Tuesday, October 28, 2008


ဗုဒ္ဓဘာသာ သာသနာအကျိုး ဆောင်ရွက်သည့် ထင်ရှားသော ရှင်သူမြတ်များအား ပေးအပ်သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တခုကို အိန္ဒိယနိုင်ငံ နာလန်ဒါ ဗုဒ္ဓတက္ကသိုလ်က သီတဂူဆရာတော် ဦးဉာဏိသရအား ယနေ့ ပေးအပ်ချီးမြှင့်လိုက်သည်။

နာလန်ဒါ ဗုဒ္ဓတက္ကသိုလ် ဒုတိယအုပ်ချုပ်ရေးမှူး ဒေါက်တာပက်တို့က သက်တော် ၇၂ နှစ်၊ ၀ါတော် ၅၂ နှစ်ရှိ ဆရာတော် ဦးဉာဏိသရသို့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

''ဒီဘွဲ့ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ချီးမြှင့်တာလဲဆိုရင် ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် သာသနာအကျိုး၊ ဘာသာအကျိုး ဆောင်ရွက်တဲ့၊ နိုင်ငံတကာမှာလည်း သိတဲ့ ပုဂ္ဂိုလ်မျိုးတွေကို ချီးမြှင့်တာပါ။ ဒီဘွဲ့ကို ပထမဆုံး ပေးတာပါ။ သီတဂူဆရာတော်ရယ်၊ ဗီယက်နမ်က ဆရာတော်တပါးရယ်နဲ့ ၂ ပါးကို ချီးမြှင့်တာပါ။ ဆရာတော်က ထေရ၀ါဒဗုဒ္ဓဘာသာ ဆရာတော်အဖြစ် ရပြီး၊ ဗီယက်နမ် ဆရာတော်ကတော့ မဟာယနဗုဒ္ဓဘာသာအဖြစ် ရတာပါ'' ဟု နာလန်ဒါတက္ကသိုလ်မှ စာသင်သား သံဃာတော်တပါးဖြစ်သူ ဦးဉာနောဘာသ က မဇ္ဈိမကို မိန့်ကြားသည်။

''သီတဂူဆရာတော် ဘုရားကြီးက နိုင်ငံတကာမှာ ဟောတယ်၊ ပြောတယ်။ အိန္ဒိယမှာ ရောက်နေတဲ့ စာသင်သား ရဟန်းတော်တွေကိုလည်း နှစ်စဉ် ဒေါ်လာ ၁၀၀ စီ လှူတယ်။ ပြည်တွင်းမှာလည်း သာသနာပြုပြီး လူတွေအကျိုးကို ဆောင်ရွက်နေတာဆိုတော့ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကြောင့် ဒီဘွဲ့ကို ပေးတာပါ'' ဟု သူက ထပ်ပြောသည်။ အပြည့်အစုံသို့

CoypRight@Mizzimzburemese

ဒီသတင်လေး ဖတ်ရတော့ ကျွန်တော့် စိတ်ထဲမှာ အတိုင်းမသိ ကြေနပ်မိပါတယ်။ ငါစွဲမချွတ်နိင်သေးတဲ့ ကျွန်တော်တို့လို လူပုဂ္ဂိုလ်တွေ အနေနဲ့ ကိုယ့်ဆရာတော် ဆုချီးမြင့်ခံရတာ ၀မ်းသာမိတာပေါ့။ တကယ်တော့ အားလုံးဟာ သာသနာတော် တိုးတက်ပြန့်ပွားပြီး နိဗ္ပာန်ရောက်အောင် လှုံဆော်တဲ့ ဆရာတော်တိုင်းဟာ ကျေးဇူးရှင်တွေမဟုတ်လား။ အစွဲဆိုတာ မရှိသင့်တာ သိပေမယ့်လည်း ကျွန်တော်ကတော် သီတဂူဆရာတော် တရားတွေကိုပဲ နာဖြစ်မိတယ်။ ဖြစ်နိင်မယ်ဆိုရင် ဆရာတော်ကို နောက်ထပ် အနှစ် ၂၀ လောက်ပြန်ငယ် စေချင်ပါသေးတယ်။ ဒါမှ သာသနာအကျိုးကို ပိုပြီး ထမ်းဆောင်နိင်မှာ မဟုတ်လား။

ဒီတရားတော်ကတော့ ကျွန်တော် အနာဖြစ်ဆုံး တရားတော်ထဲမှာပါတဲ့ တရားတော်ပါ။ တရားတော် ခေါင်းစဉ်က

“ လူမိုက်တို့သွားရာလမ်း ”

Download

ဆရာတော်ရဲ့ တရားတော်များ အားလုံးကို ဒီဆိုက်ဒ်မှာ သွားရောက်ဒေါင်းလုပ်ချနိင်ပါတယ်။

http://www.dhammadownload.com/UNyanissara-Burmese.htm

2 comments:

thonn thonn said...

တရားနာတယ်ဆိုရင် သီတဂူဆရာတော်ရဲ့ တရားပဲအမြဲနာဖြစ်တယ်။ မိုးလင်းအိပ်ရာနိုးတာနဲ့ ပထမဆုံးကြားရ နာရတဲ့ အသံက ဆရာတော်ကြီးရဲ့ တရားခွေပါပဲ (အိမ်မှာ မေမေက မနက်တိုင်းဖွင့်ထားတတ်တာ အကျင့်တစ်ခုပါပဲ)။ လူမိုက်တို့သွားရာလမ်း ကို သိပ်ကြိုက်လွန်းလို့ ခဏခဏကို နာဖြစ်တယ်။ အခုလည်း စင်္ကာပူမှာ သီတဂူဆရာတော်တရားပွဲဆိုရင် အရောက်သွားဖြစ်တာပါပဲ။ တရားခွေလေးတွေ ပြန် share ပေးတဲ့အတွက် ကျေးဇူးပါ။ မနက်စောစော ဒေါင်းလုပ်လုပ်သွားပါတယ်။ :)

Thargyi(Gyobingauk) said...

ညီလေးရေ.. အစ်ကိုလဲ ဒီသတင်းကိုဖတ်ရတုန်းက ၀မ်း သာလွန်းလို့သူငယ်ချင်းတွေဆီကိုတောင် message တွေပို့ဖုန်းတွေဆက်ပြီး ပြောရသေးတယ်.. ဆရာတော်ရဲ့ ရဲရင့်ပြက်သားမှု ကိုယ်ကြိုးထက် အများအကျိုးစွန့်မှုတွေဟာ ကိုယ်တို့မြန်မာအားလုံးအတွက် အတုယူလေးစားစရာ တွေပါ.. တရားခွေလေးတွေ ပြန် share ပေးတဲ့အတွက် ကျေးဇူးပါ...