုဘ၀ကနေ ရေးမယ်။း) ။ နောင်လည်း အိမ်ထောင်သည် ဖြစ်လာရင် ရေးဦးမယ်။ အဘိုးကြီး ဖြစ်တဲ့ အထိရေးမယ်ဗျာ။ နောက်ဆုံး ကျွန်တော်သေရင်တောင် ဓါတ်ပုံကို သားသမီးတွေ ၊ ဇနီးမယားတွေ ရိုက်ခိုင်းပြီး “ ဘလော့ဂ်ဂါ ဆိုးသွမ်း အသက် ( ၁၀၂ ) နှစ်တွင် ကွယ်လွန်သည် ” ဆိုပြီး ဓါတ်ပုံနဲ့ တင်ဦးမှာပါ။း) မှတ်ပြီလား။ ဒါပေမယ့် အင်တာနက်လေးတော့ ရနေဖို့ လိုတာပေါ့နော်။ ဂူဂယ်လေးကလည်း ဘလော့ဂ်ဆိုတာလေးကို လုပ်ပေးထားနိင်ပါစေလို့ ဆုတောင်းရမှာပဲ။ .com တွေ ၊ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ဒ်တွေ ၀ယ်ပြီး လုပ်ချင်ပေမယ့် blogspot.com ကိုခွဲရမှာဆိုတော့ မလုပ်ချင်ဘူး။ စိတ်ထဲမှာ အဲဒီလို လုပ်လိုက်ရင် ဘလော့ဂ်ဂါဆိုတာနဲ့ မလိုက်ဖက်တော့ သလိုပဲ။ ( ဒါက ကျွန်တော့်စိတ်ကူးပါ )။

ဒါနဲ့ပဲ ရေးမိ ၊ တင်မိ ၊ ပြောမိပြန်တယ်။ ဘလော့ဂ်ကို အကြောင်းအမျိုးမျိုးကြောင့် လက်လျော့ချင်ခဲ့တာတွေ ၊ စိတ်ညစ်ခဲ့တာတွေ ၊ ဖျက်ပစ်ချင်မိတာတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်ကျရင် ဘလော့ဂ်ကို လုံးဝ လှည့်ကို မကြည့်ဘူး။ ဖျက်ပစ်လိုက်မိမှာ ဆိုးလို့ပါ။ ဖြစ်နိင်ရင် ကျွန်တော် စာတွေ အများကြီး ၊ ကဗျာတွေ အများကြီး ရေးချင်တယ်။ စိတ်ထဲမှာ ရှိတာတွေ ဖွင့်ဟချင်တယ်။ ဒါပေမယ့် ကျွန်တော့်မှာ မရေးသင့် ၊ မရေးအပ်တဲ့ အနေအထားတွေ ရှိပါတယ်။ နောင်တစ်ချိန်ကြရင်တော့ ရေးချင်ရေးမှာပေါ့ဗျာ။ ( ၁၀ ) ခါကောင်းခဲ့တာတောင် (၁) ခါလောက် အမှားလုပ်မိရင် လက်ညှိုးဆိုတာ ရှိလာနိင်တော့ ကျွန်တော်တို့ စာရေးရတဲ့ အနေအထားဟာ ဆင်ခြင်ရပါတယ်။ ပြောရင်းနဲ့ ရထားပေါ်မှာ ဆေးကြော်ငြာရောင်းသလို ဖြစ်နေပြီ။ အားလုံးအတွက် စကားလက်ဆောင်လေး ရှာကြံတင်ပေးလိုက်ပါတယ်။


“ အထက်လူကြီးရဲ့ လုပ်ရပ်အတွက် ဘာကိုမှ မထောက်ထားဘဲ
ပြောရဲ ၊ ဆိုရဲတယ် ဆိုရင်တော့ ၊ ခင်ဗျားမှာ နောက်အလုပ်အတွက်
နေရာသစ်ရှိနေလို့ပဲတဲ့ ”


ပျော်ရွှင်သော ရုံးပိတ်ရက်များကို ပိုင်ဆိုင်နိင်ကြပါစေ။


Wednesday, November 26, 2008

စာမေးပွဲနီးလာတာနဲ့ ဟိုအရင်လိုတော့ စိတ်တော့ သိပ်မလှုပ်ရှားမိတော့ပါဘူး။ ဒါဆို စာရနေပြီလား ဆိုတော့လည်း စာက ဖြေသာ ဖြေရတော့မှာ စာသင်တာက မပြီးသေးပါဘူး။ ဒီနိင်ငံရဲ့ ပညာရေးစနစ်ကလည်း သူမေးတာကို ဖြေရုံတင် မဟုတ်ဘဲ ၊ ဆရာနဲ့ ထိပ်တိုက်ရင်ဆိုင် ရသေးတာဆိုတော့ ကိုယ်အဖြေလွှာထဲမှာ အဖြေကို ရေးနိင်ရင်တောင်မှ သူမေးတဲ့အချိန် “ အီး...အီ...အ....အ ” နဲု့ပြာပန်းခက်နေပါတော့တယ်။

လွန်ခဲ့သော် ၆ လလောက်တုန်းက စာမေးပွဲဖြေရတဲ့ ဘာသာတစ်ခုမှာ ထုံးစံအတိုင်း ကျွန်တော်တို့ စာမေးပွဲ ဖြေကြတာပေါ့။ စဖြေတော့ စာရတဲ့ သူတွေကလည်း ထပြီး ဆရာကိုပြ ၊ ဆရာက တခါတည်းမေး ၊ တခါတည်း အအောင်အရှုံးပေးလိုက်တာ။ အဆင့်ပါ အပါအ၀င်ပေါ့။ ဒါနဲ့ ကျွန်တော်လည်း ရတာရှိသလို မရတာလည်း ရှိတော့ ဟိုလိုလို ဒီလိုလိုနဲ့။ ( စာမှ သိပ်မကြည့်တာ ၊ ဘလော့ဂ်ပဲ ရေးနေတာကိုးလို့ ကိုယ့်ကိုကိုယ် ပြန်ဆုံးမခဲ့ဘူးပါတယ်း( ) ဒါနဲ့ ဘေးနားက ကောင်မလေးက တပုဒ်မှ မရဘူး။ ကျွန်တော့်ကို မျက်နာရိပ် မျက်နှာကဲနဲ့ ။ ဒီအပုဒ်သိလားတဲ့။ ကျွန်တော်လည်း သူပြတဲ့ ပုဒ်စာကို တခါမှ မမြင်ဘူးပါဘူး။ ဒါနဲ့ မသိဘူးပေါ့။ ဒီတော့ ဆရာမက ပါးစပ်က ပွစိပွစိနဲ့ ( စိတ်ထဲက ဆဲနေလားတော့ မသိပါဘူး ) ။

ဒါနဲ့ ဘေးနားက သူတို့လူမျိုးတူ တစ်ယောက်ကို မေးကြည့်တာပေါ့။ မင်းမှာ အဲဒီလို ပုဒ်စာမျိုးပါလားဆိုတော့ ဟိုကလည်း ဆင်တူတော့ ရှိတယ်။ မေးတာတူမှာ မဟုတ်ဘူးတဲ့။ နောက်ဆုံး အဲဒီကောင်လေး ပေးတဲ့ စာရွက်ကို ကြားထဲကနေ ဟိုကောင်မလေးကို ပြန်ပေးပြီး သူ့ဟာသူ သိမှာပါလေဆိုပြီး လွှတ်ထားလိုက်တယ်။

အမယ် တစ်အောင့်နေတော့ ဒင်းက အဖြေလွှာလေးကိုင်ပြီး ဆရာဆီကို မရဲတရဲနဲ့ သွားကပ်တယ်။ ဟိုရောက်တော့ ဆရာက သူဖြေထားတဲ့ အဖြေကို ချပြီး မေးတာပေါ့။ ဘယ်ဟာက ဘာလဲ ၊ ဘာတွေရေးလာလဲ ၊ ဘာတွေ တွက်လာလဲနဲ့။ စာပိုဒ်ပိုင်းက ပြဿာနာ မရှိပေမယ့် အတွက်ပုဒ်စာကြတော့ သူက မတွက်ထားဘူး။ ဒီတော့ ဆရာက မေးလည်း မေးရော။ ဖြုန်းဆို ဆရာမက ငိုမဲ့ ငိုမဲ့ ထလုပ်ပါလေရော။

ကျွန်တော်လည်း စာမဖြေနိင်အားဘူး။ သူတို့ကို ထိုင်ကြည့်နေတာ။ င့ါအလှည့်ကြရင်လည်း ဘာပြောရင် ကောင်းမလဲပေါ့။း) ။ ဒါနဲ့ ဆရာက ဆူပါလေရော။ စာမကြည့်ဘူးလား ၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ နင့်ကို အအောင်မပေးနိင်ဘူးလည်း ဆိုရော မျက်ရည်က ကျလာလိုက်တာ။ အော်....သနားပါဒယ်ပေါ့။ ဆရာကလည်း ဆူဖို့မကောင်းပါဘူးဆိုပြီး ထင်နေတုန်း ။ “ အေး....နောက်တခါ စာကြည့်ထား အခု နင့်ကို ၃ မှတ်ပေးလိုက်မယ် ” လည်း ဆိုရော ချက်ချင်းအငိုတိတ် ၊ စောနက မျက်ရည်တွေကြနေတာ သူမဟုတ်တဲ့ အတိုင်းပဲ။ ပြီးတော့ စာအုပ်မှာ လက်မှတ်လည်း ထိုးပြီးရော တလောက လုံးကို အောင်နိင်တဲ့ မျက်နှာပေးနဲ့ ထွက်သွားလိုက်တာဗျာ။

ဒါကြောင့်ပြောတာ စာမေးပွဲနားနီးရင် မိန်းခလေး ဖြစ်သွားချင်တယ်လို့။ ဒါမှ ဆရာက စာလည်း သိပ်မမေး ၊ မေးရင်လည်း မျက်ရည်လေး ၀ဲပြလိုက်ရင် အနိမ့်ဆုံးအောင်မှတ်တော့ ရလို့လေ။ ဒီလိုပြောတော့ ဆရာတွေကို မလေးစားတာကြနေမယ်ဆို ကန်တော့ တောင်းပန်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာမေးပွဲနီးရင် မိန်းခလေးပဲ ဖြစ်ချင်တယ်။ :D


Tuesday, November 25, 2008

To My Closed Friends



You might be the Best Friends one year ,



Pretty Good Friends the next year ,



Don`t talk that often the next year ,



and Don`t want to talk at all the year after that.


