Sunday, October 19, 2008

ဝမ်းနည်းဆုတောင်း



အလာကောင်းပေမယ့်
အခါနှောင်းတဲ့ အထဲမှာ
မင်းအမေလည်း ပါတယ် သူငယ်ချင်း

ဘ၀ပြောင်းပေမယ့်
ကောင်းရာမွန်ရာ ဘ၀ကိုရောက်ပါစေ

မင်းထားခဲ့ ကမ္ဘာကြီး
မင်းမျက်ကွယ်ပြုခဲ့တဲ့ မြန်မာနိင်ငံကြီး
ကိုယ်တိုင်တည်ဆောက်ချင်တဲ့ မင်းစိတ်ကူးတွေ
နောင်ဘ၀ နောင်အခါ
ပြန်ရပါစေ

သူငယ်ချင်း........
ကောင်းရာသုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ




မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းလျှက် :(

နာမည် - ကျော်ထင်လင်း
အသက် - ၂၅ နှစ်
ရောဂါ - ဦးနှောက်တွင်အကြိတ်ပေါက်
၁၉.၁၀.၂၀၀၈ ခုနှစ်တွင် ဆုံးပါးသည်။



7 comments:

တောင်ပေါ်သား said...

အကိုရေ လူချင်းမသိပေမဲ့ ဆုတောင်းပေးပါတယ် မိသားစုနဲ့ အတူ ထပ်တူဝမ်းနည်းမူ ဖြစ်ရပါတယ်ဗျာ...

Yan said...

စိတ်မကောင်းစရာပဲဗျာ.

တကယ်ပါ.

အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့တဲ့ သူ့မိခင်ရဲ့ သောကမျက်ဝန်းတွေကို ကျွန်တော် မြင်ယောင်နေမိတယ်.

ကိုဆိုးသွမ်းရဲ့ သူငယ်ချင်း ကောင်းရာ သုဂတိလားပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်.

ရန်အောင်

Unknown said...

I don't know who he is. But may he be peaceful in heaven.

Dream said...

အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်။။ အခုမှ လာလည်
ပေမယ့် ဒီအဖြစ်လေးကိုတွေ့တော့ မိသားစုနဲ့ ထပ်တူ
ဝမ်းနည်းရပါတယ်။
ကိုကျော်ထင်လင်း ကောင်းရာမွန်ရာဘ၀မှာ စံနိုင်ပါစေ
လို့ဆုတောင်းပါတယ်။

su wai said...

သူငယ်ချင်းအတွက် ၀မ်းနည်းဆုတောင်းလေး ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်...မဆု ငယ်သူငယ်ချင်းတစ်ယောက်လဲ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာပဲ အသည်းကင်ဆာနဲ့ ဆုံးသွားတာဆိုတော့ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားတဲ့ ခံစားချက်ကို ကိုယ်ချင်းစာတယ်။

ဆိုးသွမ်း သူငယ်ချင်းလေး ကောင်းရာမွန်ရာ ဘုံဘ၀တစ်ခုမှာ အေးချမ်းနေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

GreenGirl said...

လာလည်သွားတာ စီဘောက်စ်မှာ တွေ့ပေမယ့် ဘလော့ခ်လင့်ကို အခုမှတွေ့လို့ အခုမှ လာရတယ်။ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါကြောင်း...

မီးငယ် said...

အစ်ကိုရေ... ကိုကျော်ထင်လင်း ဆုံးသွားတာ ကိုစိတ်မကောင်းဖြစ်ရပါတယ်။ ညီမလေးသူငယ်ချင်းတွေရဲ့ Gtalkမှာတင်ထားတာအဲဒီရက်ပိုင်းကတွေ့လိုက်ရတယ်အစ်ကို... :(