So , i just wanted to say , You are Special to me and you have
made a difference in my life.

Remember , Everyone needs a friend ,




Let Old Friends know , u haven`t forgotten them


Just remember this and take comfort in knowing

Monday, November 24, 2008

ကျွန်တော် ဟိုအရင်တုန်းကတော့ ဘလော့ဂ်မှာ ကဗျာတွေပဲ အဓိကထားပြီး ရေးဖြစ်တယ်။ ဖြစ်ဖြစ်မြောက်မြောက်လား ဆိုတော့လည်း မဟုတ်ပါဘူး။ ကိုယ်စိတ်ထဲမှာ ရှိနေတာလေးတွေ ချရေးကြည့်တာပါ။ အပြင်စာမူတိုက်မှာ ဆိုရင်တော့ သေချာတယ် ၁ ပုဒ်မှ အရွေးခံရမှာ မဟုတ်ဘူး။း) နောက်တဖြည်းဖြည်းနဲ့ ကဗျာတွေ ရေးရုံတင် အားမရပဲ ကိုယ့်ဘ၀အကြောင်းရေး ၊ ဘာသာတွေပြန်ရေး ၊ ကိုယ်တွေး ထားတာလေးတွေရေး ၊ ရုပ်ရှင်အကြောင်း ၊ သီချင်းအကြောင်းရေး ၊ ရေး....ရေး....ရေး နဲ့ နောက်ဆုံး အခု စိတ်ကူးထားတာလေး လုပ်ပါတော့မယ်။

အင်တာနက်မှာ စာအုပ်အလကားတင်ထားတဲ့ ဆိုက်ဒ်တွေမှ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘလော့ဂ်ဂါတွေကလည်း အချိန်အားမှ ဘလော့ဂ်တောင် မနည်းရေးနေကြတာဆိုတော့ ဟိုဟိုဒီဒီလျှောက်လည် နိင်ဖို့ကလည်း အချိန်က နည်းပါးလှတယ် မဟုတ်လား။ ကိုယ့်ဘလော့ဂ်က မိတ်ဆွေ အသိုင်းအ၀ိုင်းလေးကိုတောင် အချိန်လုပြီး မနည်းလိုက်လည်နေရတာ ဆိုတော့ စာအုပ်တင်တဲ့ ဆိုက်ဒ်တွေလည်း တစ်ချို့က သိချင် သိကြမယ် ၊ မသိချင် မသိကြပါဘူး။ ဒီတော့ ကျွန်တော်လည်း စိတ်ကူး ရှိတာနဲ့ စာအုပ်လေးတွေ အခါအားလျော်စွာ တင်ဖို့ ဆုံးဖြက်လိုက်ပါတယ်။ ပထမဦးဆုံး အစအနေနဲ့ ယနေ့ခေတ်လူငယ်များကြားမှာ နေရာယူထားသော စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆရာ “ မင်းခိုက်စိုးစန် ” ရဲ့ စာအုပ်လေးတွေ တင်ပေးလိုက်ပါတယ်။ ဖိုင်ဆိုက်ဒ်တွေကလည်း သေးတာကြောင့် ဒေါင်းလုပ်ချရာမှာ အဆင်ပြေမယ်လို့လည်း မျှော်လင့်ပါတယ်။ အားလုံးကို ခင်မင်လျက်.......


“ သူတစိမ်း ”

Download



“ ကြယ်ကိုးစင်းနဲ့ လင်းတဲ့ကောင်းကင် ”

Download


“ စိုမှာဆိုးလို့ မိုးမိတယ် ”

Download


“ ကျွန်တော်နှင့် နမ်မီးဆစ် ”

Download


“ ကလေးအတွေး ”

Download


“ ချောင်းကြည့်တက်သူ တစ်ယောက်ရဲ့ည ”

Download


“ ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက် လမ်းဆုံ ”

Download


“ ခေတ်သစ်တစ်ခု၏ အစ ၊ အဓိပ္ပါယ်များ၏ အဆုံး ”

Download


“ သုည ”

Download



“ ကော်ဖီည ”

Download

Sunday, November 23, 2008

အက်ရှင် ခပ်ကြမ်းကြမ်း ဇာတ်ကားကောင်း အဖြစ်၎င်း ၊ မိဘနှင့် သားသမီးအကြား ထားရှိသော မေတ္တာဟာ မည်မျှ ခိုင်မာသည့်ဆိုသည်ကို အခက်အခဲများပင် ကြုံလင့်စေဦးတော့ အသက်အန္တရယ်ကို မငဲ့ကွက်ပဲ သားသမီးအတွက် ပေးဆပ်ရဲတဲ့ မိဘမေတ္တာကို ဖော်ကျူးထားသည့် ဇာတ်ကားကောင်း အဖြစ်၎င်း ၊ ထိုကဲ့သို့သော် ဇာတ်လမ်းများကို ကြည့်ရှု့ချင်ကြသည် ချစ်သော မြန်မာဘလော့ဂ်ဂါများအတွက် ဒါရိုက်တာ Pierre Morel ရိုက်ကူးတဲ့ “ Taken ” ဆိုတဲ့ ဇာတ်လမ်းတစ်ခုကို ညွှန်းလိုက်ပါတယ်။



ဒီဇာတ်လမ်း အကျဉ်းချုပ်ကတော့ ဇာတ်လမ်းနာမည် ဘရိုင်ယန် အဖြစ် Liam Neeson က နာမည်ကြီး မင်းသား မင်းသမီး ၊ အဆိုတော်များ ၊ လူပုဂ္ဂိုလ်များရဲ့ သက်တော်စောင့် အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့မှာ ( ၁၇ ) နှစ်အရွယ် သမီးတစ်ယောက်ရှိပြီး ၊ သူ့သမီးကတော့ အမေနဲ့အတူ နေထိုင်ပါတယ်။ ဘရိုင်ယန်နဲ့ ကလေးမလေးရဲ့ အမေဖြစ်သူတို့ဟာ ကွာရှင်းပြက်စဲထားကြသော်လည်း သမီးအတွက်နဲ့ ပတ်သက်၍ ပတ်သက် ဆက်နွယ်နေပါသေးတယ်။

တစ်နေ့တော့ သမီးဖြစ်သူက ဥရောပကို အလည်အပတ် ထွက်ချင်သည့်အတွက် လိမ်လည်ပြီး အဖေလုပ်သူကို လက်မှတ် ထိုးခိုင်းခဲ့ပါတယ်။ ဘရိုင်ယန် အနေနဲ့ကလည်း အစက ခွင့်မပြုခဲ့။ သို့သော် သမီးစိတ်ကောက်တာကို မကြည့်ရက်တာကြောင့် လက်မှတ်ထိုးပေး ခဲ့သော်လည်း အဖြစ်မှန်ကို လေယာဉ်ကွင်း အရောက်မှ သိခဲ့ရပါတယ်။ ကလေးမလေးနှင့် သူ့သူငယ်ချင်း တို့ဟာ လေယာဉ်နဲ့ ပြင်သစ်မြို့သို့ ထွက်ခွာလာကြရင်း ၊ လေဆိပ်အထွက်၌ အဖော်မပါသည့် အမျိုးသမီးမိန်းခလေးငယ် များအား ၊ လမ်းတူကြောင်း ၊ ဟိုတယ်တူကြောင်း အကြောင်းပြ၍ ပြန်ပေးဆွဲကာ ၊ ထိုမိန်းခလေးငယ်များအား မူးယစ်ဆေးဝါးများ ထိုး၍ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်စေခြင်း ၊ မှောင်ခို သူဌေးသူကြွယ်ကြီးများ၏ အပျော်မယားအဖြစ် လေလံတင်၍ ရောင်းချခြင်း ၊ ထိုဂိုဏ်းမှာလည်း အစိုးရ ထောက်လှမ်းရေး အကြီးအကဲတစ်ယောက်နှင့် ဆက်စပ်နေခြင်း ၊ သမီးဇောဖြင့် မည်သည့်အန္တရယ်ကိုမှ ဂရုမစိုက်ဘဲ လူဆိုးများလက်မှ ကယ်တင်ပုံကို ခပ်ကြမ်းကြမ်း ကယ်တင်ပုံ တို့အား ရိုက်ကူးထား၍ ကားကောင်းတခု အဖြစ် ဒီတပတ် တနင်္ဂနွေ ရုပ်ရှင်လက်ဆောင်အဖြစ် တင်ဆက်လိုက်ပါသည်။


Movie Links များအား ရှာဖွေတင်ပေးလိုက်ပါသည်

http://rapidshare.com/files/132164182/www.tr-share.com_TKN_VMT.part1.rar
http://rapidshare.com/files/132167546/www.tr-share.com_TKN_VMT.part2.rar
http://rapidshare.com/files/132171195/www.tr-share.com_TKN_VMT.part3.rar
http://rapidshare.com/files/132177201/www.tr-share.com_TKN_VMT.part4.rar
http://rapidshare.com/files/132180502/www.tr-share.com_TKN_VMT.part5.rar
http://rapidshare.com/files/132184097/www.tr-share.com_TKN_VMT.part6.rar
http://rapidshare.com/files/132187454/www.tr-share.com_TKN_VMT.part7.rar
http://rapidshare.com/files/132188377/www.tr-share.com_TKN_VMT.part8.rar

password - www.tr-share.com



Saturday, November 22, 2008

(၁)
စိတ်ကူးအရင့်အမာကြီးနဲ့ လွမ်းရတာ
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
ပိုလေးတယ်.....

(၂)
ကောင်မလေးရယ်.....
နောက်ကျခဲ့တာက
တစ်စုံတစ်ရာကို ချစ်ဖို့.....
ငါတို့.....
ဘာမှ အဆင်သင့် မဖြစ်ခဲ့ကြတာ တစ်ခုပါပဲ။

(၃)

“ ခေါင်းကလေး ၀င်ပါရစေ ”

(၄)

“ လက်ကလေး ၀င်ပါရစေ ”

(၅)

“ ခြေထောက်ကလေး ၀င်ပါရစေ ”

(၆)
အချစ်ဟာ ကုလားအုတ်တစ်ကောင်ပါပဲ။
ငါ့ရင်ဘတ်ရွက်ထည်ထဲမှာ လာမိုးခို
ငါကတော့.....
စွန့်လွှတ်ဖို့ အတွက် သက်သက်ပဲ ကြိုခဲ့တယ်။
“ ၀င်ခဲ့လေကွယ်.....”

(၇)
ပြီးတော့.....
အဲဒီ ကုလားအုတ်ရဲ့ ခြေဖမိုးကို နမ်းရှုပ်....
ရက်ထည်တဲရဲ့ အပြင်ဘက်ကို
( ငါ့ဘာသာငါ ) သုံးရာသီလုံးလုံး နောက်ဆုတ်ပြီး ထွက်ခဲ့တယ်။
ကြည့်စမ်း.......
ငါဟာ ပိုးစိုးပက်စက် မြင့်မြတ်နေလိုက်ပုံများ

(၈)
ကောင်မလေးရေ....
တို့တွေ နားလည်လိုက်ရအောင်
မင်းနဲ့ငါ တကယ်နားလည်သွားသလိုပုံမျိုးနဲ့
နားလည် ပစ်လိုက်ကြရအောင်လေ.....................။


မင်းခိုက်စိုးစန်


Friday, November 21, 2008



မင်းအပေါ် ထားတဲ့အချစ်ကို
အသွေးအသားနဲ့ .....ထပ်တူပြု ကျိန်ဆိုဝင့်ပါတယ် “ ဒဏ္ဍာရီ ”

“ ရှင်ရတဲ့ လခလေးနဲ့
ဒီခေတ်ကြီးမှာ ထမင်းမငတ်အောင်တော့
စားလို့ရတာပေါ့လို့ ” မင်းပြောတော့

ငါ့လက်ထဲက ခြစ်ကုတ်ဝယ်ထားတဲ့
နှစ်ပဲတပြားတန် လက်ဆောင်လေးက
တုန်တုန်ရီရီနဲ့ င့ါကို မော့ကြည့်တယ်

မွေးကတည်းက စွဲကပ်ခဲ့တဲ့
ဆင်းရဲသား ကင်ဆာရောဂါကို
ဒီခေတ်ကြီးမှာ အမြစ်ပြတ်အောင်ကုချင်ပေမယ့်လည်း......

“ ချစ်တာတခုတည်းနဲ့ ထမင်းတလုပ်စားလို့ရလားတဲ့ ”
မိုက်ခနဲ့ တွေဝေသွားတဲ့ အသိကို
အတန်တန် ထိန်းရင်း
မင်းနုတ်ခမ်းတွေကို လူသေတစ်ယောက်လို
ငေးမောမိတယ်

ဘ၀ကို “ ရှင် ” ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
ဆက်လှမ်းရမှာပဲလို့ ပြောတော့
မျက်ရည်ဝဲရင်း ပြုံးမိတယ်

ပြုမိတဲ့ အပြုံးက
ငါချစ်တဲ့မင်းဟာ သိပ်ကို စိတ်ဓတ်မာတဲ့ မိန်းခလေးမှန်း သိလိုက်ရလို့
ဝဲမိတဲ့ မျက်ရည်က
ငါမပါဘဲ မင်းအနာဂတ်တွေ လှပနိင်မှန်းလည်း မှန်းဆမိလို့


အားလုံးမှန်တယ် “ ဒဏ္ဍာရီ ”
ဘ၀ဟာ အချစ်တခုတည်းနဲ့ မပြည့်စုံဘူး
ဒီကြားထဲမှာ ဆင်းရဲတဲ့ ငါက မင်းဘ၀အတွကိ ပိုမပြည့်စုံဘူး
မငတ်အောင်ပဲ ထားနိင်တဲ့ ဘ၀ကိုလည်း
ဘယ်သူမှ မလိုချင်ကြဘူး မဟုတ်လား


Thursday, November 20, 2008


“ ခိုးမည့်သူ ရှိနေသမျှ....ခိုးစရာလည်း ရှိနေမှာပဲ ”

“ တချို့သော ပိတ်ပင်တားမြစ်ချက်တွေဟာ ပြဿာနာကို မဖြေရှင်းနိင်သေးဘူး ဆိုတဲ့
အချက်ကိုပဲ ဖော်ညွှန်းတယ် ”

( စွမ်ဘားတော့ ၊ ရုရှားစာရေးဆရာ )

“ သူရဲကောင်းတွေ လိုနေတယ်ဆိုရင် အဲဒီနိင်ငံဟာ ကံမကောင်းတဲ့ နိင်ငံပဲ ”

( ဘရက်ခ် ၊ ဂျာမန်စာရေးဆရာ )

“ ကိုယ့်ရန်သူတွေကို ခွင့်လွှတ်လိုက်ပါ။ ဒါပေမယ့် သူတို့ကို ဘယ်တော့မှ မမေ့နဲ့ ”

( ကနေဒီ ၊ အမေရိကန် သမ္မတ )

“ ပြည်သူ့မေတ္တာက လွဲလို့ အရာခပ်သိမ်းကို ၀ယ်လို့ရတယ် ”

( မယ်ရီမယ် ၊ ပြင်သစ်စာရေးဆရာ )

“ အတိတ်ကို ပြန်ကြည့်တဲ့လူဟာ အနာဂတ်နဲ့ မတန်ဘူး ”

( အော်စကာဝိုင်းလ် )

“ ဥပဒေရှေ့မှောက်မှာ အခွင့်အရေး မရှိသူတွေပဲ တန်းတူဖြစ်ကြတယ် ”

( ကရူတီယဲ )

Wednesday, November 19, 2008


ငယ်ငယ်ကတည်းက ပတ်သက်ခဲ့တယ်
ဒါပေမယ့် အခုထိကြောက်တုန်း

စိတ်နာလို့ အတွေးထဲက အကြိမ်ကြိမ်မောင်းထုတ်ခဲ့ပေမယ့်
အချိန်တန်တော့ သူမ ကျွန်တော်ဆီ ပြန်လာခဲ့တာပါပဲ

မခေါ်မပြောလို့လည်း မဖြစ်
မိဘသဘောတူလို့ ပေးစားတဲ့ မိန်းမလို
မချစ်ပေမယ့် အောင့်ကာ နမ်းနေရတဲ့ဘဝ

ဒါပေမယ့် သူမနဲ့ ရှေ့ရောက်ရင်
အချိန်တိုင်း ရင်က အမြဲတမ်းခုန်နေခဲ့တယ်
ကာလ အတန်ကြာ မပေးနိင်တဲ့ အကြွေးရှင်ကိုတွေ့သလိုမျိုး
ဒူးမတုန်လောက်ပေမယ့် ရင်ခုန်ရင်း သေလောက်တယ်

သူကတော့ ကျွန်တော်နဲ့တွေ့တိုင်း
ခပ်အေးအေးပဲ
သူပြောချင်တဲ့ စကားတွေပြောမယ်
ပြီးရင် သူမေးသမျှ ကျွန်တော်ပြန်ဖြေဖို့ အလှည့်ပဲ

နောက်ပြီးရင် ကျွန်တော့်ဘ၀ကို
သူဆုံးဖြက်တော့တာပဲ
သူနဲ့တွေ့ဖို့ နောက်ထပ် ၂ ခါပဲ ကျန်တော့တယ်

အဲဒီ ၂ ခါအတွင်း သူကျွန်တော့်ကို ထားသွားမှာလား
ကျွန်တော် သူ့ကို အောင်မြင်တဲ့အပြုံးနဲ့ နုတ်ဆက်နိင်မလားဆိုတာ
မကြာမီလာတော့မယ်



“ စာမေးပွဲ ”


Tuesday, November 18, 2008

စိတ်ရှည်ပါ......

တယောပညာရှင်ကြီး ဖရစ်ဇ် ခရစ်စလာရဲ့ ဖျော်ဖြေတင်ဆက်မှု ပြီးတဲ့အခါ အမျိုးသမီးတစ်ဦးက သူ့ဆီ ချဉ်းကပ်ပြီး “ မစ္စတာ ခရစ်စလာ ၊ ရှင်တယော ထိုးတက်သလို ကျွန်မထိုးတက်မယ် ဆိုရင် ကျွန်မရဲ့ ဘ၀ကို ပေးဆပ်ပ့ါမယ် ” လို့ ပြောလိုက်တဲ့အခါ တယောပညာရှင်ကြီးက လှည့်ပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်ပုံက

“ ဟုတ်တယ် ၊ ကျွန်တော့်ဘ၀ကိုလည်း ပေးဆပ်ခဲ့ရတယ် ” တဲ့။



ကျွန်တော်တို့ တခုခုမှာ တော်ချင်တယ် ဆိုရင် ဘ၀တလျှောက်လုံး လေ့ကျင့်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဒါမှ မဟုတ် ဆယ်နှစ် ၊ ဒါမှ မဟုတ် အနည်းဆုံး ၆ လပေါ့။ ဒါကို လူတော်တော် များများ ကလည်း သိပြီးသား ဖြစ်မှာပါ။ ဘယ်အရာမဆို အောင်မြင်ဖို့အတွက် ကျွန်တော်တို့ အချိန်ပေးဖို့ လိုအပ်တယ် မဟုတ်လား။ ဒါပေမယ့် လူတော်တော် များများကတော့ ဥုံဖွ ချက်ချက်း ဖြစ်ချင်ကြတယ်။ ကိုယ်ဘာလုပ်ချင်သလဲ ၊ ဘာဖြစ်ချင်သလဲ ။ ဖြစ်ချင်တာကိုပဲဖြစ်ဖြစ် ၊ လုပ်ချင်တာကိုပဲ ဖြစ်ဖြစ် အောင်မြင်ဖို့အတွက် ၊ ကျွမ်းကျင်ဖို့ အတွက် ရည်ရွယ်ရင် သူ့အတွက် နေ့စဉ် အချိန်ပေးပါ။ ဒါပေမယ့် နေ့တိုင်း တိုးတက်မှု ရှိလိမ့်မယ်လို့တော့ မမျှော်လင့်ပါနဲ့။

- ကိုယ်လုံးပိန်အောင်
- ဘာသာစကားတစ်ခု တက်မြောက်အောင်
- ဂစ်တာတီးပိုကျွမ်းကျင်အောင်

အစရှိသည်ဖြင့်ပေါ့။ အသက်မွေးဝမ်းကျောင်းတစ်ခု စတယ်ဆိုရင် အချိန်လုံလောက်စွာ ပေးပါ။ နေ့စဉ်လုပ်မယ့် အစီအစဉ် ဇယားဆွဲပြီး တိုးတက်အောင် အချိန်ပေး လေ့ကျင့်ပါ။ ဒါပေမယ့် နောက်ဆုံး

“ လူတော်တော် များများက စိတ်မရှည်ပဲ စောစောစီးစီး ရပ်ပစ်တက်ကြတယ် ”


Monday, November 17, 2008

ပျောက်ဆုံးမဲ့သူ


စကားလုံး မရှိဘူး
ခံစားမှုအတွက် ငေးငိုင်နေတယ်
နားလည်ပေမယ့်
ပိုနားလည်အောင် ကိုယ့်ကိုကိုယ် ပြန်ဆုံးမလည်း.....

ခဏခဏ တွေးတယ်
ကံဆိုတဲ့ အကြောင်း ၊ ဖြစ်စေချင်တဲ့ ဆန္ဒ
အရိုးသားဆုံးနဲ့ အသက်ထက်ဆုံး မြတ်နိးခဲ့
ဘိလပ်မြေနည်းတဲ့ တိုက်တွေလို
ဘယ်အချိန် ပြိုကျမလဲ မတွေးဝံ

နေတက်ရင် ကျေနပ်စရာကောင်းတဲ့ဘ၀မှာ
မနေတက်လို့ အဆဲခံရ
ဒီတခါ သိမ်းထားခဲ့တဲ့ အချစ်မှာ
ပျော်ရွှင်မှုတွေပါတယ် ၊ ၀မ်းနည်းမှုတွေ ရောတယ်
မတူညီတဲ့ ခံစားမှုတွေ ရှိတယ် ၊ ရည်ရွယ်ချက်တွေ ထပ်တူကျတယ်

ကိုမိုးလှိုင်ကဗျာထဲကလို
“ ချစ်ခြင်းမေတ္တာဟာ သစ္စာရှိရုံနဲ့....မပြည့်စုံတော့တဲ့နောက် ”
အနာဂတ်ရဲ့ ပုံရိပ်တွေ ဝေးဝေးလာခဲ့တယ်



Sunday, November 16, 2008

ဟန်ထွန်း၏ .......VCD

အခုတလော တကိုယ်တော် စီးရီးထွက်လာတဲ့ အဆိုတော် ဟန်ထွန်းရဲ့ သီချင်းခွေကို နားထောင် ဖြစ်ပါတယ်။ မြန်မာမှာလည်း စီးရီးအောင်မြင်တယ်လို့ ကြားမိတယ်။ သူရဲ့ တေးစီးရီးခွေထဲက ဖြစ်တဲ့ သီချင်းတွေအားလုံးထဲမှာ “ ရင်နာတယ် ဧပရယ် နဲ့ ရင်ခုန်ဘတ် မှတ်တမ်း ” သီချင်း ၂ ပုဒ်ကိုတော့ အကြိုက်ဆုံးပါပဲ။ သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းနဲ့ VCD ရိုက်ကူးထားပါတယ်။ ဒါကြောင့် ချစ်သော ဘလော့ဂ်ဂါ များကိုလည်း နားထောင်ချင်လျှင် နားထောင် နိင်အောင် VCD မူရင်း ၂ ပုဒ်ကို တင်ပေးလိုက်တာပါ။ အဆိုတော် ဟန်ထွန်း သိရင်တော့ ကော်ပီရိုက်နဲ့ ညှိနိင်ပါတယ်။း) ။ အော် အင်တာနက်ခေတ်ကြီးဆိုတော့လည်း ပြောရခက်သား။ ကြေငြာပေးတာပါ။ ဒါမှ တရားမစွဲမှာ။ ကဲ နားထောင်ကြရအောင်။







ဒီပုံတွေ မြင်တော့ ဦးကျော်ရင်ကို သတိရမိတယ်။ သူ့ခေတ်ကို မမှီလိုက်ပေမယ့် သူများလို ဓတ်ငွေ့မဟုတ်ဘဲ မှိုင်းတိုက်ပြီး တက်ရတဲ့ဘ၀မှာ ပြန်အကျကို ဘယ်လိုများ ကျမလဲဆိုတာ ကလေးဘ၀တုန်းက ခဏခဏ တွေးတိုင်း ကျေားချမ်းရပါကော ။ ယခုခေတ်ကို မှီသေးရင် ဦးကျော်ရင်နှင့် တွေ့ချင်မိသည်။ သူဘာတွေ ပြောမလဲ ၊ သူဘယ်လို သုံးသပ်မလဲဆိုတာကိုပေါ့။ ဘာပဲ ပြောပြော တချိန်တုန်းက ဦးကျော်ရင်ဟာ သူရဲကောင်း တစ်ယောက်ပေါ့.....






Saturday, November 15, 2008

ကမ္ဘာကြီးက ရွာဆန်တယ်တဲ့
မှန်သင့်သလောက် မှန်ပါတယ်
အခုတွေ့ချင်လား ဖြက်ခနဲ့ Webcam ပြ
ဆက်ခနဲ့ Phone ကောက်ဆက်
လွယ်လိုက်တဲ့ ဖြစ်ခြင်း

ဒါပေမယ့်
မိဘရင်အုပ်ကနေ သားသမီးတွေ
တဖြည်းဖြည်း အဝေးရောက်နေတာ
သတိမထားမိကြတဲ့ အဖြစ်

ရွာဆန်လွန်းတဲ့ ကမ္ဘာကြီးမှာ
သားသမီးဆုံးတာ မမှီလိုက်တဲ့မိဘတွေ
မိဘဆုံးတာ အချိန်မှီမပြန်နိင်တဲ့ သားသမီးတွေ
အများကြီး ရှိနေတယ်


ရွာဆန်တာ ကောင်းတယ်
ရွာပျက်အောင် ဆန်တာတော့ မကောင်းဘူး
အဲဒီအဆန်ဆုံးထဲမှာ အဆန်ဆုံးဖြစ်နေတာ
ပိုဆိုးတယ်

ကျွန်တော့်ဆန္ဒအရ
ကမ္ဘာကြီး ရွာမဆန်ချင်နေပါစေ
လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်မှာ
သူချစ်ခင်တဲ့သူ ၊ သူအနားမှာ ရှိစေချင်တဲ့သူ
အနားမှာ ရှိနေဖို့ပဲ ကျွန်တော်မျှော်လင့်တယ်

ဘ၀ကို ငွေကြေးနဲ့ လဲလှယ်နေရသူတွေ........နည်းပါစေ
ဆန္ဒနဲ့ ဘ၀ကို လဲလှယ်နေရသူတွေ ............နည်းပါစေ
ဘ၀ကို ဘ၀လို ပီပင်စွာ တည်ဆောင်နိင်ကြပါစေ

ဆုတောင်းတာ မဟုတ် မျှော်လင့်တာ
မျှော်လင့်တာ မဟုတ် ဖြစ်စေချင်တာ
ဖြစ်စေချင်တာ မဟုတ် လုပ်စေချင်တာ
ဒါကျွန်တော့် ဆန္ဒပါ






Thursday, November 13, 2008

ဘ၀ခါးတဲ့ အမှားည


လွယ်လွန်းတယ် အမေ
တခုခုကို တခုခုပြုလိုက်နိင်တယ်ဆိုတာ
အဲဒီလောက်တောင် လွယ်လွန်းသလား

တကယ်ဆို မလွယ်တာတွေကများပြီး
လွယ်တာက တခုပဲရှိတယ်
ဒါပေမယ့် အဲဒီလွယ်တာကြီးကို ကျွန်တော်ကြောက်တယ်

လုပ်ချင်တာတွေ မလုပ်လိုက်နိင်မှာ
ဖြစ်ချင်တာတွေ မဖြစ်လိုက်ရမှာ
သိချင်တာတွေ မသိလိုက်ရမှာ
ပြောချင်တာတွေ မပြောလိုက်ရမှာ


မှန်တယ်ထင်ပြီး မှားနေလေရဲ့
မှားတယ်လို့ ထင်လည်း ဆက်မှားနေလေရဲ့
အမှားတွေများလေ ဘ၀တွေခါးလေပါပဲလား.......အမေ
အမှားတွေများလေ ဘ၀တွေခါးလေပါပဲလား.......အမေ
အမှားတွေများလေ ဘ၀တွေခါးလေပါပဲလား.......အမေ


Wednesday, November 12, 2008

စိတ်ပါဝင်စားသူများ ဖိတ်ခေါ်ပါတယ်။ တရုတ်လား ၊ ဂျပန်လားတော့ ကိုယ်က မဖတ်တက်တော့ မသိဘူး။း) ကားပေါ်မှာ အဆင်ပြေနေကြပြီ။ တော်တော်လည်း ကြံကြံဖန်ဖန် လုပ်တဲ့သူတွေပဲလို ဒီဓတ်ပုံကိုကြည့်ပြီး စဉ်းစားမိတယ်ဗျာ။







Tuesday, November 11, 2008

အဖေလား ။ သူ့နာမည်က ဦးထွန်းဝင်းတဲ့။ စိတ်ဆက်တာကတော့ ပြောမနေနဲ့။ အဖေ့မျက်နှာ သုန်မှုန်နေပြီဆို ကျွန်တော် ဆိုးသွမ်းတို့ ဘယ်ချောင်ကပ်နေရမှန်း မသိဘူး။ ဘယ်လောက်တောင် ဒေါသကြီးသလဲဆိုရင် သူ့အမေ ( ကျွန်တော်တို့ အဘွားပေါ့ ) နေမကောင်းတုန်းက အိမ်ရှေ့မှာ ကုလားက “ ဒယ်အိုးဒန်ခွက်တွေ ၀ယ်တယ် ၊ သတင်းစာ စက္ကူတွေဝယ်တယ် ” လို့ဆိုပြီး အော်သွားတာ။ ဟိုကုလားကတော့ သူ့ဟာသူ အော်သွားတာပါ။ ဒါကို အဖေက သူ့အမေ နေမကောင်းဖြစ်နေလို့ အိပ်နေတာကို နှောင့်ယှက်ရမလားဆိုပြီး ကုလားကို လိုက်ရိုက်တာ။ ရပ်ကွက်က ၀ိုင်းဆွဲလို့ ကုလားလဲ ခေါင်းမကွဲ ၊ အဖေလည်း ရပ်ကွက်ရုံးမရောက်တယ်။ ငယ်ငယ်တုန်းကလည်း ၉ တန်းအောင်ပြီး ၁၀ တန်းဆက်တက်မယ်လုပ်တော့ ကျောင်းအုပ်ဆရာကြီးက လက်မခံဘူး။ အဘိုး ( သူ့အဖေကလည်း ဆုံးပါး ) မရှိတော့ အဘွားကလည်း ပြောမနိင်ဘူး။ အဖေကဆိုးတာတော့ မဟုတ်ပါဘူး။ မဟုတ်မခံစိတ်ပျင်းတာပါ။ ဒါနဲ့ ရပ်ကွက်ထဲက ဥက္ကဌက အာမခံပါတယ်ဆိုမှ ကျောင်းအုပ်ကြီးက လက်ခံတော့တယ်။ အဖေတို့များ အဲဒီလောက်ထိ နာမည်ကြီးတယ်။

သူအလုပ်က ပင်ပန်းလာလို့များ အိမ်ရောက်လို့ အနေမတက် အထိုင်မတက်တာ မတွေ့လိုက်နဲ့ လာထား ။ ဗုန်းတချက်ပဲ။ အိမ်မှာ တုတ်မထားဘူး။ အလုပ်ရှုပ်တယ်တဲ့။ သူက လက်သီးတွေ ၊ ပတ်တံတောင်တွေပဲ ထားတာ။ တခါတလေ ကံမကောင်းတဲ့ အချိန်ဆို မျိုးလှိုင်ဝင်း ကန်ချက်တွေလည်း ရနိင်ပါသေးတယ်။ :(



အဖေက သူပြန်လာရင် ခေါင်းမှာ ကျွန်တော်တို့ခေါင်းမှာ အုံးဆီ ၊ သနပ်ခါး မရှိရင် အမေ့ကို အရင်ဆူတယ်။ သူ့မိန်းမ သူဆူလို့ ဟိုက “ ကျမက လုပ်ပေးထားတယ် ၊ ရှင့်သားသမီးတွေကိုက ကမြင်းလွန်းလို့ ပျက်ကုန်တာ ” လို့များ ပြောလိုက်လို့ကတော့ ဆိုးသွမ်းတို့ ပြေးရင်ပြေး ၊ မပြေးရင် အနားမှာ ရှိတဲ့ ပစ္စည်းတွေက အကုန်သူ့လက်နက်တွေ ချည်းပဲ။ နီးရင် ခေါ်ထိုးတယ် ၊ မနီးရင် ကောက်ပေါက်တယ်။ အဲဒီလို အကျင့်ကြောင့် ကျွန်တော့် ခေါင်းမှာ အခုအသက် ၂၅ နှစ်ထိ အုန်းဆီရှိတုန်း ၊ အိမ်ပြန်ရင် မျက်နှာကို သနပ်ခါးပွတ်နေတုန်း။ အဖေပေးတဲ့ လက်တလော အမွေတွေပေါ့။

ငယ်ငယ်တုန်းက သူများ စက်ဘီးကို နေပူထဲ နောက်ကနေ လိုက်တွန်းပေးနေတုန်း အဖေအလုပ်က ပြန်လာတဲ့ အချိန်နဲ့ သွားတိုးတာ ဆိုးသွမ်းတို့ ရပ်ကွက်ပတ်ပြီး ပြေးလိုက်ရတာ ၊ နောက်ဆုံး ဘယ်လိုမှ မလွတ်တော့ ဦးလေး အိမ်အောက်ထဲကို ၀င်ပုန်းနေမှ လွတ်သွားတယ်။ ဒါပေမယ့် ပြန်လာတော့ ဗျင်းခံရတာပါပဲ။ အမေက ကျွန်တော်တို့ ငယ်ငယ်တုန်းက အသုပ်ဆိုင်လေးလုပ်ရောင်းတယ်ဗျ။ ကျွန်တော်က မနက်ဆို ခေါက်ဆွဲသွားယူ ပေးနေကြ ။ ဒီကြားထဲ ရောင်းနေရင်း ခေါက်ဆွဲကုန်သွားလို့များ ( ကျွန်တော်ကလည်း အဲဒီအချိန် ဆော့လို့ကောင်း ) နေတဲ့အချိန် “ သားလေးရေ အမေ့ကို ဈေးမှာ ခေါက်ဆွဲ ၅၀သားလောက် သွားယူ ပေးပါဦးဆို ” ဆိုးသွမ်းတို့ မျက်နှာက ရှုံတွနေပြီ ။ အဲဒီလောက် အားကိုးရတာ။ ဒါကိုအမေက မြင်တော့ “ ကိုထွန်းဝင်းရေ ရှင့်သားက ကျမ ခေါက်ဆွဲယူခိုင်းတာကို .....” လှမ်းတိုင်နေတုန်း ရှိသေးတယ် ကျွန်တော် ဈေးရောက်နေပြီ။ အဲဒီလောက် ကြောက်တာ။

အဖေလိုက်ရိုက်လို့ အိမ်ပေါ်ထပ်တက်ပြေးရင်း အပြေးလွန်လို့ လှေကားထိပ်ကနေ ပြုတ်ကျတာ ထောင်ထားတဲ့ သံပြားအဟောင်းနဲ့ ကျောကုန်းခြစ်မိတာ အခုထိ ကျောကုန်းမှာ သေရာပါ အမာရွတ်ကြီး ရှိတုန်း။ အဲဒါကို မနာနိင်ဘူး။ အဖေမိသွားမှာ ဆိုးလို့ ထပြေးတာ သွေးတွေမြင်မှ “ သားလေးလာ ၊ ပြန်လာခဲ့ ” ဆိုပြီး လေသံပျော့သွားတယ်။ အဲဒီလိုလည်း ချစ်ဖို့ကောင်းတယ်။ အဲဒီတုန်းကလည်း အမ ၁ ယောက် ၊ ညီမ ၂ ယောက်ဆိုတော့ ယောင်္ကျားလေးဆိုလို့ ကျွန်တော် ၁ ယောက်ပါတယ်။

တခါတုန်းကလည်း ၇ တန်းစာမေးပွဲကို မနက်ဖြန် မြန်မာစာဖြေမယ်ဆို စာအကုန်ရနေတော့ ဘာအလုပ်မှ မရှိတာနဲ့ အိမ်အောက်မှာ အရုပ်ဆင်းပစ်နေတာ။ အဖေအလုပ်က ပြန်လာတာနဲ့ တိုးတော့ ခြေထောက်ကနေ ဆွဲမပြီး နောက်ဖေးကို လှမ်းပစ်လိုက်တာ ၃ မိနစ်လောက် မေ့သွားတယ်။ အိမ်နောက်ဖေးမှာ ပုံပုံလေး။ တဦးတည်းသော သားဆိုတော့ ချစ်ကြပါတယ်။ ကျွန်တော်က ပဲဟင်းကို မကြိုက်ဘူး။ ဒါပေမယ့် သီးစုံကုလားပဲဟင်းကြတော့ ကြိုက်တယ်။ အိမ်မှာ တခါပဲဟင်းနဲ့ တခြားဟာတွေ ချက်တော့ အဖေက သူ့သားလေး အကောင်းများကြီးမလား ၊ အရပ်တွေများ ရှည်လာမလားလို့ ဦးဆုံး “ သားလေးလာ ” ဆိုပြီး ကျွန်တော် မကြိုက်တဲ့ပဲဟင်းတွေ ပန်းကန်ထဲ လောင်းထည့်လိုက်တာပေါ့။ အဲဒီအချိန် ကျွန်တော်လည်း “ ဟာဗျာ ဒီပဲဟင်းက ဘာလုပ်ရမှာဒုန်း ....မကြိုက်ဘူးပြောပြီး ပန်းကန်ကို ရှေ့ကို ဆောင့်တိုးလိုက်တာ ၊ အဲဒီအချိန် အဖေ့လက်ကလည်း မြန်တယ် ၊ ရွှေဓူဝံရှုံးလောက်တယ် ။ ပဲဟင်းထည့်ထားတဲ့ စတီးပန်းကန်ကို ယူပြီး ခေါင်းကို ပိတ်ရိုက်လိုက်တာ ကိုယ်ပေါ်မှာ ထမင်းလုံးတွေ ၊ ပဲဟင်းတွေ ၊ ကြာဇံဖတ်တွေနဲ့ ဖြစ်သွားပါလေရော။ ကဲ.....ကျွန်တော် မပြောဘူးလား ကျွန်တော့်အဖေ စိတ်တိုတက်ပါတယ်လို့ ။

၁၀ တုန်းကလည်း ကျူရှင်ဖိုးတွေကို ဆရာ့ဆီမပေးဘဲ ဘောလုံးချိန်းကန်ပစ်လို့ သွားတစ်ချောင်းကျိုးအောင် ထိုးခဲ့ဘူးလေရဲ့။ အော်...အဖေ အဖေ ။ ပြန်တွေးကြည့်မှ ပိုတောင်ကြောက်လာတယ်။ “ ပြောင်ချက်က ယောင်ထွက်သွားမယ်....လက်သံကို ပြောတာပါ ။း) အဲဒီလို ချစ်ဖို့ကောင်းတဲ့အဖေ။

အခုတော့လည်း လိမ်မာသွားပါပြီ။ အဖေလိမ်မာတာလား ကျွန်တော်လိမ်မာတာလား မသိဘူး။ အရင်လို မဆုံးမတော့ဘူး။ သူကလည်း သာမာန်အမြင်မတော်တာလောက် မပြောတော့ဘူး။ တခါတခါ သူက ထကြုံးဝါးသေးတယ် ။ ထွန်းဝင်း “ စနေသားကွ ၊ နေတက်ရေတက်မှာ မွေးတာ ” တဲ့။ ဘယ်ရေတက်တုန်း နေတက်တုန်းလည်းတော့ မသိဘူး။ ဟိတ်ကောင်.....ကျော်....ထွန်း ( စိတ်တိုလွန်းလို့ အလယ်က လင်း ပျောက်သွားတာ ) ခေါ်လိုက်တာနဲ့ ငြိမ်ပဲ။ မငြိမ်ရင် အဖေ့လက်သံက ပြောင်နေတုန်းပဲကိုး။

ရွှင်လန်းချမ်းမြေ့ကြပါစေ.......



Monday, November 10, 2008

Stop..........Stop............Stop

ပြောမယုံ ကြုံဖူးမှ သိလိမ့်မယ်။ မြောက်ကျွန်းသူတွေ တကယ်လှတယ်ဆိုတာ။ ဥရောပသူတွေထဲမှာ ရုရှားသူတွေက အလှဆုံးလို့ ထင်မိတယ်ဗျာ။ ( အဲဒီလို ပြောတော့ ကျွန်တော်ကပဲ ကမ္ဘာပတ်နေသလိုလိုနဲ့း) ) ဆိုးသွမ်းတို့ ဘယ်နားသွားသွား “ သမင်လှည်ပြန်ဆိုတာ မရှိဘူး ” ရှေ့သို့....ရှေ့သို့ပဲ။ ဒီကောင်မလေး ချောတယ် ၊ ၀တ်ထားတာ လှတယ် ၊ မိုက်တယ် ၊ လန်းတယ် ဆိုပြီးများ လိုက်ကြည့်မနေနဲ့။ သူ့ကိုလိုက်ကြည့်နေလို့များ နောက်ကို ပြန်ငေးနေရင် အရှေ့က လာတဲ့သူကို လွတ်သွားမှာ ဆိုးလို့ပါ။ ဒါကြောင့် ရုရှားမှာ သမင်လည်ပြန် မရှိဘူးတဲ့ ။ ဒါက တကဏ္ဍာ ။ အခုပြောချင်တာက ရုရှားသီချင်းကောင်းလေး တစ်ခုပါ။ လူတွေကလည်း လှတယ်။ သီချင်းကလည်း မြူးတယ်။ သီချင်းက အင်္ဂလိပ်လို ဆိုထားတာပါ။ နားထောင်ကြည့်ပါဦး။ သီချင်းနာမည်က stop.....stop.....stop


Download

ရုရှားအဆိုတော်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးသူလေးး)




Sunday, November 9, 2008

ဝိုး တ ၀ါး.....ဘ၀တွေ


ခေတ်ကြီးကိုက
အရှိုးရာတွေ အထပ်ထပ်နဲ့
သွေးစက်စက်ယို နေလိုက်တာ

ပြဒါဿား အဟောင်းတွေပဲ
ဘာလို့ ခဏခဏ ထပ်လာနေရတာလဲ
ရီနေလည်း သတိထားရတယ်
မဲ့နေလည်း သတိထားရတယ်

ကိုယ့်ပေါင်ကိုပြန်လှန်ထောင်း
ပြက္ခဒိန်အဟောင်းတွေများခဲ့ပြီ
ထင်သလို ဖြစ်မလာ
အရင်လို ငွေရှာထွက်ရဦးမယ်

နောက်ဘိတ်ဆုံးမှာ
စာအုပ်စာပေ
လူ့မိတ်ဆွေဆိုတာ မရှိတော့
တလုပ်စားဖူး သူ့ကျေးဇူးဆိုတာ
သေသောသူ ကြာရင်မေ့သလို.....မေ့လာခဲ့တယ်

ကိုဒါသရေ....မဗဒါကို မထားခဲ့ပါနဲ့


Saturday, November 8, 2008

ဘာ....ကြောင့်.....လဲ

ဂျွန်ဖော့ဖ်ဆိုတဲ့ သူဟာ မွေးကတည်းက လက်နှစ်ဖက် ပါမလာဘူးတဲ့။ ဒါပေမယ့် သူက “ ငါ့မှာ ဘာကြောင့် လက်နှစ်ဖက် မပါရတာလဲ ” ဆိုတဲ့ မေးခွန်းမျိုး မမေးခဲ့ဘူး ။ သူမေးတာက

“ ငါ့ခြေထောက်တွေနဲ့ ဘာလုပ်နိင်မလဲ ” တဲ့

ကြေကွဲစရာ အဖြစ်ဆိုးတွေ ကြုံတဲ့အခါ ဒါမှမဟုတ် အားလုံးဆုံးရှုံးသွားတဲ့ အခါ ၊ ဒါမှမဟုတ် ချစ်သူက ကိုယ့်ကို စွန့်ခွာသွားတဲ့ အခါ ကျွန်တော်တို့ အများဆုံးမေးတဲ့ မေးခွန်းက



“ ဘာကြောင့်လဲ.....”
“ ဘာကြောင့် င့ါကိုမှ.....”
“ ဘာကြောင့် ခုချိန်မှ.....”
“ ဘာကြောင့် င့ါကိုမှ ပစ်ပြီး.....အဲဒီ အသုံးမကျတဲ့ ကောင်နဲ့ ”
“ ဘာကြောင့်ဒီလိုဖြစ်ရပ်မျိုးက ငါ့ကိုမှ.......” လို့

မေးခွန်းတွေ ကိုယ့်ကိုကိုယ် ပြန်မေးခြင်းဟာ ရူးသွပ် သွားစေနိင်ပါတယ်။ များသော အားဖြင့် ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိပါ။ ဒါမှ မဟုတ် ဘာကြောင့်လဲ ဆိုတာက အရေးမပါဘူး။ လောကမှာ အကျိုးရှိအောင် နေတက်သူတွေက “ ဘာ ” ဆိုတဲ့ မေးခွန်းကိုသာ မေးတက်ကြပါတယ်။

“ ဒီကိစ္စမှာ ငါဘာလုပ်ရမလဲ ”
“ ဒီဖြစ်ရပ်မှာ ငါဘာသင်ခန်းစာ ရလိုက်သလဲ ”

အခြေအနေက တကယ့်ကို မျှော်လင့်ချက်ကင်းနေတဲ့အခါ သူတို့က “ အခြေအနေတွေ ပြန်ကောင်းလာအောင် နောက် ၂၄ နာရီ အတွင်းမှာ ငါ ဘာလုပ်နိင်မလဲ ” ဆိုတာပါပဲတဲ့။

ကဲ......ကျွန်တော်တို့ရော ။ သေချာစဉ်းစားကြည့်ဖူးလား။ သေချာတယ် .......စဉ်းစားမိမှာ မဟုတ်ဘူး ထင်တယ်။ ဖြစ်လာရင် ခံစားနေကြရတာနဲ့ ပဲ အချိန်ကုန်နေတက်ကြတယ်။ ကိုယ့်ဘ၀ကို ကိုယ်သတ်နေကြတယ်။ နောက်ဆို “ ဘာ ” ဆိုတဲ့ စကားလုံးကို စာဖတ်သူတွေ သုံးနိင်ကြပါစေ။


ဘာကြောင့်


ဆိုတာကို မသုံးဖို့ ကြိုးစားရအောင်


Friday, November 7, 2008

မောပန်းနေတဲ့ မြန်မာဘလော့ဂ်ဂါများ အတွက် ရီစရာတွေ သယ်လာပြီဗျာ။ ဖတ်ပြီးသာလည်း ဖြစ်ချင်ဖြစ်မယ် ၊ မဖတ်ရသေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီဟာသတွေကို တင်ထားတဲ့ ဘလော့ဂ်ဂါတွေ ရှိချင်လည်း ရှိမယ် ၊ မရှိချင်လည်း မရှိနိင်ဘူး။ ဟာသဆိုတာ ကိုယ်ပိုင်ထုတ်ဖို့ ခဲယဉ်းတယ်မဟုတ်လား။ ကျွန်တော်ကတော့ ရီရအောင် ယူခဲ့တာ။ တိုက်ဆိုင်မှု့များ ရှိခဲ့ရင် တောင်းပန်ပါကြောင်း။ ကဲ....စပြီး ရီရအောင်

(၁) သေပြီဆရာ

ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့

ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။

ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။


တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။


လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။


ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။


ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။

ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ် ။ အဖေ...သမီးမှာ ရည်းစား ရှိနေပြီတဲ့။ သမီးလက်ထပ်ချင်တယ်ဆိုတော့ ၊ အဖေက သူ့သားမက်ကို အိမ်ကို ခေါ်ခဲ့ပါဦး သူကြည့်ရအောင်တဲ့။ ဒါနဲ့ သမီးလည်း ခေါ်လာခဲ့ပါတယ်။ ခေါ်လာတဲ့ အခါ သူ့အဖေက မင်းက ငါ့သမီးကို လက်ထပ်ချင်တာကတော့ ဟုတ်ပါပြီ။ မင်းက ဘယ်နယ်ကလဲကွဆိုတော့ သားမက်လောင်း ပြောလိုက်တာက

ကျွန်တော်က “ သုံးဆယ် ” ကပါလည်းဆိုရော ကောင်မလေးအဖေ ပါးစပ်က ဟေ....................

( ၂) မလွဲသောအမှား

အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။

ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် “ ဆရာ ” ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ “ ဆရာမောင်လှ ”


( ၃ ) ဖြစ်ရမယ်

မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။

ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ

ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ

ဦးလေး ။ ဘာဖြစ်လို့လဲကွ

ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ

ဦးလေး ။ ဟေ...သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ

ချူချာ ။ အဟီး......ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ


( ၄ ) ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။ ထိုအခါ အလွန်စိုးရိမ်
တက်သော ဆရာက

ဆရာ ။ ဘာဖြစ်လို့ကျောင်းနောက်ကျတာလဲ
ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ
ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ
ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ

( ၅ ) မှတ်သားလောက်တယ်

သူငယ်ချင်း မင်း.....ဘယ်မြို့ကမယ် ၊ ဘယ်တိုင်းကမယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား

အေး...ကြားဖူးတယ်။ ဘာဖြစ်လို့လဲ

ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့
သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ မင်း..သိမှာ မဟုတ်ပါဘူး။

ဟုတ်လားကွ....“ ဘာမယ်တဲ့တုန်း ”

“ ပါးကျိုးမယ် ” တဲ့

( ၆ ) မဖြစ်နိင်ဘူး

စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။

လူငယ် ။ စာအုပ်လိုချင်လို့ဗျာ
ဝန်ထမ်း ။ ဟုတ်ကဲ့....ဘာစာအုပ်များလဲ ရှင်
လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက “ ယောင်္ကျားတွေဟာ မိန်းမ
တွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ ” ဆိုတဲ့ အကြောင်းပါ
ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက “ စိတ်ကူးယဉ် စာပေများ ” ဆိုတဲ့ စင်မှာ ရှာကြည့်ပါရှင်


ရယ်မောခြင်းဖြင့် ပျော်ရွှင်ကြပါစေ......ခင်ဗျာ



Thursday, November 6, 2008

ကျွန်တော် ဒီအကြောင်းကို ရေးချင်နေတာတော့ ကြာပါပြီ။ ဒါကို ရေးရင် ပျားအုံကို ဒုတ်နဲ့ထိုးသလို ဖြစ်နေမလား ၊ ဒုတ်တစ်ချောင်းနဲ့ လူတကာ လိုက်ရမ်းသလို ဖြစ်နေမလားဆိုတာ စဉ်းစားမိပါသေးတယ်။ ဒါပေမယ့် မရေးဘဲနဲ့လည်း မနေနိင်ပြန်ဘူး။ ကျွန်တော်တို့ အခု စီးဆင်းနေတဲ့ မြန်မာဘလော့ဂ်လောကကြီးမှာ ရေးနေကြတဲ့ သူတွေရဲ့ ပုံစံစတိုင် စာရင်းကို ပြုစုကြည့်တာပါ။ တခြားဘာရည်ရွယ်ချက်မှ မပါတာကိုတော့ သေချာစွာ ပြောရဲပါတယ်။ ကျွန်တော် အခုလို ဒုက္ခခံပြီး စာရင်းပြုစုတော့ စာဖတ်သူလည်း သိရတာ လွယ်ကူသွားတာပေါ့။ ကဲ စလိုက်ရအောင် မြန်မာဘလော့ဂ်ဂါ မြစ်ထဲက သူတို့ရဲ့ စီးဆင်းပုံအကြောင်း

သတင်းအကြောင်းရေးသူ ၊ အတင်းအကြောင်းရေးသူ ၊ နိင်ငံရေး အကြောင်းကို ရေးသူ ၊ နိင်ငံရေး ဆန့်ကျင်ဘက် အကြောင်းကို ရေးသူ ၊ ကဗျာရေးသူ ၊ အသည်းကွဲ ဒိုင်ယာရီရေးသူ ၊ ဘောလုံးအကြောင်း ရေးသူ ၊ ဟင်းချက်နည်းအကြောင်း ရေးသူ ၊ ဘာသာပြန် အကြောင်း ရေးသူ ၊ ဘာသာရေးအကြောင်း ရေးသူ ၊ သမိုင်းအကြောင်း ရေးသူ ၊ သီချင်းများ မျှဝေသူ ၊ ဓတ်ပုံအကြောင်း ရေးသူ ၊ ရုပ်ရှင်တွေ အကြောင်း ရေးသူ ၊ ဆေးပညာ ဗဟုသုတ ရေးသူ ၊ အတက်ပညာ ဗဟုသုတ ရေးသူ ၊ ကိုယ့်ချစ်သူအကြောင်း ရေးသူ ၊ ဝေဖန်ရေး ရေးသူ ၊ ဗေဒင်အကြောင်း ရေးသူ ၊ တစ်ချို့က အက်ဆေးလေးတွေလည်း ရေးတက်ကြတယ်။ ကျွန်တော် မှတ်တမ်းတင် ကြည့်သလောက်ကတော့ ဒီလောက်ပဲ ရှိပါတယ်။

များသောအားဖြင့်တော့ ကိုယ့်ရဲ့ ကြုံခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေကို ရေးသားကြတာပါပဲ။ ဘယ်လိုပဲ ရေးကြ ရေးကြ ဟိုးအရင် ကထက်စာရင် လူများလေ ဗဟုသုတ ရလေပေါ့ ခင်ဗျာ။ ကျန်တာများ ရှိခဲ့ရင် စီဘောက်စ်မှာ ဖြစ်ဖြစ် ၊ ကော်မန့်မှာ ဖြစ်ဖြစ် ပြောကြားခဲ့ပါဦး။

စာဖတ်သူအား လေးစားလျက်

ကျန်သေးတယ်လို့ ယူဆတဲ့ ရေးသားသူတွေကတော့ ငြိမ်းချမ်းရေးအတွက် ရေးသူ ၊ လူမှုရေး လုပ်ငန်းများ အကြောင်းရေးသူ ၊ စာအုပ်အကြောင်း ရေးသူ ....


Wednesday, November 5, 2008


စာဖတ်သူတော့ မသိဘူး ကျွန်တော်ကတော့ ဖြူဖြူကျော်သိန်း သီချင်းဆိုတဲ့ အသံနဲ့ သူ့အမှုအရာ ကိုကြိုက်တယ် ခင်ဗျ။ အရင်တုန်းက ကတုံးဆံပင်နဲ့ အခုတော့ ရှည်လာတော့ နည်းနည်းလေးတော့ ကြည့်ကောင်းနေသေးတယ်။ ထူးခြားတာက သူ့အသံနဲ့ ဆိုဟန်ပါ။ တခြားမိန်းခလေး အဆိုတော်တွေနဲ့ မတူပဲ ဆွဲဆောင်မှု ရှိနေသလိုပါပဲ။ အသံက ခပ်မာမာ နဲ့ စတိုင်ကလည်း ခေတ်စကားနဲ့ ပြောရရင် အလန်ကြီးပေါ့ ။ :P သူ့သီချင်း အားလုံးကို မကြိုက်ပေမယ့် အခု CityFM 6 မှာ ပြန်သီဆိုထားတဲ့ သီချင်းဟောင်းလေးက ကျွန်တော့်အတွက်တော့ နားထောင်ကောင်းတယ်လို့ ယူဆတာကြောင့် ပြန်လည်ဝေမျှလိုက်တာပါ။ သီချင်းလေးက

ဒါဟာ အချစ်ဗိမာန်လို့ ကိုယ်ထင်ပေမယ့် ~~~~အလွမ်းအဆွေးးများရယ် ထောင်ချောက်ပဲ
ထုံကြိုင်မွှေးပျံ့သော အချစ်ရနံ့များဟာ ~~~~အဆိပ်ငွေ့များလို သတ်နေပြီ
ညင်သာနူးညံလွန်းတဲ့ ကြင်နာသူ အသည်း ၊ အခုတော့ သိပ်မာ ~~~~သံမဏိပဲ
မင်းရဲ့ အချစ်မျက်နှာဖုံးကို ဖြုတ်လိုက်မှ ~~~~ကိုယ်တွေ့လိုက်ရပြီ အမုန်းအစွယ်တွေ

( ကြေကွဲခြင်းရဲ့ နှလုံးသား အစိမ်းလိုက်ပေါ့ မင်းကခွဲသွား
ရက်စက်ခြင်းအတွက် လျှောက်လဲချက်က
မင်းပြောတော့ အချစ်တဲ့လား )

ရန်သူကြီး တစ်ယောက်လို ~~~~ထင်နေပြီလား ~~~~အမုန်းလက်နက်တွေ ကိုင်စွဲထား
သိပ်တင်းမာ ပြင်းထန်နေသူ ~~~~မင်းကလေးရဲ့ ဆက်ဆံရေးတွေ ~~~~ကျဲကုန်ပြီ

Download





Tuesday, November 4, 2008



Hello...Everybody !!! My name is Soethawn :)

စာဖတ်သူ......

ကျွန်တော်တို့ ကိုယ့်အပေါ်ကိုယ် ပြန်လည် ဆန်းစစ်ကြည့် ပါစို့။ ငါစွဲကင်းနိင်တဲ့သူလား ။ အဲဒီလောက် မပြောပါနဲ့ လူသားတိုင်း တစ်နေရာနဲ့ တစ်နေရာတော့ ငါစွဲကင်းနိင်ကြမှာ မဟုတ်လို့ပါ။ ဒီလိုပြောတော့ ငါစွဲ ကင်းနိင်မှ့တော့ တောထွက်ပြီး ဘုန်းကြီး ၀တ်တော့မှာပေါ့လို့ ထင်နေကြပါဦးမယ်။ ကျွန်တော်ကိုယ်တိုင်လည်း မကင်းပါဘူး။ ဒါကို ဂုဏ်ယူလို့ ပြောတာတော့ မဟုတ်။း) ဆိုလိုချင်တာက မကင်းနိင်တဲ့ အစွဲတွေကို ကျွန်တော်တို့ အတက်နိင်ဆုံး လျှော့ချဖို့တော့ လိုအပ်ပါလိမ့်မယ်။ လူတစ်ယောက် တော်တယ် တက်တယ်။ ဒါဆိုရင် မှန်တယ် ဒီလူကို ကောင်းချီးပေးရမယ် ၊ ဒီလူကို သူတော်တဲ့အလုပ် ၊ သူတက်တဲ့ အလုပ် နယ်ပယ်ပိုင်းမှာ ပိုပြီးတက်လာအောင် သိလာအောင် ကြိုးစားချင်စိတ် ဖြစ်လာအောင် ချီးမွမ်းပေးရမယ်။ ဒါကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမယ့် အဲဒီလူ ဘာပဲလုပ်လုပ် စာဖတ်သူ သူ့ဘက်က လိုက်ပြီး သူလုပ်သမျှ ကောင်းကြောင်း ကျွန်တော်တို့ မျက်စိမှိတ်ယုံ နေလို့မရပါဘူး။

အမှန်တရား ။ ဟုတ်ပါတယ် အမှန်တရားပါ။ ကျွန်တော်တို့ လူမျိုးတွေဟာ အားနာတက်တယ် ၊ ရိုင်းပင်းကူညီ တက်တယ် ၊ လေးစားဖော်ရွေမှု ရှိပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထလေးပါ။ ဒါပေမယ့် လူတစ်ယောက်ကို ခင်ရုံ ၊ သိနေရုံနဲ့ ဒီလူဟာ ကောင်းတယ် ၊ တော်တယ်လို့ ပြောလို့ ၊ ဒီလူ့ဘက်က လိုက်ပြောလို့ မရနိင်ပါဘူး။ ဒီလူက ကိုယ့်အတွက်ပဲ ကောင်းနေတာလား ၊ ကိုယ့်ဆီက ဘာလိုချင်လို့ ကိုယ့်အပေါ် ကောင်းနေတာလဲ ။ ဒါတွေကို ပြန်လည် သုံးသပ်စေချင်ပါတယ်။

ကျွန်တော် သတိထား မိသလောက်ကတော့ တော်တော်များများဟာ လူနှစ်ယောက်ယှဉ်လို့ ကိုယ့်လူက ပညာအရည်အချင်း နိမ့်ကျတယ်ပဲ ထားဦး အလုပ်ခန့်တော့ ကိုယ့်လူကိုပဲ ကိုယ်ခန့်တယ် ။ ကိုယ့်လူကိုပဲ ကိုယ်ရွေးတက်ကြပါတယ်။ ပညာအရည်အချင်းဆိုတာ ဘွဲ့တွေ ဂုဏ်ထူးတွေ နောက်ထား လုပ်ငန်းခွင်မှာ ဒီလူ ဘယ်လောက် လုပ်နိင်တယ်ဆိုတာကိုပဲ သုံးသပ်ကြည့်ချင်းပါ။ ဒီတော့ လောကမှာ ဒီလို ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်တဲ့လူတွေ များလာလေလေ တကယ်အရည်အချင်း ပြည့်မှီတဲ့သူတွေ ဘေးကို ရောက်လေပါပဲ။ အဲဒီတော့ သူတို့တွေ အတွက် တကယ် တက် ၊သိရဲ့ သားနဲ့ အများကြီး နစ်နာပါတယ်။

ဒါပေမယ့် တဖက်က ပြန်စဉ်းစားကြည့်တော့ သူ့ဆွေမျိုးသူ အလုပ်ပေးတာ ၊ သူ့ဆွေမျိုးသူရွေးတာ “ ဒါဟာ ဆွေမျိုးကို စောင့်ရှောက်တာပေါ့ ” အဲဒီလိုလား။ တခြားသူ ခန့်မည့်အစား ၊ တခြားသူ ခေါ်မယ့်အစား ကိုယ်အမျိုး ကိုယ်ခေါ်တော့ ကိုယ့်အမျိုးတွေအတွက် ကောင်းပေမယ့် တဖက်က အသိပညာရှင် ၊ အတက်ပညာရှင် တွေဟာ ဘေးကို ရောက်ရောက်သွားတက်သလိုပါပဲ။

ဒီလူဟာ ဒီနယ်ပယ်မှာ တကယ်တော်လား ၊ သိလား ။ သူရဲ့ အရည်အချင်းကိုပဲ ဆုံးဖြက်ပါ။ လူမှုရေးတွေ မပါပါစေနဲ့။ အမှန်တရားကို ချစ်ပါ။ သူများတွေ မချစ်နိင်ဖို့မလိုပါဘူး။ ကိုယ့်စိတ်ထဲမှာ ချစ်နိင်ဖို့ပဲလိုပါတယ်။ ငါနဲ့ သိတဲ့လူက ပိုတော်တယ် ၊ ငါနဲ့ ခင်တဲလူက ပိုတက်တယ် မဖြစ်စေချင်ပါဘူး။ ဒီလူတကယ် တော်မှ တော်တယ် ၊ တက်မှ တက်တယ် ဆိုတာကို ငါစွဲကင်းစွာ ပြောကြားဖို့ သင့်တယ်လို့ တွေးမိပါတယ်။ အဲဒီလို ဆိုရင် ကျွန်တော်တို့ တဖြည်းဖြည်း အမှန်တရားကို ကျင့်သုံးလာပြီပေါ့။

ခင်မင်လေးစားလျက်........


Monday, November 3, 2008

အတွေးထဲက.....ဒဏ္ဍာရီ


မတွေ့ရတာတောင် ကြာပြီ...ဒဏ္ဍာရီ
မုသားတွေ များတဲ့လောကမှာ
အဆင်မှ ပြေရဲ့လား
ကိုယ်ကျိုးအတွက် ကြည့်သူများဇာတ်ကားမှာ
ပါဝင် သရုပ်ဆောင်နေတက်ပြီလား

အခု ငါ့အသက် ( ၂၅ )
ခေတ်အကြောင်းကို ရိုးတိုးရိပ်တိတ်လောက်ပဲ
သိသေးတယ်
နောင် အနှစ် ( ၅၀ ) ၊ ( ၇၅ )
ဖြစ်စေချင်တာတွေကို မျှော်မှန်းကြည့်ချင်မိပေမယ့်
ဖြစ်နေတာတွေကို တွေးလိုက်ရင်
ငါ့အသက် ( ၂၅ ) ကနေ ( ၅၀ ) လောက် ဖြစ်သွားတယ်

ကန့်သတ်ချက်ဆိုတာ လူကလုပ်တာတဲ့
မသိရင် မှတ်ထားဦး “ ဒဏ္ဍာရီ ”
ငါတို့ဟာ အဖြူအမည်းကို ကွဲချင်ယောင်ဆောင်နေတယ်
ပီပီသသပြောတာကို ၀ိုးတ၀ါးဖြစ်အောင် နားထောင်နေကြတယ်

ရေးချင်တယ်....ရေးခွင့်မရှိဘူး
တွေးချင်တယ်....ခေါင်းပိုပိုနှောက်လာတယ်
ကံကောင်းလို့ တခုတော့ ပိုင်ဆိုင်ထားလေရဲ့
အဲဒီ ငေးကြည့်ခွင့်လေးနဲ့
အားလုံးကို မျှတအောင် ကြည့်မယ်
မျှတအောင် တွေးမယ် “ ဒဏ္ဍာရီ ”




လူမှုရေး ကိစ္စလေးတွေ ရှိတာနဲ့ ဘလော့ဂ်လေးကိုတောင် ပစ်ထားမိသလို ဖြစ်နေမိတဲ့အတွက် လမ်းကြုံလို့ပဲ ဖြစ်ဖြစ် ၊ တမင်တကာ ရည်ရွယ်ပြီးလို့လာတာပဲ ဖြစ်ဖြစ် ၊ အမှတ်မထင် ရောက်လာတဲ့ သူပဲဖြစ်ဖြစ် အားလုံးကို ဒီနေရာကနေ သိသိမသိသိ တောင်းပန်အပ်ပါတယ်။ ကျွန်တော် စာရေးဆရာ မဟုတ်တဲ့အတွက်ကြောင့် ကိုယ်ပိုင်ဆုံးဖြက်ချက်နဲ့ စာတွေ အမြဲမတင်နိင်တာကို ၀န်ခံပါတယ်။ လူဆိုတဲ့ အတိုင်း ကိုယ့်ဘလော့ဂ်လေးကို အမြဲအသက်ဝင်နေ စေချင်တော့ ကိုယ့်စာမဟုတ်ပေမယ့် စာကောင်းပေမွန်လေးတွေ ဝေမျှနိင်အောင် ကြိုးစားပါတယ်။ ဘလော့ဂ်နဲ့ပတ်သတ်လို့ ဘယ်အရာကိုမှ မမျှော်လင့်ပေမယ့် ကျွန်တော့်ဆီကို ရောက်လာရင် ရသ ဖြစ်ဖြစ် ဗဟုသုတ ဖြစ်ဖြစ် တခုခုရရှိအောင် ပေးလိုက်ချင်တဲ့ ဆန္ဒကတော့ ရင်ထဲမှာ ကိန်းအောင်နေခဲ့ပြီးသားပါ။ အဲဒီလို ပေးရတာကိုလည်း ကျွန်တော် ပျော်ပါတယ် ၊ ကျေနပ်ပါတယ်။ ကျွန်တော့်ထက် ပို့စ်တွေတင်နိင် ၊ ရေးနိင်တဲ့ အစ်ကိုအစ်မ ညီငယ် ညီမငယ်တွေကိုလည်း လေးစား အားကျပါကြောင်း။

အခုကတော့ ယခုခေတ်လူငယ်တွေ မသိသလောက် ဖြစ်နေတဲ့ အိမ်မက်တွေကို ဓတ်ပုံနှင့်တကွ တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ဒီအိမ်မက်ထဲက ဖြစ်စဉ်တွေဟာ ယနေ့ခေတ်လောကမှာလည်း ဖြစ်ပျက်နေပါတယ်။ ဒီတော့ ဒါတွေ ဖြစ်ရင် ဘာဖြစ်မလဲဆိုတာတော့ ငွေရောင်ပိတ်ကားပေါ်မှာပဲ စောင့်မျှော်ကြည့်ရှုကြတာပေါ့ဗျာ။ :)